← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

111 01

အပိုင်း (၁၁၁)

“တင်”

မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။

“ဘာဖြစ်လို့လဲ ဘာဖြစ်လို့ ရုတ်တရက်ကြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်လိုက်တာလဲ”

ချန်းရန်က သိချင်စိတ် ပြင်းပြစွာ မေးသည်။

“ငါ ပင်ပန်းနေပြီ ငါတိုက်ရိုက် မထုတ်လွှင့်ချင်တော့ဘူး”

မုရှောင်းနွမ်က အံကို ကြိတ်ပြီး ကိုးရိုးကားရား အကြောင်းပြချက်ကို ပေးသည်။

“ထူးဆန်းလိုက်တာ”

ချန်းရန်က သံသယဝင်သွားပုံပေါ်သည်။ တစ်စုံတစ်ရာက မှားယွင်းနေသလို ခံစားရတယ်။

“ယောက်ျား”

သေချာစွာပင် ထို့နောက် တစ်ခဏတွင် မုရှောင်းနွမ်က ချန်းရန်ကို ချိုမြိန်စွာ ခေါ်သည်။

“အနားမှာ လူရှိမရှိ ငါ့ကို ကြည့်ပေးပါလား”

“ဘာလုပ် မလို့လဲ”

ချန်းရန်က မေးသည်။

“ငါ”

မုရှောင်းနွမ်က ထစ်အစွာ ပြောသည်။

“ငါ အဲဒါမှ လုံခြုံတယ်လို့ ခံစားရမှာ”

“အမှန်အတိုင်း ပြော ဘာလုပ်ချင်တာလဲ”

ချန်းရန်က ထပ်မေးသည်။

“ဘာဖြစ်လို့လဲဆိုတော့ ငါ လျှို့ဝှက်ဂိမ်း ကစားချင်လို့”

“ဘာဂိမ်းလဲ”

“ပုန်းတမ်းဝှက်တမ်း”

ချန်းရန် “…”

“ဒီနေရာ ပတ်ဝန်းကျင်က တောင်တောအုပ်ကြီးနော်။ မင်းထွက်ပြေးရင်းနဲ့ ပျောက်သွားရင် ဘယ်လို လုပ်မလဲ”

“ငါ” မုရှောင်းနွမ်၏ လှပသော မျက်နှာက စနီလာသည်။ နားရွက်ထိတောက်လျှောက် နီသွားသည်။ ဒီတစ်ကြိမ်တွင်မူ သူမက ပုံပြင်ကို မဖန်တီးနိုင်တော့ပုံရပြီး ခပ်တိုးတိုးပြောသည်။

“ငါ အဲဒါ လုပ်ချင်တာ”

“မင်း တောထဲမှာ သေချာရဲ့လား”

ချန်းရန်ကပင် နည်းနည်း မယုံနိုင်သလို ဖြစ်သွားသည်။

ဒီကောင်မလေး အခု အရမ်း အတင့်ရဲလာတာလား။

အိမ်မှာလည်း ရေချိုးခန်းရှိတာကို ဘာလို့ ဒီနေရာကို လာပြီးတော့မှလဲ။

“အင်း”

ကောင်မလေး၏ ရှက်ရွံ့သော အသံက ထွက်လာသည်။

“ကောင်းပြီ ကောင်းပြီ ငါနဲ့ လိုက်ခဲ့”

ချန်းရန်က ဘေးဘီကို ကြည့်ပြီးနောက် မုရှောင်းနွမ်အား တောအုပ်ထူထပ်ပြီး မြက်ပေါသော နေရာသို့ ခေါ်သွားသည်။ ထိုနေရာက သေချာပေါက် လုံခြုံပေလိမ့်မည်။

“အာ... ရုတ်တရက် ထွက်လာမှာလား”

မုရှောင်းနွမ်က နည်းနည်း စိတ်မအေးနိုင်သလို ဖြစ်နေသေးသည်။

111 02

“ဆိုတော့ ဘာလုပ်ချင်လဲ”

ထိုအချိန်တွင် ချန်းရန်သည်လည်း ရယ်လိုက်သည်။

“မင်းကို ဘယ်သူက အစကတည်းက သစ်သီးတွေ အများကြီး စားခိုင်းလို့လဲ မင်း ဗိုက်က မသက်သာ ဖြစ်မယ်လို့ ငါမပြောဘူးလား”

“အာ..”

မုရှောင်းနွမ် သည်လည်း မငြင်းရဲတော့ပေ။ သနားစဖွယ် မျက်လုံးလေးက ကူကယ်ရာမဲ့ပြီး ရှက်ရွံ့မှုများ ပြည့်နှက်နေသည်။ သူမသည်လည်း ယောက်ျား စကားကို နားထောင်ခဲ့ပြီး လျော့စားခဲ့သင့်သည်။ ယခုအခါ ဆောင့်ကြောင့်ထိုင်ပြီး သေးပေါက်ချင်ရုံသာ တတ်နိုင်တော့သည်။

“အို ဒါက တောထဲမှာ ထူးဆန်းလိုက်တာ မလုံလည်း မလုံခြုံဘူး”

“ယောက်ျား မသွားနဲ့ဦးနော်။ ငါ့ကို ကူညီပြီး လူကြည့်ပေးဦးနော် ဟုတ်ပြီလား”

မုရှောင်းနွမ်က သနားစဖွယ် ပြောသည်။

“ကောင်းပြီလေ”

ချန်းရန်ကလည်း ခေါင်းညိတ်လိုက်ပြီး မုရှောင်းနွမ်ထံမှ ခြေနှစ်လှမ်းခန့် ခွာလိုက်သည်။ သူသည် ခေါင်းကို အသာ မော့လိုက်ပြီးနောက် ဒီကောင်မလေး၏ ခေါင်းကိုသာ မြင်နိုင်တော့သည်။ ထိုနေရာမှ တဆင့် သူ ဘာကိုမှ မြင်နိုင်မည် မဟုတ်ပေ။

တကယ်ပါ ခွေးပေါက်လိုပဲ။

ဝုတ် ဝုတ် ဝုတ်

ထိုအချိန်တွင် မန်ထုံက ချန်းရန်ဆီသို့ ပြန်လာပြီး စိတ်လှုပ်ရှားစွာ လာဟောင်သည်။ သူသည် မုရှောင်းနွမ် ရှိရာဘက်သို့ပင် ကြိုးကို ဆွဲသွားသည်။ ချန်းရန် မျက်နှာ ရုတ်တရက် မည်းသွားသည်။

ဒီခွေးက ဘယ်လိုဖြစ်ပြီး သူ့ထက်တောင် စိတ်ဝင်စားနေတာလဲ။

“ဟန်နီ... အပြင်မှာ ဘာဖြစ်တာလဲ မန်ထုံ ဟောင်နေတာလား”

မုရှောင်းနွမ်၏ စိုးရိမ်သော အသံက ထွက်လာသည်။ ချန်းရန်က မန်ထုံကို လှမ်းဆွဲပြီးနောက် စိတ်အေးစွာ သက်ပြင်းချသည်။

“မဟုတ်ဘူး မဟုတ်ဘူး မြန်မြန် လုပ်”

“အို... အိုး”

မုရှောင်းနွမ်က စိတ်ကို ဆုံးဖြတ်ချက် ချလိုက်သည်။ ဘာမှ တုံ့ဆိုင်းနေစရာ မရှိဘူး။

ထို့နောက် ရေသံကို ကြားလိုက်ရသည်။ တိတ်ဆိတ်သော တောအုပ်ထဲတွင် စမ်းချောင်းသံ၏ ဂလုဂလုသံကိုလည်း ကြားရ၏။ ထိုသံက အလွန် ကြည်လင်ပြတ်သားနေသည်။ တောအုပ်ထဲမှ ထူးဆန်းသော လေထုအခြေအနေ ဖြစ်သည်။

“ဟန်နီ ရှိသေးလား”

မုရှောင်းနွမ်က စိုးရိမ်မှု အပြည့်နှင့် လှမ်းပြောသည်။ အသံကလည်း ကြောက်လန့်နေပုံ ရသည်။

“ရှိတယ် ရှိတယ်”

ချန်းရန်က ပြန်ဖြေသည်။ သူပြောသော စကားက မုရှောင်းနွမ်ကို အများကြီး လုံခြုံစေသလို ခံစားရစေသည်။

“အို...”

မုရှောင်းနွမ်က ပြန်ဖြေပြီးနောက် ကိစ္စများကို ချက်ချင်း ဆက်လုပ်သည်။ သိပ်မကြာခင်မှာတင် အသံကို ထပ်ကြားရပြန်သည်။ မုရှောင်းနွမ်က ပြီးဆုံးသွားလေပြီ။ သူမက ဘောင်းဘီကို ပြန်ဆွဲတင်လိုက်ကာ ထရပ်ပြီး ပြောသည်။

“ရပြီ”

နောက်ဆုံးတွင် သူမက စိတ်အေးသွားသည်။ ရုတ်တရက် ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကလည်း မရှိတော့သလို ခံစားရသည်။ ဒီကောင်မလေး အသံကလည်း အများကြီး ပေါ့ပါးကာ သွက်လက်လာသည်။

“အင်း...”

111 03

ချန်းရန်က တစ်ဖက်သို့ ပြန်လှည့်လာသည်။ ထို့နောက် မုရှောင်းနွမ်၏ အနားသို့ သွားရန် ပြင်လိုက်သည်။

ကျွီ

ရုတ်တရက် လျှင်မြန်စူးရှသော အသံက ဆူညံသောအသံက ထွက်လာကာ မုရှောင်းနွမ်ကို လန့်သွားစေသည်။

“အား ကယ်ပါ”

ဒီကောင်မလေးက အကြောက်လွန်ပြီး ချက်ချင်း ထွက်ပြေးလာသည်။

ထို့နောက် ခြေထောက်က ခေါက်သွားပြီး ရှေ့သို့ ဟပ်ထိုးကျကာ လဲကျလုနီးပါး ဖြစ်သွားသည်။

“ဟေး”

ချန်းရန်ကလည်း ချက်ချင်း ပြေးသွားကာ ဆွဲဖက်လိုက်သည်။

“ဘာဖြစ်တာလဲ”

ထိုကောင်မလေးက ထိန်လန့်နေသည်။ မျက်နှာကလည်း ဖြူဆုတ်နေပြီး အတွင်းဖက်သို့ ညွှန်ပြကာ တုန်ယင်သော အသံဖြင့် ပြောသည်။

“အဲ... အဲဒီမှာ တစ်ခုခု ရှိတယ်”

“ဘာ...”

ချန်းရန် မျက်မှောင်ကြုတ်သည်။ သူ၏ ဒီအမူအရာကလည်း ထိန့်လန့်ကာ တည်ကြည်သွားသည်။ ပုံမှန်အားဖြင့် ထောင်ယွမ် တောင်တွင်လည်း တိရိစ္ဆာန် အနည်းငယ်သာ ရှိတော့သည်။ ဆိုတော့ မြွေများလား။

ဝုတ် ဝုတ် ဝုတ်

ထိုအချိန်တွင် မန်ထုံကပင် ထိုနေရာတွင် တိတ်ဆိတ် သွားရပ်သည်။ သူ၏ ခွေးခေါင်းကို ဆန့်ထုတ်ကာ လျှို့ဝှက်စွာ ချုံပုတ်ဘက်သို့ ပြင်းပြစွာ ကြည့်နေပြီး‌ လေထဲမှ အမြှီးကိုလည်း ယမ်းနေသေးကာ မကြာခဏဆိုသလို ဟောင်နေသည်။

အတွင်းမှ တစ်စုံတစ်ရာက သူ့၏ သိချင်စိတ်ကို လှုံ့ဆော်နိုင်ပုံ ရသည်။

“ဟန်နီ ဘာများ ရှိနေတာလဲ ငါတို့ သွားသင့်ပြီ ထင်တယ်”

မုရှောင်းနွမ်က ကြောက်လန့်နေသည်။ မည်သို့ပင် ဆိုစေ သူမက ထိုနေရာနားတွင် ရှိနေခဲ့ခြင်းဖြစ်သည်။

“မကြောက်နဲ့ မကြောက်နဲ့ ဘာဖြစ်ရမှာလဲ မစိုးရိမ်နဲ့ ငါဒီမှာရှိတယ်”

ချန်းရန် ပြောလိုက်ရင်း တွေးတောသည်။ သူသည်လည်း တိရစ္ဆာန်ယဉ်ပါးခြင်း ဆရာသခင်စွမ်းရည်ကို စနစ်ထံမှရရှိထားပြီးသား ဖြစ်သည့်အလျောက် ဝက်ဝံ အကြီးကြီး လာလျှင်ပင် အလွယ်တကကူ ယဉ်ပါးအောင် လုပ်နိုင်သည်။

“ဒီမှာ နေခဲ့ဦးနော် ငါ သွားကြည့်လိုက်မယ်”

ချန်းရန်ကလည်း ယခု ကြားရတဲ့အသံကို အလွန်နီးနီး ခံစားနေရသည်။ သူသည်လည်း မိမိအန္တရာယ်မှ ရှိမည်ဟု မထင်ပေ။ အကောင်ငယ်လေးတစ်ကောင်ပဲ ဖြစ်မယ်။

“အာ...”

ချန်းရန် ထိုအရာကို သွားကြည့်မိမည် လုပ်နေကြောင်း မြင်သောအခါ မုရှောင်းနွမ်က နည်းနည်း စိုးရိမ်သွားသည်။ သူမကလည်း ရှေ့သို့ အမြန်လိုက်ပြီး ချန်းရန်၏ လက်မောင်းကို လှမ်းဆွဲသည်။

“ယောက်ျား ယောက်ျား ငါ့နောက်မှာ ရပ်နေ ငါ အရင် သွားကြည့်ပေးမယ်”

မုရှောင်းနွမ်က ချန်းရန်ကို ကာကွယ်ချင်ပုံရသည်။ ထိုအခြေအနေက ချန်းရန်၏ စိတ်ထဲတွင် ပီတိများစွာ ဖြစ်စေသည်။ သိသာစွာပဲ ထိုကောင်မလေးက မျက်နှာက ဖြူဖျော့ကာ လက်မောင်းကပင် တုန်ယင်နေခြင်း ဖြစ်သည်။ သို့သော် သူ၏ အရှေ့မှာ လျှောက်ရဲသည်။ ဒါဟာ သူ့အတွက်ကြောင့် သတ္တိကို စုစည်းထားခြင်း ဖြစ်သည်။

ကျွီ...

သို့ရာတွင် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ စူးရှသော အသံက ထွက်လာပြန်သည်။ တစ်ချိန်တည်းတွင်ပင် အခြား တစ်စုံတစ်ရာက လွင့်လာပုံ ပေါ်သည်။

“အား...”

မုရှောင်းနွမ်က ဆက်ပြီး မထိန်းနိုင်တော့ပေ။ သူမက ချန်းရန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လာပြီး တုန်ယင်နေတော့သည်။ သူမက ကြောက်လန့်လွန်းသဖြင့် မျက်နှာက ဖြူဆုတ်နေသည်။ ချန်းရန်ကလည်း ကိုင်တွယ်ရ လွယ်ကူပြီး နူးညံ့ကာ အိစက်သည့် တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။

111 04

“ဟားဟား”

ချန်းရန်က ရယ်သည်။ သူမက မထိန်းနိုင်တော့ဘဲ ပျော့ခွေသွားသည်။ ထို့အပြင် ထိုအရာကလည်း ကြောက်စရာ မကောင်းပါပေ။ ဒီတိုင်း ချစ်စရာကောင်းတဲ့ ရှဥ့်လေးသာ ဖြစ်သည်။

“ကွီကွီ ကွီကွီ...”

ရှဥ့်ပေါက်လေးကလည်း လူနှစ်ယောက်ကို မြင်သည့်တိုင်အောင် ကြောက်လန့်ပုံမရဘဲ နောက်ထပ် အရာတစ်ခုကို ကောက်ပစ်သည်။

“သစ်အယ်သီးတွေများလား”

ချန်းရန်ကပင် ငုံ့ကြည့်သည်။ အစပိုင်းတွင် ပစ်လိုက်သော တစ်ခုကို ထည့်တွက်ကြည့်ကာ အားလုံးပေါင်း နှစ်ခု ဖြစ်သည်။ နှစ်ခုလုံးက သူတို့ ခြေထောက်နားကို ကျလာသည်။

ဒီကောင်လေးရဲ့ အင်အားက နည်းနည်း အားနည်းတာပဲ။ ထိအောင်တောင် မပစ်နိုင်ဘူး။ နောက်ပြီး စိတ်ဆိုးနေတာများလား။

“အား ချစ်စရာကောင်းတဲ့ ရှဥ့်လေးလား”

မုရှောင်းနွမ်က ချန်းရန် ရင်ခွင်ထဲမှာ ရှက်ရွံ့စွာ ထွက်လာသည်။ ရှဥ့်လေးက မရပ်မနား အော်ဟစ်နေပြီး ပစ္စည်းများဖြင့် ကောက်ပေါက်ချင်နေကြောင်း မြင်သောအခါ သူမက ပြုံးရယ်ပြီး မေးသည်။

“ယောက်ျား ယောက်ျား သူက ဘာလို့ ငါတို့ကို ရန်လုပ်နေတာလဲ”

“ဘယ်လိုထင်လဲ”

ချန်းရန်ကပင် မနေနိုင်ဘဲ ရယ်မောရင်း ခြေထောက်နားမှ သစ်အယ်သီးနှစ်လုံးကို ပြသည်။

“သူက ခက်ခက်ခဲခဲနဲ့ စုထားရတဲ့ အသီးတွေလေ မင်းက အရမ်းတော်လွန်းလို့ ရေသွားလောင်းပေးတာကိုး အရသာ သစ်တွေ ရသွားတာပေါ့”

“ဟင်”

မုရှောင်းနွမ်၏ မျက်နှာ ရုတ်တရက် နီရဲသွားသည်။ သူမက ချက်ချင်း ဆိုသလို ကြည့်လိုက်ပြီး ထိုနေရာကိုပဲ တိုက်ရိုက် မကြည့်ရဲတော့ပေ။ လှပသော မျက်နှာကို အုပ်ပြီး ရှက်ရွံ့စွာ ပြောသည်။

“ငါ..ငါ…ငါ ငါမှ မသိတာ”

******

All Chapters