← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

110 01

အပိုင်း (၁၁၀)

“ဘာကို ရိုက်လိုက်တာလဲ”

???

မုရှောင်းနွမ်၏ မျက်နှာက အပြုံးများ ပြည့်နှက်နေသည်။ သို့သော် ထိုစကားကိုကြား၍ အပြုံးက တောင့်ခဲသွားသည်။ တောက်ပသော ကြယ်ရောင်များနှင့် ပြည့်နှက်နေသည့် မျက်ဝန်းက ရုတ်တရက် အံ့အားသင့်မှုများ ပြည့်သွားသည်။

“ဘာပြောလိုက်တယ်”

!!!

“ဘာရိုက်လိုက်တာလဲလို့ ပြောတာ “

“ဟင်”

နှာမှုတ်သံ

ဒေါသထွက်သွားသည်။

မုရှောင်းနွမ်က ပါးကို ဖောင်းကာ ဒေါသတကြီး ဖြစ်နေချိန်တွင် အသံက ထွက်လာပြန်သည်။

အရမ်းရင်းနှီးတဲ့အသံ။

မုရှောင်းနွမ်၏ မျက်လုံးက ပြူးသွားသည်။ သူမက နည်းနည်း ကြောင်သွားပုံပေါ်သည်။ ချန်းရန်ကို သံသယအပြည့်နှင့် ကြည့်ပြီး ပြန်မေးသည်။

“ဘာလုပ်တာလဲ”

“ဓာတ်ပုံရိုက်တာ”

ချန်းရန်က မုရှောင်းနွမ်၏ ဖုန်းကို မြှောက်ပီး ရိုက်ပြီးခါစ ဓာတ်ပုံကို ပြကာ ပေးလိုက်သည်။ မုရှောင်းနွမ်၏ ခုခံမှုကို ပြိုလဲစေသည့် စကားတစ်ခွန်းကိုလည်း ပြောလိုက်သေးသည်။

“မင်း အခုဘာလုပ်လိုက်တာလဲ”

“ငါ ခွေးနဲ့ နှစ်ယောက်ထဲ ဆောင်းဦးရဲ့ လှပတဲ့ နောက်ခံကိုလည်း ထားထားသေးတယ် မင်းအနေနဲ့ ငါ့ကို ခေါင်းစီပိုင်း တစ်ကြောင်းတည်း စာရိုက်ပေးဖို့လိုတယ်: ခွေးတစ်ကောင်နဲ့ လမ်းလျှောက်… ဆိုတာမျိုးလား”

“ဆိုတော့ ငါပဲဆိုရင် ဒါက အရမ်းကို အထီးကျန်လွန်းတယ်။ ငါတစ်ယောက်တည်းလေ မကောင်းဘူး”

“ဒါပေမယ့် မင်းနဲ့ဆိုမှ စုံတွဲဓာတ်ပုံဖြစ်မှာ”

ချန်းရန်က မုရှောင်းနွမ်ကို တိုက်ရိုက်ရှင်းပြသွားသည်။ အထူးသဖြင့် နောက်ဆုံးစကားပိုင်းကို ပြောရာတွင် နှလုံးသားထဲမှ အနူးညံ့ဆုံးအပိုင်းကို ထိသည်။

“ယောက်ျား ငါ”

မုရှောင်းနွမ် လှပသော မျက်လုံးကပင် ရဲသွားပြီး နှာခေါင်းတရှုံ့ရှုံ့လုပ်သည်။ ချန်းရန်ကို ငေးငိုင်စွာ ကြည့်နေသည်။ ထိုအခိုက်အတန့်တွင် သူမသည်လည်း နှလုံးသားက မြန်မြန်ဆန်ဆန် ခုန်လှုပ်နေသည်ဟု ခံစားရသည်။ သူမ၏ နှလုံးသားက အရှေ့မှ အမျိုးသားရဲ့ ခိုင်မြဲစွာ ဖမ်းဆုပ်မှု ခံထားရပြီး အသက်ရှူနှုန်းပင် မြန်လာသည်။

“ဘာလဲ ဓာတ်ပုံက မလှဘူးထင်လို့လား”

ချန်းရန် မျက်နှာက ရုတ်တရက် တည်သွားသည်။ သူက မုရှောင်းနွမ်ကို မကျေနပ်ဖြစ်သလို ကြည့်သည်။

“ငါ”

မုရှောင်းနွမ်ကလည်း ဘာပြောရမှန်း မသိတော့ပေ။ သူမ၏ မျက်လုံးကပင် ရဲနေသည်။ သူမက မျက်နှာကို စောင်းလိုက်ပြီးနောက် မျက်ရည်ကို တိတ်တဆိတ် သုတ်လိုက်သည်။

“ဟွန့် မုန်းလိုက်တာ”

သူမက ခေါင်းကို ပြန်လှည့်လာသောအခါ ချစ်စရာကောင်းသော ကောင်မလေးက တည်ငြိမ်ချင် ဟန်ဆောင်လိုက်သည်။ သို့သော် မျက်လုံးထဲမှ အပြုံးကမူ ဖုံးကွယ်၍ မရနိုင်ပေ။ သူမသည် ချန်းရန်ရဲ့ ရင်ဘက်ကိုပင် လာရိုက်ပြီး ရှက်ရွံ့စွာ ပြုံးသည်။

“ဟီးဟီး”

110 02

ချန်းရန်က ရုတ်တရက် ထရယ်သည်။ ထိုကောင်မလေး၏ တွန်းလှန်မှုအကြားမှ လက်လေးကို လှမ်းဆွဲထုတ်ကာ ပုခုံးကို ပွေ့ဖက်လိုက်၏။

“အိုး”

မုရှောင်းနွမ်က ရုတ်တရက် ချန်းရန် ရင်ခွင်ထဲ ရောက်သွားသည်။ ထို့နောက် နောက်ထပ် ကလစ်ဆိုတဲ့ အသံက ထွက်လာပြီး ဓာတ်ပုံတစ်ပုံ ထွက်လာပြန်နေသည်။

ငါ့ယောက်ျားက ငါ့ကို စပြီး ဓာတ်ပုံရိုက်ပြန်ပြီ။

ထိုကောင်မလေးသည် ယခင်က တည်တည်ငြိမ်ငြိမ်လေး ဖြစ်သေးသည်။ သို့သော် ယခုတစ်ခေါက်တွင် ရှက်ရွံ့မှုများကို လုံးဝလွှတ်ထုတ်လာ၏။

ချန်းရန်ကလည်း သတိလက်လွတ် ဖြစ်သွားချိန်တွင် ရုတ်တရက် ဓာတ်ပုံရိုက်သံက ထွက်လာပြန်နေသည်။

ထိုကောင်မလေးက လည်ပင်းကို မော့၍ ချန်းရန်ရဲ့ပါးနားသို့ မျက်နှာကို ကပ်ကာ ရှက်ရွံ့မှုကို လွှတ်ချရင်း ပါးကို နှုတ်ခမ်းနီရာ တံဆိပ် ကပ်လိုက်သည်။

“ကလစ်”

ထိုအချိန်တွင် မုရှောင်းနွမ်က လက်ကို တစ်ချိန်တည်းတွင်ပင် ဆန့်ထုတ်လိုက်ကာ ဓာတ်ပုံကို အမိအရ ရိုက်လိုက်သေးသည်။

“ဘုရားရေ ငါကြည့်ပဲ ကြည့်ရဲတယ်။ စကားမပြောရဲဘူး”

“ဘယ်လောက် လှတဲ့ ပုံလဲ။ အိုး ငါ မတော်တဆ ရှက်မိသွားသလိုပဲ”

“ငါ့ အမေက ပြောတယ်။ ဘာလို့ ရုတ်တရက်ကြီး ဖုန်းရှေ့မှာ ဒူးထောက်နေတာလဲတဲ့ ငါ့မှာ မိန်းမမရှိလို့ လို့ ပြောလိုက်တယ်”

“လှပတဲ့ မေပယ်တောအုပ် ပြိုင်ဘက်ကင်းစုံတွဲ အာ… ငါ တကယ်ကို အားကျတယ်။ ငါ့ရဲ့ ရင်သားကြီးတဲ့ မိန်းမကို သွားခေါ်ပြီး ဓာတ်ပုံရိုက်လိုက်ဦးမယ်”

“တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တာ ကြာလာတဲ့ အချိန်မှာ ငါရုတ်တရက် ငါအချစ်ကို ယုံကြည်လာမိပြန်ပြီလို့ ခံစားလိုက်ရပြန်ပြီ။ အတူကစားမယ့် သူငယ်ချင်းတွေများ ရှိမလား ပင်လယ်၊ ပုလဲ၊ ခြေထောက် အနှိပ်ရွာက စောင့်နေမယ်”

“အပေါ်ထပ်က တကယ်ကြီး ပြောနေတာလား။ နင့်အမှိုက်ကောင် အချစ်ကို ယုံကြည်ပြီလို့တောင် ပြောရဲသေးတယ်။ အရူးလုပ်မခံနဲ့ သူငယ်ချင်းတို့ ဘာလို့ မြင်းဖြူကလပ်ကို အတူမသွားရမှာလဲ။ ဘယ်လို ချောလွန်းတဲ့ ကောင်မလေးကို လိုချင်တာလဲ။ ညီကိုတို့ ဒါနဲ့ပဲ တန်တယ်”

“အား အား အား အပေါ်ထပ်က လူတွေက အတည်အကြည် မပြောကြဘူး ထွက်သွားကြ”

ဆောင်းဦးမေပယ် သစ်ရွက်များ၏မြင်ကွင်းက ရိုမန်တစ် ဆန်သောအချစ်ပုံရိပ် ဖြစ်သွားပြီး လူပေါင်းများစွာ ရဲ့ နှလုံးသားကို ခိုးယူလိုက်ကာ အော်ဟစ်နေကြစေသည်။

ဝုတ် ဝုတ် ဝုတ် ဝုတ်

ထိုအချိန်တွင် တစ်ဖက်မှာ မန်ထုံကလည်း သည်းမခံနိုင်တော့ဘဲ ခုန်ပေါက်နေရင်း မရပ်မနား ဟောင်နေကော သူတို့ နှစ်ယောက်ကို ဝိုင်းပတ်နေသည်။ ထို့နောက် ချန်းရန်ကလည်း လက်ထဲမှာ ကြိုးကို ဆွဲယူလိုက်ပြီး ထိုမလိမ္မာသော အကောင်ကို လှမ်းဆွဲကာ သူတို့ကို ဝိုင်းစေလေသည်။

“ဟေ့ မန်ထုံ အစုတ်”

အကြောင်းမူကား ကြိုးကို ကိုင်ထားပြီး တစ်ဖက်က မန်ထုံက ပတ်နေသော်ကြောင့် သူတို့ကို ကြိုးချည်လိုက်သလို ဖြစ်သွားသည်။ မုရှောင်းနွမ်ကလည်း ရှက်ရွံ့စွာနဲ့ ခေါင်းကို လွှဲ၏။ မန်ထုံ၏ ဆိုးသွမ်းသော အပြုအမူကြောင့် သူမက ခြေကို ဆောင့်ကာ ဒေါသတကြီး ကြည့်သည်။ သို့ရာတွင် သူတို့နှစ်ယောက်အတွက်လည်း နီးကပ်လွန်းနေသည်။ သူတို့သည် ခြေထောက်ကို ဆွဲလိုက်ရုံဖြင့် မည်မျှပင်ပတ်ပတ် မလွှတ်တော့ပါပေ။

“ဟားဟား မန်ထုံကလည်း သဝန်တိုနေတာ ဖြစ်နေမယ်”

ချန်းရန်က စသည်။

“ဒီခွေးက ဇနီးမယား ရှာနေတာလား”

“အင်း ဟုတ်လောက်တယ်”

ချန်းရန်ကလည်း ခေါင်းညိတ်ပြီး ပြောသည်။

“အင်း ဒီလိုဆိုရင် ဘယ်လိုလဲ ယောက်ျား အချိန်တစ်ခုလောက် ယူပြီး မြို့ထဲသွားလို့ မန်ထုံအတွက် အဖော် ရှာပေးရအောင်လေ ဘယ်လိုလဲ”

“ဒါက ဒုက္ခမများလောက်ဘူးလား”

110 03

“ဒါဆိုရင် သူ့ကို သင်းပေးလိုက်မလား”

ဝုတ် ဝုတ် ဝုတ်

မန်ထုံက ရုတ်တရက် ခုန်ပေါက်ကာ အော်ဟစ်တော့သည်။ မုရှောင်းနွမ်ရဲ့ နောက်ဆုံးစကားက အင်အားကြီးလွန်းသောကြောင့် ဖြစ်လောက်သည်။ သူ့ကို ဒေါသထွက်သွားစေသည်။

“ဟားဟား အကြံကောင်းပဲ”

ချန်းရန်ကပင် မှင်သက်သွားပြီးနောက် ရယ်သည်။

“ဒီကောင်က အရမ်းပျင်းတာ။ မိန်းမယူဖို့ မတန်ဘူး ဆိုတော့ သင်းလိုက်တာ ပိုကောင်းမယ်”

ဝုတ် ဝုတ် ဝုတ်

ထိုအချိန်တွင် မန်ထုံက ကြိုးကို လှုပ်ခါပြီးနောက် ခေါင်းကို မော့၍ ကြိုးကို ဆွဲသည်။

“ဟေ့ မင်း”

ချန်းရန်က အဆွဲခံရပြီး နောက်မှ ခပ်မြန်မြန် လိုက်ရသည်။

“ယောက်ျား ယောက်ျား”

မုရှောင်းနွမ်ကလည်း ကြောင်သွားသည်။ နောက်မှ အသည်းအသန်လိုက်သည်။ ထိုမြင်ကွင်းကို ပြည်သူများက ကြည့်ပြီး ရယ်နေကြလေသည်။ မန်ထုံက ဆန္ဒပြတာ ထင်တယ်။

ရှင်သန်လိုစိတ် ဆန္ဒက အပြည့်ပဲ။

ဟူး ဟူး

ဆယ်မိနစ်လုံးလုံး တောက်လျှောက် အသည်းအသန် ပြေးကာ လိုက်ပြီးနောက်တွင် မန်ထုံ၏အရှိန်က လျော့ကျသွားသည်။ မုရှောင်းနွမ်က အနောက်မှ လိုက်နေရင်း အမောတကော အသက်ရှူသည်။ တောင်တက်ရခြင်းက ကောင်မလေးများအတွက် မလုပ်သင့်ပါပေ။ အရမ်းကို ပင်ပန်းစေသည်။

လူနှစ်ယောက်သာ အချင်းချင်း မရင်းနှီးနေခဲ့လျှင် ကောင်မလေးကို ခေါ်ပြီး တောင်တက်ခြင်းကို တားမြစ်သင့်သည်။ ကဖေး၊ ဥယျာဉ်၊ ပန်းခြံ သို့မဟုတ် ရုပ်ရှင်ရုံများကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လေသည်။

“ဟန်နီ ငါ အရမ်းပင်ပန်းနေပြီ။ ဘယ်လောက် ကြာဦးမှာလဲ ဘာကို ရှာနေတာလဲ”

မုရှောင်းနွမ်က အချိန်အကြာကြီး ပြေးလိုက်ပြီး နောက်ဆုံးတွင် မထိန်းနိုင်တော့ပေ။ ဒူးခေါင်းပေါ်တွင် လက်နှစ်ဖက်တင်ပြီး ကုန်းကာ အမောတကော အသက်ရှူနေရသည်။ သူမရဲ့ နဖူးကိုလည်း သုတ်လိုက်ပြီး အငမ်းမရ အသက်ရှူရင်း မေးသည်။

“ရောက်တော့မယ် သိပ်မဝေးတော့ပါဘူး။ ဒါပေမယ့် ရှာဖို့တော့ ခက်မယ်ထင်တယ်”

ချန်းရန်ကပင် ချွေးကို သုတ်နေသည်။ သူတို့ ဒီတောင်ထိပ်ကိုပင် ရောက်တော့ပေမည်။ သို့သော် ပတ်ဝန်းကျင် တောအုပ်က တော်တော်လေးကို စိမ်းလန်းသည်။ စနစ်က ပေးထားသော မြေပုံကလည်း အကြမ်းဖျင်း ဦးတည်ရာကိုသာ သတ်မှတ်ပေးထားခြင်း ဖြစ်သည်။ သူတို့ကသာ ဘဝရေတံခွန် ဆိုသော အရာမျိုးကို အမှန်တကယ် ရှာလိုလျှင်မူ အင်အား စိုက်ထုတ်ရလောက်သည်။

“အာ… သွားရဦးမှာလား”

မုရှောင်းနွမ်က မျက်နှာ ပျက်သွားသည်။ သူမက ခပ်တိုးတိုး ရေရွတ်သည်။

“ဒီနေရာမှာတော့ လုံခြုံလောက်ပါတယ် ဟုတ်တယ်မလား”

သူမက ထိုသို့ ပြောရင်း ဟိုဟိုဒီဒီကို ရှာဖွေနေလေသည်။

******

All Chapters