အခန်း ၁၁၄
Vol. 12 Ch. 114
114 01
အပိုင်း (၁၁၄)
“ဆရာသခင်ချန်းက ဘာလို့ သစ်အယ်သီးတွေပေါ်မှာ ဆားတွေ ဖြူးနေတာလဲ။ နောက်ပြီး အိတ်တစ်ဝက်တောင်”
“ဘုရားရေ အို တော်တော်တော်တဲ့ကောင်။ ဒီဆားဖြူးတာက တအားလွန်လွန်းမနေဘူးလား”
“အင်း ငါ ရုတ်တရက် နည်းနည်း စိတ်မကောင်းတောင် ဖြစ်ချင်သွားတယ်။ ရှောင်စုန့်ကျွီက နေရာမှာတင် သေသွားတော့မှာများလား”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများကလည်း ရုတ်တရက် ထိုရှဉ့်လေးအတွက် စိတ်မကောင်း ဖြစ်သွားကြသည်။ ထိုကောင်ဟာ ဆိုးသွမ်းသော်လည်း ချစ်စရာကောင်းလေသည်။
“ယောက်…ယောက်ျား ဒါက မကောင်းဘူး ထင်တယ်”
မုရှောင်းနွမ်၏ မျက်ခွံကပင် လှုပ်သွားသည်။ သူမက တစ်ကိုက်ကိုက်ကြည့်လျှင်ပင် သေအောင် နင်သွားလောက်သည်။
“စိုးရိမ်မနေပါနဲ့ အဆင်ပြေပါတယ်”
ချန်းရန်က လျှို့ဝှက်ဆန်းကျယ်သလို ပြောသည်။
“ငါတို့ သူ့ကို မှီခိုပြီး လမ်းရှာရဦးမှာ”
“လမ်းရှာမယ်။”
မုရှောင်းနွမ်က အချိန်မှီ မတုန့်ပြန်နိုင်ပေ။ သို့သော် ထိုအချိန်တွင် ချန်းရန်က သူမကို လှမ်းခေါ်သည်။ သူမက ဆက်တွေးရန်လည်း ပျင်းသွားသည်။ ထို့ကြောင့် ချန်းရန်ဆီသို့ အလျင်အမြန် ထွက်သွားလိုက်သည်။
ကျွိကျွိ
ထိုအချိန်တွင် ရှဉ့်လေးက သစ်ပင်နောက်ဘက်မှ ခေါင်းကို ထုတ်လာကာ ထိုနှစ်ယောက်ကို ကြည့်ပြန်သည်။ ထို့နောက် ချန်းရန်က ထောင်ချောက်ဆင်ထားသောနေရာသို့ အပြေးသွားသည်။
ဟွန့် တုံးအတဲ့ လူသား ဒီလောက် ဝှက်ထားရုံနဲ့ မရှာနိုင်ဘူး ထင်လို့လား။ ငါ့ရဲ့ခြေရာခံကောက်ပြီး ရှာဖွေနိုင်စွမ်းရည်ကို အထင်သေးတာပဲ။
ထိုရှဉ့်လေးက အလွန်အမင်း ကျေနပ်နေပုံရပြီး သူ၏စွမ်းရည်ကို ထုတ်သုံးကာ သစ်အယ်သီးများကို ရှာရန် ဆုံးဖြတ်လိုက်သည်။ အစပိုင်းတွင်ဆိုလျှင် အလွန်အမင်း သတိထားလောက်သည်။ ထိုသစ်အယ်သီးများကို အလွယ်တကူ တူးထုတ်လိမ့်မည် မဟုတ်ပေ။ သို့သော် အခုအခါတွင် ပထမနှစ်ကြိမ်လုံးလုံး မည်သည့် အန္တရာယ်ကိုမှ မတွေ့ကြုံသည့်အတွက် သတိကပ်ထားခြင်းပင် မရှိတော့ပေ။ ထို့အပြင် သစ်အယ်သီး ဝှက်ထားသော နေရာကလည်း ပို၍ကာ သိသာထင်ရှားပြီး တစ်ချက်ကြည့်ရုံဖြင့် မြင်သာနေသည်။ ထို့ကြောင့် တုံ့ဆိုင်းနေစရာ မရှိတော့ပေ။ သူသည် ထောင်ချောက်ထဲသို့ တိုက်ရိုက်ပင်ဝင်လိုက်သည်။
ကျွီ ကျွီ ကျွီ
ထို့နောက် တစ်ခဏတွင် ထိုရှဉ့်လေး၏ အသံက ပြောင်းသွားသည်။ သူသည် ဆက်တိုက်ဆိုသလို အော်ဟစ်သံများကို ထုတ်၏။ အသံက အလွန်စူးရှသည်။ အကြောင်းမူကား သူသည်လည်း ထိုလောင်အိမ်ဖြင့် တိုက်ရိုက်ခေါင်းညှပ်သွားကာ မလှုပ်နိုင်တော့ပေ။
“ဟားဟား အောင်မြင်ပြီ”
ထိုအချိန်တွင် ချန်းရန်နှင့် မုရှောင်းနွမ်တို့က ပြန်ရောက်လာသည်။ ထောင်ချောက်ထဲမှ ရှဉ့်ကို မြင်သောအခါ ချန်းရန်က တောက်ပစွာ ပြုံးသည်။ သက်ရောက်မှုလည်း အမှန်တကယ် ကောင်းမွန်သည်။ သူလုပ်ထားတဲ့ ထောင်ချောက်ကလည်း အသုံးဝင်၏။
ကျွိကျွိကျွိကျွိ
ချန်းရန်နှင့် မုရှောင်းနွမ်လည်း ပြန်လာကြောင်း မြင်လာသည်နှင့် မန်ထုံကလည်း သူ့ကို စိတ်ဝင်စားကြည့်လာလေရာ ရှဉ့်လေးက ဒေါသထွက်သွားသည်။ သူသည် ခပ်ကြမ်းကြမ်း ရုန်းကန်သည်။
ကောင်းလိုက်တဲ့လူ ဟမ် အင်အားအများကြီး မသုံးထားတာတောင် သူသေတော့မယ်။
ချန်းရန်က ချဉ်းကပ်လာကြောင်းမြင်သောအခါ သူ၏ဆံပင်မွေးများက ထောင်တတ်သွားသည်။ ခန္ဓာကိုယ် တစ်ခုလုံးကပင် ကွေးသွားသည်။ သူသည်လည်း အတတ်နိုင်ဆုံး ရုန်းကန်ရန် ကြိုးစားသည်။ သို့သော် မလွတ်မြောက်နိုင်ပေ။ ထိုသို့ဖြင့် အန္တရာယ်များသော မိစ္ဆာလက်ဖဝါးကြီး နီးကပ်လာခြင်းကို မြင်လိုက်ရသည်။
မလာနဲ့တော့။
114 02
ထိုရှဉ့်လေးက သေအောင် ကြောက်သွားပြီး စိတ်မအေးနိုင်တော့ပေ။
“မရုန်းနဲ့ ရုန်းလည်း အသုံးမဝင်ဘူး။ ကံကြမ္မာကို လက်ခံလိုက်။”
ချန်းရန်၏ ဆန့်ထားသော လက်က ရှဉ့်လေး၏ လည်ဂုတ်ပေါ်သို့ ကျလာသည်။ ထိုရှဉ့်လေးက ချက်ချင်း ကိုယ်က တောင့်တင်းသွား၏။ သူသည် တင်းတင်းဆွဲထားသော လေးကြိုးကဲ့သို့ပင် မလှုပ်ရဲတော့ပေ။ ချန်းရန်က အခြေအနေကို အခွင့်ကောင်းယူကာ ဗိုက်လေးကို ထိလိုက်သည်။
တင် တင် တင်
အသံက အတော်လေး နားထောင်ကောင်းလေသည်။
ထိုအချိန်တွင် မန်ထုံကပင် စိတ်လှုပ်ရှားစွာနှင့် ထိုရှဉ့်အနားတွင် ခုန်ပေါက်နေသည်။ ချန်းရန်နှင့် မုရှောင်းနွမ်တို့ကသာ မရှိလျှင် မန်ထုံက ပြေးပြီး ဆော့လောက်သည်။
“ဟွန်း နင်ငါ့ကို အရင်က အနိုင်ကျင့်ထားတာ။ အခုတော့ ငါတို့လက်ထဲ ရောက်ပြီပေါ့”
မုရှောင်းနွမ်ကလည်း ဆောင့်ကြောင့်ထိုင်ပြီး ထိုရှဉ့်ကို ကြည့်သည်။ သနားစဖွယ် လိမ္မာသည့် မျက်နှာလေးကို မြင်သောအခါတွင်လည်း သူမက ခိုးပြီး ရယ်နေသည်။ ယခုအခါ သူမ၏ ဒေါသများက ပျောက်သွားပြီ ဖြစ်သည်။
“ဟီးဟီး”
မုရှောင်းနွမ်က ကင်မရာကို ကြည့်သည်။ ထို့နောက် V ပုံသဏ္ဍန် လုပ်ပြကာ ထိုရှဉ့်နှင့်ပင် ဓာတ်ပုံရိုက်လိုက်သေးသည်။
ကလစ်။
မုရှောင်းနွမ်က ဖုန်းပေါ်မှာ ကင်မရာ function ကို ထိလိုက်သည်။
ချန်းရန် “ဘာလုပ်တာလဲ”
“ဓာတ်ပုံရိုက်တာလေ နောက်မှာ တင်ရမယ်။”
မုရှောင်းနွမ်က အလွန်အမင်း စိတ်ဝင်စားနေပုံရသည်။
ချန်းရန်ကလည်း ထိုကောင်မလေးက မည်သည့်အတွက်ကြောင့် ထိုသို့ ထွေရာလေးပါး ကိစ္စများကို ဝေ့ရှင်း မို့မန့်တွင် တင်ချင်စိတ် ပြင်းထန်ကြောင်း နားမလည်နိုင်ပေ။
“ပို့စ်တွေ ဘာတွေ ပြောင်းချင်သေးလား။ နည်းနည်းလောက် ထပ်ရိုက်လိုက်လေ။ ကိုးပုံ အကွက်နဲ့ တင်ရင် ဘယ်လိုလဲ”
ချန်းရန်ကပင် အပြုံးတဝက် မျက်နှာနှင့် ပြောသည်”
“ဟုတ်သားပဲ ယောက်ျား ဉာဏ်ကောင်းလိုက်တာ”
မုရှောင်းနွမ်၏ မျက်လုံးက တောက်ပသွားသည်။ သူမက ချက်ချင်း ပြောသည်။
“ဒါဆိုရင်လည်း ငါ့ကို ကူညီပေးလေ။ ငါက ဒီ post တွေနဲ့ သိပ်မရင်းနှီးလို့ ယောက်ျား ပူးပေါင်းပေးဖို့ လိုလိမ့်မယ်”
မုရှောင်းနွမ်က တစ်ပုံထက် ပိုပြီးရိုက်သည်။ အမူအရာကိုလည်း အမျိုးစုံ ပြောင်းနေသေး၏။ ရယ်စရာကောင်းသောပုံ ဒေါသထွက်နေသောပုံ၊ ပါးစပ်ဖောင်းနေသောပုံ၊ စူပုပ်နေသောပုံ စသည်ဖြင့် အမျိုးမျိုးကို လုပ်လိုက်သေးသည်။ ချန်းရန်ကလည်း သူမကို ကူညီကာ ရှဉ့်လေးကို တင်ပေးပြီး အမျိုးမျိုးသော ပုံစံများကို လုပ်ပေးရသည်။ ထို့နောက် ကလစ်ကလစ်ကလစ် ဆိုသောအသံများ ဆူညံနေသည်။
“ကောင်းပြီ ရပြီနော် အရင်ဦးဆုံး သူ့ကို ပြန်လည် သုံးသပ်ဖို့ ထားခဲ့ရအောင်။”
ချန်းရန်က အခြေအနေကောင်းနေကြောင်း မြင်သည်နှင့် ရပ်တန့်လိုက်ကာ မုရှောင်းနွမ်ကို ခေါ်ပြီး မန်ထုံကိုသာ ခေါ်၍ ထွက်သွားလိုက်သည်။ သို့သော် သူသည် အမှန်တကယ် ထွက်သွားခြင်း မဟုတ်ဘဲ ခြုံပုတ်တစ်ခုကို ရွေးကာ ထိုနေရာတွင် ဝင်နေပြီး ပုန်းနေလေသည်။
ကျွိကျွိ
မည်သည့်အသံမှ မကြားကြောင်း မြင်ရသောအခါ ထိုရှဉ့်ကလည်း ချက်ချင်း ကုန်းထလိုက်သည်။ သူသည်လည်း ထိုထောင်ချောက်ထဲမှ လွတ်အောင် ကြိုးစားလိုသေးသည်။ သို့သော် ယခင်က ကြိုးစားသည်မှာ အသုံးမဝင်ပါပေ။ ထို့အစား အင်အားအများကြီး ကုန်သွားပြီး ဗိုက်နည်းနည်း ဆာလာသည်။ သူသည် မြေပြင်တွင် လှဲနေပြီးနောက် ရုတ်တရပ် အရှေ့မှာ သစ်အယ်သီးပုံကို မြင်လိုက်သည်။
ခရက်ခရက် ခရက်
114 03
ထိုရှဉ့်လေးက အလွန်ဗိုက်ဆာနေသည်။ ထိုကြောင့် ထိုသစ်အယ်သီးကို ယူလိုက်ပြီး ရူးသွပ်စွာ စားသည်။ ထိုအသံက နာရီလှည့်သံနှင့်ပင် တူသေးသည်။ ကလက်ကလက်ကလက်နဲ့ ဆူညံနေ၏။ အရှိန်နှုန်းက အလွန်မြန်ဆန်သည်။ ထိုကောင်လေးက ပျော်ရွှင်စွာ စားသောက်နေပြီးနောက်တွင် သူက အကျဉ်းချခံနေရသည့် အကြောင်းကိုပင် မေ့သွားသည်။ ပါးစပ်က မနားလှုပ်နေ၏။ သူသည် ထိုသစ်သီးကို စားရန် အထူးတလည် အာရုံစိုက်ထားသေးသည်။ တစ်ခဏကြာပြီးနောက် သစ်သီးတစ်လုံးလုံးက ကုန်သွားသည်။
သူ၏ နည်းနည်းလေး ဖောင်းလာသော ဗိုက်ကို အသာပုတ်ပြီးနောက် စိတ်ကျေနပ်သွားပုံရသည်။ သူသည် လှဲချပြီး အနားယူရန် ပြင်ဆင်လိုက်သည်။ သို့သော် ရုတ်တရက် အတော်လေး သန့်ရှင်းသည် သစ်ရွက်များ ရှိသည့် နေရာကိုသာ ရွေးချယ်ပြီး လှဲလိုက်လေသည်။
ဝိုး
ထိုကောင်လေးက အသန့်ကြိုက်ရုံသာမကသေးလေဘဲ အထူးတလည် ထူးခြားသော နှလုံးသားလည်း ရှိလေသည်။ ပျော်ရွှင်မှုဆိုတာ ဒါလား။ သူသည် အချုပ်ခံထားရသည့် အကြောင်းကိုပင် မေ့သွားသည်။
သို့ရာတွင် ကောင်းမွန်သော အချိန်များက ကြာရှည်မခံချေ။ သိပ်မကြာခင်မှာတင် သူသည် နည်းနည်း လှုပ်လှုပ်ရွရွနဲ့ နိုးလာသည်။ သားရေက ဆက်တိုက်ကျနေသည်။ ရေသောက်ချင်ပုံရသည်။
“အလုပ်ဖြစ်တယ်”
အမှောင်ထဲမှာ ချန်းရန်က ပြုံးလိုက်သည်။ ထိုရှဉ့်လေးကလည်း ထိုမျှငန်သော သစ်အယ်သီးများကို စားပြီး ရေဆာလာလောက်သည်။
စိတ်ရှည်လိုက်ရအောင်
နောက်ဆုံးတွင် ထိုရှဉ့်က စတင်ကာ ရုန်းကန်သောအခါ အချိန်က အဆင်ပြေလောက်ပြီဟု ထင်ပြီး ချန်းရန် ကွက်တိ ပေါ်လာသည်။
“မစိုးရိမ်နဲ့ ငါမင်းကို ကယ်ပေးမယ်” ချန်းရန်က လှုပ်ရှားလိုက်ပြီး လှောင်အိမ်ကို ဖြေပေးလိုက်သည်။
ဝှစ်
ထိုရှဉ့်ကလည်း သေချင်ယောင် ဆောင်နေခဲ့ရာမှ ချက်ချင်းဆိုသလို ခုန်ထွက်သွားသည်။
တန် တန် တန်
သို့ရာတွေင် ခေါင်းလောင်းသံကို ကြားလိုက်ရသည်။
“မန်ထုံလိုက်”
ချန်းရန်ကလည်း ထိုရှဉ့်က ရေအရင်းအမြစ်ကို သွားရှာမည်မှန်းသိထားသည်။ နောက်မှ လိုက်ခြင်းအားဖြင့် ထိုရေအရင်းအမြစ်ကို ရှာနိုင်ခြေများသည်။
“ဟင် ယောက်ျား ငါ့ကို စောင့်ဦးလေ”
မုရှောင်းနွမ်က ပစ္စည်းများကို သိမ်းပြီး အလျှင်စလို လိုက်လာသည်။
သိပ်မကြာမီမှာတင် ခေါင်းလောင်းသံကို ကြားရသည်။ ချန်းရန် မုရှောင်းနွမ်နှင့် မန်ထုံတို့က ထောင်ယွမ်တောင်ထိပ်သို့ တက်သွားသည်။ ခေါင်းလောင်းသံ ရပ်သွားသောနေရာသို့ ကြည့်လိုက်ပြီးနောက် သူတို့၏မျက်လုံးက ပြူးကျယ်ကာ မယုံကြည်နိုင်သလို အော်ဟစ်ကြသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ။
******