အခန်း ၁၁၂
Vol. 12 Ch. 112
112 01
အပိုင်း (၁၁၂)
“ဘယ်လောက်ကောင်းတာ လုပ်ထားလဲ ကြည့်ဦး။ ဒါတောင် ဘာမှမသိဘူး ပြောသေးတယ်”
ချန်းရန်က ရယ်နေရင်း ထိုကောင်မလေးကို ကြည့်သည်။ မုရှောင်းနွမ်က မြေပြင်ပေါ်က သစ်သီးကိုကြည့်တာ ပို၍ပင် ရှက်လာပြီး တိုက်ရိုက်ပင် မကြည့်ရဲတော့ပေ။ ထို့အပြင် တစ်ဖက်မှာ ရှဉ့်လေးကလည်း သစ်သီးများကို ထပ်ယူကာ ကောက်ပေါက်ရန် ပြင်နေသောကြောင့် ဖြစ်သည်။ သူက တစ်ခုကောက်လိုက်ချိန်တိုင်းလိုလို နှာခေါင်းနားလေးကပ်ပြီး အနံ့ခံရှူကြည့်သေးသည်။ ထိုအနံ့က မူမမှန်ဟု ခံစားမိပုံရပြီး ချက်ချင်း ကောက်ပေါက်လာသည်။
ကျွိကျွိကျွိ
ထို့နောက် မုရှောင်းနွမ်သည်လည်း တစ်ကွဲတစ်ပြားစီ ကျလာသော ထိုသစ်သီးများကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်လာသည်။ ထိုရှဉ့်ကလည်း သူ့လက်ကိုပင် မသတီတော့ပုံရပြီး နံဘေးမှ စိုနေသော မြက်ကိုပင် သွားပွတ်ပြီး အနံ့ခံကြည့်သေးသည်။ အနံ့တစ်ခုခုသာ ရှိနေလျှင်လည်း ပြောင်သွားသည်အထိ ပွတ်မည့်ပုံရသည်။ ထို့နောက် နောက်တစ်လုံးကို ကောက်ပေါက်သည်။
“ဝူး ဝူး... ဒီရှဉ့်က အရမ်း အနိုင်ကျင့်တာပဲ”
မုရှောင်းနွမ်က ရူးသွပ်ချင်လာသည်။ ထိုကိစ္စက အစပိုင်းကတည်းက ရှက်စရာကောင်းပြီးသား ဖြစ်သည်။ ထို့အပြင် ယောက်ျားဖြစ်သူ၏အရှေ့တွင် အစခံထားရသေးသည်။ သူမက ဒီစာမျက်နှာကို လှန်ချင်နေလေပြီ။ သို့သော် ထိုရှဉ့်ကမူ ထိုသစ်သီးများကို တစ်ခုပြီးတစ်ခုပင် စစ်ကြည့်နေကာ အရည်အချင်း မပြည့်မှီသော အရာများကို သူမဆီ ကောက်ပစ်နေသည်။
ဒါက အလောင်းကို ကြာပွတ်နဲ့ ရိုက်နေတာ မဟုတ်ဘူးလား။
အရမ်းလွန်တာပဲ။
တက်…
မုရှောင်းနွမ်က အလွန်ဒေါသထွက်သွားသည်။ ထို့နောက် နောက်တစ်လုံးကို ထပ်ပေါက်လာပြန်၏။ သူမရဲ့ခေါင်းကိုပင် ထိလုနီးပါး ဖြစ်သွားသည်။
“အား... ငါ အရမ်း ဒေါသထွက်လာပြီနော် သေချာပေါက် ဖမ်းပြီး ရိုက်ပစ်ရမယ်”
မုရှောင်းနွမ်က ဒေါသတကြီး တော်တော်ကြီးကြီး ရင်ဆိုင်ရန် ကြိုးစားသည်။ သို့သော် ထိုရှဉ့်ကလည်း အလွန်ဉာဏ်ကောင်းသည်။ သူက ထွက်ပြေးနေရင်းမှ တခွိခွိအော်သွားလေကာ ကျန်သော သစ်သီးများနှင့် ကောက်ပေါက်လေသည်။ တော်တော်ကို ဆိုးသွမ်းတဲ့ အကောင်ပဲ။
“ရှောင်းနွမ် ဒီကို ကြည့်”
ချန်းရန်က မုရှောင်းနွမ်ရဲ့ ဖုန်းကို အမြောက်ပြရင်း လှမ်းခေါ်သည်။
“အာ...”
မုရှောင်းနွမ်က ရုတ်တရက် လှမ်းကြည့်လာပြီး အလိုက်ရသွားသည်။ ထိုသို့ ခေါင်းလှည့်လိုက်ချိန်တွင်ပင် ယောက်ျားဖြစ်သူက ဓာတ်ပုံကို ရိုက်ယူနေကြောင်း မြင်ရသည်။
“ဟန်နီ ဘာလုပ်တာလဲ”
“တိုက်ရိုက်ထုတ်လွှင့်တာလေ”
ချန်းရန်၏ ကင်မရာက ပြင်ပြီးသား ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် မုရှောင်းနွမ်ဟာ ရှဉ့်လေးနောက်သို့ လိုက်နေသော မြင်ကွင်းကို မြင်သွား၏။ စောစောကြီးကတည်းက စောင့်နေသော ပြည်သူများကလည်း မြင်သွားသည်။
112 02
“[ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ] : ဖာ့ခ် ငါ တိုက်ရိုက်ထုတ်လွင့်မှု မကြည့်တာ တော်တော်ကြာသွားပြီ။ ဒါပေမယ့် အခု ဝင်လာတော့ ရှောင်းနွမ်က ရူးနေတာပဲ အား ကြောက်စရာကောင်းလိုက်တာ”
“[ဘော်တနီ ဒေါက်တာရှုံး] : ငါ့ရဲ ခန့်မှန်းချက်အရတော့ ဒီအကောင်လေးက မိစ္ဆာဘုရင်ရှဉ့် ဖြစ်မယ်။ ခြေတိုလက်တိုနဲ့ အမွေးဖွားဖွားလေးတွေ ချစ်စရာကောင်းလိုက်တာ”
“[နှင်းမြောင်း နှစ်မြောင်း] : ငါ အိမ်စာလုပ်ပြီးခါစမလို့ လာကြည့်တာလေ အာ ရှောင်စုန်ကျူရီ မကြောက်နဲ့နော် အစ်မကြီးရဲ့ ရင်ခွင်ထဲကို လာ”
ထိုအချိန်တွင် လုပ်ဖော်ကိုင်ဖက်ပေါင်းများစွာက ပေါ်လာလေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက စည်ကားသွားလေသည်။ ဖန်သားပြင်ပေါ်မှ မုရှောင်းနွမ်သည် ရှဉ့်နောက်သို့ လိုက်နေသော မြင်ကွင်းကို အားလုံးက တအံ့တဩ အော်ကြသည်။
“ဟန်နီ”
မုရှောင်းနွမ်က နှုတ်ခမ်းကို စူပြီး မကျေမနပ် ဖြစ်သွားသည်။ ဘယ်လိုကြောင့် နည်းနည်းလေးတောင် လွှတ်ထုတ်ခွင့် မပြုတာလဲ ဟမ်။ ထို့ကြောင့် သူမသည်လည်း ခပ်မြန်မြန် အပြေးလာပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို လှမ်းပြောင်းယူကာ မကျေနပ်ချက်ကို ဖော်ပြထားသည်။
“ဘာလို့ ငါ့ကို ကြိုမပြောတာလဲ။ အဲ့ဒီလိုမှ မဟုတ်ရင် ဒီကောင်ကို သေချာပေါက် လွှတ်ပေးလိုက်မှာပဲ မဟုတ်ရင် အားလုံးက အနိုင်ကျင့်တယ်လို့ ပြောကြတော့မှာ”
မုရှောင်းနွမ်ကလည်း ဆံပင်ရှည်ကို တစ်ချက် သပ်တင်ပြီး မင်းမူသော ပုံစံမျိုး တစ်ယောက်အဖြစ် စတင်ကာ ဦးဆောင်သည်။ လူတိုင်းအတွက် ဒီကောင်လေးကို လွှတ်ပေးလိုက်ပါမယ်လေ။
တောက်
တောက်…..တောက် …တောက် …တောက်…တောက်
မုရှောင်းနွမ်က ထိုသို့ တည်ငြိမ်ချင်ဟန်ဆောင်ရုံသာ ရှိသေးသည်။ သစ်အယ်သီးပေါင်းများစွာဖြင့် ဆက်တိုက် အပေါက်ခံရသည်။ မုရှောင်းနွမ်က ခေါင်းကို လှည့်ကြည့်လိုက်သည်။ တောက်ပသောမျက်နှာက ချက်ချင်းဆိုသလို တောင့်တင်းသွားကာ ဒေါသများ ပြည့်နှက်လာသည်။ သူမက ဒေါသကို ဖောက်ထုတ်လိုသည်။ သို့သော် အတင်းဖိနှိပ်ထားရသည်။ ထို့ကြောင့် ထိုမျက်နှာကို လူတိုင်းက ရယ်ကြသည်။
“[ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ] : ဖူး... ရှောင်းနွမ်... ငါ အစပိုင်းမှာ မှားပြောမိတာ ခွင့်လွှတ်ပါနော်။ လက်စသပ်တော့ နင်က ရှဉ့်ကို အနိုင်ကျင့်တာ မဟုတ်ပဲ ရှဉ့်က အနိုင်ကျင့်နေတာကိုး ဟားဟားဟား... ငါ နင့်ကို မတွေ့ရတာ တော်တော်ကြာပြီ မမျှော်လင့်ထားပဲ ဒီလို အခြေအနေ ရောက်သွားပြီကိုး”
[မနက် ၄ နာရီ ဝေ့ရှန်း] : “ရှောင်းနွမ်... မင်း တကယ် ညံ့တာပဲ ရှဉ့်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား။ ဘာလို့ ငါတို့နဲ့ လာပြီး ပစ်ခတ်တမ်း ကစားနေတော့မှာလဲ။ ဆရာသခင်ချန်းကို ခေါ်လာလိုက် မင်းရဲ့ 98K ကို ထုတ်လာလိုက် ဒီရှဉ့်ကို တစ်ချက်တည်းနဲ့ ပစ်ပစ်လိုက်”
[ကျိုးရှုယီ မဟုတ်ဘူး] : “ရှောင်းနွမ် မင်း ပိုပိုပြီး ရယ်ဖို့ကောင်းလာပြီနော်။ ငါ တကယ် အတည်ပြောတာပါ။ ငါ တည်တည်ငြိမ်ငြိမ် နေချင်တာပါ။ ဒါပေမယ့် အခု မျက်နှာကို မတည်နိုင်တော့ဘူး ဟားဟားဟား ငါ တကယ်ကို မနေနိုင်တော့ဘူး ရှောင်းနွမ် မင်း ငါ့ကို သေအောင်ရယ်ခိုင်းနေတာပဲ”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ တချို့သော V များပင် ရောက်လာကာ အားပေးသေးသည်။ မုရှောင်းနွမ်သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အသိုင်းအဝိုင်းထဲတွင် ကျော်ကြားသွားပြန်သည်။ သို့သော် သူမရဲ့ ကျော်ကြားမှုကမူ ရှဉ့်ကို မနိုင်သော်ကြောင့် ဖြစ်သည်။
နောက်နေ့ နံနက်တွင်လည်း ခေါင်းစည်းပိုင်းကြီးတွင် ပါလာလောက်လေသည်။
တောက်
ထိုအချိန်တွင် နောက်ထပ် တစ်လုံးက လာမှန်သည်။
ကျွိ...
112 03
သစ်ပင်ထိပ်မှာ ထိုရှဉ့်ပေါက်လေးက ဖြတ်လတ်စွာဖြင့် သစ်ပင်ပေါ်သို့ ခုန်တက်သည်။ ယခုအခါ သူ၏ လက်သည်းကို ပျော်ရွှင်စွာ မြောက်ပြီး လှမ်းအော်ကာ နောက်ဆုံးတွင် ထိ ဖြစ်ကတတ်ဆန်းနိုင်သော ထိုသတ္တဝါကို ထိအောင် ပစ်လိုက်နိုင်သည့်အတွက် ကျေနပ်သွားပုံရသည်။
ပလုံ
ထို့နောက် မုရှောင်းနွမ်က တစ်လုံးကို ကောက်ယူလာသည်။ ထို့နောက် လက်ထဲတွင် ကိုင်ပြီး လှပသော မျက်နှာက သုန်မှုန်သွားသည်။
[ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ] : “ကျွတ်ကျွတ်ကျွတ်ကျွတ် ရှောင်းနွမ်... နင် နာကျင်တဲ့ မျက်နှာဖုံးကို တပ်ထားတာပဲ ငါနင့်အတွက် စခရင်ရှော့ရိုက်ပေးထားတယ်နော် နောက်မှ နင့်အတွက် emoji con လေး လုပ်ပေးမယ်”
[အလကားစားသူ ] : “အပေါ်က ဖရဲသီး ကျဲကျဲ ငါ့ကို သီးသန့်စာပို့ပြီး ကော်ပီလေး ပို့ပေးလို့ ရမလား ငါလည်း ကြည့်ချင်တယ်။”
[ဖရဲသီးစားရတာ ကြိုက်တဲ့ နတ်ဘုရားမ] : “အပြုံး အီမိုဂျီကွန် ဆရာသခင်ချန်းကိုမေး သဘောတူလားလို့”
“ယန်ရွှယ်”
မုရှောင်းနွမ်က ထိုသစ်သီးကို အောက်ဘက်သို့ ပြန်ကောက်ပစ်လိုက်ပြီး ခြေဆောင့်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ပြန်ကြည့်လိုက်ပြီး နောက်တွင် ယန်ရွှယ်အား နောက်ထပ် သီးသန့်ဖုန်း တစ်လုံးဖြင့် ခေါ်လိုက်ကာ လျှောက်မရှုပ်ရန် ပြောသည်။ သို့မဟုတ်ပါက သူမ မုရှောင်းနွမ်က ဒီနေ့ အမှန်တကယ် ကျော်ကြားတော့ပေမည်။
“ငါ့ကိုတောင် ဖုန်းချလိုက်သေးတယ်”
ရလဒ်အနေဖြင့် စကားအနည်းငယ်တောင် မပြောရသေးခင် တစ်ဖက်မှ ဖုန်းချသွားသည်။ မုရှောင်းနွမ်က အဆုတ်များ ပေါက်ကွဲတော့မည် ဟု ခံစားရသည်။
“ဟေး ရိုးရိုးသားသား ပြောရရင် ဒီရှဉ့်လေးက အရိုက်ခံရသင့်တယ်။ ငါသာ ဆိုရင်လည်း သေအောင် ဒေါသထွက်နေမှာ”
“ရှောင်းနွမ်ရဲ့ အပြုအမူကို ကြည့်ရတာ သဘောကျစရာ ကောင်းပေမယ့် အခုလို ကူကယ်ရာမဲ့နေတာကို မြင်သော စိတ်မကောင်း ဖြစ်ချင်စရာပဲ”
“ကြည့်ဦး ရှဉ့်က လက်သည်းနဲ့တောင် သူ့အမွေးတွေကို သတ်နေသေးတယ်။ သူဂုဏ်ယူနေတာ ဖြစ်မယ်”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများကလည်း အမွေးကို ဇိမ်ပြေနပြေ သပ်နေသော ရှဉ့်ကို ကြည့်ပြီး မုရှောင်းနွမ်အတွက် ငိုချင်း ချမိသွားသည်။ အာ... ဒီနေ့ခေတ် တင်ဆက်သူက တော်တော်လေးကို စိတ်မကောင်းစရာပဲ။
“ယောက်ျား ငါတို့ သွားကြတော့မလား”
မုရှောင်းနွမ်က အလွန်အမင်း အင်အားမဲ့နေသည်။ သူမက ထိုရှဉ့်နဲ့ စာရင်းရှင်းမည့် အကြံကို လက်လျှော့လိုက်သည်။ ထိုအတိုင်းသာ ဆက်လုပ်နေလျှင် သေချာပေါက် မျက်နှာကို ဖြတ်ခနဲ ခံရပေလိမ့်မည်။ ထို့ကြောင့် ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီလေ”
ချန်းရယ်ကလည်း အပြုံးနှင့် နှစ်သိပ်ပေးသည်။
“ဒါပေမယ့် မသွားသေးခင် ငါတစ်ခုခုတော့ လုပ်ရမယ်”
ချန်းရယ်က သစ်ပင်အောက်သို့ သွားသည်။ တစ်ကွဲတစ်ပြားစီ ကျနေသော သစ်သီးများကို ကောက်ယူလိုက်ပြီး သူသယ်လာသည့် အိတ်လေး သေးသေးထဲသို့ ထည့်သည်။
112 04
“???”
“သေစမ်း ဆရာသခင်ချန်းက အရမ်းဉာဏ်ကောင်းတာပဲ သူက အနောက်ဖက်က လမ်းဖောက်တယ်ဆိုတဲ့ လှည့်ကွက်ကို သုံးမလို့လား။”
“ရှဉ့် : ငါတို့ သိုင်းပညာခြင်း မဖလှယ်တော့ဘူး လူငယ်လေး ငါ့ကို စားစရာပြန်ပေး”
“ရှောင်းနွမ် : အံ့... အံ့ဩလိုက်တာ ဒီလိုမျိုးလည်း ရတာလား”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပွက်လောရိုက်သွားသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက သဘောကျနေကြသည်။ ထိုအချိန်တွင် ဆရာသခင်ချန်း၏ သာမာန်ကာလျှံကာနိုင်သော အပြုအမူကတင် သစ်ပင်ပေါ်မှာ ရှဉ့်အား တစ်ခွိခွိ အော်ဟစ်စေသည်။ တစ်ကိုယ်လုံးမှာ အမွှေးများက ပေါက်ကွဲတော့မည်နှင့် တူသည်။ သူသည် အောက်ကို ချက်ချင်း ဆင်းလာပြီး တားလိုသေးသည်။ သို့သော် အောက်ဘက်မှာ ခွေးနှင့် မုရှောင်းနွမ်ကိုလည်း ကြောက်ရသေးသည်။
သူသည် လက်ကို ဆန့်ထုတ်ကာ ထိုသစ်သီးများကိုလည်း ပြန်ကောက်လိုသည်။
သို့သော် ဘာကိုမှ မရလိုက်ပေ။
ကျွိကျွိကျွိ ကျွိ...
ထိုရှဉ့်က သစ်ပင်ပေါ် ခုန်ပေါက်နေပြီး စိုးရိမ်တကြီး ဖြစ်နေသည်။ သို့သော် ချန်းရယ်ကလည်း သူ့ကို အာရုံမစိုက်ဘဲ အားလုံးကို ရအောင် ကောက်ပြီး တစ်ခုကိုမှ မချန်ထားရစ်ခဲ့ပေ။ သူက အားလုံးကို ယူသွားသည်။ ထို့နောက် မုရှောင်းနွမ်ကို သွားမည်ဟု ပြောသည်။
“ယောကျ်ား အရမ်းတော်တယ်”
မုရှောင်းနွမ်၏ လှပသော မျက်နှာက အလင်းရောင်များ ပြည့်နှက်သွားသည်။ သူမ၏ နဂိုက စိတ်ဓာတ်ကျနေသော ခံစားချက်က လုံးဝ ပျောက်သွားသည်။
သူမက ချန်းရန်၏ အနောက်သို့ လိုက်သွားသည်။ ခေါင်းကို ပြန်လှည့်ကာ ထိုရှဉ့်ကို ပြောင်သည့် မျက်နှာကို ပြန်လုပ်ပြရန်လည်း မမေ့ပေ။
“လူလူလူလူ... ဟွန့်... မင်းကို ဘယ်သူက ကောက်ပစ်ခိုင်းလဲ မပေးပါဘူး ဟွန်း...”
******