← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

106 01

အပိုင်း (၁၀၆)

“ငါ့..ငါ့အင်္ကျီ..”

မုရှောင်းနွမ်က အခန်းတစ်ခုလုံးကို လိုက်ကြည့်သည်။ သို့သော် အဲ့ဒီအင်္ကျီကို ရှာမတွေ့တော့ပေ။ ထိုအစား သပ်သပ်ရပ်ရပ် ခေါက်ထားသော ဝတ်စုံတစ်စုံကိုသာ မြင်ရလေသည်။

“ဒါကဘာလဲ။ ငါ့အခန်းထဲက အင်္ကျီတွေလား”

မုရှောင်းနွမ်က မှင်သက်သွားသည်။ ထို့နောက် ထိုအဝတ်ပုံကို မယုံနိုင်သလို ကြည့်သည်။ ထိုအဝတ်ကို အလွန်ရင်းနှီးနေသည်။ ဒါဟာ ဝတ်စုံပြည့်ဖြစ်သည်။

အင်း.. ဘယ်လိုပြောရမလဲ။ အဲ့ဒီဝတ်စုံပဲ

“နောက်ပြီး အဖြူအမည်းပုံစံနဲ့ Stocking တောင်ပါသေးတယ်။ ဒါက Ryan ရဲ့ Cosplay ဝတ်စုံပဲ”

မုရှောင်းနွမ်က အဝတ်များကို ဖွင့်ကြည့်သည်။ Ryan ရဲ့ Cosplay ဝတ်စုံဖြစ်ကြောင်း သေချာသွား၏။

ဒါဟာ သူမနှင့် ယန်ရွှယ်တို့ အရင်တစ်ခေါက်က ဝယ်ခဲ့သည့် ဝတ်စုံဖြစ်သည်။ ဝတ်ပင်မဝတ်ကြည့်ရသေးပေ။

“သွားပြီ သွားပြီ ငါ့ယောက်ျားက သိသွားပြီထင်တယ်”

မုရှောင်းနွမ်က နှုတ်ခမ်းကိုဆူသည်။ လှပသော မျက်နှာလေးက ရဲသွားသည်။ သူမကို ကိုယ်တိုင်ကိုယ်ကျ မဖော်ထုတ်ခဲ့သော်လည်း ယောက်ျားဖြစ်သူက လျှို့ဝှက်ချက်ကို ရှာတွေ့သွားသည်မှာ သေချာသည်။

ရှက်စရာကောင်းလိုက်တာ။

မုရှောင်းနွမ်က ငိုချင်သည်။ သို့သော် မျက်ရည်က မထွက်ပေ။ လက်ထဲမှ အဝတ်ကိုကြည့်နေရင်းမှ ရုတ်တရက် ချန်းရန်က မည်သည့်အတွက်ကြောင့် ဝင်လာခဲ့ကြောင်း သိလိုက်သည်။ သူသည်လည်း ယခင် ညအိပ်ဝတ်စုံကို ယူသွားကာ ဒီဝတ်စုံက ထားပေးခြင်းဖြစ်လောက်သည်။

“သူ တကယ် ငါ့ကို ဒါဝတ်ခိုင်းမှာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား။ မုရှောင်းနွမ်၏ နှလုံးသားက မရပ်မနား ခုန်လှုပ်နေသည်။ သူမက ထရပ်လိုက်ပြီးတော့ မှန်ရှေ့တွင် သွားပြီးကိုယ်ကို ကပ်ကြည့်၏။

“အင်း.. လှတာတော့ အမှန်ပဲ”

သူမသည် မှန်ရှေ့မှ ခန္ဓာကိုယ်ကို သေသေချာချာကြည့်ပြီး အလွန်အမင်း ကျေနပ်သွားသည်။ မုရှောင်းနွမ်က ကျေနပ်သွားပြီး ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေရာမှ ရုတ်တရက် သူမသည် Ryan ၏ Cosplay ဝတ်စုံကို ဝတ်ဆင်ထားသောအခါ ခန္ဓာကိုယ်က ပိုပြီးထင်သာမြင်သာရှိကြောင်း သိလိုက်သည်။

အရမ်းလှတာပဲ။

ဒါဆိုရင် ယောကျ်ားဆန္ဒအတိုင်းပေါ့။

မုရှောင်းနွမ်က ချိုမြိန်စွာ ပြုံးသည်။ သူမက သူမ၏ကိုယ်ပိုင်င်လောကတွင် မွေ့လျော်နေပြီး ဒီဝတ်စုံက အလွန်ကောင်းသည်ဟုပင် ခံစားလာရသည်။ ထိုဝတ်စုံကိုသာ ဝတ်ပြီးထွက်သွားမည်ဆိုပါက ယောကျ်ားဖြစ်သူကို အံ့သြစေလောက်သည်။ ထိုအချိန်တွင် ညအိပ်ဝတ်စုံပင် ဖြစ်စေ အခြားရွေးချယ်မှုများပင် ဖြစ်စေ မရှိသေးသော်လည်း ဒီဝတ်စုံ‌က သူမကို အလွန်ကျေနပ်စေသည်။ ထိုကောင်မလေးက တုံ့ဆိုင်း မနေတော့ပဲ တိုက်ရိုက်ပင် လဲဝတ်လိုက်သည်။

“ဘာလို့ မထွက်လာသေးတာလဲ”

ထိုအချိန်တွင် ချန်းရန်က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင်ထိုင်ကာ မုရှောင်းနွမ်ကို စောင့်နေသည်။

တကယ်တော့ ချန်းရန်သည်လည်း ထိုကောင်မလေး၏အကြံအစည်ကိုသာ မသိလျှင် ညဝတ်စုံကို ယူသွားကာ ထိုအင်္ကျီကို ထားခဲ့မည်မဟုတ်ပေ။ သူမအတွက်မူ ရွေးချယ်စရာ မရှိဘဲ ဝန်ခံရန် လုပ်ထားခြင်းဖြစ်သည်။

ဟီးဟီး။

ချန်းရန်ကလည်း မုရှောင်းနွမ်၏ Cosplay ဝတ်စုံ၏ ရလဒ်ကို မျှော်လင့်စောင့်စားနေသည်။ ထို့ကြောင့် ချန်းရန်က တိတ်တဆိတ် ထိုကောင်မလေး ထွက်လာမည့်အချိန်ကို စောင့်ရန် စဉ်းစားထားသည်။

ကျွီ

106 02

ချန်းရန်က တွေးတောနေသည့် အချိန်တွင်ပင် အခန်းတံခါးက ညင်သာစွာ တွန်းဖွင့်သံ ထွက်လာသည်။ ထို့နောက် ခိုးကြောင်ခိုးဝှက်လုပ်သည့် ချစ်စရာကောင်းသည့် ခေါင်းသေးသေးလေးက ထွက်လာပြီး ဧည့်ခန်းထဲက အခြေအနေကို ကောက်ကျစ်သော မျက်လုံးမျိုးဖြင့် ကြည့်သည်။

ဝုတ် ဝုတ် ဝုတ်

ထိုအချိန်တွင် တံခါးအပြင်ဘက်မှာ မန်ထုံက ရုတ်တရက် စိတ်လှုပ်ရှားစွာ ဟောင်သည်။

“အာ”

မုရှောင်းနွမ်က လန့်သွားပြီး ခပ်တိုးတိုးပင် အော်လိုက်မိသည်။ သူမ၏နှလုံးသားကပင် အခုန်နှုန်း မှားသွားသည်။ ရုတ်တရက် ဆန်သော အခြေအနေကြောင့် လန့်သွားသည်။

“ထွက်လာခဲ့။ ဘာကို ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ”

ချန်းရန်က ဆိုဖာပေါ်တွင်ထိုင်ကာ စာအုပ်ဖတ်နေရင်းမှ မုရှောင်းနွမ်ကို ကျောပေးထားသည်။ သူသည် ခေါင်းကိုပင် လှည့်မကြည့်လာဘဲ ခပ်အေးအေးပြောသည်။ သို့သော် သူသည် မျှော်လင့်စောင့်စားနေသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် မနေနိုင်ဘဲ နှလုံးခုန်သံက မြန်ဆန်လာသည်။

ဟီးဟီး။

အဲဒီကောင်မလေးရဲ့ ကူကယ်ရာမဲ့နေတဲ့ ပုံစံကို ကြည့်ရမယ်။

“အဟမ်း”

မုရှောင်းနွမ်က လည်ချောင်းကို ရှင်းပြီး အခန်းထဲမှ ပေါ်တင် ထွက်လာသည်။ သူမက လမ်းကြုံ မန်ထုံကိုပင် လှမ်းကြည့်လိုက်သေး၏။ ထို့နောက် ချန်းရန်ကို ပြန်ကြည့်ကာ လှပ်သော မျက်နှာက ညင်သာမှုများ ပြည့်သွားသည်။

“ငါ နင့်ရဲ့အသံကို သဘောကျတယ်။ အသံကိုကြားတာနဲ့ နှလုံးသားက နွေးထွေးသွားတာပဲ”

“ဟင်”

ချန်းရန်ကပင် ခေါင်းလှည့်ကြည့်လိုက်သည်။

သူ ကြိုတင် စီစဉ်ထားတဲ့ ဇာတ်ကြောင်းက ဘယ်ရောက်သွားလဲ။

“ငါ နင့်ရဲ့မျက်လုံးကို သဘောကျတယ်။ တော်တော်လေးကို စူးရှပေမဲ့လည်း လူတွေကို ညင်သောအောင် နှစ်သိမ့်ပေးနိုင်တယ်။ ငါ ဒီလိုမျိုး နူးညံ့သွားတဲ့ မျက်လုံးတွေကို သဘောကျတယ်”

မုရှောင်းနွမ်က ချန်းရန်အနားသို့ လာပြီးချွဲသည်။

"မင်းဖျားနေတာများလား”

ချန်းရန်လက်ကို ဆန့်ထုတ်ပြီး နဖူးကို စမ်းကြည့်လိုက်သေးသည်။ မုရှောင်းနွမ်၏ တုန့်ပြန်မှုက သူ့ကို အငိုက်မိသွားစေသည်။ ချန်းရန် သူမကို မစနိုင်တော့ပေ။ သို့သော် ကောင်မလေး၏ ဟန်ချက်နောက်သို့ လိုက်ရန် ဖြစ်လာသည်။

မုရှောင်းနွမ်က ခေါင်းကို ငုံ့ပြီး လိမ္မာသော ကြောင်ပေါက်လေးကဲ့သို့ ပူးပေါင်းပေးကာ ခပ်ချိုမြိန်စွာ ပြောသည်။

“ဒီလိုမျိုး ခေါင်းကို ပုတ်တာကိုလည်း သဘောကျတယ်။ ဒီလက်ဖဝါးနဲ့ ဆံပင်ကနေတစ်ဆင့် ဆက်သွယ်နိုင်တယ်”

ချန်းရန် …

အိုး.. ငါ အစခံနေရတာပဲ။

ချန်းရန်ကလည်း သူ့ကောင်မလေးကို အဝတ်လဲစေပြီး စချင်နေခဲ့သည်။ သို့သော်လည်း မမျှော်လင့်ထားစွာပင် သူကပင် ပြန်အစခံရသည်။ ချန်းရန်ကိုယ်တိုင်ကပဲ ကြောင်တောင်တောင် ဖြစ်သွားသည်။ ချိုမြိန်ပြီး အရသာရှိသော ကောင်မလေး၏ စနောက်မှုကိုပင် သည်းခံနေရသည်။

ဘုရားရေ။

“ဆိုတော့ မင်းက..”

ချန်းရန်၏ အသက်ရှူနှုန်းက နည်းနည်းမြန်ဆန်လာသည်။ သူသည် တံတွေးကိုပင် မြိုချလိုက်သေးသည်။ ဒီအချိန်တွင် ချန်းရန်ဘက်က မှင်သက်ရသည့် အလှည့်ဖြစ်သည်။

အား.. အဲ့ဒီလိုအခိုက်အတန့် ဒီလိုမနက်ခင်းမှာ ရှောင်နွမ်က အရမ်းပျော်ရွှင်တာပဲ။

မုရှောင်းနွမ်က ချန်းရန်၏လက်ကို လှမ်းဆွဲထားပြီး နဖူးကို ကပ်ထားသည်။ သူမက လက်ဖဝါးကို ကိုင်ထားပြီးနောက် ညင်သာစွာဖြင့် ပွတ်နေလိုက်သည်။ နေရောင်က ကြီးမားတဲ့ ပြင်သစ်ပြတင်းပေါက်ကနေတဆင့် ဝင်ရောက်လာပြီး သူတို့နှစ်ယောက်အပေါ်သို့ ကျလေ၏။ အထူးသဖြင့် ပါးနှင့် လက်များပေါ်သို့ ဖြစ်ကာ ရွှေရောင်တစ်လွှာ အုပ်ထားသကဲ့သို့ တောက်ပလာစေသည်။ အောက်ဘက်မှ လှမ်းကြည့်သော် ချန်းရန်ကပင် အံ့သြသွားရသည်။

106 03

ထိုအခိုက်အတန့်တွင် အပြင်မှ ခုန်ပေါက်ကာ ဆိုးသွမ်းသော မန်ထုံကပင် အဟောင်ရပ်သွားသည်။ ထိုအစား သူသည် ကြမ်းပြင်ပေါ်တွင် လှဲပြိး အမြှီးကို နှံ့နေပြီး ချစ်စရာကောင်းသော ပုံစံကို ပြသကာ သူတို့နှစ်ယောက်ကို လှမ်းကြည့်သည်။ ချန်းရန်က မုရှောင်းနွမ်ကို ကြည့်နေရင်း ဖျော့တော့စွာ ပြောသည်။

“Honey.. မင်း တကယ် ငါ့ကို အံ့သြစေတာပဲ”

“ယောကျ်ား.. ယောကျ်ားက ရှောင်းနွမ်က ဘာကို အလိုအပ်ဆုံးလဲလို့ ပြောတယ်နော်.. ရှောင်းနွမ်က ယောကျ်ားရဲ့စကားသံကို နားထောင်ရတာကို သဘောအကျဆုံးပဲ။ ယောကျ်ားက ရှောင်းနွမ် အလိုအရှိဆုံးသူပါပဲ”

မုရှောင်းနွမ်က ထပ်ပြောသည်။

“သေစမ်း။ မနက်အစောပိုင်းက သိပ်လွယ်တာ မဟုတ်ဘူးနော်။ ရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှု စတင်တာကို နောက်ဆုံးတော့ တွေ့လိုက်ရပြီ မမျှော်လင့်ထားတဲ့ ခွေးစာတွေ ကျွေးခံရပြန်ပြီ”

နွမ်ပေါင်ပေါင် YYTS ဆရာသခင်ချန်းကို နှစ်တစ်သောင်းလောက် အံ့ဩအောင် လုပ်လိုက်”

“နွမ် ငါ့ဇနီးလေး ဒါပေမဲ့ ဆရာသခင်ချန်း အပိုင် ဖြစ်နေတာတော့ နှမြောစရာပဲ”

“ဝိုး။ ဆရာသခင်ချန်းက အရမ်းပျော်နေတဲ့ ပုံပဲ။ ရှောင်းနွမ်က အဝတ်အစားတင် လဲထားတာမဟုတ်ဘူး။ စကားပြောပုံပါ ပြောင်းလဲလိုက်တာ။ ဆရာသခင်ချန်းက အရမ်းပျော်နေမှာ”

“မနက်ခင်းအစောပိုင်းမှာ ငါ့ဇနီးက ငါ့ကို ဒီလိုပြောတာကို မြင်ချင်လိုက်တာ”

ထိုအချိန်တွင် မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်ထားသည်။ ထိုအခြေအနေကို တိုက်ရိုက် ထုတ်လွှင့်ပြသနေ၏။ ကြည့်ရှုသူ သန်းပေါင်းများစွာကိုလည်း ခွေးစာကျွေးနေသည်။

ချန်းရန်ကလည်း တစ်ချိန်တည်းတွင်ပင် ဆွံ့အနေသည်။ သူက ဘယ်လိုများ အစအနောက်ခံလိုက်ရတာလဲ။

******

All Chapters