အခန်း ၁၁၇
Vol. 12 Ch. 117
117 01
အပိုင်း (၁၁၇)
“ဒီရေပူစမ်းကို စမ်းကြည့်ရမယ်”
ချန်းရန်ကလည်း အလွန်စိတ်လှုပ်ရှားနေသည်။ သူသည် အဝတ်များကို ခပ်မြန်မြန် ချွတ်လိုက်ကာ ဘောင်းဘီ တစ်ထည်တည်းသာ ချန်ထားရစ်ပြီး ရေပူစမ်း အစပ်နားသို့ သွားလိုက်သည်။
ထိုရေပူစမ်းက ရေငွေ့များနှင့် ဝိုင်းနေကာ သိပ်သည်းသော မနက်ခင်းမြူကဲ့သို့ ဖြစ်နေလေသည်။
ထို့အတူ နေရာအများစုက ဖြူဖွေးနေ၏။ ဆောင်းတွင်း၏ အပူချိန်နိမ့်ကျမှုနှင့် ပက်သက်လောက်သည်။
ဟွားလား
ချန်းရန်ဟာ ရေပူစမ်းထဲသို့ ဝင်သည်။ ရေက လှုပ်ခတ်သွား၏။ ချန်းရန်၏ ပုံရိပ်က ရေပူစမ်းထဲတွင် ပေါ်လာသည်။ အဖြူရောင်မြူထုများက သူ့ကို ဝိုင်းနေသည်။ သူဟာ မျက်လုံးကို မှိတ်ထားပြီး ရေပူစမ်း၏ အပူချိန်ကို ခံစားသည်။
အင်း အေးလည်းမအေးဘူး အရမ်းလည်းမပူဘူး ကောင်းတယ်။
ချန်းရန်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို နစ်ဝင်ကာ စိမ်လိုက်သည်။ ထို့နောက် အစွန်းတစ်ခုနားကို ရှာကာ ထိုထဲတွင် ထိုင်နေလိုက်သည်။ ရေပူစမ်းရေက ရင်ဘတ်ထိ ရောက်သည်။ ထိုနောက် တဖြည်းဖြည်း မြုတ်သွားကာ လည်ပင်းထိတွင် ရပ်တန့်သွားသည်။
စစ်စစ်စစ်
ထိုအချိန်တွင် ဆောင်းဦး၏ သန်မာသော လေပြင်းက တိုက်ခတ်သည်။ မြူများကို ဘေးဖယ်လိုက်၏။ အေးစက်သော ဆောင်းတွင်းလေက ရေပူစမ်း၏ အပေါ်ယံမျက်နှာပြင်ပေါ်သို့ မြောက်တက်သွားကာ ချန်းရန်၏ မျက်နှာကို ဖြတ်ပြေးသွားသည်။ ရုတ်တရက် ပြင်းထန်သော အေးစိမ့်တက်မှုက ထွက်ပေါ်လာသည်။
လည်ဂုတ်အနောက်ဖက်ပိုင်းသို့ ရောက်သွားသည်။
“သက်တောင့်သက်သာရှိလိုက်တာ”
ချန်းရန်ကလည်း တအံ့တဩပင် အော်မိသည်။ ရေပူစမ်းထဲတွင် စိမ်ရသည်မှာ သက်တောင့်သက်သာ ရှိလွန်းနေသည်။ အထူးသဖြင့် ယခုလိုအေးမြသော ဆောင်းဦးလေက တိုက်ခတ်လာချိန်တွင်ဖြစ်သည်။ အပေါ်ယံက အေးသည်။ သို့သော် ရေပူစမ်းကမူ အလွန်နွေး၏။ အအေးနှင့် အပူက ရောယှက်နေလေရာ အလွန်ပင် လန်းလေသည်။
“အင်း ဒီခံစားချက်က လာပြီ”
ထို့နောက် ချန်းရန်သည်လည်း ခန္ဓာကိုယ်တစ်ခုလုံးက နည်းနည်း လူလောင်လာသလို ခံစားရသည်။ အကြောမှတ်များကလည်း ပွင့်သွား၏။ ထိုနေရာများမှ ကျိန်းကိုက်မှုများက လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားကာ ထုံထိုင်းမှုနှင့် အင်အားများ ပြည့်သွားသည်။
“တကယ် အလုပ်ဖြစ်တာပဲ”
ချန်းရန်ကလည်း အလွန်အံ့သြသွားသည်။ ပြောရမည်ဆိုလျှင် ထိုခံစားချက်က သူ့ကိုယ်ပိုင် အပ်စိုက်ကုသမှုကို အသုံးပြုပြီး ရရှိလာသည့် အရာမျိုးလည်းဖြစ်သည်။ သို့သော် ဒီအချိန်တွင်မူ ရေပူစမ်းကို စိမ်ရုံနှင့်တင် ထိုသက်ရောက်မှုကို ရသည်။
ပိုဆိုးသည်မှာ ချန်းရန်၏ကိုယ်အတွင်းတွင် တဖြည်းဖြည်း သက်ရောက်လာသော အသေးစားပြောင်းလဲမှုများပင် ရှိနေသေးပြီး သူ့၏ဆဲလ်များ၏ လှုပ်ရှားမှုကိုပင် လှုံ့ဆော်လာသည်။ ဖြစ်နိုင်သည်မှာ သူသည် အချိန်အနည်းငယ်ခန့် ပိုစိမ်လိုက်ရုံနှင့် အံ့သြစရာကောင်းသော သက်ရောက်မှုများ ရှိလောက်သည်။ ဖြစ်နိုင်သည်မှာ ထိုစနစ်၏ ပြောစကားအတိုင်း သူ့ခန္ဓာကိုယ်၏ အလားအလာကို လှုံ့ဆော်နိုင်ပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်သည်။
ဂလု ဂလု ဂလု
ထိုအချိန်တွင် ချန်းရန်နှင့် သိပ်မဝေးသော တစ်နေရာတစ်ခုတွင် ပူစီပေါင်းအနည်းငယ်က ပေါ်လာပြီး ချန်းရန်၏ အာရုံကို ဆွဲဆောင်သွားသည်။
“ထူးဆန်းလိုက်တာ၊ ဘာလို့ ပူစီပေါင်းသံလဲ၊ တစ်ခုခု ရှိနေတာလား”
ချန်းရန်က အလန့်တကြား ဖြစ်သွားသည်။ ရေပူစမ်းကန်က အတော်လေးကြီးသည်။ လျှို့ဝှက်ဆန်းကျယ်သောအရာမျိုး ရှိလောက်သည်။
သိချင်စိတ်အပြည့်နှင့် ချန်းရန်ကလည်း အနားသို့ ကပ်သွားကာ ငုံ့ကြည့်ပြီး လှမ်းဆွဲလိုက်သည်။
117 02
“ဟင်”
ချန်းရန်ကပင် အံ့ဩသွားသည်။
“ဒါက ဘာလဲ။ နူးအိနေတာပဲ၊ ရေဘဝဲလား”
တစ်နေရာကို စမ်းကြည့်လိုက်သည်။ ထိုနေရာက အတော်လေး နူးညံ့နေပြီး နည်းနည်းလည်း မာသည်။ မီးအိမ်သေးသေးလေးနှင့် တူ၏။
ထို့နောက် ခပ်ကြမ်းကြမ်း လှမ်းဆွဲလိုက်သည်။ ထိုအချိန်တွင် ချန်းရန် ပတ်ဝန်းကျင် ရေမျက်နှာပြင်က ပေါက်ကွဲသွားပြီး ရေထဲမှ ခေါင်းတစ်လုံး ထွက်လာ၏။ ထို့နောက် ဖူးကနဲ အသံမြည်၍ ရေငွေ့များက မြောက်တက်သွား၏။
“အား”
ထိုနောက် ရေထဲမှ ထွက်လာတဲ့သူက အော်သည်။ အပြင်ဖက်မှာ မန်ထုံနှင့် ရှဉ့်လေးတို့ကပင် လန့်သွားသည်။
“ဖာ့ခ် ဒါက ဘာလဲ”
ထိုအချိန်တွင် အကြောက်ဆုံးသူက ချန်းရန်ပင် ဖြစ်၏။ အကြောင်းမှာ သူက အလွန်နီးလွန်းနေသည်။ ရုတ်တရက် ထွက်လာသောသူက ဆူညံသံအများကြီးကို လုပ်လိုက်ပြီး အော်ပင်အော်သေး၏။ ရိုးရိုးသားသား ပြောရသော် အော်သံသာ မရှိလျှင် သူသည် လက်သီးနှင့် ထိုးမိလောက်သည်။
“မုရှောင်းနွမ်၊ မင်းက ဘာလို့ ဒီမှာလဲ”
ချန်းရန်ကပင် မှင်သက်သွားသည်။ အရှေ့က ကောင်မလေးကို တအံ့တဩပင် ကြည့်လိုက်သည်။
ဒါ မုရှောင်းနွမ် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ရေအောက်ကနေ တက်လာတာလဲ။ နောက်ဆုံး အပြင်းထန်ဆုံး တိုက်ကွက်တောင် ထုတ်မိတော့မလို့။
“အဟွတ် အဟွတ် အဟွတ်”
မုရှောင်းနွမ်က အသက်ရှုအောင့်ထားသည်မှာ ကြာပြီဖြစ်သည်။ သူမက ရေထဲက ထွက်လာပြီးသည်နှင့် ရုတ်တရက် ချောင်းဆိုးသည်။ လတ်ဆတ်သောလေများကိုလည်း အငန်းမရရှူ၏။ အတန်ကြာမှသာ စိတ်ပြေသွားသည်။ ထို့နောက် ချန်းရန်ကိုကြည့်ကာ ရှက်ရွံ့မှုများ ပြည့်နှက်နေသည်။
“ယောက်… ယောက်ျား တွေ့…တွေ့ရတာ ဝမ်းသာပါတယ်”
မုရှောင်းနွမ်ကလည်း အလွန်ရှက်သည့်ပုံ ရသည်။ သို့သော် ချန်းရန်ကို မြင်သောအခါ စိတ်အေးသလို သက်ပြင်းချသည်။ ကံကောင်းသည်မှာ သူမယောက်ျားက ရောက်လာခြင်းဖြစ်သည်။
အား... တကယ်ကို မွန်းကြပ်တော့မလို့။
သူမသည်လည်း အခြားတစ်ယောက်ဟု ထင်လိုက်သည်။ ထို့ကြောင့် ရေအောက်ထဲသို့ ငုပ်နေခြင်းဖြစ်သည်။ ချန်းရန်ကို တွေ့သည်နှင့် ချက်ချင်း အပေါ်တက်လာခြင်းဖြစ်သည်။
သို့သော် အရေးကြီးဆုံးအချက်ကတော့ သူမက ထပ်ပြီး အသက်ရှူမအောင့်နိုင်တော့ပေ။ ဆက်ပြီး ငုပ်ထားမည်ဆိုရင် သေချာပေါက် မတတ်နိုင်လောက်တော့ပါပေ။
“ဘယ်လောက်တောင် ပျော်နေလိုက်သလဲ”
ချန်းရန်၏မျက်နှာက မည်းမှောင်သွားသည်။ ထိုကောင်မလေးက ရုတ်တရက် ပြေးထွက်လာကာ သူ့ကိုပင် ထိန်းသွားစေ၏။ ထို့အပြင် ရေများကိုလည်း ပန်းထုတ်လိုက်သေး၏။ သူ့၏ ချောမောသည့် မျက်နှာကိုပင် သီးသန့် မုတ်ထုတ်လာခြင်းဖြစ်သည်။ ချန်းရန်၏ ပုံမှန်အားဖြင့် တည်ငြိမ်သော စိတ်ကပင် ကွဲကြေလုနီးပါး ဖြစ်သွားသည်။
“မုရှောင်းနွမ၊ မင်း အရမ်းတော်တယ်... ဟမ်”
ရေပူစမ်းမှာ ရေချိုးနေစဉ် ရုတ်တရက် ထွက်လာတာက ကြောက်စရာကောင်းတယ်။
“ဟင်... ဟင်...”
မုရှောင်းနွမ် နှာခေါင်းကိုရှုံ့လိုက်ပြီး ရှက်ရွံ့စွာနှင့် နားကိုလျှောက်လာပြီး ခပ်တိုးတိုးပြောသည်။
“ယောက်ျား... ယောက်ျားကို ကျောပွတ်ပေးရမလား”
ချန်းရန်က ရုတ်တရက် နှလုံးခုန်သံကိုပဲ ဖုံးကွယ်ချင်သွားသည်။ သူ့နှလုံးသား သေးသေးလေးက ကြောက်လန့်သွားပြီးနောက် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။ ကံကောင်းသည်မှာ လှပသော အမျိုးသမီးကသာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက သူ့အနာဂတ် ရေပူစမ်းထဲ ဆင်းချိန်တိုင်းလိုလို ကြောက်နေရတော့ပေမည်။
117 03
“ထားလိုက်တော့ ထားလိုက်တော့ ငါ့ဘာသာငါ လုပ်မယ်”
ထိုကောင်မလေး၏ တောင်းပန်လိုစိတ်အပြည့်နှင့် ရှက်ရွံ့နေပုံကို မြင်ပြီး ချန်းရန်သည်လည်း စိတ်ပြန်ငြိမ်သွား၏။ မည်သို့ပင်ဆိုစေ ဒါက သူ့ဇနီးဖြစ်သည်။ ထို့ကြောင့် ခွင့်လွှတ်ရပေမည်။ ထို့ကြောင့် သူ့ဘာသာသူသာ သုတ်နေလိုက်၏။
“အင်း”
မုရှောင်းနွမ်က ချန်းရန်ကို ကြည့်ပြီးတွေးသည်။
ငါ့ယောက်ျားက နည်းနည်း ဒေါသထွက်နေသလိုပဲ။ သေချာပေါက် နှစ်သိမ့်ပေးရမည်။
“မင်း ဘာလို့ မင်းရဲ့လက်တွေနဲ့ လာလုပ်တာလဲ”
ပုံမှန်အားဖြင့် လိမ္မာယဉ်ကျေးသော ထိုကောင်မလေးက အံ့သြစရာကောင်းလောက် ခိုင်မာနေသည်။ ချန်းရန်က သူ့ကိုယ်သူ ပွတ်ကာ ဂျီးတွန်းတော့မည့်အချိန်တွင် ထိုကောင်မလေးက လက်နှစ်ဖက်လုံးကို လှမ်းဆွဲသည်။ ထို့နောက် ချန်းရန်၏ အံ့အားသင့်နေသော အကြည့်အောက်တွင်ပင် ခေါင်းက တဖြည်းဖြည်း တိုးလာသည်။ ပန်းရောင်နှုတ်ခမ်းက ချန်းရန်၏ မျက်လုံးထဲတွင် တဖြည်းဖြည်း ကြီးလာသည်။
ပြွတ် ပြွတ်
မုရှောင်းနွမ်က ချန်းရန်၏ပါးတစ်ဖက်ချင်းစီကို နမ်းသည်။
“မင်း”
ချန်းရန်၏ နှလုံးခုန်သံက ရုတ်တရက် ဆောင့်ခုန်သွားပြန်သည်။ သူက မျက်လုံးပြူးကျယ်စွာနှင့် မုရှောင်းနွမ်ကို တအံ့တဩကြည့်သည်။ သူသည်လည်း ထိုကောင်မလေး၏ ကြိုးဆွဲခံနေရသကဲ့သို့ နည်းနည်းပင် စိတ်လွင့်သွားသည်။ ဒီကောင်မလေးက အရမ်းတော်တာပဲ။
“ဒီလို လုပ်ရမှာ”
မုရှောင်းနွမ်ကလည်း သူမ၏နူးညံ့သော နှုတ်ခမ်းပါးလေးကို သုံးပြီး ဆယ်ကြိမ်ထက်မနည်း သုတ်ပေးသည်။ ထို့ကြောင့် ချန်းရန်၏ မျက်နှာက ပူတက်လာသည်။ အသက်ရှုနှုန်းကလည်း ပူလာသည်။
“ဘယ်လိုလဲ ငါလုပ်တာ မှန်တယ်မလား”
မုရှောင်းနွမ်က ချန်းရန်ကို ကြည့်ပြီး မျက်နှာက နီရဲလာသည်။ မျက်ခုံးများကပင် မြောက်တက်သွား၏။ သူမ၏ နှုတ်ခမ်းကလည်း ဂုဏ်ယူစွာဖြင့် ကော့တက်နေသည်။
ဒါက ပုံမှန်မဟုတ်ပေ။ ထိုဆိုးသွမ်းသော ယောက်ျားကသာ သူမကို စနေကျဖြစ်သည်။ သူမ မုရှောင်းနွမ်က နောက်ဆုံးတော့ အောင်မြင်စွာ စနောက်နိုင်သောနေ့သို့ ရောက်ရှိလာလေပြီ။
ဟီး ကောင်းလိုက်တာ။
“မင်း”
ချန်းရန်က ထိုကောင်မလေး၏ ထေ့ငေါ့သော အပြုံးကို ကြည့်လိုက်ပြီး ရုတ်တရက် မကျေမနပ် ဖြစ်သွားသည်။ သူသည်လည်း သူမကို ဖိနှိပ်လိုစိတ် ပြင်းထန်လာ၏။ သူသည် ရုတ်တရပ် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး သတိပေးလိုက်သည်။
“မင်း မသုတ်ရသေးတဲ့ နေရာရှိတာ မေ့နေတာပဲ”
“ဟင် ဘယ်နေရာလဲ”
“ကြည့် ဒီမှာ”
နှုတ်ခမ်းက မုရှောင်းနွမ်နားသို့ ကပ်လာသည်။ မုရှောင်းနွမ်၏ နှလုံးသားက တစ်ချက် အခုန်နှုန်း မြန်ဆန်သွားပြီး အလိုလျောက် မျက်လုံးကို မှိတ်သည်။ ယောက်ျားဖြစ်သူက သူမကို နမ်းတော့မည်ဟု ထင်နေသည်။ သို့သော် ထိုမုန်းတီးစရာကောင်းသော အကောင်က ရှေ့မတိုးလာပေ။
“လာလေ သုတ်ဖို့ သတိရအုံး”
ချန်းရန်က ပြုံး၍ ပြောသည်။
ဒီကောင်မလေး ဟမ် သူ့ကို တက်စီးချင်တယ်ဟုတ်လား။ အခု အပြစ်ပေးရမယ့်အချိန်ပဲ။
******