← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

105 01

အပိုင်း (၁၀၅) မုရှောင်းနွမ် မင်းရဲ့ အင်္ကျီ ဘယ်မှာလဲ

?

ဘာတွေ ဖြစ်နေတာလဲ။

ချန်းရန်က အိပ်ရာအနှံ့တွင် တစ်ကွဲတပြားစီကျနေသော ဝတ်စုံများကို ကြည့်ပြီးနောက် မုရှောင်းနွမ်၏ ညအိပ်ဝတ်စုံဖြစ်ကြောင်း သိလိုက်သည်။

မနက်ခင်း အစောပိုင်းတွင် အိပ်ရာထချိန်ကမူ အခုလို မဟုတ်သေးပါဘူး။

သို့သော် အချိန်တိုအတွင်းတွင် ပေါ်လာသည်။

ချန်းရန်က အဝတ်များကို ကောက်ယူနေပြီးနောက် ထိကြည့်သည်။

ဝိုး ဝိုး ဝိုး နွေးနေသေးတာပဲ... ခန္ဓာကိုယ် အပူချိန်တောင် ရှိသေးတယ်။ ဆိုလိုသည်မှာ ချွတ်ကာစ ဖြစ်သည်။

သူမက…

ချန်းရန်က တစ်ခဏခန့် တွေးတောနေပြီးနောက် ချက်ချင်းဆိုသလိုပင် အဖြစ်အပျက်ကို နားလည်သွားကာ မျက်နှာက နည်းနည်း ရယ်ချင်သွားသည်။ ဒီကောင်မလေးက ဒီအတိုင်း အိပ်တာကို ကြိုက်တာပဲ။

မနေ့ညက ကျိန်ခဲ့တာကို မှတ်မိပါသေးတယ်။ ကျိန်ပြီးပြီးချင်း မိုးခြိမ်းသံကို ကြောက်ပြီး မအိပ်ရဲတော့ဘူးလေ။ အခုတော့ မနက်စောစောစီးစီး လုပ်ပြန်ပြီ

“ဟေ့... မုရှောင်းကျူး ... ထတော့”

ချန်းရန်က ရယ်သံဖြင့် နှစ်ကြိမ်လောက် နှိုးလိုက်သေးသည်။ ထို့နောက် မုရှောင်းနွမ်၏ နားနားလေး ကပ်သွားကာ ခေါ်လိုက်သည်။

“အား... ဝက် ဝက် ဝက် ဝက် မပြေးနဲ့ မပြေးနဲ့... ငါ စီးပါရစေဦး”

မုရှောင်းနွမ်က ရုတ်တရက် နိုးလာသည်။ သူမ၏ အသက်ရှူနှုန်းကပင် ရုတ်တရက် မြန်ဆန်သွားသည်။ သူမက ထိန်လန့်စွာ ထအော်ပြီးနောက် မျက်လုံးကို ဆက်ကနဲ ပြူးကာ ဖွင့်သည်။

“ဖူး

ချန်းရန်ကလည်း အော်ရယ်လိုက်သည်။ ထိုကောင်မလေးက အိပ်မက်မက်နေခြင်း ဖြစ်လောက်သည်။ သူမ အိပ်မက်မက်နေသည်ကပင် ဝက်စီးနေခြင်း ဖြစ်နေသည်။

ဟားဟား... မုရှောင်းနွမ်က ဝက်စီးတယ်တဲ့။

ချန်းရန်ကလည်း ရယ်နေရင်ပင်း သေမတတ် မောပန်းလာသည်။

ရယ်စရာ ကောင်းလိုက်တာ...

ထိုကောင်မလေးက အိပ်မက်ထဲတွင် ဝက်စီးနေသည့် ပုံစံကိုပင် သိချင်သွားသည်။

“ဟင် ဝက်ဘယ်မှာလဲ...”

မုရှောင်းနွမ်က နိုးလာသည်။ အလိုလျောက်ပင် ထထိုင်လိုက်ပြီး မျက်လုံးကို ပွတ်ကာ ဘေးဘီကို ကြည့်သည်။

ဒါ မနက်ခင်း အိပ်ရာနိုးလာကစ မုရှောင်းနွမ်ရဲ့ပုံစံဖြစ်သည်။ ထိုတိုတောင်းသော ကာလအတောအတွင်းတွင် စိတ်က မရှင်းလင်းနေဘဲ ငေးငိုင်နေသည်။

ချန်းရန်က ဘေးမှာ ရပ်နေပြီး ထိုမြင်ကွင်းကို မှင်သက်စွာ ကြည့်နေကာ ပါးစပ်က အဟောင်းသား ဖြစ်သွားသည်။ နည်းနည်းပင် မယုံနိုင်သလို ဖြစ်လာသည်။ ဒီကောင်မလေးရဲ့ ရင်သားက တော်တော်လေး ကြီးတယ်။

မူလကမူ သူသည်လည်း ရုတ်တရပ် ထထိုင်လိုက်မည် ဆိုပါက စောင်က လျောကျသွားမှာကို စိုးရိမ်ပူပန် မိသေးသည်။ ထို့နောက် …

အဟွတ် အဟွတ်

ဒါပေမဲ့

ဘုရားရေ... ဒီလို ထိုင်နေတာတောင်မှ စောင်က အုပ်နေတုန်းပဲ လျောမကျလာဘူး။ တမင်တကာ လက်နဲ့ ကိုင်ထားတာမျိုးလည်း မဟုတ်ဘူးနော်။

အကြောင်းမူကား စောင်က ထိုအဝတ်အိတ်ကြီး နှစ်လုံးကြားတွင် ညပ်နေ၍ ဖြစ်နေသည်။ သူမ၏ ရင်ဘတ်ကအမှန်တကယ် ကြီးလွန်းသည်။ သို့ရာတွင် သွယ်လျကာ ချောမွေ့သော ကျောက်စိမ်းကျောပြင်နှင့် ပခုံးသားများကမူ တစ်ချက် ကြည့်ရုံဖြင့် မြင်နိုင်သည်။

105 02

မြင်ကွင်းက လှပလွန်းသဖြင့် ချန်းရန်ကပင် မျက်တောင် မခတ်ရဲပေ။

“ဟင်...”

ထိုအချိန်မှာ မုရှောင်းနွမ်ရဲ့ မနက်ခင်း ငေးငိုင်တဲ့ ကာလက ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူမက သမ်းသည်။ မျက်လုံးကို ပွတ်လိုက်သည်။ နောက်ဆုံးတွင် ရှုပ်ထွေးသော ဆံပင်များကြားမှာ ချန်းရန်ကို တွေ့သော် တောက်ပသော မျက်လုံးကြီးက ချန်းရန်ကို ငေးငိုင်စွာ ကြည့်ပြီး ပြောသည်။

“ယောက်ျား... ဘာလို့ အခန်းထဲ ဝင်လာတာလဲ”

“ငါက...”

ချန်းရန်က မျက်လုံး လှန်လိုက်ပြီးနောက် ဆွံအသွားရသည်။ သူကလည်း သူမကို ဒါဟာ သူ၏အခန်းဖြစ်ကြောင်း သတိပေးရန် ပြင်လိုက်သည်။ မနေ့ညက မိုးခြိမ်းသံကြောင့် တစ်စုံတစ်ယောက်က ကြောက်လန့်ပြီး သူ၏ အခန်းထဲသို့ ဝင်လာကာ လူရမ်းကားလို ပြုမူခြင်း ဖြစ်သည်။ သို့ရာတွင် ချန်းရန်က စကားပြောမည့် အချိန်တွင်ပင်...

“ဟား... ငါ အရမ်း အိပ်ချင်နေသေးတယ် ယောက်ျား... နောက်မှ ခေါ်နော်... ခဏ အိပ်ဦးမယ်”

မမျှော်လင့်ထားစွာပင် ကောင်မလေးက ပြန်လဲကျသွားသည်။ ကိုယ်ကို ဘေးစောင်းလိုက်ကာ ချန်းရန်ကို ကျောပေးပြီး ပြန်အိပ်သည်။

“ဝိုး”

ကောင်းလိုက်တာ...

ထိုကောင်မလေးက နားလည်ရန် နှေးကွေးလွန်းသည်။ သူမက ဘာမှ ဝတ်မထားကြောင်းကို မသိသေးပေ။

“ဟေ့...”

ချန်းရန်က ထူးဆန်းသော အကြည့်မျိုးဖြင့် နည်းနည်းပင် သံသယ ဝင်လာသည်။ သို့သော် ထိုကောင်မလေးက ထပ်လဲပြီး အိပ်သွားပြန်ကြောင်း မြင်သောအခါ အများကြီး မတွေးတော့ဘဲ တစ်ပတ်ပတ်ကာ အခန်းထဲက ထွက်လိုက်သည်။

သို့သော် ချန်းရန်က နောက်ဆုံးတွင် ထွက်သွားပြီးမှသာ နဂိုက တိတ်ဆိတ်ကာ အိပ်ပျော်နေသည်ဟု ထင်ရသော မုရှောင်းနွမ်က ရုတ်တရက် တိတ်တဆိတ် လည်ပင်းကို ထောင်ပြီး တံခါးဖက်သို့ လှမ်းကြည့်သည်။

“ဟူး...”

မုရှောင်းနွမ်က ခိုးပြီး သက်ပြင်းချသည်။ နဂိုက အိပ်ချင်မူးတူးဖြင့် ချစ်စရာကောင်းသော မုရှောင်းနွမ်က အိပ်ချင်နေပုံ မရတော့ပေ။ ထို့နောက် သူမက အင်အားအပြည့်နှင့် နိုးသွားပြီ ဖြစ်သည်။

သွားပြီ သွားပြီ... ငါ့ရဲ့ ပုံရိပ်တော့ ဝူး ဝူး…

မုရှောင်းနွမ်၏ အစစ်အမှန်အရောင်က ပေါ်သွားလေသည်။ သူမသည် အမှန်တကယ် ရူးလွန်းသည်။ ယောက်ျားဖြစ်သူ၏ အိပ်ရာပေါ်တွင်ပင် ညအိပ်ဝတ်စုံကို ချွတ်ပစ်သည်။

ဒါဆိုရင် ငါ့ယောက်ျားက ငါ့ကို ဘယ်လိုများ ထင်သွားမှာလဲ။

အား...

ရှက်စရာ ကောင်းလိုက်တာ...

သူ သတိထားမိသွားလား...

မုရှောင်းနွမ်၏ နှလုံးသားက စိုးရိမ်သောကနှင့် စိတ်ရှုပ်ထွေးမှုများ ရောနှောနေသည်။ ထိုထဲတွင် ရှက်ရွံ့မှုလည်း ပါသည်။ သူမသည်လည်း ပေါက်ကွဲတော့မည်ဟု ခံစားရကာ လုံးဝမှင်သက်နေသည်။

မဟုတ်သေးပါဘူး မုရှောင်းနွမ် နင် တက်တက်ကြွကြွ နေစမ်းပါ။ အခု လုပ်ရမှာက အင်္ကျီ ဝတ်ဖို့ပဲ။

မုရှောင်းနွမ်ကလည်း ဟိုဟိုဒီဒီ လျှောက် မရှုပ်ရဲချေ။ သူမ၏ မျက်ဝန်းထောင့်ကတဆင့် ညအိပ်ဝတ်စုံကို ရှိသော နေရာကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် အံကို ကြိတ်လိုက်ပြီး နုနယ်ကာ ဆွဲဆောင်မှုရှိသော ကျောက်စိမ်းခြေထောက်လေးကို အသာလေး ဆန့်ထုတ်၍ စောင်ထဲမှ ထုတ်သည်။ ထို့နောက် အပြင်ဖက်မှ ညအိပ်ဝတ်စုံကို လှမ်းချိတ်ယူရန် ပြင်ဆင်သည်။

“ဟား... မိပြီ...”

မုရှောင်းနွမ်က အလွန်စိတ်လှုပ်ရှားသွားသည်။ သူမက ညဝတ်စုံကို အရင်ဦးဆုံး ခန္ဓကိုယ် အပေါ်ဖက်သို့ ကောက်ပစ်လိုက်သည်။ ပြဿနာကို ဖြေရှင်းပြီးသွားလေပြီ။

105 03

သို့ရာတွင် မုရှောင်းနွမ်က အောင်မြင်တော့မည့် အချိန်တွင်ပင် ရုတ်တရက် အပြင်ဘက်က ခြေလှမ်းသံကို ကြားလိုက်ရသည်။

မကောင်းတော့ဘူး...

ဉာဏ်ကောင်းသော မုရှောင်းနွမ်က လှစ်ကနဲဆိုသလို ခြေထောက်ကို ပြန်ရုတ်လိုက်သည်။ ညအိပ်ဝတ်စုံကလည်း လက်လျော့ခံလိုက်ရသည်။ သူမက စိုးရိမ်စိတ်များသွားပြီး ငိုတော့မည် ဖြစ်သည်။ သို့သော် အိပ်ချင်ယောင် ဆက်ဆောင်ရသည်။

“တကယ် အိပ်ပျော်သွားတာလား”

မမျှော်လင့်ထားစွာပင် ချန်းရန်က ပြန်လာသည်။ နှစ်ခြိုက်စွာ အိပ်မောကျနေပုံရသော မုရှောင်းနွမ်ကို မြင်ပြီး ချန်းရန်က ကုတင်နားသို့သွားကာ တစ်စုံတစ်ရာကို ရေရွတ်သည်။ ထို့နောက် လှုပ်လှုပ်ရှားရှား အသံကိုလည်း ကြားရသည်။ တစ်စုံတစ်ရာ လုပ်နေပုံရသည်။

မုရှောင်းနွမ်က မျက်လုံး မှိတ်ထားသော်လည်း နားကို စွင့်ထားသဖြင့် သေချာ ကြားလိုက်ရသည်။ သူမက တွေးသည်။

ယောက်ျားက ပြန်ဝင်လာပြီး ဘာလုပ်တာလဲ။

ကြောက်စရာကောင်းလိုက်တာ။

ထိုအချိန်တွင်ပင် ခြေလှမ်းသံကို ကြားရပြန်သည်။ သူမက တုန်ယင်စွာနှင့် စောင့်နေရသည်။

သူမ၏ နှလုံးသားက လေထဲတွင်ပင် တွဲလောင်း အဆွဲခံထားရသလို ခံစားရပြီး တစ်မိနစ်ချင်းစီက ကုန်သွားသည်။ နောက်ဆုံးတွင် ခြေလှမ်းသံက ပြန်ဝေးသွားသည်။ မုရှောင်းနွမ်၏ မြန်ဆန်သော နှလုံးခုန်သံက တည်ငြိမ်သွားသည်။

ဘမ်း

ရုတ်တရပ် တံခါးပိတ်သံကထွက်လာပြီး ကောင်မလေး၏ နှလုံးခုန်သံကို ပြန်လည်ပြီး မြောက်တက်သွားစေသည်။ သို့သော် စိတ်ပြန်ငြိမ်သွားသည်။

နောက်ဆုံးတော့ သွားပြီထင်တယ်။

မုရှောင်းနွမ်က အသက်ကို ပြင်းပြင်းရှူသည်။ ရုတ်တရပ် ထထိုင်လိုက်ပြီး‌ စောင်ထဲမှ ထုတ်လိုက်သည်။ သို့သော် မလိုလားအပ်ဟု ထင်ရပြီး အခန်းထဲမှ လှည့်ကာ စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့် လုံခြုံသွားလေသည်။

“သူ ငါ့ကို ဘာလုပ်သွားတာလဲ”

မုရှောင်းနွမ်က မျက်မှောင်အသာကြုတ်ပြီး ပဟေဠိ ဖြစ်သွားသည်။ သူသည် သူမကို နိုးလည်း မနိုးသလို ဖော်လည်း မဖော်ချေ။ ဒါဆိုရင် သူမရဲ့ယောက်ျားက သူမ ဘာမှမဖြစ်ဘဲနဲ့ အိပ်တာကို မမြင်လိုက်တာ များလား။

“ဘာပဲဖြစ်ဖြစ်ပါ အဝတ်ကို အရင်ဝတ်ရအောင်”

မုရှောင်းနွမ်ကလည်း အလုပ်ကို အရင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမက နဂိုမူလ ညအိပ်ဝတ်စုံကို ရှာကြည့်ပြီးနောက် ရုတ်တရပ် ကြောင်တောင်တောင် ဖြစ်သွားလေသည်။

******

All Chapters