← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

119 01

အပိုင်း (၁၁၉)

“မင်းက ဒီလောက်ထိ ကျွမ်းကျင်နေပြီး တက်တက်ကြွကြွနဲ့ လုပ်ချလိုက်တာလဲ”

ချန်းရန်၏ စိတ်ဝိဉာဉ်ရှာဖွေသော မေးခွန်းမျိုးက ထိုကောင်မလေး၏တိုက်ခိုက်မှုကို ပြိုကွဲသွားစေသည်။ ထိုအခိုက်အတန့်တွင် မုရှောင်းနွမ်၏ လှပသော မျက်နှာက ရဲသွားသည်။

“အိုး အိုး နင် နင်က အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ”

မုရှောင်းနွမ်ကလည်း ချန်းရန်ကို မကိုင်တွယ်နိုင်တော့ပေ။ သူမက ယောက်ျားဖြစ်သူကို စလိုသည်။ သို့သော် မမျှော်လင့်ထားစွာပင် ပြန်လည်ပြီး အစခံလိုက်ရသည်။ သိသိသာသာကိုပင် သူမကသာ ရှုံးသွားသည်။

“ငါမင်းကို သတိပေးမယ်နော်။ ငါ့ကို ရေနဲ့ မပက်နဲ့”

မုရှောင်းနွမ်က ချန်းရန်ကိုရေဖြင့် ပက်သောကြောင့် ချန်းရန်က သတိပေးသည်။

“ထပ်ပက်ရင် ဘာဖြစ်မှာလဲ”

ထိုကောင်မလေးက ယောက်ျားဖြစ်သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ချင်နေသည်။

“အိုး”

ဘယ်လောက်တောင် သတ္တိကြီးလိုက်တဲ့ မှင်စာမလေးလဲ။ ဒီယောက်ျားက ဘယ်လို အပြစ်ပေးမလဲကြည့်။

ဗြန်း ဗြန်း ဗြန်း

ချန်းရန်ကလည်း မညှာတာပေးတော့ပေ။ သူသည်လည်း စမ်းရေများကို လက်ဖြင့် အပြည့်ခပ်ပြီး ထိုကောင်မလေးကို ပက်သည်။ မုရှောင်းနွမ်က ချက်ချင်းဆိုသလို ရေစိုသော ကြက်ပေါက် ဖြစ်သွားသည်။ ဆံပင်ရှည်များက စိုကုန်သည်။ သူမက ထိုရေကန်ထဲတွင် ငေးငိုင်ကာ ရပ်နေပြီး နည်းနည်းစိတ်ရှုပ်သွားသည်။ သိသာစွာပင် ချန်းရန်၏ အရူးလုပ်ခံလိုက်ရပြန်ပြီ။

ယောက်….ယောက်ျားက ကလေးဆိုးလေးမျိုးလို ဆိုးသွမ်းမယ်လို့ မထင်ထားဘူး။

“ကောင်းပြီ ယောက်ျား ငါ ဒီနေ့ဘယ်လောက်အင်အားကြီးလဲ ပြမယ်”

မုရှောင်းနွမ်က နောက်မတွန့်ခဲ့ချေ။ သူမကလည်း လက်ထဲတွင် ရေအပြည့်ခပ်ထားပြီးနောက် ပက်သည်။ ထိုသို့ဖြင့် နှစ်ယောက်က ဆော့ကစားနေပြီး ရေတိုက်ပွဲကို ဆင်နွှဲနေကြကာ ပျော်ရွှင်နေကြသည်။

“ဟီး ဟီး ယောက်ျား ယောက်ျားအရှုံးပေးပြီလား”

မုရှောင်းနွမ်က တော်တော်လေးကို ပျော်နေသည်။ သို့သော် သူမ မသိသည်မှာ ချန်းရန်က သူမကို လွှတ်ပေးထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ထိုကောင်မလေး၏ စွမ်းရည်နှင့်သာဆိုလျှင် ဆရာသခင်ချန်းကို နိုင်နိုင်မည် မဟုတ်ပေ။

“မင်းယောက်ျားက သေတော့မယ်လို့ ထင်လား”

ချန်းရန်က မျက်ခုံးပင့်ပြ လိုက်သေးသည်။

ဟင်း ဒါကို ဂုဏ်ယူနေတယ်ပေါ့လေ။

သူသာ တိုက်ခိုက်လိုက်ရင် ဒီကောင်မလေး ဒီနေ့ ဒီနေရာမှာတင် အကုန်လုံး စိုရွှဲသွားလိမ့်မယ် ။

“ဟီး ဟီး မလုပ်ပါနဲ့ မလုပ်ပါနဲ့ ယောက်ျား ယောက်ျား ငါ ငါ တော်ပြီ”

မုရှောင်းနွမ်က အမောတကော အသက်ရှူသည်။ ချန်းရန်က ရေဖြင့် ပက်ပြီး စနောက်လျှင်ပင် သူမက မထိန်းနိုင်တော့ပေ။ မျက်လုံးကို မှိတ်လိုက်ပြီးနောက် တတ်နိုင်သမျှ ရေဖြင့် အသားကုန် ပက်တော့သည်။ သို့သော် ထိုအချိန်အတွင်းပင် ရုတ်တရက် ရေစက်များက ရောက်ရှိလာကာ ချန်းရန်က မတော်တဆ မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသည်။

ဒီကောင်မလေး တကယ်ကို … ဘရာပေါက်သွားတယ်။

ထိုသို့ဖြင့် မျက်စိကြိမ်းစေသည့် ဖြူဖွေးသောအရာက တစ်ကြိမ်တည်း ထွက်လာသည်။

“ဟီး ဟီး ရပ်တော့ ရပ်တော့ မလုပ်နဲ့တော့”

မုရှောင်းနွမ်က လက်တစ်ဖက်ပြီး ရေကိုကာနေသေးပြီး ချန်းရန်က ရပ်သွားကြောင်း မသိသေးပေ။

“ဟင်”

119 02

မုရှောင်းနွမ်က သတိထားမိလိုက်သည်။ သူမက မျက်လုံးပြူးပြီး ချန်းရန်ကို သံသယအပြည့်နှင့် ကြည့်သည်။

“ယောက်ျားက အရှုံးပေးတာလား”

“ယောက်ျား ဘာဖြစ်တာလဲ”

မုရှောင်းနွမ်က စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ခံစားရသည်။ အကြောင်းမူကား ယောက်ျားဖြစ်သူ၏ မျက်လုံးက ပူပြင်းစွာနှင့် ရောက်ရှိနေမှန်း သိလိုက်၍ ဖြစ်သည်။ သူမက အလိုလျောက် ငုံ့ကြည့်လိုက်သည်။ အရာအားလုံးက ဖြူဖွေးနေသည်။ မုရှောင်းနွမ်က ရုတ်တရက် အသက်ရှူအောင့်လိုက်မိသည်။ သူမ၏ခေါင်းက မူးဝေသွားသည်”

“အား”

ထိုအော်သံနဲ့အတူ မုရှောင်းနွမ် ရင်ဘတ်ကို ချက်ချင်း လက်ဖြင့် ဖက်ကာ ကာလိုက်သည်။ တစ်ကိုယ်လုံးကပင် ရေအောက်ကြုတ်သွားသည်။

“မိန်းမ”

ချန်းရန်က ခေါ်ကြည့်သေးသည်။ သို့သော် အဖြေကို မကြားရပေ။ နောက်ထပ် တစ်ခဏခန့် ကြာသွားသည်။

“ဘာလုပ်တာလဲ။ ဘာဖြစ်လို့လဲ ထွက်လာခဲ့”

ချန်းရန်က နည်းနည်းစိုးရိမ်သွားသည်

“ဂလု ဂလု ဂလု”

ထို့နောက် ပူစီပေါင်းများက ပေါ်လာပြန်သည်။ မုရှောင်းနွမ်၏ ခေါင်းက ရေထဲမှ ထွက်လာသည်။ သို့သော် ဒီအချိန်အတွင်းမူ လည်ပင်းထိသာပေါ်ပြီး ဆက်မတက်လာတော့ပေ။ သူမ၏လက်က ရေအောက်ထဲတွင် ရင်ဘတ်ကို ကာထားသေးသည်။

“ယောက်ျား ယောက်ျား ငါ ငါ ရှာမတွေ့တော့ဘူး”

မုရှောင်းနွမ်၏ မျက်နှာက ရှက်ရွံ့မှုဖိအားများဖြင့် ပြည့်နှက်နေသည်။ သူမက အောက်ကိုဆင်းပြီး ဘရာကို သွားရှာသော်လည်း ရှာမတွေ့တော့ပေ။

“ဘာတွေ တွေးနေတာလဲ”

ချန်းရန်က ရယ်လိုက်သည်။ အကြောင်းမူက သူသည် ထိုအဝတ်ကို ရှာတွေ့ပြီးသားဖြစ်သည်။ သူမ၏ အနောက်ဖက် ရေကန်တစ်နေရာကို ညွှန်ပြရင်း ပြောသည်။

“အဲဒါက တော်တော်လေး ပေါ့တယ်လေ ဒီကနေရာ ဒီလောက်ကျယ်တာ ကျိန်းသေပေါက် မျှောသွားတာပေါ့”

“အာ”

မုရှောင်းနွမ်က ကြောင်အသွားပြီး ခေါင်းကို လှည့်ကာ ကြည့်သည်။

အရွယ်စားကတော့ဖြင့် အမှန်တကယ် ကောင်းမွန်သည်ဟု ပြောရပေမည်။ ထို့ကြောင့် တစ်ခုလုံးကို တည်ငြိမ်စွာ မျောလွင့်နေလေသည်။ အောက်သို့ မြုတ်မသွားခဲ့ချေ။ မုရှောင်းနွမ်ကလည်း တဖြည်းဖြည်း အနားသို့ ကပ်သွားသည်။ ထို့နောက် မမျှော်လင့်ထားသော တွေ့ရှိမှုအသစ်ကို တွေ့လိုက်သည်။

“ဒါ…ဒါ ဒါက ငါ့ရဲ့အဝတ်တွေ မဟုတ်လား”

အကြောင်းမူကား သူမသည် ရေကန်နှင့်နီးသောကြောင့် မကြာခဏဆိုသလို ရေကန်အပြင်ဘက် ကျောက်တုံးပေါ်တွင် တင်မိခဲ့ခြင်းဖြစ်သည်။

ခုနတုန်းက ရှာမတွေ့ပါဘူး

ထူးဆန်းတာ ဘယ်လိုရောက်လာတာလဲ။

မုရှောင်းနွမ်ကပင် အံ့အားသင့်လိုက် ပျော်ရွှင်လိုက်ဖြစ်သွားသည်ဟု ခံစားရသည်။

လေကြောင့် လွင့်သွားတာလား။

“အား ငါ ခေါင်းတွေ မူးလိုက်တာ”

သို့ရာတွင် သူမက ထိုဘရာကို ရရုံသာ ရှိသေးသည်။ ရုတ်တရက် မူးဝေသွားသလို ခံစားလိုက်ရသည်။ ခြေထောက်က ပျော့ခွေကာ နောက်သို့ လဲကျသည်။

“သတိထား”

119 03

ချန်းရန်က ထိုကောင်မလေးကိုသာ စိုက်ကြည့်နေခြင်းဖြစ်သည်။ သူမက လဲကျသည်နှင့် ချက်ချင်း အပြေးသွားလိုက်သည်။

“ပလုံ”

သူ ရေအောက်ထဲသို့ဝင်ပြီး မုရှောင်းနွမ်ကို ချက်ချင်း ဆွဲထုတ်လာသည်။

“မိန်းမ ဘာဖြစ်တာလဲ”

ချန်းရန်က အလွန်စိုးရိမ်သွားပြီး ပူပန်သွားသည်။

ဘယ်လိုဖြစ်ပြီး ကောင်းနေရင်းနဲ့ ရုတ်တရက် လဲကျသွားတာလဲ။

သူက မုရှောင်းနွမ်၏ လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်သည်။

“ထူးဆန်းလိုက်တာ သွေးကြောက အရမ်းသန်မာတာပါ။ ဒါက ဘာလို့ အားဖြည့်ဆေးတွေ အများကြီး စားထားပြီးဖြစ်တဲ့ အခြေအနေမျိုးနဲ့ တူနေတာလဲ”

ချန်းရန်က ရုတ်တရက် သံသယဝင်သွားသည်။

“ဒီရေပူစမ်းမှာ အကြာကြီး စိမ်လို့ မရဘူးလား”

မုရှောင်းနွမ်၏ ရှက်ရွံ့သော အသံကလည်း သူ၏ ရင်ခွင်ထဲမှ ထွက်လာသည်။

“ယောက်ျား”

“ယောက်…ယောက်ျားရဲ့လက်က ဘယ်ကိုရောက်နေတာလဲ”

“အာ”

ချန်းရန်က ကြောင်သွားပြီး ငုံ့ကြည့်လိုက်သည်။ ရေထဲမှ ဖြူဖွေးသောအရာက တစ်ဝက်ခန့် ပေါ်နေသည်။

ဒါဆိုရင် သူ ရေအောက်မှာ ဘာကို ကိုင်ထားတာလဲ။

“အဟမ်း မတော်တဆ မတော်တဆ”

ချန်းရန်က ရှက်သွားသည်။

ရုတ်တရပ် တစ်ခုခုမှားတယ်လို့ ခံစားမိတာ သူမအံ့ဩတော့ပါဘူး။ ရေနဲ့လုပ်ထားသလို အိစက်နေတာကိုး။

ချန်းရန်က အလိုလျောက်ပင် ညစ်ကိုင်လိုက်မိသေးသည်။

အင်း ကိုင်လို့တော့ ကောင်းတယ်။

“အင်း”

မုရှောင်းနွမ်က နည်းနည်း နာသွားသည်။ သူမ၏ နားများကပင် ရဲသွားသည်။ သူမက ခန္ဓာကိုယ်ကို တွန့်လိမ်ပြီးနောက် ချန်းရန်ကို လှပသော မျက်လုံးဖြင့် စိုက်ကြည့်သည်။ ထိုမျက်လုံးက ရေများ ပြည့်နှက်နေပုံရသည်။

“ယောက်…ယောက်ျား ဘာလုပ်တာလဲ”

“ငါ့ရဲ့လက်က ကြွက်တက်သွားလို့”

ချန်းရန်က ရှက်ရွံ့ခြင်းလည်း မရှိ။ အမောတကောဖြစ်ခြင်းလည်း မရှိဘဲ တည်ငြိမ်စွာ ပြောသည်။

“မြန်မြန်လေး အဝတ်အစားလဲလိုက်တော့ ငါတို့ ပြန်သင့်ပြီ”

“အိုး”

မုရှောင်းနွမ်က ပြန်ဖြေပြီး ချန်းရန်ကို ကြည့်သည်။ သူမသည်လည်း သူမ၏ ယောက်ျားက တမင်တကာ လုပ်သည်ဟု သံသယဝင်နေသည်။

ဒီလူဆိုးကောင် ဟွန့်။

သူက အပေါ်ယံမှာ တည်ငြိမ်သလိုနဲ့ လက်စသတ်တော့ လူရမ်းကားကောင်ပဲ။

တမင်တကာကို တည်ကြည်ချင်ဟန် ဆောင်နေတာ။ ငါ့ကို အခွင့်ကောင်း မယူခိုင်းပါဘူး သေချာပေါက် ကလဲ့စားချေရမယ်။

သို့သော် မုရှောင်းနွမ်က အဝတ်အစား ဝတ်တော့မည့်အချိန်တွင်ပင် ခန္ဓာကိုယ်မှ မည်သည့်အားကိုမှ မသုံးနိုင်တော့ကြောင်း သိလိုက်သည်။ ထို့ကြောင့် အားနည်းသော အသံဖြင့် ပြောလိုက်သည်။

“ယောက်ျား ငါ ခေါင်းမူးနေသေးတယ်။ အဝတ်လေး ကူဝတ်ပေးပါအုံး”

******

All Chapters