အခန်း ၁၂၁
Vol. 13 Ch. 121
121 01
အပိုင်း (၁၂၁)
“အရမ်းစိုရွဲနေတာပဲ မသက်မသာ ဖြစ်လိုက်တာ”
မုရှောင်းနွမ်က မျက်မှောင်ကြုတ်သည်။ ရေစိုနေသော အဝတ်များကို ဝတ်ထားရသောအခါ ပို၍ပင် မသက်မသာဖြစ်စေသည်။
ယောက်ျားဖြစ်သူက သတိမထားမိသည့် အခြေအနေမျိုးတွင် ခပ်မြန်မြန် ချွတ်လိုက်ပြီး အပေါ်မှသာ ကုတ်အင်္ကျီ ဝတ်လိုက်သည်။
“ပြီးသွားပြီ”
မုရှောင်းနွမ်က အလွန်အမင်း သတိထားသည်။ လှုပ်ရှားမှုများကလည်း မြန်ဆန်ကာ သပ်ရပ်သည်။ သူမက အင်္ကျီထဲသို့ လက်နှစ်ဖက်လုံးကို ထည့်လိုက်ပြီးနောက် အသံများကို ကြားရသည်။
သစ်သီးတစ်လုံး ပြုတ်ကျသွားသော အသံမျိုးက ကြားရသည်။ ထို့နောက် ရုတ်တရပ် ဆန်စွာပင် သူမမျှော်လင့်ထားသော လုပ်ရပ်က ထိုမျှအထိ ကျယ်လောင်သော အသံမျိုး ထွက်လာသည်။ ဒါဟာ သူမ၏ နားလည်နိုင်စွမ်းအားကို ကျော်လွန်သွားသည်။
သွားပြီ
မုရှောင်းနွမ်သည် နေရာမှာတင် တောင့်တင်းသွားသည်။ ခေါင်းကလည်း ဝီကနဲ့ ဖြစ်သွားပြီး မှင်သက်သွားသည်။ တိုက်ဆိုင်သည်လားမသိ ထိုအချိန်တွင် ချန်းရန်က သူမကို စိုက်ကြည့်နေသည်။ ထိုမြင်ကွင်းက မုရှောင်းနွမ်၏ လှပသောမျက်နှာကို ရဲတက်သွားစေသည်။ မျက်နှာတစ်ခုလုံးက နီသွားသည်။
အကြောက်ဆုံးအရာက ဖြစ်လာသည်။ ထိုအချိန်တွင် သူမသည် ဖမ်းမိသွားလေပြီ။
ဝူး ဝူး
ငါ ငါ…ဂရုစိုက်ပြီး ချွတ်ဖို့ ကြိုးစားနေတာကို ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ။
ယောကျ်ားကတော့ ငါထပ်ပြီး ပြပွဲကျင်းပနေပြန်ပြီလို့ မထင်လောက်ပါဘူးနော် ဟုတ်တယ်မလား ။
ဆိုးလိုက်တာ….
မြေပြင်မှာ တွင်းတစ်တွင်း တူးပြီးတော့သာ ကုန်းဝင်လိုက်ချင်တော့တယ်။
ထိုအချိန်တွင် မုရှောင်းနွမ်က မည်သို့မှ မတုန့်ပြန်နိုင်အောင် ဖြစ်သွားသည်။
“ဖာ့ခ် အပြောင်းအလဲက အံ့သြစရာပဲ”
ထိုအချိန်တွင် ချန်းရန်က တအံ့တဩ ထအော်ကြောင်း မြင်လိုက်သည်။ မုရှောင်းနွမ်ကလည်း ချန်းရန်က သူမ ရှိရာဖက်သို့ တောင့်တင်းစွာ လျှောက်လာကြောင်း မြင်လိုက်သည်။ သူမက အသက်ရှူအောင့်ထားပြီး မျက်လုံးက ပြူးနေသည်။ ရုတ်တရပ် ဦးခေါင်းခွံက ကြိမ်းတက်သွားပြီး ထွက်ပြေးချင်လာသည်။ သို့သော် ချန်းရန်က လက်ကိုသာ ဆန့်ထုတ်ပြီး နုနယ်သော လက်ကို လာညှစ်ကြောင်း မြင်လိုက်ရသည်။
??
မုရှောင်းနွမ်၏ လှပသော မျက်လုံးက တဖြတ်ဖြတ် လက်သွားသည်။ နည်းနည်းလည်းစိတ်ရှုပ်သွားသည်။
ဘာလုပ်တာလဲ ဘာကို ဆိုလိုတာလဲ။
ထိုအချိန်တွင် သူမက ချန်းရန်ကိုသာ ငေးငိုင်ကာ ကြည့်နေသည်။ လှပသော မျက်လုံးကြီးများကို ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။ ချန်းရန်က သူမ၏ မျက်နှာကို လာညှစ်ထားသောကြောင့် ရွံ့ဖြင့်ကစားနေရသကဲ့သို့ ဖြစ်နေပြီး သူမ၏ အပြစ်ကင်းစင်ကာ စိတ်ရှုပ်နေသော မျက်လုံးကြီးများက ရယ်စရာ အတော်ကောင်းသည်။
“ယောက်ျား ဘာလုပ်တာလဲ”
မုရှောင်းနွမ်က ခပ်တိုးတိုးပြောသည်။ သူမကပင် မတုန့်ပြန်နိုင်သေးခင် ချန်းရန်က လွှတ်ပေးလိုက်သည်။ သို့သော် ဒီတစ်ကြိမ်တွင် ပို၍သာ လွန်ကဲလာသည်။ သူမ၏ ပါးစပ်ကိုပင် လာညှစ်ကြည့်သည်။
“အိုး အိုး”
မုရှောင်းနွမ်က အညှစ်ခံရပြီးနောက် ဆွဲဆောင်မှုရှိသော အနီရောင်နှုတ်ခမ်းက ဆူလိုက်မဲ့လိုက်ဖြစ်နေသည်။
“ရေလိုပဲ ပိုပြီး နုနယ်လာတာပဲ”
121 02
ချန်းရန်က ထပ်ပြီး ကြိုးစားကြည့်သေးသည်။ ညှစ်ကြည့်နေရင်းမှ သူ၏ မျက်လုံးက ပိုပြီး တောက်ပလာသည်။ ထိုရေပူစမ်းရေက ထိုကောင်မလေးကို ထိုသို့ အသေးစိတ်ကျသည်အထိ ပြောင်းလဲသွားစေမည်ဟု မထင်ထားပေ။
“အင်း ယောက်ျား ဘာလုပ်တာလဲ”
မုရှောင်းနွမ်က ခပ်တိုးတိုးပြောသည်။ အသံက မတည်ငြိမ်ပေ။ ချန်းရန်ကလည်း စစ်ဆေးပြီးသည်နှင့် လက်ကို ပြန်လွှတ်လိုက်ကာ ပြုံးရယ်ပြီး သူမကို ကြည့်ကာ သတင်းကောင်းကို ပြောပြသည်။
“ဒီရေပူစမ်းမှာ ရေချိုးပြီးတဲ့နောက်မှာ မင်းရဲ့အသားအရည်က ပိုပြီးဖြူလာတယ်။ အရင်ကထက် ပိုပြီး အစိုဓာတ် ပြည့်ဝလာတယ်ဆိုတာ သတိမထားမိဘူးလား”
“အာ တကယ်လား”
မုရှောင်းနွမ်ကပင် နည်းနည်း သံသယဝင်သွားသည်။ ထို့နောက် ချန်းရန်၏ စကားအတိုင်းလိုက်ကာ လက်ကို အလိုလျောက် ဆန့်ထုတ်ကြည့်လိုက်သည်။ သူမ၏ လက်က ယခင်က ရှုပ်ထွေးမှုတစ်မျိုးကို ဖိထားသောကြောင့် ရှက်ရွံ့မိသည့်တိုင်အောင် ယခုလို လက်မောင်းကြားထဲမှ ဆွဲထုတ်လိုက်ချိန်တွင်မူ အမဲများ အုပ်နေသေးသည်။
“ဟင် … ဒါ..ဒါ ဒါက အံ့ဩစရာပဲ”
ရုတ်တရပ် ချန်းရန်၏ မျက်လုံးက လှုပ်ခပ်သွားပြီး နည်းနည်းပင် မှင်သက်သွားသည်။ အကြောင်းမူကား သူသည် အစောပိုင်းက မုရှောင်းနွမ်၏ မျက်နှာကိုသာ အာရုံစိုက်နေခဲ့သောကြောင့် အခြားလှုပ်ရှားမှုများကို သတိမထားမိခဲ့ချေ။ ယခုလို မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ပြီးနောက် တစ်စုံတစ်ရာကိုပင် လုပ်ချင်လာသည်။
“ဒါ..ဒါ…ဒါက”
မုရှောင်းနွမ်ကလည်း နည်းနည်း ကြောင်ကြောင်တောင်တောင် ဖြစ်နေသည်။ သူမက အမှန်တကယ် တုံးလွန်းသည်။ ဘာလို့ လှသွားပြီဆိုတာနဲ့ အရာအားလုံးကို မေ့ပြီး ရုတ်တရပ် ဆွဲထုတ်လိုက်တာလဲ။
“ယောက်ျား…ငါ ရှင်းပြတာ နားထောင် မဟုတ်ဘူးနော်”
မုရှောင်းနွမ်က ရှက်ရွံ့စွာနှင့် ရှင်းပြတော့မည့် အချိန်တွင် ဖြတ်ပြောသည်။
“ရှင်းပြဖို့မလိုဘူး ငါနားလည်တယ်”
ချန်းရန်က မုရှောင်းနွမ်၏ ရင်ဘတ်ကို ကြည့်ပြီး တအံ့တဩ ပြောသည်။
“အားလုံးက တစ်ခါတည်း ဖြစ်တာပဲ ကြည့် နည်းနည်း ပိုကြီးလာတယ်မလား”
“အာ”
မုရှောင်းနွမ်က ငုံ့ကြည့်သည်။
“ဝိုး ခြေထောက်ကိုတောင် မမြင်ရတော့ဘူး”
“ဒါ…ဒါ တကယ်ဟုတ်သွားတဲ့ပုံပဲ”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
မည်သည့် မိန်းကလေးမဆို အလှတရားကို သဘောကျကြသည်။ အထူးသဖြင့် မုရှောင်းနွမ်ဆိုလျှင် သူမ၏ ခန္ဓာကိုယ်က ပို၍ပင် သိသာထင်ရှားလာကြောင်း သိလိုက်သည်။ စိတ်ထဲတွင်လည်း ခိုးပြီး ပျော်သွားသည်။ သို့သော် စိတ်ထဲတွင် ရှက်လည်း ရှက်နေမိသေးသည်။
သူမက ခေါင်းကို ငုံ့ထားပြီးနောက် ခြေထောက်အောက်မှ ကျောက်စရစ်ခဲကို ကန်သည်။
“ဟင် ဘာ…ဘာပြောနေတာလဲ ယောက်ျား အမြင်မှားတာနေမှာပါ”
ဟွန့် ဒီမိန်းမ ပြောတော့တစ်ခု လုပ်တော့တစ်ခု…
ချန်းရန်ကလည်း အတွေ့အကြုံရှိပြီးသား ဖြစ်သည်။ စနောက်လိုသော အမူအရာမျိုးနှင့် ပြောသည်။
“တကယ်လို့ မယုံသေးဘူးဆိုရင် ကူပြီး စစ်ပေးမယ်လေ”
ချန်းရန်က နဂါးလက်တံကို ထုတ်ပြီး ပြောသည်။
“အား မဟုတ်ဘူး”
မုရှောင်းနွမ်က သူမ၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာလိုက်ပြီး ရှက်ရွံ့စွာ ပြောသည်။
“ယောက်ျား အခု မဟုတ်ဘူး”
121 03
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့…”
မုရှောင်းနွမ်က ဆက်ပြောရန် ရှက်သွားသည်။ မည်သို့ပင် ဆိုစေ သူမကိုယ်တိုင်ကလည်း ခန္ဓာကိုယ်က ဘာဖြစ်နေမှန်း နားမလည်သေးပေ။ သူမသည်ပင် မည်သည့် အထိအတွေ့ကမဆို အလွန်အမင်း အထိမခံဖြစ်နေသလို ခံစားရသည်။ အစောပိုင်းက ကြယ်သီးချွတ်လိုက်ခြင်းကပင် ထိန်းချုပ်မှုကို လွတ်လုနီးပါးဖြစ်သွားစေသည်။ ထို့ကြောင့် သူမသည်လည်း ယောက်ျားဖြစ်သူက လှုပ်ရှားလိုက်သည်နှင့် မထိန်းနိုင်မည်ကို ကြောက်နေသည်။
“ဟန်…ဟန်နီ ငါ နည်းနည်း လေဝင်နေသလိုပဲ မြန်မြန် ပြန်ရအောင်”
မုရှောင်းနွမ်က အကြောင်းပြချက်တစ်ခုကို ခပ်မြန်မြန် ပေးလိုက်သည်။ သို့သော် ထိုအကြောင်းပြချက်ကို ကြားသည်နှင့် ထိုကောင်မလေးကို တစ်ချက် ကြည့်သေးသည်။ လေကာ အင်္ကျီကော်လံကို တစ်ချက် ကြည့်လိုက်သည်။
အင်း တော်တော်လေးတော့ ကြပ်တယ်။
“ဟင့် အဝတ်အစားက တော်တော်လေးသွားတာ ဖြစ်မယ်”
ချန်းရန်က ပြုံးလိုက်ပြီး ထိုကောင်မလေး၏ ခန္ဓာကိုယ်ကို ကြည့်သည်။ သူမ၏ ဆွဲဆောင်မှုက အများကြီး တိုးတက်လာသည်။ ထို့ကြောင့် အတော်လေးကို ထိန်းချုပ်မှု လွတ်ချင်သလို ဖြစ်နေလေသည်။
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က တာဝန်ကို ပြီးမြောက်သွားပါပြီ”
“ဂုဏ်ယူပါတယ် ပိုင်ရှင်က တာဝန်ကို ပြီးမြောက်သွားလို့ ဆုလာဘ်ဖြစ်တဲ့ : မည်သည့် ဆောက်လုပ်ရေးx1 ကို ရရှိပါတယ်”
ထိုအချိန်တွင် ချန်းရန်၏ စိတ်ထဲတွင် စနစ်၏ အသံက ထွက်လာပြန်သည်။
“စိတ်ဝင်စားစရာပဲ ဒီဆုက ဘာအတွက်လဲ”
ချန်းရန်ကတွေးတောမနေဘဲ သိလိုက်သည်။ ဆောက်လုပ်ရေးဆိုကတည်းက အခြေခံ ဆောက်လုပ်မှုသာ ဖြစ်လောက်သည်။ ထောင်ယွမ်ရွာမှာ ဘယ်အဆောက်အဦးတွေများ လိုအပ်သေးလို့လဲ။
“ဟွန့် အရမ်းစိတ်ရှုပ်ဖို့ ကောင်းတာပဲ တောင်အောက်ကိုလည်း ပြန်ဆင်းရအုံးမယ်။ အကြာကြီး လမ်းလျှောက်ရအုံးမှာ ငါမလုပ်ချင်တော့ဘူး”
မုရှောင်းနွမ်က ပစ္စည်းများ သိမ်းနေရင်း ငြီးငြူနေသည်။ ချန်းရန်က အသိပြန်ဝင်လာသည်။
“ဟုတ်သားပဲ လမ်း သင့်တော်တဲ့ လမ်းမှ မရှိတာ။ အခုက တော်တော်လေးကို အဆင်မပြေဘူး ဖြစ်နေတာ”
ချန်းရန်၏ မျက်ဝန်းက တောက်ပသွားသည်။ သူသည် ထောင်ယွမ်တောင်ကို အသွားအပြန်လုပ်ရန် လိုအပ်သည့်အပြင် မြို့မှ ထောင်ယွမ်ရွာကို လာရသည့်လမ်းက အဆင်မပြေပေ။ လမ်းက အလွန်ဆိုးသည်။ အတွေ့အကြုံကလည်း ဆိုးရွားသည်။ ပို၍ဆိုးသည်မှာ ထောင်ယွမ်ရွာကလည်း အတော်လေး ကြီးလေသည်။ ထို့ကြောင့် စိုက်ခင်းမြေနှင့် စားကျက်မြေများကို သွားရောက်လည်ပတ်ရာတွင်လည်း အဆင်မပြေပေ။ အရေးအကြီးဆုံး အချက်က ထိုနေရာဖြစ်သည်။
ချန်းရန်က ဒီနေရာကို ရေပူစမ်းစင်တာ ဆောက်လုပ်ရန် ဆုံးဖြတ်ချက် ချပြီးချိန်ကတည်းက သူသည်လည်း အကြိမ်တိုင်းလိုလို ထိုတောင်ကြီးကို အတက်အဆင်း လုပ်နေ၍ မရပါပေ။ ထိုအတွက်ကြောင့် လမ်းက လိုကို လိုလာသည်။
“မိန်းမ မင်းရဲ့အကြံပြုချက်က အရမ်းကောင်းတယ်။ ငါ ဒီနေရာမှာပဲ မင်းအတွက် တောင်တက်လမ်းကို ချက်ချက်ဖောက်ပေးမယ်။ ဒါကြောင့် ဒီနေရာကို လာချင်တဲ့အခါ တိုက်ရိုက်ကားမောင်းလာလို့ ရပြီ”
ချန်းရန်က မုရှောင်းနွမ်ကို စိတ်လှုပ်ရှားစွာ ပြောသည်။
“အာ”
မုရှောင်းနွမ်ကပင် ချန်းရန်ကို နည်းနည်း စိတ်ရှုပ်သွားသေးသည်။ ချန်းရန်၏ ရှင်းပြချက်ကို ကြားပြီးနောက် မျက်ဝန်းက တောက်ပသွားသည်။
“ယောက်ျား တကယ်ပြောနေတာလား။ ဒီနေရာမှာ ငါ့အတွက် တောင်တက်လမ်း ဖောက်ပေးမှာလား”
“ဘာလို့ လိမ်ရမှာလဲ”
ချန်းရန်က ပြုံးသည်။
“အနာဂတ်ဒီ ရေပူစမ်းမှာ ရေချိုးချင်တယ်ဆိုရင် အချိန်မရွေး လာလို့ ရတယ်”
121 04
မမျှော်လင့်ထားစွာပင် ထိုကောင်မလေးက အလွန်အမင်း စိတ်လှုပ်ရှားသွားကာ ချန်းရန်ဆီသို့ အပြေးလာပြီး ချန်းရန်ကို ဖက်ကာ ပါးကို နမ်းသည်။
“ကျေးဇူးတင်ပါတယ် ယောက်ျားကို ငါ့အတွက် သေချာကို စဉ်းစားပေးတာပဲ။ ငါအရမ်း ကျေးဇူးတင်တယ်”
“ပြန်ပြီး ညရောက်တဲ့အထိ စောင့် ညကျမှ ပြန်ပြီး စစ်ကြည့်မယ် ဟုတ်ပြီလား”
မုရှောင်းနွမ်က ခေါင်းကို ငုံ့လိုက်ပြီး အဝတ်ကို ခပ်တင်းတင်း ပတ်ထားသည်။ သူမက ရုတ်တရပ် သတိရသွားပြီးနောက် တစ်ဖက်သို့ လှည့်ကာ သန့်ရှင်းရေး ပြန်လုပ်ပြန်သည်။
“ညကျမှလား”
ချန်းရန်ကလည်း ထိုစကားကြားပြီး အသက်မရှူနိုင်သလို ဖြစ်သွားသည်။ ထိုကောင်မလေးက တဖြည်းဖြည်း တော်သထက် တော်လာသည်။
အခု ဘယ်လောက်ထိ ဆွဲဆောင်မှု ရှိနေလဲဆိုတာကို မသိတာလား။
ကြည့်ရတာ တစ်ခုခုကတော့ အနှေးနဲ့ အမြန်ဆိုသလို မှားတော့မယ် ထင်တယ်။
စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး နောက်ဆုံးတွင် ချန်းရန်က ချက်ချင်းပြောသည်။
“တည်ဆောက်မှု လက်ဆောင်ကို ချက်ချင်းသုံးလိုက်”
“တင် မည်သည့် တည်ဆောက်မှုမဆို …ကို သုံးလို့ရပါပြီ ကျေးဇူးပြုပြီး ရွေးချယ်ပါ”
“ထောင်ယွမ်ရွာကနေ ထောင်ယွမ်တောင်အထိ တိုက်ရိုက်ပေါက်တဲ့ လမ်းကို ဖောက်”
ချန်းရန်က ထိုသို့ ပြောလိုက်သည်။
“တင် ထောင်ယွမ်လမ်းဆောက်လုပ်ရေးကို ဝန်ဆောင်မှု စတင်ပါပြီ”
“တင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ စနစ်ကလည်း ကမ္ဘာထိပ်တန်းအဆင့် ဆောက်လုပ်ရေးအသင်းကို ဆက်သွယ်လိုက်ပြီး ဝင်ပေါက်ကနေ ရွာအထိ ရွာကနေ ထောင်ယွမ်တောင်ထိပ်ကို သွားတဲ့ လမ်းတောက်လျှေက် ဆက်သွယ်ထားပါတယ်။ ဝင်ခွင့်လမ်း၊ ထောင်ယွမ်ရွာလမ်းနဲ့ တောင်တက်လမ်းနေရာအားလုံး ပါဝင်ပါတယ်။ စနစ်ကလည်း အရင်းအမြစ်တွေကို နှစ်ရက်အတွင်း ပြီးမြောက်သွားအောင် ရင်းနှီးမြုပ်နှံပေးမှာ ဖြစ်လို့ သုံးရက်နေတာနဲ့ စပြီး သုံးလို့ ရပါပြီ”
စနစ်ကလည်း ကမ္ဘာအင်အားအကြီးဆုံး ဆောက်လုပ်ရေးအသင်းကို အကျိုးအကြောင်း သင့်လျှော်သောပုံစံမျိုးဖြင့် တိုက်ရိုက်ပင် လွဲပြောင်းပေးသည်။ ဒီနည်းအားဖြင့် သုံးရက်အတွင်း ပြီးမြောက်သွားပေလိမ့်မည်။
“လုံလောက်တယ်”
ချန်းရန်က စိတ်လှုပ်ရှားစွာနှင့် မျှော်လင့်စောင့်စားနေသည်။ သူသည်လည်း ထိုလမ်းပေါက်သွားပြီးနောက် မည်မျှအံ့အားသင့်စရာကောင်းသော ဖြစ်ရပ်မျိုးဖြစ်လာမည်ဖြစ်ကြောင်း မသိနိုင်သေးပေ။
“ဒီရေပူစမ်းဗီလာကလည်း အမြန်ဆုံး ဆောက်ဖို့ လိုနေပြီ”
ချန်းရန်ကလည်း ဒီနေရာတွင် ဆက်နေလျှင် မသွားနိုင်တော့မည်ကို ခံစားလာရသည်။ သူသည် အနာဂတ်တွင် အားလပ်သွားသောအခါ ရေပူစမ်းတွင် ရေလာချိုးချင်ပါက မုရှောင်းနွမ်ကို ခေါ်လာပြီး ဒီနေရာတွင် တိုက်ရိုက်လာနေရပေမည်။ ထိုအကြောင်းကို တွေးမိလျှင် ဒီနေ့ကဲ့သို့အတူ စိမ်း၍လည်း ရသေးသည်။ ရေပူစမ်းစိမ်ပြီးနောက်တွင် ဒီနေရာတွင် ဆက်နေကာဘဝ၏ အဓိပ္ပာယ်ကို အတူ မျှဝေနိုင်သည်။
အစိုဓာတ်တွေ အပြည့် ။
ထိုအချိန်တွင် မုရှောင်းနွမ်က အလျှင်စလို သိမ်းဆည်း၍ ပြီးသွားပြီး ရေသွားချိုးကာ အဝတ်အစားလဲရန် ပြင်နေသည်။ ထိုအချိန်တွင် ရုတ်တရပ် မန်ထုံကို မျက်နှာမူထားသော တိုက်ရိုက် ထုတ်လွှင့်မှု အခန်း : တင်ဆက်သူ တင်ဆက်သူ ဒီကို လာပါအုံး ငါတို့ကို ဒီခွေးကို ကြည့်ခိုင်းထားတာ တစ်နာရီ ကျော်ပြီနော်။ ယဉ်ကျေးလွန်းနေတာမဟုတ်ဘူးလား။
“ဖာ့ခ် တင်ဆက်သူ ဘယ်ရောက်သွားတာလဲ။ ငါတို့ကို ရေပူစမ်းမှာ စိမ်ရင်းနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပြမယ်ဆို”
“တင်ဆက်သူ ဘာလို့မထွက်လာသေးတာလဲ။ ဒီခွေးက ချောတယ်လို့တော့ ငါ မထင်ဘူးနော်”
“ရှောင်းနွမ် မင်းအဝတ်အစားတွေ ဝတ်ပြီးပြီလား။ အဝတ်တွေ ဘယ်ရောက်သွားလဲ သိလား”
“ရှူးရှူး ရှူး အပေါ်ထပ်ကလူ မဆူနဲ့။ ငါတို့ရဲ့ ချစ်စရာကောင်းတဲ့ သူခိုးလေး မန်ထုံကို မခေါ်နဲ့လေ”
121 05
ထိုသို့ဖြင့် တိုက်တွန်းသံများက ပြည့်နှက်နေပြီး အထွန့်တက်သံများလည်း ရှိသည်။ သို့သော် စိတ်ဝင်စားစရာ အကောင်းဆုံးကမူ တစ်နာရီကျော်ကျော်ကြာအောင် ကြည့်နေကြခြင်းဖြစ်သည်။ အကြောင်းပြချက်ကလည်း အလွန်ရိုးရှင်းသည်။ သူတို့သည်လည်း မုရှောင်းနွမ်က အဆုံးသတ်တွင် ရေပူစမ်းထဲမှ ထွက်လာမည့်အချိန်ကို စောင့်နေကြခြင်းဖြစ်သည်။
ဟီးဟီး ဘာပဲဖြစ်ဖြစ် သူတို့သည် ထိုခွေးကို ကြည့်ပြီး သိပ်မကြာခင်မှာတင် ထိုခွေးနှင့် တူသော အကောင်က မုရှောင်းနွမ်၏ အဝတ်များကို ယူသွားကြောင်း မြင်လိုက်၍ဖြစ်သည်။ ထိုအတွက်ကြောင့်လဲ မုရှောင်းနွမ်က ထွက်လာမည့်အချိန်ကို သိချင်နေကြသည်။
“မင်းတို့ ဘာတွေ ပြောနေတာလဲ”
ထိုအချိန်တွင် လုံးဝသပ်သပ်ရပ်ရပ်ဝတ်ပြီး ချန်းရန်၏ ကုတ်ကိုပင် ဝတ်ထားသော မုရှောင်းနွမ်က ကင်မရာရှေ့တွင် ပေါ်လာသည်။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်တော့မည် ဖြစ်သည်။ သို့သော် ကွန်မန့်များကို မြင်လိုက်ပြီးနောက် နည်းနည်း မယုံနိုင်သလို ဖြစ်သွားသည်။ အထူးသဖြင့် သူမ၏ သူငယ်ချင်း ယန်ရွှယ်က ပို့ထားသော ဗီဒီယိုတွင် ဖြစ်သည်။ သူမက ခေါင်းကိုပင် တဖြည်းဖြည်း လှည့်ကာ မန်ထုံကို သေစေနိုင်သော အကြည့်မျိုးဖြင့် ကြည့်သည်။
ဝုတ်
ပက်လက်လေးလှန်ကာ လှဲနေသော မန်ထုံက ရုတ်တရပ် ခုန်ထသည်။ တစ်ကိုယ်လုံး တုန်သွားသည်။ သူသည်လည်း သေစေနိုင်သော သတ်ဖြတ်သူ အကြည့်ကို ကြည့်လိုက်သည်။
******