အခန်း ၁၀၉
Vol. 11 Ch. 109
109 01
အပိုင်း (၁၀၉)
“ဘမ်း”
ထိုကောင်မလေးက ပါးစပ်ထဲသို့ စပျစ်သီးတစ်လုံးကို ထည့်လိုက်သည်။ စားနေရင်းမှ ချန်းရန်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်သေးသည်။
“ဘာဖြစ်မှာလဲ”
“ဒါဆိုရင်”
ချန်းရန်က ပြောတော့မည့်အချိန်တွင် မျက်လုံးက ရွေ့သွားပြီး ချောင်းအသာဟန့်ကာ ပြောသည်။
“အဲဒါဆိုရင် ဗိုက်က ပိုကြီးလာမယ် မဟုတ်ဘူးလား။ မင်းမျက်နှာကလည်း လုံးလာမယ်။ နောက်ပြီး လမ်းလည်း မလျှောက်နိုင်တော့ဘူးလေ”
“တော်တော်လေးကို မမျှော်လင့်ထားတဲ့ စကားပဲ”
“ဒါ ဒါ ဒါ ဆရာသခင်ချန်းက ရှောင်းနွမ်ကို ဝလာမယ်လို့ ဆိုလိုတာလား”
“ဖူး ငါသေအောင် ရယ်နေရတယ်။ ရှောင်းနွမ်က စားနေရင်းနဲ့ သူမဘာသာ ကိုယ်ဝန်ရှိသွားမှာလား”
“ငါ မပြောဘူးနော်”
ထိုအချိန်တွင် ပရိသတ်အများစုကလည်း သူတို့၏နားလည်မှု ပေါ်တင်ဖော်ပြနေကြသည်။ မုရှောင်းနွမ်၏ မျက်နှာက ပူလာသည်။
ဘုရားရေ ချန်းကောကောကပင် ဘာကိုမှမပြောရသေးခင် ပရိသတ်များကပင် အနှစ်ချုပ်ပေးလိုက်လေသည်။
“ယောက်ျား ဘာတွေ ပြောနေတာလဲ”
မုရှောင်းနွမ်ကသူမ၏ခန္ဓာကိုယ်ကို ကြွားဝါရင်း ခပ်သိမ်သိမ် ခါးကို ပြလေသည်။
“ဘယ်လိုကြောင့် ဝလာမှာလဲ မဖြစ်နိုင်ဘူး”
“ငါ ဘာမှမပြောရသေးပါဘူး”
ချန်းရန်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ရယ်သည်။
“ငါဆိုလိုတာက မင်း အများကြီး စားရင် ဗိုက်အောင့်မယ်လို့လေ”
“အာ…”
မုရှောင်းနွမ်၏ လှပသောမျက်နှာက အရှက်ရသွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိသတ်များကလည်း မှင်သက်သွားသည်။ သိသာစွာပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိတ်သတ် အချို့ကလည်း တစ်မျိုး မြင်နေခဲ့ခြင်း ဖြစ်သည်။
“ဟား ဆရာသခင်ချန်း အရမ်းဆိုးတာပဲ”
“သေစမ်း ငါတောင် လမ်းလွဲသွားတယ်။ ငါ အရမ်း ဉာဏ်ကောင်းနေတာလား”
“ဆရာသခင်ချန်းက တအားဆိုးတာ။ ဒီလူကို အမြဲတမ်း အများကြီး တွေးအောင်လုပ်တယ် ဟွန့်”
ထိုအချိန်တွင် မုရှောင်းနွမ်က အသိပြန်ဝင်သွားသည်။ သူမက နှုတ်ခမ်းကို စူပြီး မကျေနပ်ကြောင်း ဖော်ပြသည်။
ငါ့ယောကျ်ားက တစ်ဝက်တည်း ပြောတာ။ နင်တို့ ဘာသာ ဆက်ပြောပြီးတော့။
နောက်ပြီး ငါတောင်မှ လမ်းလွဲသွားသေး… ရှက်စရာကောင်းလိုက်တာ။
“စားမယ် စားမယ်။ ဗိုက်အောင့်မှာ မကြောက်ပါဘူး”
မုရှောင်းနွမ်ကလည်း ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်သေးသည်။ ထို့နောက် နောက်ထပ် စပျစ်သီးကို လက်တဆုပ်စာ အပြည့်နှိုက် ယူလိုက်ကာ ပါးစပ်ထဲ ထိုးထည့်ပြီး တစ်ခိုင်လုံးကို မျိုချရန် ကြိုးစားသည်။
“ဟေး မင်း”
ချန်းရန်က ထိုကောင်မလေးကို ကြည့်ပြီး တအံ့တဩ ပြောသည်။
“ဘယ်လို ကောင်မလေးလဲ။ အခွံတောင် မထွေးတော့ဘဲ စားပစ်လိုက်တယ်။ တကယ်ကို အစားကြူးတဲ့သူ ဖြစ်မယ်”
109 02
“ဖြည်းဖြည်းချင်း ဖြည်းဖြည်းစား ဘယ်သူမှ လုမစားဘူး”
ချန်းရန်ကလည်း မနေနိုင်ဘဲ သတိပေးလိုက်သေးသည်။ သူမ၏ ကြမ်းတမ်းစွာ စားသောက်နေပုံက ချန်းရန်ကပင် သူတို့ တောင်ပေါ်သို့ ရောက်သွားသည့်အချိန်တွင် သူမ၏ ကျောပိုး အိတ်က ပြောင်းရှင်းနေလောက်သည်ဟု တွေးမိသည်။
ထိုတိုက်ခိုက်နိုင်စွမ်းအားက ချန်းရန်၏ မျက်လုံးကိုပင် နည်းနည်း ကျယ်သွားစေသည်။
သူမ ဒီလောက် စားနိုင်မယ်လို့ မထင်ထားဘူး။ ဒီကောင်မလေးရဲ့ သစ်သီးစားနိုင်စွမ်းရည်က ကြောက်စရာကောင်းတာပဲ။
“ငါ မရပ်ပါဘူး”
မုရှောင်းနွမ်က လက်သင့်မခံလိုဘဒ ပြောသည်။
“ ယောက်ျား ငါ့ရဲ စိတ်လှုပ်ရှားမှုကို ဘာလို့ ဖိနှိပ်ဖို့ ကြိုးစားချင်နေတာလဲ”
“???”
“!!!”
“…”
“ဒါဆိုရင် ကိုယ့်ဘာသာကိုယ်ပဲ သယ်တော့”
ချန်းရန်က ပြောသည်။
“ ငါ အရမ်းပင်ပန်းနေပြီ”
မုရှောင်းနွမ်က နာရီဝက်ခန့် တက်ပြီးနောက် အလွန်အင်အားကုန်ခန်းနေသည်။ တောင်တက်လမ်းကလည်း လိုက်လျှောက်ရခက်သည်။ ပစ္စည်းအများကြီးကိုလည်း သယ်ထားရသေးသည်။ ထို့ကြောင့် ချန်းရန်ကလည်း သူမက အင်အားကုန်ခန်းနေမှန်း မြင်သည်နှင့် ဝန်ထုပ်ဝန်ပိုးကို နည်းနည်း ဝေမျှသည်။ ထို့ကြောင့် ထိုအချိန်တွင် ချန်းရန်က သူမကို တစ်ယောက်တည်း သယ်ခိုင်းသောအခါ ပထမဦးဆုံးအကြိမ်အဖြစ် မကျေမနပ်ဖြစ်သွားသည်။
“ဒါဆိုရင်လည်း မြန်မြန် လုပ်လေ။ ငါတို့မှာ အချိန် အကန့်အသတ်နဲ့”
“အိုအို”
ချန်းရန်က မုရှောင်းနွမ်ကို အတင်းတိုက်တွန်းသည်။ မုရှောင်းနွမ်က အံကိုကြိတ်ပြီး လိုက်လာသည်။ ချန်းရန်က အနောက်မှ လိုက်လာပြီး တောင်ပေါ်သို့ အတူတူ တက်ကြသည်။ သို့မဟုတ်ပါက ယခုအရှိန်နှုန်းအတိုင်းဆိုလျှင် ချန်းရန်သည် နေဝင်သွားလျှင်ပင် တောင်ထိပ်သို့ ရောက်တော့မည် မဟုတ်ပေ။
ထောင်ယွမ် တောင်တန်းက နာမည်ကျော် တောင်တန်းများကဲ့သို့ မကောင်းမွန်ပေ။ ဥပမာအားဖြင့် အထွတ်အမြတ် တောင်တန်းငါးသွယ်ကဲ့သို့ နေရာမျိုး မရှိပေ။ သို့သော် ကိုယ်ပိုင် ဝိသေသ လက္ခဏာမျိုး ရှိသည်။ တောင်တန်းနှင့် တောအုပ်က လေထန်သည်။ အချို့သော နေရာများက မတ်စောက်ပြီး အချို့သော နေရာက ပြေသည်။ အချို့သော နေရာက မြေပြန့်ဖြစ်သည်။ တောအုပ်များကလည်း သိပ်သည်းသေး၏။ သို့သော် မြင်ကွင်းကမူ ပိုကျယ်သည်။ ပို၍အရေးကြီးသည်မှာ ဒီတောင် ပတ်ပတ်လည်တွင် တောင်ထိပ်သို့ တက်ရန် အလို့ငှာ လေထန် လမ်းဆောက်ရန် သင့်တော်လေသည်။
ဒါအရေးကြီးဆုံးသော အထူးခြားဆုံးကိစ္စ မဟုတ်သေးပေ။ အထူးခြားဆုံး ကိစ္စကမူ ထိုတောင်၏ တစ်ဖက်တစ်ချက်စီမှ သစ်ရွက်များ အားလုံးက အလွန်လှသည်။ လမ်း၏ တစ်ဖက်တစ်ချပ်စီတွင် မေပယ်တောအုပ်ကြီးကို မြင်ရသည်။ အခုက ဆောင်းဦး ဖြစ်သည်။ ထို့ကြောင့် မေပယ်သစ်ရွက်များက အစုလိုက် အစုလိုက် အနီရောင် ပြောင်းကုန်သည်။ နွေးထွေးသော အနီရောင်မျိုးက အလျှံညီးညီး တောက်လောင်နေသော မီးတောက်မျိုးကဲ့သို့ပင် မှင်သက်ဖွယ်ကောင်းလောက်အောင် လှလေသည်။
“အို လှလိုက်တာ”
ချန်းရန်က ကြိုးကို ကိုင်ထားသောကြောင့် မန်ထုံကလည်း ကြိုး၏အခြား တစ်ဖက်ခြမ်းတွင် တည်တည်ငြိမ်ငြိမ်လေး ရှိနေသည်။
မုရှောင်းနွမ်က ကြိုးကို လှမ်းလုပြီး ချန်းရန် အနောက်မှ အနီးကပ် ကပ်လိုက်လာ၏။ လမ်းတောက်လျှောက် မြင်ရသမျှ လှပသော ရှုခင်းများကို ကြည့်နေရင်းမှာ အစပိုင်းတွင်မူ တိုက်ရိုက်ထုတ်လွှင့်ကာ စကားပြောနေသေးသည်။ သို့သော် တဖြည်းဖြည်းချင်း ကြာသောအခါ မျက်လုံးကို ရှုခင်းကသာ ဆွဲဆောင်သွားပြီး တိတ်သွားတော့သည်။ သူမသည်လည်း ဆောင်းဦး၏ လှပသော မြင်ကွင်းကို အသိအမှတ်ပြုနေသည်။
တောင်တက် လမ်း၏တစ်ဖက်တစ်ချက်စီမှ သိပ်သည်းသော မေပယ် တောအုပ်များကို မြင်ရသည်။ ကြည်လင်သော နေရောင်ခြည်က ကြမ်းတမ်းစွာ နီရဲနေသည့် မေပယ်သစ်ရွက်များပေါ်သို့ ကျပြီး လူနှင့်ခွေးများပေါ်သို့ပင် ဆင်းသက်လာသည်။ အမျိုးသားတွင်မူ ဖျော့တော့သော အပြုံးက ရှိနေပြီး အမျိုးသမီးတွင်မူ ချစ်စရာကောင်းကာ မြတ်နိုးဖွယ်ကောင်းသော အမူအရာမျိုးနှင့် ဖြစ်သည်။ မန်ထုံကမူ မေပယ် သစ်ရွက်များ အုပ်နေသော လမ်းပေါ် တက် ခပ်အေးအေး တက်ကာ ခေါင်းကို ငုံ့လိုက် လှမ်းရှုလိုက် လုပ်နေသည်။ ထို မြင်ကွင်းက အလှပဆုံးသော ပန်းချီကားနှင့် တူသည်။ ဆောင်းဦးကိုပင် အရောင် အများကြီး ထပ်ထားသကဲ့သို့ ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် ဘဝ၏ ဝင်သက်ကပင် အတော်လေး ပြင်းထန်ကာ နဂိုနေထိုင်မှုပုံစံနှင့် ဆန့်ကျင်ဘက် ဖြစ်သွားသည်။ နွေးထွေးကာ သက်တောင့်သက်သာရှိလွန်းသော ဘဝပုံစံလည်း ဖြစ်သည်။
109 03
“ဒီမှာ ရပ်ပြီး မေပယ် တောအုပ်ထဲမှာ ခဏလောက် ထိုင်ရအောင်။ ဒီသစ်ရွက်တွေက ဖေဖော်ဝါရီလ ထက်တောင် ပိုပြီး နီသေးတယ်။ ဆောင်းဦး မြင်ကွင်းက ဒီလောက် လှမယ်လို့ မထင်ထားဘူး”
ချန်းရန်ကပင်မနေနိုင်ဘဲ အရှိန်ကို နှေးချလိုက်သည်။ နွေရာသီမှ ထောင်ယွမ်တောင်က သိပ်သည်းသော တောအုပ် ဖြစ်သည်။ အအေးခံရန် သင့်တော်သည်။ သို့သော် ဆောင်းဦးမှ ထောင်ယွမ်တောင်ကမူ အလွန်အမင်းလှကာ ရင်သပ်ရှုမော ဖြစ်စေသည်။ အခုလို အခြေအနေမျိုးတွေ ဒီနေရာတွင် နေချင်စိတ်ပင် ပေါက်လာ၏။ သူသည် ဒီနေရာတွေမှာ ပုံဆွဲ ဘုတ်ပြားကို ချကာ လှပသော ရှုခင်းကို ရေးဆွဲချင်နေသည်။
“တော်တော်လေး လှတာပဲ။ ကွန်မန့်တောင် မမန့်မိတော့ဘူး”
“ဒါပဲ ဒီမြင်ကွင်းကို တိတ်တဆိတ်ပဲ ကြည့်ချင်တော့တယ်။ ဆူညံသံတွေက မလေးစားတာပဲ”
“ဆရာသခင်ချန်း နေရာက စံအိမ်ကြီး ရှိတယ်။ တောင်တန်း ရှိတယ်။ တောအုပ် ရှိတယ်။ လုံးဝကို နတ်နယ်မြေပဲ ငါ တကယ်ကို အားကျမိတယ်”
“ဒီလောက် လှတဲ့ ရှုခင်း ဒီလိုဘဝ ဘာများ တောင်းဆို ရဦးမှာလဲ”
“ဆောင်းဦးရဲ့ ထောင်ယွမ်တောင် မေပယ် တောအုပ်က မီးတောက်နေသလိုပဲ။ တကယ်ကို ထိုက်တန်တဲ့ လောကကြီးပဲ”
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကွန်မန့်များ အားလုံးက နီရဲနေသည့် မှင်သက်ဖွယ် ကောင်းသော ရှုခင်းကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူများကပင် တိတ်ဆိတ်နေကြသည်။ ထိုအချိန်တွင် ချန်းရန်တွင် အကြံတစ်ခု ရလာသည်။ ရုတ်တရက် သူ၏အတွေးကို အသံတစ်သံက ဖြတ်လိုက်၏။
“ဟင်”
ချန်းရန်က အသံလာရာ ဘက်ကို ကြည့်လိုက်သောအခါ မုရှောင်းနွမ်ကို မြင်ရသည်။ သူမက ဖုန်းကို ကိုင်ထားပြီး အရှေ့ဘက်တွင် ရပ်နေသည်။ သင့်တော်သော ရှုထောင့်ကို ရှာပြီးသည်နှင့် သူ့အတွက် လှပသော ဓာတ်ပုံကို ရိုက်ပေးနေသည်။
“ဘာလုပ်နေတာလဲ”
ချန်းရန်က ရုတ်တရက် ပြောပြီး လန့်သွားကာ မေးသည်။
“အခုလေးတင် နင်က ဒီရှုခင်းကို အရမ်း နစ်မျောနေတာ မြင်လိုက်လို့လေ။ အင်း ငါ့ရဲ့ ယောက်ျားက ဒီရှုခင်းကို သဘောကျမယ်လို့ ထင်ပြီး ဓာတ်ပုံ ရိုက်ပေးတာ။ အမှတ်တရအနေနဲ့ သိမ်းထားလို့ ရတာပေါ့”
မုရှောင်းနွမ်က ဖုန်းကို မြှောက်ပြရင်း ပြုံးရယ်ကာ ပြောသည်။
“ငါ နင့်ကို ပို့လိုက်ပြီ”
“တကယ်လား”
ချန်းရန် နှလုံးသားက နွေးထွေးသွားသည်။ သူတို့၏မျက်လုံးထဲတွင် မင်းတစ်ယောက်တည်းသာ ရှိနေတတ်သော လူများလည်း ရှိတတ်သည်။ ထို့ကြောင့် မည်သည့် အရာကိုလုပ်လုပ် ထိုအလုပ်ချင်ဆုံးအရာကို သဘောအကျဆုံး လူနှင့် လုပ်တတ်သည်။
ချန်းရန်က ဒီနေရာကို သဘောကျသည် ပုံဆွဲချင်စိတ်လည်း ပေါက်လာ၏။
ထို့နောက် တစ်စက္ကန့်တွင် မုရှောင်းနွမ်က သူ့အတွက် ဓာတ်ပုံ ရိုက်ပေးသည်။ ဒါက ချန်းရန်၏ နောက်ထပ် အမြင်တစ်ခုကိုရအောင် ပုံဖော်ပေးခြင်း ဖြစ်ပြီး သူတို့က အချင်းချင်း နားလည်မှု ရှိသည်ဟု ပြောရပေမည်။
ရှောင်းနွမ်က တကယ် နွေးထွေးတာပဲ။
“ငါ့တို့ရဲ့ ပေါင်ပေါင် ဘာတွေများ ရိုက်ထားလဲ ကြည့်ရအောင်”
ချန်းရန်က မုရှောင်းနွမ်ဟာ သူ့ကို တိတ်ဆိတ် ပြုံးနေပြီး ကြည့်နေတာ မြင်လိုက်သည်နှင့် အလွန်ပမင်း ရင်ထဲထိသွားသည်။ ရုတ်တရက် သူ၏အမူအရာက လှုပ်ရှားသွားပြီး အကြံကောင်းတစ်ခုပင် ရလာ၏။ သူက မုရှောင်းနွမ်ကို အနားသို့ ခေါ်လိုက်ပြီးနောက် သူ့ကို ဓာတ်ပုံကို ပြခိုင်းလေသည်။
“ကြည့်ဟန်နီ ငါ့ရဲ့ ဓာတ်ပုံ ရိုက်နိုင်စွမ်းရည်က တော်တော်လေး ကောင်းတယ် မလား”
မုရှောင်းနွမ်က အနားသို့လာပြီး ချန်းရန်အား ထိုဓာတ်ပုံကို ပြသည်။ အလွန်ကို ယုံကြည်ပုံ ရသည်။ မမျှော်လင့်ထားစွာပင် ချန်းရန်က တစ်ချက် ကြည့်ပြီးနောက် မျက်နှာက အပြုံးများ ပြည့်နေရာမှ ရုတ်တရက် အထင်သေးမှုအပြည့် ဖြစ်သွားသည်။
“မင်းက ဘာပုံ ရိုက်ထားတာလဲ”
******