← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

107 01

အပိုင်း (၁၀၇)

“မင်း တော်တော်ဆိုးတာပဲ”

ချန်းရန်ကလည်း ထိုကောင်မလေး၏ လက်ဖြင့် အပွတ်ခံရပြီးနောက် အခွင့်အရေးကို အရယူကာ ပါးကို ဆိတ်လိုက်သည်။ ပန်းရောင်လေး ချစ်စရာလေး။

“အင်း နည်းနည်းနာတယ်နော်”

မုရှောင်းနွမ်ကလည်း ပါးက နည်းနည်း နာကျင်သွားပြီး ချမ်းသာပေးပါဟု အော်သည်။ ထိုအခါမှသာ ချန်းရန်က လွှတ်ပေးသည်။

“မင်းက တော်တော် ဉာဏ်ကောင်းတာပဲ”

ချန်းရန်က ထိုကောင်မလေးကို အဓိပ္ပါယ်အပြည့်နှင့် ကြည့်သည်။ မုရှောင်းနွမ်၏ မျက်နှာက ရဲသွား၏။ ထို့နောက် ဘေးဖက်တွင် လိမ်လိမ်မာမာလေး ရပ်နေကာ သွယ်လျသော လက်လေးနှစ်ဖက်ကို ဖိကိုင်ထားပြီး ရှက်ရွံ့ကာ မသက်မသာလေး ဖြစ်နေသည်။ သူမသည်လည်း ချန်းရန်က ဒီမနက်ပိုင်း အရှက်ရစရာ ကိစ္စကို သိနေမှန်း နားလည်သေးသည်။

“အင်း... ကျေးဇူးတင်ပါတယ် ယောက်ျား အခုလို ကူညီပြီး အဝတ်ရွေးပေးတဲ့အတွက်ပေါ့”

မုရှောင်းနွမ်က ရှက်ရွံ့စွာနဲ့ ခပ်တိုးတိုး ပြောသည်။

“ဒါဆိုရင် နေ့တိုင်း ရွေးပေးရမလား”

“ဟင်... “

မုရှောင်းနွမ်က ရုတ်တရက် မျက်နှာကို အုပ်လိုက်ပြီး ရှက်ရွံ့ စွာနှင့် အသနားခံသည်။

“မလုပ်ပါနဲ့”

“ဟားဟား”

ချန်းရန်က ရယ်ပြီး လှပသော မျက်နှာကို ဆိတ်လိုက်သေးသည်။ ထို့နောက် နားနားကပ်ကာ ခပ်တိုးတိုး ပြောသည်။

“မနက်အစောကြီး ဒီလောက် နည်းနည်းလေး မဝတ်ထားနဲ့၊ အအေးမိမယ်”

“ငါ”

မုရှောင်းနွမ်က ရှက်သွားသည်။ သူမသည် စိတ်ထဲတွင်လည်း ခိုးပြီး ဆုံးဖြတ်ချက် ချလိုက်သည်။ ငါ အနာဂတ်မှာ ငါ့ယောက်ျားရဲ့ အခန်းထဲမှာ ကိုယ်တုံးလုံး မအိပ်တော့ဘူး။

“ဒါနဲ့ စကားမစပ် ယောက်ျား ပရိုဂရမ်အသင်းက လူတွေ ဘယ်ရောက်သွားလဲ”

မုရှောင်းနွမ်က အကြောင်းအရာကို ပြောင်းပြီး သိချင်စိတ် ပြင်းပြစွဦ မေးသည်။

“သူတို့တွေ အစောကြီးကတည်းက သွားပြီလေ”

ချန်းရန်က လက်ကို တစ်ချက် ယမ်းလိုက်ပြီး ပြောသည်”

107 02

“ဒီနေ့ ပစ္စည်းတွေ သေချာ ထည့်ထား အရှေ့က ထောင်ယွမ်တောင်ကို တက်ရအောင်”

“အာ... တောင်တက်မယ်”

မုရှောင်းနွမ်၏ လှပသော မျက်လုံးက တစ်ချက် တဖြတ်ဖြတ် ခတ်သွားပြီး တအံ့တဩပြောသည်။

“ဘာသွားလုပ်မှာလဲ”

“အဲဒီကို ရောက်ရင် သိရမှာပေါ့”

ချန်းရန်က လျှို့ဝှက်ချက်ထားပြီး သတိပေးသည်။

“အဝတ်အစားလဲဖို့ သတိရဦး ဒီတိုင်း တောင်တက်လို့ မရဘူး”

“အာ”

မုရှောင်းနွမ်က ပြန်ဖြေသည်။

နှမြောစရာပဲ ဒီ cosplay ဝတ်စုံက ဒီလောက် ကြည့်ကောင်းတာ ခဏလေးပဲ ဝတ်ရတယ်။

ဒါပေမယ့် ကိစ္စမရှိပါဘူး ပြန်လာတော့မှ ပြန်ဝတ်ပြမယ်လေ။

ချန်းရန်၏ ဒီနေ့ ပန်းတိုင်က ရေတံခွန်ကို လိုက်ရှာရန် ဖြစ်သည်။

ဒါက တော်တော်လေးကို အာဟာရ ရှိစေပြီး ကျန်းမာရေးကို ကောင်းစေတဲ့ ရှားပါးတဲ့ ရေတံခွန် ဖြစ်မယ်။

ထို့အပြင် မြေပုံတွင် ပြထားတဲ့ နေရာကလည်း ထောင်ယွမ်တောင် ထိပ်ပေါ်တွင် ဖြစ်သည်။

ထို့ကြောင့် ချန်းရန်၏ ဒီနေ့ ပန်းတိုင်က တောင်ထိပ်ကို တက်ရန် ဖြစ်သည်။ ရိုးရိုးသားသား ပြောရသော် ထောင်ယွမ်တောင်က အတော်လေး မြင့်သည်။ အမှန်တကယ် တက်ချင်လျှင် အင်အား စိုက်ထုတ်ရလောက်သည်။

“စားစရာလည်း မရှိဘူး ဆိုတော့ တောင်တက်ရတာကလည်း ပင်ပန်းဦးမှာ”

ချန်းရန်က မုရှောင်းနွမ်အား တစ်စုံတစ်ရာကို ပြင်ဆင်ခိုင်းထားသည်။ အရေးကြီးဆုံးက စားစရာ ဖြစ်သည်။

တောင်တက်ရန်အတွက် အင်အား အများကြီး လိုအပ်သည်။ မုရှောင်းနွမ်ကလည်း စားစရာများကို ပြင်ဆင်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

သို့သော် ကိစ္စကလည်း အလျှင်လိုနေသည်။ သို့မဟုတ်ပါက စူပါမားကတ်သို့ သွားဝယ်လောက်သည်။

ယခုလို အခြေအနေမျိုး မရှိခင်ကတည်းက မုရှောင်းနွမ်သည်လည်း ထိုစူပါဖန်ကိုသာ ပြောင်ရှင်းရန် ဆုံးဖြတ်လိုက်သည်။

“ငါ အကြိုက်ဆုံး ငှက်ပျောကြီး ငါ့ ယောက်ျား အကြိုက်ဆုံး မက်မွန်သီး”

ထိုဒီကောင်မလေးက ခပ်တိုးတိုးလေး ရေရွတ်နေရင်း စူပါဖန်တွင် ပတ်လျှောက်နေကာ တွန်းလှည်းသေးသေးလေးကိုပင် တွန်းပြီး တောက်လျှောက် ရွေးကာ ခူးနေသည်။

ချန်းရန်က အပြေးလာပြီးနောက် ကြောင်တောင်တောင် ဖြစ်သွားသည်။

107 03

“ဘာလုပ်နေတာလဲ”

ချန်းရန်က မုရှောင်းနွမ်ကို ကြောင်တောင်တောင် ကြည့်သည်။

အိုး... ခြင်းအပြည့် သစ်သီးတွေ

ထိုကောင်မလေးက မျက်မှောင်ကြုတ်နေသေးသည်။ အစိမ်းရောင် စပျစ်သီးလေးနဲ့ အနီရောင် စပျစ်သီးလေးတွေကို ဝေခွဲမရ ဖြစ်နေပုံ ရသည်။ အဆုံးသတ်တွင် မူ တစ်ခိုင်စီ ယူသည်။

“ ယောက်ျား ယောက်ျား လာပြီလား ဘာစားချင်လဲ ကြည့်ပါဦး”

မုရှောင်းနွမ်က ချန်းရန်ကို ကြိုတင်ကာ လက်ယမ်းပြသည်။

“ဒါတွေ အားလုံးကို ယူသွားမလို့လား”

ချန်းရန်ရဲ့မျက်နှာက မဲမှောင်သွားသည်။ ဒီလောက် အများကြီး ယူမှာ... စပျစ်သီးတွေ... ဒါက ရေတစ်ပုံး ထမ်းတာနဲ့ ဘာကွာလို့လဲ။

“ငါ ဒါကိုကူပြီး သယ်ပေးမှာ မဟုတ်ဘူးနော်”

ချန်းရန်က သတိပေးသည်။

“ဟားဟား ကြည့်ဦး မုရှောင်းနွမ်ရဲ့နာကျင်နေတဲ့ မျက်နှာဖုံး”

“မုရှောင်းနွမ်က : ယောက်ျား... ဒါကို ကူမသယ်ပေးဘူးဆိုရင် ငါ့ကို မချစ်တော့ဘူးပေါ့”

“ဖူး... ငါ သေအောင် ရယ်နေရတယ်။ ရှောင်းနွမ် အစားကျွေးတဲ့သူလား”

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်သော ကင်မရာကလည်း မပိတ်ရသေးပေ။ ထို့ကြောင့် ကြည့်ရှုသူများကလည်း ပညာရှိများဖြစ်သည့်အလျောက် ပထမဦးဆုံး စမြင်သည်နှင့် တောင်တက်တော့မည် ဖြစ်မှန်း သိလိုက်သည်။

“ငါ သယ်နိုင်ပါတယ်”

မုရှောင်းနွမ်က လက်သင့်မခံလိုသေးပေ။

“ဒီတိုင်း နည်းနည်းလေးပဲကို မလေးပါဘူး”

“ဟားဟား”

ချန်းရန်က ရယ်သည်။

“မင်း အစပိုင်းမှာတော့ သယ်နိုင်မှာပေါ့။ ဒါပေမယ့် အပေါ်ကို ရောက်လေလေ မသယ်နိုင်တော့လေပဲ”

“ကိစ္စမရှိဘူး”

မုရှောင်းနွမ်ကလည်း နားလည်သည်။

“ငါ သယ်သွားမယ်။ လမ်းမှာ စားသွားမှာလေ ဆိုတော့ ပမာဏက နည်းသွားမှာ”

“အား တော်လိုက်တာ”

ချန်းရန်က ဘာကိုမှပင် မပြောနိုင်တော့ပေ။ သူသည်ပင် လက်မ ထောင်ပြလိုက်သည်။

107 04

“အိုး တကယ် တော်တာပဲ။ လုံးဝကို ကျွမ်းကျင် ပညာရှင်အဆင့် နားလည် သဘောပေါက်မှု”

“ဟားဟား ငါ တကယ် ရှောင်းနွမ်ရဲ့ အကြံကို မလိုက်နိုင်ဘူးပဲ”

“ငါလည်း မုရှောင်းနွမ် ဘယ်လို နေမလဲ ဆိုတာကို သိချင်မိသား”

“အပေါ်က တစ်ယောက်က အတည်ကြီး ပြောနေတာလား။ ငါကတော့ သူမ ခဏနေရင် နီရဲပြီး ချွေးပြန်နေမယ် ထင်တယ်”

သိပ်မကြာမီမှာတင် နှစ်ယောက်က အဆင်သင့် ဖြစ်သွားသည်။ ချန်းရန်က အိတ်ကြီး တစ်အိတ်ကို သယ်လာသည်။ နုံဖူ စမ်းရေကို ပလတ်စတစ် ပုလင်းကြီး တစ်ပုလင်းလုံး ထည့်ထားကာလည်း ယူလာခဲ့သေးသည်။ ထိုအပြုအမူက ပြည်သူများကိုပင် စိတ်ရှုပ်စေသည်။

“ဆရာသခင်ချန်း... လမ်းမှာ ရေဖြည့်ဖို့လား”

“ဒါကတော့ ဒီ ပလတ်စတစ် ပုလင်းက တော်တော်လေး ကြီးတာနော်။ အနည်းဆုံး ငါးလီတာလောက် ဆံ့မယ် ထင်တယ် သုံးလို့ ရပါ့မလား”

“ဟားဟား ရှောင်းနွမ်က အရှေ့မှာ သစ်သီးတွေ သယ်တယ်။ ဆရာသခင်ချန်းက အနောက်ကနေ ကျောပေါ်မှာ ပလတ်စတစ် ပုလင်းကြီး ထမ်းထားတယ်”

ရိုးရိုးသားသား ပြောရသော် ထိုနှစ်ယောက်၏ ပုံစံက တော်တော်လေးကို စိတ်ရှုပ်စရာ ဖြစ်သည်။ အတူ ရပ်နေသော အခါ ‘ကိုးရိုးကားယားစုံတွဲ’ ဆိုသော နာမည် ပြောင်ကိုပင် ရလိုက်သည်။

ဝုတ် ဝုတ်

ထိုအချိန်တွင် ဘေးဖက်မှ မန်ထုံကလည်း ဒီအတောအတွင်းတွင် တော်တော်လေး ဝလာသည်။ အခုက မန်ထုံ ဝတုတ် ဖြစ်လာသည်။ သူက အသားကုန် အော်နေ၏။

ထိုအကောင်ငယ်လေးက တောက်ပသော ပိုးသလွှာလို အဝါရောင် အမွေးများနှင့် တောက်ပထိန်လင်းနေပြီး လက်သည်းခြေသည်းလေးများကလည်း တောက်ပဖြူဖွေးနေသည်။ သူက နည်းနည်း ဝသော်လည်း လှုပ်ရှားမှုက အလွန်ဖျတ်လတ်၏။ ခွေးဝတုတ်ကလည်း မြန်သည်။ သို့ရာတွင် မကြာခဏ ဆိုသလို အော် အော်နေတတ်သည်။ အကြောင်းမူကား …

သူ၏ ကျောတွင်လည်း အဝတ်အိတ် နှစ်အိတ်ကို ချည်ထားသောကြောင့် ဖြစ်သည်။ ဘယ်တစ်အိတ် ညာတစ်အိတ် ဖြစ်ပြီး တင်းတင်းကြပ်ကြပ် ချည်ထားသည်။ အထဲတွင်လည်း သစ်သီး နည်းနည်းစီ ပါသည်။ ဒါက မန်ထုံအတွက်ကမူ သူသည် တောင်တစ်လုံး ဖိထားသလို လေးလံနေသည်။

“မင်း ဒီလို လုပ်ချင်တာ သေချာလား”

ချန်းရန်က မန်ထုံကို ကြည့်သည်။ မန်ထုံက ယူကြုံးမရ ဖြစ်စိတ်အပြည့်နှင့် ကြမ်းပြင်တွင် လဲနေကာ မထချင်တော့ပုံ ရသည်။ ထို့နောက် မုရှောင်းနွမ်ကို ပြန်ကြည့်ကာ ပြုံးရယ်ရင်း ပြောသည်။

“မင်း ဒီလို လုပ်မယ်ဆိုရင် သူ အင်အား ကုန်သွားလိမ့်မယ်”

“ငါ သူ့ကို လေ့ကျင့်ခန်း လုပ်စေချင်တဲ့ ဟာကို”

မုရှောင်းနွမ်က ကောက်ကျစ်စွာ ပြုံးသည်။ ထို့နောက် မန်ထုံကို ကြည့်လေလေ မကောင်းသော ရည်ရွယ်ချက်က အပြည့်ပေါ်လာလေလေ ဖြစ်သည်။ သူမက ဆောင့်ကြောင့် ထိုင်လိုက်ပြီးနောက် မန်ထုံ၏ ခွေးခေါင်းကို ပုတ်ကာ ညင်သာစွာ ပြောသည်။

“မန်ထုံလေး... နင့်ကို ကြည့်စမ်းပါအုံး နင် ဒီလောက်ထိ ဝနေတာ။ လေ့ကျင့်ခန်းလည်း မလုပ်ဘူး။ ငါ နင်နဲ့ စတွေ့တုန်းက ဒီလိုမျိုး မဟုတ်ပါဘူး။ အခု နင် လေ့ကျင့်ခန်း လုပ်သင့်ပြီ”

မန်ထုံက အော်သည် မြေပြင်တွင် ပြန်လဲလိုက်ပြီး မုရှောင်းနွမ်ကိုပင် ကျောပေးလိုက်သည်။ သိသာစွာပင် မုရှောင်းနွမ်က သူ့ကို အမြဲတစေ ယုတ်မာနေကျ ဖြစ်သည်။ ထိုကြောင့် မန်ထုံကလည်း သူ့ကို ပြန်ယုန်မာရန် နည်းလမ်းရှိပြီးသား ဖြစ်သည်။ သူသည် မြေပြင်မှာ လဲနေကာ မထတော့ပေ။

“မန်ထုံ : မိန်းမ ဟမ်... ဒါက လူလား လူဆန်စမ်းပါ ငါ့ကို အလုပ်ကြမ်း လုပ်ခိုင်းတယ် ငါ သေအောင် ဆန္ဒပြလိုက်မယ်”

“ဟားဟား ရှောင်နွမ်း မျက်နှာ ဖြတ်ရိုက်ခံရတာပဲ။ မန်ထုံရဲ့ ရွံရှာတဲ့မျက်နှာကို မြင်လိုက်လား”

“မန်ထုံ : ငါ လူဟုတ်ချင်မှ ဟုတ်မယ် ဒါပေမယ့် မင်းကတော့ ခွေး”

“ရှောင်နွမ်း မင်း သွားပြီ မာနကြီးတဲ့ မန်ထုံလေးကို ဘယ်လို ရင်ဆိုင်မလဲ ကြည့်နေမယ်”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများက သေအောင် ရယ်နေရသည် မုရှောင်းနွမ်ကို မန်ထုံက လျစ်လျူရှုထားသောပုံစံက တကယ် ရယ်ရသည်။ သူမက ချန်းရန်ကို အကူအညီ လှည့်တောင်းသည်။

“ယောက်ျား ယောက်ျား ငါတို့ အခု ဘယ်လို လုပ်ကြမလဲ။ မန်ထုံကို မခေါ်တော့ဘဲ နေမလား”

******

All Chapters