အခန်း ၁၁၃
Vol. 12 Ch. 113
113 01
အပိုင်း (၁၁၃)
ကျွီကျွီ ကျွီ
ရှဉ့်လေးက သစ်ပင်ပေါ်တွင် ခုန်ပေါက်ပြီး လက်သည်းကို အလျှင်စလို ကုတ်နေကာ ကျန်ရစ်ခဲ့သည်။ သူသည် အမှန်တကယ် စိုးရိမ်နေပုံရသည်။ သို့သော် ထိုနောက် တစ်ခဏတွင် သူ၏အမွှေးက ရှုပ်ပွသွားကြောင်း မြင်လိုက်ပြန်သည်။ သူသည် အမွှေးကို ပြန်ဖျောက်ရန် ကြိုးစားပြန်၏။ ထိုသို့ဖြင့် သူ့ရဲ့ပုံရိပ်ကို အလွန်ထိန်းသိမ်းချင်ပုံ ရသည်။
“ဟီး ဟီး ယောက်ျား ယောက်ျားက အရမ်းတော်တာပဲ”
တစ်ဖက်မှ ချန်းရန်၏အနောက်မှ လိုက်လာသော မုရှောင်းနွမ်ကလည်း ပန်းတစ်ပွင့်ကဲ့သို့ပင် ပြုံးနေသည်။ ချန်းရန်၏ လက်မောင်းကိုပင် ညင်သာစွာ ခေါ်ရင်း လှမ်းဆွဲလိုက်သေးသည်။ ထို့နောက် ကျော့ရှင်းစွာပင် အနောက်မှ လိုက်လာကာ ဖားသည်။
“ယောက်ျားက တော်နေတုန်းပဲ အဲဒီကောင်စုတ်လေးကလေ ယောက်ျား တစ်ခါ လှုပ်ရှားလိုက်တာနဲ့ ဘာမှမလုပ်နိုင်တော့ဘူး”
“မင်း ဘယ်လိုတောင် ပြောရဲတာလဲ”
ချန်းရန်ကလည်း ကောင်မလေး စကားကြောင့် ဆွံ့အသွားသည်။ သူသည် ပြောပြီး ခေါင်းကို ခါသည်။
“မင်းက ရှဉ့်ကိုတောင် မကိုင်တွယ်နိုင်ဘူး။ အလကားနေရင်း အနိုင်ကျင့်ခံရတယ် အား”
“ယောက်ျား မပြောနဲ့တော့”
မုရှောင်းနွမ်က ချန်းရန်၏ လက်မောင်းကို ခပ်တင်းတင်း ကိုင်လိုက်သည်။ ဖိအားက အဝတ်ကိုပင် ပုံပျက်သွားစေ၏။ သင်းပျံ့သော မွှေးရနံ့ကလည်း ရောက်ရှိလာလေသည်။ ထိုကောင်မလေး၏ နူးညံ့ကာ ချိုမြိန်သော ချွဲသည့် အသံလေးနှင့် ပေါင်းစပ်လိုက်သော် အသက်ကိုပင် ခြိမ်းခြောက်နိုင်သည်။
“တင်ဆက်သူက ဆရာသခင်ချန်းကို ဖြားယောင်းနေတယ်”
“ဟေ့ ဒီအသံ ဒီအသံက ဘယ်သူ တွန်းလှန်နိုင်မှာလဲ”
“ငါ့မှာလည်း ဘုရင်မ အသံလိုလို လိုလီ အသံလိုလို လုပ်နိုင်တဲ့ ကောင်မလေး ရှိချင်တယ်လေ။ ဘယ်သူက စီပီ ဖွဲ့ချင်လဲ”
“ဟေ့ ရှောင်းနွမ်…ရှောင်းနွမ်က ပုံမှန်အားဖြင့် tom boy လို နေနေကျ ဒါပေမဲ့ အခု သူ့ရဲ့ ယောက်ျားနဲ့ ဆုံပြီးတဲ့နောက်မှာ လုံးဝကို အလိုလိုက်ခံလိုက်ရတယ်။ တကယ်ကို ဘာမဆို လုပ်နိုင်တာပဲ”
“အပေါ်က အမှန်ကန်ဆုံး အဖြေပဲ မျှော်လင့်ထားတဲ့အတိုင်းပဲ ချစ်မိသွားတဲ့ အမျိုးသမီးတွေရဲ့ ဦးနှောက်ကIQ သုညထိ ထိုးကျသွားတယ်တဲ့။ ယဉ်ကျေးပြီး ဦးနှောက်မရှိတော့တာမျိုး တကယ်ကို တင်ဆက်သူပေါ့။ ရှောင်းနွမ် အရင်က တစ်ကိုယ်တည်းသမားအဖြစ် အတူတကွ ကုန်ဆုံးမယ်လို့ ပြောခဲ့တာ ဘယ်ရောက်သွားလဲ”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ချဉ်စုတ်နေသော အသံများနှင့် ပြည့်နှက်သွားသည်။ လူတိုင်းကလည်း ဆရာသခင်ချန်းနှင့် ရှောင်းနွမ်တို့အကြားမှ ချိုမြိန်မှုကို ကြည့်ပြီး ချဉ်စုတ်နေကြသည်။ ကွန်မန့်များက သက်ပြင်းချသံများ ပြည့်နှက်နေသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်ကသာ ဓာတ်ပုံရိုက်ထားမည်ဆိုလျှင် တောင်တန်း တောအုပ်အပြင် တစ်ယောက်ကိုယ်တစ်ယောက် မှီကပ်ပြီး လျှောက်နေသော အမျိုးသမီးနှင့် အမျိုးသားတစ်ယောက်အပြင် နောက်မှ လိုက်လာသော ခွေးတစ်ကောင်ကို မြင်ရမည် ဖြစ်သည်။
“ဒါဟာ နွေးထွေးသော ဓာတ်ပုံလည်း ဖြစ်သည်။ အေးဆေးပေါ့ပါးသည်။ ရိုမန့်တစ်လည်း ဆန်ပြီး လူတိုင်းလိုချင်သော ဘဝမျိုးလည်း ဖြစ်လောက်သည်။
“ယောက်ျားလေး ဒီမှာ ဘာကိုရှာတာလဲ”
မုရှောင်းနွမ်ကလည်း နည်းနည်းသိချင်လာပြီ ဖြစ်သည်။ ချန်းရန်သည် ယခင်က တောင်ပေါ်သို့ ခေါ်လာမည်ဟု ပြောသည်။ သို့သော် အကြောင်းပြချက်ကိုတော့ မမေးရသေးပေ။
“အထူးစမ်းရေတစ်မျိုး ရှာတာ”
ချန်းရန်က ခပ်ဝါးဝါး ဖြေလိုက်သည်။
“ဒါပေမယ့် တောင်ရဲ့မျက်နှာသွင်ပြင် အနေအထားက နည်းနည်းလေး ရှုပ်ထွေးတာဆိုတော့ ရေအရင်းအမြစ်ကတော့ တောင်စမ်းချောင်းဖက်မှာ ရှိလိမ့်မယ်”
မုရှောင်းနွမ်က ပြန်ဖြေပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်နေသည်။ သူမက အချိန်ကြာအောင် လမ်းလျှောက်ပြီးသားဖြစ်သည်။ သို့သော် ဘာမှ ရှာမတွေ့သေးပေ။ ယောက်ျားဖြစ်သူ ရှာနေသော ထိုရေကမူ မရိုးရှင်းလောက်ပေ။
ဝုတ်
113 02
ထိုအချိန်တွင် လမ်းလျှောက်နေသော မန်ထုံက ရုတ်တရက် ရပ်လိုက်သည်။ သူက မြေပြင်ကို နမ်းကာ နှာခေါင်းတရှုံ့ရှုံ့လုပ်ပြီး တစ်ဖက်သို့ လျှောက်သွားသည်။ သို့သော် တစ်စုံတစ်ရာကို မြင်ကာ အနောက်ဖက်သို့ ပြန်လှည့်ပြီး ဟောင်သည်။
“ဟင်”
ချန်းရန်ကလည်း ခေါင်းလှည့်ကြည့်သည်။ ထို့နောက် ခိုးကြောင် ခိုးဝှက်လုပ်နေသော အကောင်ကို မြင်လိုက်ရသည်။ သူက ကြောင်အသွားသည်။ ထို့နောက် စိတ်အေးစွာ သက်ပြင်းချသည်။
ဘုရားရေ လက်စသတ်တော့ နောက်က လိုက်လာတဲ့ အဲဒီ ရှဉ့်လေးပဲ သူက ခေါင်းလှည့်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် ခြုံပုတ်ထဲသို့ ဝင်ပုန်းပြီး တိတ်တဆိတ်ပင် ချစ်စရာကောင်းသော ခေါင်းလေးကို ဆန့်ထုတ်သည်။ ချန်းရန်က စိုက်ကြည့်နေကြောင်း မြင်သည်နှင့် လှမ်းအော်သည်။
“ဟန်နီ ဒီကောင်က လိုက်လာတာ”
မုရှောင်းနွမ်ကလည်း သတိထားမိသည်။ သူမက ထိုအကောင်ဘက်သို့ လက်သီးကိုနှစ်ကြိမ်ခန့်ပင် ရမ်းပြကာ ခြိမ်းခြောက်လိုက်သည်။ ထို့နောက် ချန်းရန်ကို ပြန်ကြည့်သည်။
“ဟန်နီ ငါ့ကို မောင်းထုတ်စေချင်လား”
“ငါတို့က သူ့ရဲ့ စားစရာကို လုလာတာလေ။ ဒါပေါ့ သူကလည်း ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး”
ချန်းရန်ကလည်း မျှော်လင့်ထားပုံရသည်။
“လိုက်ပါစေ”
“အို ကောင်းပြီလေ”
ယောက်ျားဖြစ်သူက ထိုသို့ ပြောကတည်းက သူမလည်း ဒီအတိုင်း တွန့်ဆုတ်စွာနှင့် လိုက်ခွင့်ပြုလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဟွန့် သစ်သီးတွေ ပြန်ရဖို့ မစဉ်းစားနဲ့။
“ဒါပေမယ့် ဟန်နီ ဒီရှဉ့်က တော်တော်လေး သန့်ရှင်းတာနော်။ သူ တစ်နေ့ကို ဘယ်နှစ်ကြိမ်များ ရေချိုးလဲမသိဘူး”
မုရှောင်းနွမ်က ရုတ်တရက် အကြံရလာသည်။
“ရေချိုးတာ ဟုတ်လား”
ချန်းရန်က ရုတ်တရပ် မျက်ဝန်းက တောက်ပသွားပြီးနောက် ချက်ချင်း နားလည်သွားသည်။
“ဟုတ်သားပဲ သူ ရေချိုးမယ်ဆိုရင် ရေအရင်းအမြစ်ကို သိရမှာပေါ့ သိပြီ”
“ဟမ် ???”
ချန်းရန်က အလွန် စိတ်လှုပ်ရှားစွာ ကြောင်နေသောအခါ မုရှောင်းနွမ်က သိချင်သွားသည်။
“ဟန်နီ ဘာလုပ်မလို့လဲ”
“ရှူး ဒီကောင်လေးကို အရင်ဦးဆုံး လန့်သွားအောင် မလုပ်နဲ့”
ချန်းရန်က ဟန်မူရာပြသည်။ သူက ရပ်လိုက်ပြီးသည်နှင့် ဘေးဘီကို ကြည့်ကာ တစ်စုံတစ်ရာကို ရှာသည်။ ထို့နောက် တစ်ခုခု ရှာတွေ့သွားသကဲ့သို့ ကြည့်သည်။
ကျွီ
ထိုအချိန်တွင် ရှဉ့်လေးကလည်း အနောက်ဖက်မှ ခိုးကြောင်ခိုးဝှက် လိုက်လာသည်မှာ သားပိုက်ကောင်နှင့်ပင် တူသည်။ ထို့နောက် သစ်ပင်နောက်သို့ ဖျတ်ခနဲ ဝင်ကာ ပုန်းလိုက်သည်။ ချန်းရန်ကမူ သူ့ကို သတိထားမိပုံမရဘဲ ဆောင့်ကြောင့်ထိုင်ပြီးနောက် ဂရုတစိုက် မွှေနောက်နေသည်။
“မျက်လုံးပြူးနေသော emoji con”
ရှဉ့်ကလည်း သစ်ပင်အနောက်ဖက်မှ ခေါင်းကို ဆန့်ထုတ်ကာ ချန်းရန်ကို သိချင်စိတ် ပြင်းပြစွာ ကြည့်သည်။ သူ၏ မျက်လုံးထဲတွင်လည်း သိချင်စိတ်ပြင်းပြမှုကို မြင်နိုင်၏။ ရှဉ့်များတွင် အသန့်ကြိုက်ခြင်းအပြင် အလွန်သိချင်စိတ် များတတ်သော အလေ့အကျင့်လည်း ရှိသည်။
ချန်းရန်က တစ်ခဏခန့် ဟိုနှောက်ဒီနှောက် လုပ်နေပြီးနောက် နောက်ဆုံးတွင် လက်ခုပ်ကို တီးလိုက်ကာ မုရှောင်းနွမ်ဖက်သို့ ထွက်သွားရန် အမူအရာပြသည်။
ကျွီ
ထိုအချိန်တွင် သူတို့က ဝေးဝေးသို့ ရောက်သွားကြောင်း မြင်လိုက်သည်နှင့် ရှဉ့်ကလည်း နဂိုနေရာမှ ထွက်ကာ ချန်းရန် မွှေနှောက်နေသော နေရာသို့ အပြေးသွားသည်။ ရှာပြီးနောက်တွင် ရုတ်တရက် သစ်သီးကို ရှာတွေ့လိုက်သည်။
ကျွီ
113 03
ထိုအခြေအနေက ထိုရှဉ့်လေးကို အလွန် ပျော်ရွှင်သွားစေသည်။ သူသည် သူ့ခေါင်းကို သစ်သီးနှင့် ပွတ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် အော်ဟစ်သည်။ သို့သော် ထို့နောက် တစ်ခဏတွင် တစ်စုံတစ်ရာကို တွေးမိသွားပုံရကာ မျက်လုံးက လန်သွားသည်။ လက်ထဲတွင် သစ်သီးပိုက်ပြီး ချက်ချင်း နောက်ပြန်လှည့်သည်။
“ဟန်နီ ဘာလုပ်တာလဲ”
ထိုအချိန်တွင် မုရှောင်းနွမ်က အလွန် သိချင်နေသည်။
“ဘာလို့ သစ်သီးကို ခိုးပြီး ထားနေတာလဲ”
“သိချင်လား”
“ဘယ်သူက မသိချင်လို့လဲ။ ကြည့်ဦး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက လူတွေကလည်း မေးခွန်းတွေ မေးနေကြတာ”
မုရှောင်းနွမ်က ဖုန်းကို ထုတ်ပြသည်။
“မင်းက ရှဉ့်နည်းတူ သိချင်စိတ် များတာပဲ”
ချန်းရန်က ပြုံးရယ်လိုက်ပြီး ထိုကောင်မလေး၏ ချစ်စရာကောင်းသော မျက်နှာလေးကို အသာပွတ်သည်။
“သိချင်စိတ်က ရှဉ့်တွေကို သတ်နိုင်တယ်တဲ့”
မုရှောင်းနွမ်က ပဟေဠိ ဖြစ်သွားသည်။ ပို၍ပင် ခေါင်းကြည်သွားသည်။ အကြောင်းမူကား ချန်းရန်က နေရာတစ်ခုကို ရှာပြန်သည်။ ထို့နောက် သစ်သီးတစ်လုံးကို ဝှက်ပြန်၏။ ထို့နောက် ရှေ့သို့ ဆက်သွားပြန်သည်။
ကျွီ
အလားတူစွာပဲ ရှဉ့်ကလည်း ခပ်လှမ်းလှမ်းမှ လှမ်းမြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို သွားရှာပြန်သည်။
အို ငါ့ချစ်လေး နောက်ထပ် သစ်သီးတစ်လုံး ပျော်လိုက်တာ။
ထိုရှဉ့်ကလည်း ပက်လက်လှန်ပြီး မြေပြင်တွင် လဲချလိုက်သည်အထိပင် အပျော်လွန်နေသည်။
ကျွီ
နောက်ထပ်
ချန်းရန်က အဝေးသို့ လျှောက်သွားကြောင်း မြင်သောအခါ ရှဉ့်ကလည်း သူ၏ သစ်သီးများကို ပြန်ဝှက်လိုက်ပြန်သည်။ ထို့နောက် နောက်မှ အလျှင်စလို လိုက်ပြန်သည်။
ထိုနေရာ ဒီနေရာ တတိယနေရာ …
ထိုသို့ဖြင့် ချန်းရန်က အရင် လျှို့ဝှက် နေရာတစ်ခုကို ရှာသည်။ ဒီတစ်ကြိမ်တွင်မူ သစ်သီးကိုသာ ဝှက်ခြင်း မဟုတ်တော့ပေ။ ထောင်ချောက်ကိုပင် ဆင်လိုက်သေးသည်။ မုရှောင်းနွမ်က နောက်ဆုံးတွင် နားလည်သွားသည်။ ထိုရှဉ့်၏ သိချင်စိတ် များပြားမှုကို အခွင့်ကောင်းယူခြင်းအားဖြင့် နောက်ဆုံးတွင် သတိလျှော့သွားသော အချိန်ကို စောင့်ကာ ခပ်အေးအေး တွင်းတူးနိုင်လေသည်။
ချန်းရန်က ထောင်ချောက် ဆင်လိုက်သည်။ ရှဉ့်က ဝင်လာသည်နှင့် သေချာပေါက် မိပေလိမ့်မည်။
“ဆရာသခင်ချန်း ကျေဇူးပြုပြီး လူဆန်ပေးပါ ဟားဟားဟား”
“ရှဉ့်လေးအတွက် ခဏလောက် တိတ်ဆိတ်ပေးရအောင် သူမိတော့မယ်”
“တော်လိုက်တဲ့ကောင် ဒီလှည့်ကွက်ပဲ ရှဉ့်က ဒုက္ခရောက်တော့မယ်”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း ချန်းရန်၏ရည်ရွယ်ချက်ကို နားလည်သွားသည်။
အာ အကြံက ဆိုးလိုက်တာ
“ယောက်ျား အရမ်း ဆိုးတာပဲ”
မုရှောင်းနွမ်ကလည်း မနေနိုင်ဘဲ လက်မထောင်ပြသည်။
“ဒါပေမယ့် ငါ အရမ်းကြိုက်တယ်”
“မစိုးရိမ်ပါနဲ့ ဒါက ပထမအဆင့်ပဲ ရှိသေးတယ်”
သို့ရာတွင် ချန်းရန်က နောက်ထပ် သစ်သီးကို ထောင်ချောက်၏ အလယ်နေရာတွင် ထားလိုက်သည်။
သူသည် အပေါ်မှပင် ဆားအနည်းငယ် ဖြူးလိုက်သေးသည်။
“သောက်ငရဲလိုပဲ ဒါက ဘာလုပ်တာလဲ ဘာလို့ ငါ နားမလည်တာလဲ”
ထိုအခြေအနေက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများအားလုံးကို စိတ်ရှုပ်သွားစေသည်။ မည်သူကမှ နားမလည်ကြတော့ပေ။
******