← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

120 01

အပိုင်း (၁၂၀) အမှန်ပဲ ချန်းရန်က မုရှောင်းနွမ်ကို ကိုယ်တိုင် အဝတ်ပေးလိုက်တယ်။

ထိုအချိန်တွင် မုရှောင်းနွမ်က ချန်းရန်ကို အမှန်တကယ် ကူညီကာ အဝတ်ပေးခိုင်းသည်။

ယခင်တစ်ခေါက်ကဲ့သို့ အိပ်ရာဝင်ချိန်တွင် နောက်ပြောင်ခြင်းမျိုး မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် အိပ်ယာအပြင်ဘက်မှာဆို ထည့်မတွက်ဘူး။

“အဲဒီလိုလား”

ချန်းရန်သည်လည်း ပထမဦးဆုံးအကြိမ် ထိုကောင်မလေးနှင့် ထိုမျှနီးကပ်ဖူးခြင်း ဖြစ်သည်။ အထူးသဖြင့် ယခုလို အဝတ်အိတ်ကြီး အရှေ့တွင် ဖြစ်သည်။ သူသည် မမျှော်လင့်ထားသော အခြေအနေမျိုးတွင် မြင်ခဲ့ဖူးသော်လည်း အခုက အနီးဆုံး ဖြစ်သည်။

ဘောလုံး ကစားချင်လား။

မုရှောင်းနွမ်ရဲ့ အနောက်ဖက်တွင် ရပ်နေရင်း မျက်နှာက ရှက်ရွံ့လာသည်။ သူမသည် ကျန်းမာရေးကြောင့် မဟုတ်ဘဲ ရှက်ရွံ့မှုမျိုးနှင့် ရဲတက်နေခြင်းဖြစ်သည်။

ချန်းရန်က အကြံကို စလုပ်လိုက်သည်။ ရေပူစမ်းနှင့် အကြာကြီး စိမ်ပြီးနောက်တွင် ထိုကောင်မလေး၏ အခြေအနေက သိပ်မကောင်းတော့ပေ။ သူမရဲ့ခန္ဓာကိုယ် သွေးကြောများက နည်းနည်းပင် ဖောင်းချင်နေသည်။

“လက်ကို ဒီနေရာ ပို့ထားလိုက် ငါ စတော့မယ်”

ချန်းရန်က မုရှောင်းနွမ်၏ လက်များကို ရင်ဘတ်နားမှ ဆန့်ထုတ်ရန် သတိပေးလိုက်ပြီးနောက် မုရှောင်းနွမ်၏ ဘရာကို အရင် ဝတ်ပေးရန် စဉ်းစားလိုက်သည်။

“အိုး”

မုရှောင်းနွမ်ကလည်း အလွန်အမင်း ရှက်ရွံ့နေသည်။ ထိုအချိန်တွင် သူမက နောင်တ ထပ်ရသွားပြန်သည်။

ဒီလိုမှန်း ငါသိရင် ယောက်ျားကို မကူညီခိုင်းပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ပါတယ်။ အင်း ဘာလို့ အခုမှ အရမ်းကြီး ရှက်နေတာလဲ။

သို့ရာတွင် ချန်းရန်၏ တိုက်တွန်းမှု အောက်တွင် မုရှောင်းနွမ်က လိမ္မာစွာဖြင့် လက်ကို တဖြည်းဖြည်း ဆန့်ပေးလိုက်သေးသည်။ သူမ၏ နှလုံးသားသေးသေးလေးကလည်း မြန်ဆန်စွာ ခုန်လှုပ်နေသည်။ သို့သော် ထိုအချိန်တွင် သူမက မပြင်ဆင်ရသေးခင် ချန်းရန်၏ လက်ထဲမှ ဘရာက ကာပြီးသွားလေပြီ။

တင်းတင်းကြပ်ကြပ်။

“အာ”

ထိုအချိန်တွင် သူမက ရုတ်တရပ် နှလုံးသားက တင်းကြပ်သွားသလို ခံစားရသည်။ မုရှောင်းနွမ်က ခပ်တိုးတိုးပင် အော်လိုက်၏။ အသံက လည်မြိုထဲမှ ထွက်လာသောအခါ ညင်သာကာ ရစ်ဝဲနေပြီး အလျှင်လိုမှု၏ အထွတ်အထိပ်တွင်ကဲ့သို့ ဖြစ်နေသည်။

“အဆင်ပြေရဲ့လား”

ချန်းရန်ကလည်း အံ့ဩသွားသည်။

“ဘာဖြစ်တာလဲ ဒဏ်ရာရသွားတာလား”

“အဆင်ပြေပါတယ် အင်း”

မုရှောင်းနွမ်က ခပ်တိုးတိုး ငြီးလိုက်သည်။ ခြေထောက်ကပင် တုန်သွားသည်။ အဓိကအားဖြင့် ယခု အစောပိုင်းက ရင်ဘတ်က ပြေလျော့ပြီး ချုပ်ထိန်းမှု ကင်းမဲ့နေခဲ့ရာမှ ရုတ်တရပ် ကူညီကာ အဝတ်ဝတ်ပေးလိုက်သောကြောင့် ဖြစ်သည်။ ယောက်ျားသားများက ပိုပြီးသန်မာသည်။ ချန်းရန်၏ အားအနည်းငယ်က မုရှောင်းနွမ်ကို ချက်ချင်း ကျင့်သားမရစေသလို ဖြစ်သွားသည်။ ဖော်ပြရန် ခက်ခဲသော ခံစားချက် တစ်ရပ်ကလည်း နှလုံးသားထဲသို့ စောင့်တိုးဝင်သွားပြီး နှလုံးသား သေးသေးလေးကို ခပ်ကြမ်းကြမ်း လှုပ်ခတ်သွားစေကာ တဒုန်းဒုန်း ခုန်လာစေသည်။ ထို့ကြောင့် သူမက ငြီးငြူလိုက်ခြင်းဖြစ်သည်။ ထိုသို့ ငြီးလိုက်မိခြင်းကပင် ရှက်စရာကောင်းနေပြီးသား ဖြစ်သည်။ ထို့နောက် ဖိနှိပ်ထားသော အသံကလည်း ကျောက်စိမ်းပန်ကန်ပြားပေါ်သို့ ပုလဲလုံး အကြီးအသေးများက ပြုတ်ကျလာသလိုမျိုး ဖြစ်သည်။

“အဆင်ပြေရဲ့လား”

ချန်းရန်က ထိုကောင်မလေးက အလွန်ထူးဆန်းသည်ဟု ခံစားရသည်။ သူသည်လည်း ဘာကြောင့်ရယ်မသိ အနောက်မှ လှမ်းကြည့်ရုံဖြင့် ထိုကောင်မလေး၏ မျက်နှာက ရဲနေကြောင်း မြင်ရသည်။ သူမရဲ့ ပုံစံက နည်းနည်း မတည်ငြိမ်သလို ဖြစ်နေပြီး သူ၏ ရင်ခွင်ထဲသို့ပင် ပြုတ်ကျလာသေးသည်။ ထို့ကြောင့် ချန်းရန်က အလွန်စိုးရိမ်သွားမိသည်။

“အင်း ဘာမှ မဖြစ်ဘူး အဆင်ပြေတယ်”

120 02

မုရှောင်းနွမ်က အံကိုကြိတ်ပြီး တုန်ယင်နေသော အသံဖြင့် ပြောသည်။

“ဆက်လုပ် ဆက်လုပ်”

“အင်း ပြီးရောလေ”

ချန်းရန်က သံသယဝင်နေသော်လည်း ထိုကောင်မလေးကို အမှန်တကယ် စိုးရိမ်နေမိသည်။ ထိုရေကန်ထဲတွင်လည်း အကြာကြီး မနေသင့်တော့ပေ။ ထို့ကြောင့် ခပ်မြန်မြန် ပွေ့ဖက်လိုက်ပြီးသည်နှင့် ရေကန်နံဘေးမှ ကျောက်တုံးပေါ်သို့ တင်လိုက်သည်။ ထိုနည်းအားဖြင့် အဝတ်ဝတ်ရန် ပိုလွယ်သည်။

သို့ရာတွင် လဲစရာ အဝတ်ပို မယူလာသောကြောင့် နဂိုက အဖြူရောင် တီရှပ် ကိုသာ ဝတ်ထားပြီး ရေပူစမ်းတွင် စိမ်နေသော မုရှောင်းနွမ်ကလည်း အစိုအတိုင်း တိုက်ရိုက် ထွက်လာရသည်။ အေးမြသော ဆောင်းဦးရာသီဥတုကို ထည့်တွက်ခြင်းအားဖြင့် ချန်းရန်ကလည်း သူ့၏ အဖြူရောင် တီရှပ်ကိုသာ အရင် ဝတ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

ထို့အပြင် ယခင်တစ်ခေါက်က ကတ်အတူ ကစားခဲ့ချိန်နှင့် နှိုင်းယှဉ်ကြည့်သော် ဒီနေ့ မုရှောင်းနွမ်က တူညီသော ပမာဏကို ဝတ်ဆင်ထားသည့်တိုင်အောင် ရေက စိုနေလေသည်။ ထို့ကြောင့် မတူညီသော ဆွဲဆောင်မှု တစ်မျိုးက ရှိပြန်၏။

ယခုလို အခြေအနေမျိုးတွင် မိုက်ရူးရဲဆန်သော သက်ရောက်မှုမျိုးက ရှိသည်။

ရှက်နေသော ကောင်မလေးကို ကြည့်နေရင်းမှ သူမ၏ အခြေအနေကသာ မဆိုးနေခဲ့လျှင် သူ၏ အတွေးများက ထို့အပြင် ဆိုးရွားသော အရာကိုပင် လုပ်မိလောက်သည်။ သို့ရာတွင် ထိုအချိန်တွင် ချန်းရန်က သူမကိုသာ ကူညီပြီး အဝတ်များကိုသာ ဝတ်ပေးလိုက်သည်။ သူသည် နီးကပ်နေမှသာ ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ကို အမှန်တကယ် မြင်နိုင်တော့သည်။ သူမက အမှန်ပင် ကျောင်းအလှလေး ဖြစ်သည်။ ပြစ်ချက် မရှိလု နီးပါးဖြစ်ပြီး အလွန်လည်း လှသည်။

“ဟန်နီ ငါ အေးတယ်”

မုရှောင်းနွမ်က အလွန်ရှက်နေသည်။ ထိုအချိန်တွင် သူမက တုန်ယင်စွာဖြင့် ကိုယ့်ကိုကိုယ်ပင် ပွေ့ဖက်ထားရသေးသည်။ ရေပူစမ်းကန်က အလွန်နွေးသော်လည်း အပြင်ဘက်တွင်မူ ဆောင်းတွင်းလေက တိုက်ခတ်သည်။ ထို့ကြောင့် အလိုလျောက်ပင် ခန္ဓာကိုယ်ကို တောင့်တင်းလာစေသည်။

“အဝတ်က ဘယ်မှာလဲ”

ချန်းရန်က ဘေးဘီကို ကြည့်သည်။ သို့သော် မည်သည့်အဝတ်ကိုမှ ရှာမတွေ့သောကြောင့် မှင်သက်သွားသည်။

“မင်းရဲ့ အဝတ်တွေကို ဘယ်နေရာကို ပစ်လိုက်တာလဲ”

“ငါ”

မုရှောင်းနွမ်က တစ်နေရာကို ညွှန်ပြလိုက်သည်။

“အဲ့ဒီမှာ”

“ဟင်”

ချန်းရန်က ထိုနေရာကို ကြည့်လိုက်သည်။

“တော်လိုက်တာ အဝတ်တွေကို ဝှက်ထားတာလား”

ချန်းရန်က မေးသည်။

“ငါလည်း မသိဘူး”

မုရှောင်းနွမ်က ချက်ချင်း ခေါင်းခါပြီး စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

“ငါ သိသိသာသာကိုပဲ ရေကန် အပြင်ဘက်နားမှာ ချခဲ့တာပါ။ ဒါပေမဲ့ ကောကော လာတော့ ငါ အဲ့ဒီ အဝတ်တွေကို ချက်ချင်း သွားယူပြီး ဝတ်ချင်တာ။ ဒါပေမဲ့ မရှိတော့ဘူး။ ဒါကြောင့်…”

မုရှောင်းနွမ်ကလည်း အဖြစ်အပျက်ကို ပြန်ပြောလိုက်ရသည်။

“အဲ့လိုလား”

ချန်းရန်က မျက်မှောင်ကြုတ်ပြီး မေးစေ့ကို ပွတ်နေသည်။ သူသည်လည်း သေချာ ပြန်တွေးလိုက်၏။ ထိုကိစ္စက အလွန် ထူးဆန်းသည်။ တစ်ယောက်ယောက်က တမင်တကာ ယူသွားသလိုပဲ။

ဒါမှမဟုတ် လေကြောင့် လွင့်သွားတာလား။

သို့ရာတွင် ဆောင်းတွင်းလေကလည်း ထင်သလောက် မပြင်းထန်ပါပေ။

“ယောက်ျား မြန်မြန် လုပ်”

120 03

မုရှောင်းနွမ်က အတင်းတိုက်တွန်းသည်။ သူမက တုန်နေလေပြီ။

“အင်း လာပြီ လာပြီ”

ချန်းရန် အပြေးသွားပြီး အဝတ်အစားကို ကူကောက်ပေးသည်။ ထို့နောက် သူမကို ကူညီကာ အဝတ်ကို ခြုံပေးလိုက်သည်။ ထိုအခါမှသာ သိပ်မအေးတော့မည် ဖြစ်သည်။

“ငါ့ဘာသာ လုပ်လိုက်မယ်”

မုရှောင်းနွမ်က နည်းနည်း ရှက်နေသည်။ ထို့ကြောင့် ချန်းရန်၏ ယခုလို ပြုစုမှုမျိုးကိုလည်း မခံရဲသေးပေ။ ရေပူစမ်းထဲမှ ထွက်ပြီးသည်နှင့် အင်အားအများကြီး ပြန်ရသလို ခံစားလိုက်ရသည်။ ထိုကြောင့် ကိုယ့်ဘာသာကိုယ် စဝတ်သည်။

ချန်းရန်က ရေပူစမ်းတွင် အကြာကြီး စိမ်ခြင်းက မကောင်းမှန်း သိလိုက်သည်။

သူ၏ ခန္ဓာကိုယ်ကလည်း အင်အားပြည့်နေလေပြီ။ ယခုတစ်ခါ ရေပူစမ်းကန်ထဲမှ ထွက်လိုက်ပြီး ဆောင်းတွင်းလေနှင့် ရင်ဆိုင်ရသောအခါ ပြည့်နှက်နေသည့် ခံစားချက်က ရုတ်တရက် ပျောက်ကွယ်သွားသည်။ အင်အားများကလည်း အများကြီး ပြန်ရလာသည်။ ယခင်ကထက်ပင် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသေးသည်။

ပို၍ ဆိုးသည်မှာ အချို့သော ဘက်ပိုင်းများက ပို၍ပင် ထည်ဝါလာသည်။

“ဟင်”

ထိုအရာသာ မကသေးပေ။ ချန်းရန်ကလည်း ယခင်နှင့် နှိုင်းယှဉ်သော် သူသည် အဆုံးအစမဲ့သော ခန္ဓာကိုယ်များကို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသလို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က အလွန် ပေါ့ပါးသွားသလို ထင်ရသည်။ အသာလေး ခုန်လိုက်ရုံဖြင့် ရေပူစမ်းကန်ထဲမှ ထွက်လိုက်နိုင်သည်။ ယခင်ကမူ မလုပ်နိုင်ခဲ့ပေ။

သို့သော် အရေးကြီးဆုံးအချက်မူ

ချန်းရန် မုရှောင်းနွမ်ကို ကြည့်ပြီးနောက် သူမ၏မျက်လုံးက ကြုတ်သွားကာ အသံက ပျောက်သွားသည်။

“မိန်းမ မင်း..”

All Chapters