← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

104 01

အပိုင်း (၁၀၄)

“ငါ မှတ်မိတာ မှန်မယ်ဆိုရင် မင်းလဲ ဒီလိုအိပ်ရတာ သဘောကျတာ မဟုတ်လား”

မုရှောင်းနွမ်: “…”

ဘယ်သူက ဘယ်လိုအိပ်ရတာ သဘောကျတာ။

ချန်းရန်၏ စကားလုံးက မုရှောင်းနွမ်ကို ထိတ်လန့်သွားစေသည်။

ယောက်ျားက ဘာကို ဆိုလိုတာလဲ။

“ဘာလို့လဲ ငါတစ်ယောက်တည်း ဒီလိုမျိုးက မမျှတရာ မရောက်ဘူးလား”

ချန်းရန်က ဒီကောင်မလေးကို ပြုံး၍ ကြည့်သည်။ သူ၏ စကားလုံးများက အလွန်စိတ်ဝင်စားစရာကောင်းနေသည်။ သူ၏ဆိုလိုရင်းကမူ: မင်းက ငါ့ကို အဝတ်ဝတ်ပြီး မအိပ်ခိုင်းဘူးဆိုရင် ငါတို့ မျှမျှတတပဲ လုပ်သင့်တယ် မင်းလည်း မဝတ်နဲ့။

ဟူ၍ဖြစ်သည်။

“ယောက်ျား ယောက်ျား မှားပြီး မှတ်မိတာ ထင်တယ်”

မုရှောင်းနွမ်က ဝန်မခံချင်ပေ။ သူမက ချန်းရန် ရင်ခွင်ထဲတွင် အတင်းတိုးဝင်နေရင်း အလေးအနက် ထားပြီး ပြောသည်။

“ငါ အမြဲတမ်း လိမ်လိမ်မာမာလေး အိပ်တတ်တာ။ ဒီလိုအလေ့အကျင့်မျိုး မရှိပါဘူး ကျိန်ရဲတယ်”

ဒီကောင်မလေးက အလွန်အမင်း လေးနက်စွာ ပြောသည်။ ချန်းရန်ကလည်း မယုံကြည်မည်ကို စိုးရိမ်သဖြင့် လက်ကိုပင် မြောက်ပြကာ အလေးနက်ထားပြီး ပြောသည်။

“ငါ မုရှောင်းနွမ်က ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ် ငါ တကယ် မိုးကြိုးပစ်ခံရပါစေ”

မုရှောင်းနွမ်က ထိုသို့ ကျိန်ဆိုပြီးကာလ ရှိသေးသည်။ ရုတ်တရက် ကောင်းကင်မှ မိုးခြိမ်းသံက ထွက်လာသည်။

“ဂျိန်း”

ရုတ်တရက် မိုးကြိုးနှင့် လျှပ်စီးများက ထိန်လင်းလာပြီး မုရှောင်းနွမ်၏ ဖျော့တော့သော မျက်နှာက ပေါ်လာသည်။

“အား”

မုရှောင်းနွမ်က ရုတ်တရက် အလန့်တကြား ထအော်ပြီး ကြောက်ရွံ့မှုဖြင့် တုန်ရင်သွားသည်။ ထို့နောက် ငကြောက်လေး ဖြစ်သွားပြီး ချန်းရန် ရင်ခွင်ထဲသို့ စွပ်ခနဲ ပစ်ဝင်နေသည်။

ကြောက်စရာကောင်းလိုက်တာ။

ထိုကောင်မလေးသည် အမှန်တကယ် တကယ်ကြောက်သွားလေပြီ။

မုရှောင်းနွမ်၏ ကြောက်ရွံ့ကာ ကျိန်ဆိုပုံကို ပြန်တွေးမိပြီးနောက် ချန်းရန်က အော်ရယ်လိုက်သည်။

သူမက ထိုသို့ လိမ်ညာလိုက်ချိန်တွင်ပင် မိုးကြိုးပစ်ခံရမည်ကိုလည်း ကြောက်နေသေးပြန်သည်။

“မင်းလည်း မမျှော်လင့်ထားဘူး ဟုတ်တယ်မလား”

ချန်းရန်ကပင် ရယ်သည်။

ဒီကောင်မလေးရဲ့ ဆံပင်ကို အသာပွတ်ပေးပြီး ပြောသည်။

“မင်း အခုလေးတင် ကျိန်ဆိုချင်နေတာ မဟုတ်လား။ ကြည့် အမှန်အတိုင်း ဖြစ်လာပြီလေ အခု လိမ်နိုင်ဦးမလား”

မုရှောင်းနွမ်က တကယ်ကြောက်နေပြီ ဖြစ်သည်။ သူမ၏လက်များက ချန်းရန်၏ ကျောပြင်ကို တင်းတင်း ကြပ်ကြပ် ဖက်ထားသည်။ နူးညံ့သော ကိုယ်လေးကလည်း ချန်းရန်၏ ကိုယ်ထဲတွင် တုန်ယင်နေသည်။

“အဆင်ပြေရဲ့လား”

ချန်းရန်သည်လည်း သူမကို ဆက်ပြီး မနောက်နိုင်တော့ပေ။ အလျှင်စလို စစ်ဆေးကြည့်လိုက်သည်။

“ယောက်ျား ငါ အရမ်း ကြောက်တာပဲ”

104 02

ထိုကောင်မလေး၏ မျက်နှာက ဖျော့တော့ပြီး ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ သူမက ကျိန်ဆိုခဲ့သည် ဖြစ်သောကြောင့် ထိုအတိုင်း ဖြစ်လာမည် မထင်ထားခဲ့ချေ။ ကြောက်စရာကောင်းသော မြင်ကွင်းက သူမကို ထိတ်လန့်သွားစေသည်။

ကောင်းကင်က မိုးကြိုးက အသိစိတ်ရှိပြီးတော့ တိုက်ရိုက် ပြဿနာ လာရှာတော့မှာလား။

“ရတယ် ရတယ် မစိုးရိမ်နဲ့ မင်း ကံဆိုးတာပါ”

ချန်းရန်ကပင် ခပ်မြန်မြန် နှစ်သိမ့်ပေးလိုက်သည်။ သူမ၏ ကြောက်ရွံ့မှုကိုလည်း ခံစားမိသည့်အလျောက် ဆက်ပြီး မစတော့ပေ။ ထိုအစား ခပ်တိုးတိုးသာ ချော့နေလိုက်သည်။ တစ်ခဏခန့် ကြာပြီးနောက် ထိုကောင်မလေးက စိတ်ငြိမ်သွားသည်။ သူမက မျက်လုံးကို မော့ကြည့်လာပြီးနောက်တွင် ကြောက်ရွံ့မှုများဖြင့် ချန်းရန်ကို ဖက်ပြီး နှုတ်ခမ်းကို မဲ့ကာ ပြောသည်။

“ယောက်ျား အခုက တကယ် ကြောက်ဖို့ကောင်းတာနော်”

“လိမ္မာတယ် ပြီးသွားပြီ။ ရတယ် ရတယ် မတွေးနဲ့တော့”

ချန်းရန်က ပြောသည်။

“ဒါပေမဲ့ ငါတော့ ဒီည အိပ်မက်ဆိုး မက်တော့မယ် ထင်တယ်”

ချန်းရန် “ဆက်မတွေးနေနဲ့လေ အိမ်မက်ဆိုး မမက်ပါဘူး”

မုရှောင်းနွမ်က ခေါင်းခါသည်။

“ဒါပေမဲ့ ငါ မျက်လုံးမှိတ်လိုက်တာနဲ့ အဲဒီ ကြောက်စရာကောင်းတဲ့ မြင်ကွင်းကြီးကို မြင်နေတယ် အူးဝူး.. ယောက်ျား ငါ ဘယ်လိုလုပ်သင့်လဲ”

ချန်းရန်ကပင် တိတ်ဆိတ်သွားသည်။ ရုတ်တရက် သူက ပြောလိုက်သည်။

“ငါ မင်းကို အခု မြင်ကွင်းကို မေ့သွားစေမယ့် နည်းလမ်းရှိတယ်။ စမ်းကြည့်ချင်လား”

“တကယ်လား”

မုရှောင်းနွမ်က မျှော်လင့်ချက် အပြည့်နှင့် ခေါင်းမော့ကြည့်သည်။

“ဒါပေါ့ မင်း သဘောကျမယ်လို့ ငါ ကတိပေးတယ်”

ချန်းရန်က ညင်သာစွာ ပြောသည်။ ထို့နောက် မုရှောင်းနွမ်၏ သံသယအပြည့်နှင့် မော့ကြည့်နေမှုအောက်တွင် ချန်းရန်က ခေါင်းကို ငုံ့လိုက်ပြီး နှုတ်ခမ်းဖြင့် ထိတွေ့လိုက်သည်။

“အင်း”

မုရှောင်းနွမ်ကပင် အငိုက်မိသွားသည်။ သူမသည်လည်း ချန်းရန်က ရုတ်တရက် ချောင်းမြောင်း တိုက်ခိုက်လိုက်မည်ဟု မထင်ထားခဲ့ချေ။ ထိုအခိုက်အတန့်တွင် သူမ၏ နှလုံးသားက အခုန်နှုန်း မြန်ဆန်လာသည်။ သွေးစီးဆင်းမှု နှုန်းကလည်း မြန်ဆန်လာသည်။ သူမ၏ နဂို ဖျော့တော့သော မျက်နှာကလည်း ရဲသွားလေသည်။

အေးစက်သော နှုတ်ခမ်းမှ နွေးထွေးကာ နူးညံ့သည်။ တစ်ဖန်ပြန်လည်ကာ ပူနွေးသွားသည်မှာ ပူပြင်းကြိမ်းတောက်သည့် မီးတောက်လုံးက လောင်းကျွမ်းနေသည်နှင့် တူနေသည်။

မုရှောင်းနွမ်က ခြောက်သွေ့ရာမှ တက်ကြွစွာ ကြိုဆိုသည်။

“ဟာ”

ထိုအချိန်တွင် နှစ်ယောက်က လူစုခွဲသည်။

“ယောက်ျား နင်”

မုရှောင်းနွမ်က စကားပြောတော့မည့်အချိန်တွင်

“အင်း”

ထို့နောက် တစ်ခဏတွင် သူမကို ထပ်ပြီး ပိတ်ဆို့ပြန်သည်။ ပို၍ဆိုးသည်မှာ ချန်းရန်က တစ်ဖက်လှည့်လာပြီးနောက် ယုန်ဖြူလေးကို ဖိချလိုက်ကာ ကြမ်းတမ်းလာသည်။

မမျှော်လင့်ထားစွာပင် ထို့နောက် တစ်ခဏတွင် ထိုကောင်မလေးက ခုခံရာမှ တိုက်ခိုက်မှုအပြည့်သို့ ပြောင်းလဲလိုက်ပြီး အရှုံးမပေးလိုသော ပုံစံမျိုးဖြင့် ပြန်မှောက်သည်။ ထိုအခိုက်အတန့်တွင် တိုက်ပွဲက စတင်သည်။

အချိန်အတန်ကြာပင် ကြာခဲ့သည်။

နှစ်ယောက်လုံးက အသက်မရှူနိုင် ဖြစ်လာမှသာ လူစုခွဲလိုက်လေသည်။

104 03

ကောင်မလေး၏ မျက်နှာက ရဲနေသည်။ မျက်လုံးကလည်း ဝိုင်းနေ၏ အသက်ရှူနှုန်းကလည်း လေလံနေသည်။

“ဘယ်လိုလဲ”

ချန်းရန်က မေးသည်။

“ကြုံရာကျပန်း အတွေးတွေ ရှိသေးရဲ့လား”

“မရှိ … မရှိတော့ဘူး”

မုရှောင်းနွမ်က ချန်းရန်၏ရင်ခွင်ထဲသို့ ရှက်ရွံ့စွာ ခိုဝင်သွားသည်။ ယခုအဖြစ်အပျက် ပြီးနောက် သူမသည်လည်း ကြောက်ရွံ့မှုကို မေ့သွားပြီ ဖြစ်သည်။ ထိုအစား နှလုံးခုန်သံက မြန်ဆန်လာသည်။

“ယောက်ျားမှာ အမြဲတမ်း နည်းလမ်းရှိတာပဲ”

“ဒါဆို အခု အိပ်တော့”

ချန်းရန်က တိုက်တွန်းသည်။

“ယောက်ျား ငါတို့ ထပ်လုပ်ကြမလား”

မုရှောင်းနွမ်က ခေါင်းငုံ့ပြီး ခပ်တိုးတိုး ပြောသည်။

“ ငါ ပင်ပန်းနေပြီ”

ချန်းရန်ကမူ ဒုက္ခများ အားလုံး ပြီးနောက် လုံလောက်ပြီဟု ယူဆသည်။ သူသည်လည်း လုံလောက်အောင် နှစ်သိမ့်ပြီးသား ဖြစ်သည်။ ထိုအတိုင်း ဆက်လုပ်နေသော် သူသည် မရပ်နိုင်လောက်ပေ။

“အာ”

မုရှောင်းနွမ်ကလည်း ပင်ပန်းလာသလို ခံစားရသည်။ သူမသည် ချန်းရန်၏ ရင်ခွင်ထဲတွင်သာ ခွေလိုက်ပြီး မျက်လုံးကို မှိတ်ကာ အရင် အိပ်ပျော်သွားလေသည်။

“ကောင်းသောညပါ ယုန်ဖြူလေး”

ချန်းရန်ကလည်း ထိုကောင်မလေး၏ ရဲနေသော မျက်နှာလေးကို အသာအယာ ဆိတ်လိုက်ပြီးနောက် ချစ်ခြင်း အပြည့်နှင့် ကြည့်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ အိပ်လိုက်သည်။

လေမိုး ပြင်းထန်သော ညတစ်ညက ကုန်ဆုံးသွားသည်။

နောက်တစ်နေ့ မနက်ခင်းတွင်

ချန်းရန်က အစောကြီး နိုးသည်။ ဝက်တစ်ကောင်လို အိပ်ပျော်နေသော မုရှောင်းနွမ်ကို ကြည့်ပြီး မနှောင့်ယှက်ရက်သဖြင့် ခြေဖျားထောက်ကာ ထသည်။

“ဆရာသခင်ချန်း မင်္ဂလာ နံနံခင်းပါ”

မမျှော်လင့်ထားစွာပင် ပရိုဂရမ်အသင်းမှ လူများက ထနေကြပြီ ဖြစ်သည်။ သူတို့ အားလုံးက အသင့်ပြင်နေကြသည်။

“အခု သွားတော့မှာလား”

ချန်းရန်က မေးသည်။

“ဟားဟား ငါတို့ ပြန်သွားရင် လုပ်စရာတွေ အများကြီးပဲလေ။ ဆရာသခင်ချန်းရဲ့ ငြိမ်းအေးတဲ့ ဘဝကိုတော့ အားကျပါတယ်။ ဒါက စိတ်ကူးယဉ် ဘဝပဲ”

ဟယ်လောင်ရှီးကပင် ထွက်သွားရန် တွန့်ဆုတ်နေသည်။ သူသည် ဒီနေရာတွင် နည်နးည်း ပိုနေနိုင်မယ်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။

“ကောင်းပြီ ကောင်းပြီး မြန်မြန် သွားရအောင် မဟုတ်ရင် လေယာဉ်ချိန် လွဲလိမ့်မယ်”

ဒါရိုက်တာက တိုက်တွန်းသည်။ အချိန်တန်ကြာအောင် တုံ့ဆိုင်းပြီး နောက်ဆုံးတွင် စီးပွားရေးကတ်ကို ပေးလာသည်။

“ဆရာသခင်ချန်း ဒါ ငါ့ရဲ့ စီးပွားရေးကတ် တကယ်လို့ တစ်ခုခု လိုအပ်တာ ရှိရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လိုက် ဆရာသခင်ချန်းရဲ့ တောင်းဆိုမှု ဖြစ်နေသမျှ ငါ အကောင်းဆုံး ကြိုးစားပြီး ရအောင် လုပ်ပေးမယ်”

ဒီတစ်ခေါက် ချန်းရန်ကြောင့် တောင့်တမှု ဘဝကလည်း မျှော်လင့်ထားသော အောင်မြင်မှုကို ရရှိခဲ့သည်။ ဒါရိုက်တာကလည်း ချန်းရန်ကို အလွန် ကျေးဇူးတင်နေသည်။

“ကောင်းပါပြီ နှုတ်ဆက်ပါတယ်”

ချန်းရန်ကလည်း အားလုံးကို တစ်ယောက်ချင်းစီ နှုတ်ဆက်စကား ပြောသည်။ လူတိုင်းကလည်း မိုးရွာပြီးနောက် စောစီးစွာ ရောက်ရှိလာသော ဆောင်းဦးနေရောင်အောက်တွင်ပင် တွန့်ဆုတ်စွာ ထွက်ခွာသွားလေပြီ။

ထိုအချိန်တွင် မုရှောင်းနွမ်က အိပ်ရာနိုးလာသည်။

“ယောက်ျား ဘယ်ရောက်သွားလဲ”

မုရှောင်းနွမ်က အိပ်ချင်မူးတူးဖြင့် ခပ်တိုးတိုး ရေရွတ်သေးသည်။ သူမက ငေးငိုင်ကာ ကောင်းကောင်းက သေချာ မနိုးသေးပေ။ နှစ်ကြိမ်ခန့်ပင် လူးလိမ့်လိုက်သေးသည်။ သူမက မနေ့ညက ကောင်းကောင်း မအိပ်နိုင်သလို ထင်ရသည်။ ထို့ကြောင့် ညအိပ်ဝတ်စုံကိုပင် ဆွဲဖြတ်ကာ ဘေးဖက်သို့ ကောက်ပစ်လိုက်ပြီး စောင်နှင့်သာ ပတ်လိုက်သည်။ ထိုအခါမှသာ နှစ်နှစ်ခြိုက်ခြိုက် ဆက်အိပ်နိုင်တော့လေသည်။

“ဝက်လေး ထတော့”

ချန်းရန်က အားလုံးကို လိုက်ပါပို့ဆောင်ပေးသည်နှင့် အချိန်က အတော်လေး နောက်ကျနေပြီ ဖြစ်ကြောင်း သိလိုက်ကာ မုရှောင်းနွမ်ကို လာနှိုးသည်။ မမျှော်လင့်ထားစွာပင် သူက အခန်းထဲသို့ ဝင်လာသည်နှင့် …

******

All Chapters