← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

121 01

အပိုင်း (၁၂၂)

ဝုတ်

မန်ထုံက ချက်ချင်းထကာ ဟောင်သည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း ဖြစ်သည်။ သို့သော် အရှေ့မှ သခင်မက အဝတ်အစား အပြည့်ဝတ်ဆင်ပြီးကြောင်း မြင်လိုက်သည်နှင့် သူက ချက်ချင်းထသည်။

ဝုတ် ဝုတ် ဝုတ်

မန်ထုံကလည်း ပျော်ရွှင်နေပုံရပြီး မုရှောင်းနွမ်၏ ခြေထောက်နားတွင်ပင် ပတ်ကာ သွားသေးသည်။ ထို့နောက် သိချင်စိတ်ပြင်းစွာဖြင့် အမြှီးကိုပင် ယမ်းကာ ပျော်ရွှင်စိတ်လှုပ်ရှားနေသော ပုံစံမျိုးကို လုပ်ပြသည်။

“ဟင်း ဟင်း”

မုရှောင်းနွမ်က လှောင်သည်။ ဒီယက်တဲ့ ခွေးက ဒေါသကို ဖယ်ထုတ်နိုင်မယ်လို့ ထင်လို့လား။

ဒီကောင် ပြစ်မှုကျူးလွန်ထားတာကို တရားဝင် လက်ပူးလက်ကြပ် ဖမ်းမိထားတာကြောင့်သာ မဟုတ်ရင် လွှတ်ပေးနိုင်မှာ မဟုတ်ဘူး။

“ကောင်းပြီ မန်ထုံ မန်ထုံက တကယ်တော်တာပဲ အခု ပြန်ရအောင်”

မုရှောင်းနွမ်က ကိုယ်ကို ငုံ့ကိုင်း၍ မန်ထုံ၏ ခေါင်းလေးကို အသာအယာ ပုတ်လိုက်သေးသည်။ မန်ထုံကလည်း အလွန်လိမ္မာစွာနှင့် ခေါင်းကို ငုံ့ပေးသည်။ ဒီတစ်ကြိမ်တွင်မူ သူက အလွန်လိမ္မာနေပုံရပြီး ပြဿနာပင် မရှာပေ။

အမှားလုပ်ထားတာ ကြောင့်များလား။

ပြောရမည်ဆိုလျှင် မန်ထုံကမူ ဘာမှ မသိပါပေ။ မုရှောင်းနွမ်ကလည်း အိမ်ပြန်ပြီးနောက် ထိုမန်ထုံကို မြို့မှ တိရစ္ဆာန်ဆေးကုခန်းသို့ သွားကာ သင်းခိုင်းရမည်ဟု စဉ်းစားထားသည်။

ဒါဆိုရင် အနာဂတ်မှာ ပိုပြီး တိတ်ဆိတ်ပြီး ငြိမ်းသွားလိမ့်မယ်။

မန်ထုံက မုရှောင်းနွမ်၏ လက်သေးသေးလေးကို ပျော်ရွှင်စွာ ပွတ်နေပြီး ပါးစပ်နှင့်ပင် လျှက်ပေးသေးသည်။ သို့သော် မုရှောင်းနွမ်က ထိုသို့ အခွင့်အရေး မပေးပေ။ လက်ကို ချက်ချင်း ပြန်သိမ်းလိုက်ကာ အိတ်ကို ကောက်ကိုင်လိုက်သည်။ ချန်းရန်ကို ကူညီရန် သွားသည်။

“ဝုတ်”

မန်ထုံက အနောက်မှ လှမ်းဟောင်သည်။ မုရှောင်းနွမ်က ချန်းရန်ကို ကူညီရန် သွားကြောင်း မြင်သောအခါ သူသည်လည်း နဂိုက ပစ္စည်းဝှက်ထားသော နေရာသို့ တိတ်တဆိတ်သွားလိုက်သည်။ သို့သော် ဘာကိုမှ ရှာမတွေ့တော့ဘဲ မန်ထုံက ခြေထောက်ကြားသို့ အမြှီးကို ညှပ်လိုက်ပြီး တရှုံ့ရှုံ့ အနံ့ခံကြည့်သည်။ သို့သော် ဘာကိုမှ ရှာမတွေ့ပေ။

ကျွီ ကျွီ….

ထိုအချိန်တွင် ချန်းရန်က ပစ္စည်းများကို သိမ်းလိုက်သည်။ ဘဝရေတံခွန်မှ ရေပုံးလည်း ပါသည်။ သူသည် ထိုအရာကို အိမ်သို့ ပြန်သယ်သွားရမည် ဖြစ်သည်။ သို့ရာတွင် သစ်ပင်အောက်တွင် တစ်ချိန်လုံး ပုန်းနေပြီး‌ ရေဘူးကို ဆွဲထားရန် ကြိုးစားနေသော ထိုရှဉ့်ကလည်း ချန်းရန်က ရေဘူးကို မလိုက်ကြောင်း မြင်လိုက်သည်နှင့် ချက်ချင်းပင် ခုန်ထလာသည်။ သူသည် ထိုရေဘူးကို ယူသွားချင်နေပုံရသည်။

“ဒီကောင်လေးက တော်တော်ကို ရူးသွပ်ပြီး ချစ်စရာလေး”

ချန်းရန်က ပြုံးရယ်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။ သူသည် ရေဘူးကို သယ်ပြီးသည်နှင့် မုရှောင်းနွမ်နှင့်အတူ တောင်အောက်သို့ ဆင်းသည်။ အချိန်က နောက်ကျနေပြီ ဖြစ်သည်။ နေကပင် အင်အား မရှိတော့ပေ။ သူတို့သာ ဒီအချိန် တောင်အောက်သို့ မဆင်းလျှင် နေဝင်သွားသောအခါ ပို၍အေးလာပေလိမ့်မည်။

ချန်းရန်ကလည်း ထိုရှဉ့်လေးက တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းမာစွာနှင့် လိုက်လာမည်ဟု မထင်ထားပေ။ ချန်းရန်က သူ၏ ပစ္စည်းကို ခိုးသွားသောကြောင့် သူသည် လက်ပူးလက်ချက် အမိခံပြီး အရယူမည့် ပုံစံမျိုးနှင့် လိုက်လာသည်။

ဒီအချိန်တွင် တောင်အောက်သို့ ဆင်းသောအခါ ပို၍ပင် လွယ်ကူသွားသည်။ တောင်ပေါ်သို့ တက်ရသည်ထက်ပင် ပို၍ လွယ်ကူသည်။

သို့သော် ချန်းရန်နှင့် မုရှောင်းနွမ်တို့က တစ်လမ်းလုံး နွမ်းနယ်မှုကို မခံစားရပေ။ သို့သော် အလွန်တက်ကြွနေကြပြီး အင်အားအပြည့် ရှိနေကြသည်။ သူတို့သည် ကိစ္စကြီးကြီးမားမား လုပ်ဖို့ ကို မစောင့်နိုင်တော့ဘူး။

“ဘုရားရေ မြန်လိုက်တာ”

122 02

မုရှောင်းနွမ်ကလည်း အလွန်အံ့ဩနေသည်။ သူမက ထောင်ယွမ်တောင်ပေါ်မှ ဆင်းပြီး တောင်ခြေမှ ငါးကန်နားသို့ပင် ရောက်သွားချိန်တွင် တစ်နာရီသာ ကြာကြောင်း သိလိုက်သည်။

“တောင်တက်ချိန်ကထက် အများကြီး ပိုမြန်သည်။”

“ရေချိုးထားလို့ ဖြစ်ပါလိမ့်မယ်”

ချန်းရန်ကလည်း ပင်ပန်းသည်ဟု မခံစားရပေ။ သူသည် ရေပုံးကိုလည်း သယ်ထားသေးသည်။ သူက မုရှောင်းနွမ်ကို ပြုံးကာကြည့်ပြီး ပြောလိုက်သည်။

“ငါတို့ အနာဂတ်မှာ ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို ပိုပြီး သန်မာလာအောင် လုပ်ဖို့ ရေပူစမ်းကို အတူသွားစိမ်ရမယ်။ သက်ရောက်မှုက တကယ်ကောင်းတယ်”

“ဟုတ်တယ် ဟုတ်တယ်”

မုရှောင်းနွမ်က ချက်ချင်းဆိုသလို လှုပ်ရှားလာပြီး အလျှင်စလိုပြောသည်။

“ယောက်ျားယောက်ျား ငါတို့ နောက်တစ်ခါဆိုရင် ဘယ်တော့ သွားကြမှာလဲ။ ရှောင်ရွှယ်ကိုပါ ခေါ်လာလို့ရလား”

ယန်ရွှယ်က သူမ၏ အကောင်းဆုံး သူငယ်ချင်းဖြစ်သည်။ သူတို့နှစ်ယောက်ကလည်း ဆွေမျိုးဖြစ်သည်။ ဆက်ဆံရေးလည်း ကောင်းပြီး အချင်းချင်းလည်း ရင်းနှီးသည်။ မုရှောင်းနွမ်ကလည်း ဖိတ်ခေါ်သင့်သည်ဟု ထင်သည်။

“ဘာ”

ချန်းရန်က ပြုံးရင်း နောက်သည်။

“မင်းက ဒီနေ့ ငါနဲ့အတူ စိမ်တာ မကောင်းဘူးထင်လို့လား”

“???”

မုရှောင်းနွမ်ကပင် မှင်သက်သွားသည်။ ဒီနေ့အတူ ရေစိမ်ခဲ့သော ဖြစ်ရပ်ကို သတိရသွားသည်။ စိတ်လှုပ်ရှားနေသဖြင့် မျက်နှာကပင် ရဲလာသည်။ ရိုးရိုးသားသားပြောရသော် ယောက်ျားဖြစ်သူနှင့် ရေစိမ်ရခြင်းက အလွန်ပျော်စရာကောင်းသည်။ အထူးသဖြင့် ရေထဲမှာ ကစားရတာ။

“ဟေး”

ချန်းရန်ကလည်း ထိုကောင်မလေးက ငေးငိုင်သွားကြောင်း မြင်လိုက်သည်နှင့် လက်ကို ယမ်းပြသည်။

“ဘာတွေ တွေးနေတာလဲ။ မျက်နှာတစ်ခုလုံးတောင် နီရဲနေပြီ။ မင်း ကလေးတွေနဲ့ မသင့်တော်တာတွေများ တွေးနေတာလား”

“မဟုတ်ပါဘူး”

မုရှောင်းနွမ်က အသိပြန်ဝင်သွားပြီး နားရွက်ပင် ရဲသွားသည်။ သူမက ခြေကို ဆောင့်ပြီးရှက်ရွံ့မှုကို ဖော်ပြသည်။ သို့ရာတွင် ချန်းရန်၏ စနောက်မှုကို ရင်ဆိုင်ရသောအခါတွင်လည်း ချန်းရန်ကို နားလည်မှု မလွဲစေလိုပေ။ ထို့ကြောင့် ရုတ်တရပ် နှုတ်ခမ်းကို တင်းတင်း ပိတ်လိုက်ပြီး ချန်းရန်၏ အနားသို့ ကပ်သွားလိုက်ကာ ရှက်ရွံ့စွာ ပြောသည်။

“ဒီတစ်ကြိမ် ယောက်ျားက မနှိပ်ပေးလို့ မကောင်းတဲ့ မှတ်ချက်ပေးမယ်လေ ဟီးဟီး”

ထိုသို့ဖြင့် ထိုကောင်မလေးက တခစ်ခစ် ရယ်နေသည်။ ကလေးမလေး တစ်ယောက်က ချိုမြိန်သော သီချင်းဆိုနေသကဲ့သို့ ချိုမြိန်ကာ ဆွဲဆောင်မှု ရှိသောအသံက ဖမ်းစားလာသည်။

“ဒီကောင်မလေးကတော့”

ချန်းရန်ကလည်း ရယ်သည်။ နေဝင်ချိန်အောက်တွင် ခုန်ပေါက်နေသော ပုံရိပ်လေးကို ကြည့်ပြီး ရုတ်တရပ် လှမ်းအော်လိုက်သည်။

“ဖြည်းဖြည်း ဖြည်းဖြည်း ရေခွက်ကို မခါနဲ့”

“အာ”

မုရှောင်းနွမ်က ထိုစကားကို ကြားပြီးသည်နှင့် လဲကျလုနီးပါးဖြစ်သွားသည်။ တစ်ခဏခန့် ကြာပြီးနောက် အိမ်သို့ ပြန်ရောက်သွားကြသည်။ မုရှောင်းနွမ်က စံအိမ်ထဲသို့ ပြန်ရောက်ချိန်တွင် ချက်ချင်းဆိုသလို ရေချိုးခန်းသို့သွားကာ ရေအရင်ချိုးသည်။ ထို့နောက် ခြောက်သွေ့သော ဝတ်စုံတစ်စုံလဲသည်။

အခြားတစ်ဖက်မှ ချန်းရန်ကမူ ထူးဆန်းသော ဘဝစမ်းရည်ပါသော ရေဘူးကို သယ်ပြီး သူ၏ super farm သို့သွားသည်။ ထိုsuper farm က အဆင့်မြင့် နည်းပညာ ထိန်းချုပ်မှု ရှိနေသောကြောင့် လူအင်အား စိုက်ထုတ်ကာ ဂရုစိုက်ပေးရန် မလိုအပ်ပေ။ ချန်းရန်သည်လည်း ထိုရေပုံးအား farm တစ်ခုလုံးကို ရေလှည့်ပတ်သည့် စနစ်ထဲသို့ တိုက်ရိုက်လောင်းထည့်လိုက်သည်။ ထိုနည်းအားဖြင့် farm ၏ စနစ်၏ လည်ပတ်မှုအတိုင်း အားလုံးကို အချိုးအစား မျှတစွာ လောင်းထည့်ပေလိမ့်မည်။

122 03

“နောက်နှစ်ရက်အတွင်းမှာတော့ စောင့်ကြည့်ရအုံးမယ်”

ချန်းရန်က စိတ်ထဲတွင် ရေရွတ်သည်။ သူသည်လည်း ကျန်သော ရေကို ထိန်းသိမ်းထားပြီး နောက်မှ သုံးရန် စဉ်းစားထားသည်။

ခွပ် ခွပ်

ထိုအချိန်တွင် ရှဉ့်လေးကလည်း ရေပုံးကို အရင်ကြည့်သည်။ ယခု ထိုသိပ်သည်းသော သစ်သီးများ ပြည့်နှက်နေသည့် farm ကို ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို ဆွဲဆောင်ခံလိုက်ရသည်။

“ကျွီ ကျွီ ကျွီ”

ထိုရှဉ့်လေးက စိုက်ခင်းမြေထဲသို့ ဖြတ်လတ်စွာ ဝင်ရောက်သွားသည်။ သူဘာလုပ်နေမှန်း မည်သူကမှ မသိနိုင်ပေ။ သို့သော် သူ၏ ပုံစံအရ ထွက်သွားမည့် ပုံစံ မရှိသေးပေ။

“ထားလိုက်ပါတော့ ဒီနေ့ တာဝန်ကလည်း ပြီးသွားပြီ ဆိုတော့ ငါလည်း ပြန်ပြီး ရေသွားချိုးတော့မယ်”

ချန်းရန်ကလည်း ပြန်ပြီး ရေသွားချိုးရန် ကြံစည်သည်။ နှစ်ရက်နေမှ ပြန်လာကြည့်ရပေမည်။

ဘုန်း

ထိုအချိန်တွင်ပင် ရွာအပြင်ဖက်မှ အသံကြီးကို ကြားရသည်။ ချန်းရန်သည်လည်း ဆောက်လုပ်ရေးအသင်းက ရောက်လာသည်ဟု ထင်လိုက်သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူက တိုတောင်းသော ကာလမျိုးတွင် ရောက်လာသည်။ ထောင်ယွမ်ရွာကို ဖောက်သောလမ်းက အလွန်မြန်ပုံရသည်။ ထိုအချိန်တွင် မုရှောင်းနွမ်ကလည်း ရေချိုးနေရင်း ခန္ဓာကိုယ်ကို စစ်ဆေးနေခြင်း ဖြစ်သည်။

ဖြစ်နိုင်တာက တကယ်ပဲ တိုးတက်လာတာလား။

မည်သူမှလည်း မရှိသည့်အလျောက် သူမကလည်း လက်ကိုပင် စတင်ကာ ဆန့်ထုတ်လိုက်သည်။

******

All Chapters