အခန်း ၁၂၃
Vol. 13 Ch. 123
123 01
အပိုင်း (၁၂၃)
မည်သူကမှ မသိနိုင်ပေ။ ရေချိုးခန်းတွင် မုရှောင်းနွမ်က ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးနေသည်။ သူမသည်လည်း အသားအရေက ပိုဖြူပြီး ပို၍ နူးညံ့လာသည်ဟု ခံစားရသည်။ အထူးသဖြင့် ရင်ဘတ်ဖြစ်သည်။ ယခင်ကထက် ပိုပြည့်လာ၏။ သို့ရာတွင် သူမ ခေါင်းကို ဆက်တိုက် မငုံံ့နိုင်ပေ။
“ထူးဆန်းလိုက်တာ တကယ်ပဲ အဲဒါက ဖွံ့ဖြိုးလာတာလား”
မုရှောင်းနွမ်က အလွန်အံ့ဩနေသည်။ သူမက လက်ကို နှစ်ကြိမ်ခန့် လှုပ်ကြည့်သည်။ မမျှော်လင့်စရာကောင်းသော တုန့်ပြန်မှုမျိုးရှိသည်။ သူမကပင် ထအော်မိသည်။
“အိုး ဒါက လွန်လွန်းတာပဲ”
“ဖြစ်နိုင်တာက ရေပူစမ်းကြောင့်လား”
မုရှောင်းနွမ်သည် ရင်ဘတ်အောက်မှ သူမ၏ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ခံစားကြည့်နေသည်။ ထိုသို့ ထိကြည့်လေလေ ပို၍ ကျေနပ်လေလေ ဖြစ်လာသည်။
“ငါ အရမ်းလှတာပဲ”
“ဒီလို ပြီးပြည်စုံနဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် ငါ့ယောက်ျားက တကယ်ကံကောင်းတာပဲ”
ထိုကောင်မလေးက ရေချိုးနေရင်း ပျော်ရွှင်စွာ သီချင်းဆိုနေသည်။ သူမ၏ ခန္ဓာကိုယ်က ပိုကောင်းသထက် ကောင်းလာသည်။ ထို့ကြောင့် ရေကိုလည်း အများကြီး ပိုသုံးလိုက်သည်။ နာရီဝက်ခန့် ကြာမှသာ ရေချိုး၍ ပြီးသွားသည်။ ပုံမှန်ဆိုလျှင် နာရီဝက်ခန့်ကြာသည်။ သို့သော် ဒီနေ့တွင်မူ တစ်နာရီနီးပါးကြာသည်။
လှလွန်းသဖြင့် ချန်းရန်ကပင် ရေပြန်ထည့်ပြီး ပြန်လာချိန်တွင် ကောင်မလေးကို ထူးဆန်းသလို ကြည့်နေသေးသည်။
“ခုနလေးတင် ဝင်သွားတာ တွေ့လိုက်ပါတယ်။ အခု အလုပ်ပြီးလို့တောင် ပြန်လာပြီ ရှိနေတုန်းပြလား”
ချန်းရန်ကပင် အံ့ဩသွားသည်။ ထိုကောင်မလေးက ရေချိုးရာတွင် ထိုမျှကြာမည်ဟု မထင်ထားမိပေ။
အချိန်ဆွဲနေတာလား။ ဘာလို့ ရေကန်သေးသေးလေးထဲမှာ အဲဒီလောက် ရေချိုးတာ ကြာတာလဲ။
ရေပူစမ်းမှ ရေချိုးပြီးနောက် သူမသည် ဒီနေရာတွင်လည်း ရေပူလာချိုးပြန်သည်။ ထိုကောင်မလေးက အတော်လေးကို ဆော့နိုင်သည်။
ဒေါက်ဒေါက်
ချန်းရန်က ရုတ်တရပ် တံခါးကို ခေါက်လိုက်ပြီး လှမ်းအော်သည်။
“မပြီးသေးဘူးလား အဆင်ပြေရဲ့လား”
လဲကျခိုင်းလို့လည်း မရဘူးတစ်ခုခု ဖြစ်လို့ အကြာကြီးချိုးပြီး ထွက်မလာသေးတာဆိုရင် ဘယ်လိုလုပ်မလဲ။
ချန်းရန်ကလည်း နည်းနည်း စိတ်ပူနေသည်။ သို့သော် သူမသိသည်မှာ အထဲမှ ကောင်မလေးက သူ့ကိုယ်သူ မှန်ကြည့်ပြီး လေးစားနေခြင်း ဖြစ်သည်။
တံခါးခေါက်သံကို ကြားသောအခါ ရုတ်တရပ် လန့်သွားသည်။ သို့ရာတွင် သူမကလည်း ရေချိုးပြီးသွားပြီ ဖြစ်သည်။ ခန္ဓာကိုယ်ကို သုတ်ကာ လိုးရှင်းကို လိမ်းနေလိုက်သည်။
“ပြီးပြီ ပြီးပြီ”
မုရှောင်းနွမ်က အဝတ်အစားကိုပင် ဝတ်ရန်အသင့်ဖြစ်နေလေပြီ။ သို့ရာတွင် သူမက သန့်ရှင်းသော အဝတ်အစားကို ဝတ်လိုက်ပြီးနောက် ကြောင်တောင်တောင် ဖြစ်သွားသည်။
“ငါ ကြီးထွားလာလို့ ဘရာအရွယ်အစားကတောင် မလုံလောက်တော့သလိုပဲ ဘယ်လိုလုပ်ရမလဲ”
ထိုကောင်မလေး၏ ရင်သားက နဂိုကတည်းက ကြီးပြီးသားဖြစ်သည်။ ယခုမူ ပို၍ပင် မှင်သက်ဖွယ်ကောင်းသွားသည်။ သူမကလည်း ချက်ချင်းအိပ်အုံးမည် မဟုတ်ပေ။ အချိန်ကလည်း စောနေသေးသည်။ ညစာစားပြီးနောက်တွင်လည်း လမ်းထွက်လျှောက်ရအုံးမည် ဖြစ်သည်။ ထို့ကြောင့် ဘာမှ မဝတ်ဘဲ လျှောက်သွားနေ၍ မရပေ။ အဲ့ဒီလိုမှ မဟုတ်ရင် ရေဝင်နေလိမ့်မယ်။
“ဘယ်လိုလုပ်ရမလဲ”
မုရှောင်းနွမ်ကလည်း နည်းနည်း ဒုက္ခများသွားသည်။ ထိုအချိန်တွင် ယောက်ျားဖြစ်သူက အပြင်ဖက်မှ ခေါ်နေပြီ ဖြစ်သည်။ သူမသည်လည်း ရေချိုးခန်းထဲတွင် တစ်ချိန်လုံး နေနေ၍ မရပေ။
123 02
“အင်း ဒီနည်းလမ်းတစ်ခုပဲ ရှိတော့တယ်”
မုရှောင်းနွမ်က တုံ့ဆိုင်းသွားပြီးနောက် အနောက်ဆုံးတွင် စိတ်ကို ဆုံးဖြတ်ချက် ချကာ ထိုဘရာကို ဖယ်၍ အဖြူရောင် တီရှပ်ကိုသာ ဝတ်လိုက်သည်။
ထို့ကြောင့် ထိုအဖြူရောင် တီရှပ်က ခပ်တင်းတင်း ဆွဲဆန့်သကဲ့သို့ ဖြစ်သွားသည်။ ရှပ်ကလည်း နည်းနည်းသေးသောကြောင့် အပေါ်ပိုင်းကြယ်သီးအနည်းငယ်ကိုပင် တပ်၍ မရနိုင်ပေ။
ကျွီ
မုရှောင်းနွမ်က ဖိနပ်ပါးကို ဂရုတစိုက်စီးပြီးထွက်လာသည်။
“ဟင် ယောက်ျားက ဘယ်မှာလဲ”
“မင်း ဘာလုပ်နေတာလဲ”
မမျှော်လင့်ထားစွာပင် ချန်းရန်က ဘေးဖက်ခြမ်းမှ ထွက်လာသည်။ ရုတ်တရပ် ထွက်လာသောအသံက မုရှောင်းနွမ်ကို လန့်သွားစေသည်။
“အာ ယောက်ျား ငါ့ကို သေအောင် ချောက်နေတာပဲ”
မုရှောင်းနွမ်က ရင်ဘတ်ကို အုပ်လိုက်ပြီး နှလုံးခုန်နှုန်းက မြန်ဆန်သွားသည်။
“ဘာလို့ ငါက ခြောက်တယ် ထင်တာလဲ”
ချန်းရန်က သူမ၏ ရင်ဘတ်ကို ကြည့်လိုက်ပြီးနောက် တစ်ချက် ခုန်ချင်သွားသည်။
တော်လိုက်တာ။ ဒီကောင်မလေးက တကယ်ကို ပြပွဲစီစဉ်သူပဲ။
ရှပ်အောက်မှာ ဘာမှ မဝတ်ထားဘူးထင်တယ်။ ဘာလို့ ဘရာတောင် မဝတ်တာလဲ။
“ငါ ငါ ဝတ်လို့ မရတော့ဘူး”
မုရှောင်းနွမ်ကလည်း ချန်းရန်၏ မျက်နှာက ပုံမှန်မဟုတ်ကြောင်း သိသည်။ ထို့ကြောင့် ချက်ချင်း ရှင်းပြလိုက်သည်။
“နင်…နင် ထင်သလို မဟုတ်ဘူးနော် ငါ ထပ်ပြီး ထွားလာတာ ထင်တယ်”
“ဘာ”
ချန်းရန်သည်လည်း ရေပူစမ်းမှ အစောပိုင်း အခြေအနေကို ထင်ယောင်ထင်မှားဟုသာ ထင်နေခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် မဟုတ်နိုင်တော့ပေ။
“ဟန်နီ ငါ့ရဲ့ခန္ဓာကိုယ်က တစ်ခုခု မှားနေတာလား”
မုရှောင်းနွမ်က နည်းနည်း စိုးရိမ်နေသည်။ ချန်းရန်ကပင် ရယ်သည်။
“အခြားကောင်မလေးတွေက ဒီလိုအခြေအနေမျိုးကို ကြုံရရင် သေချာပေါက်ပျော်နေမှာ။ မင်းက အဆင်ပြေပါတယ်။ ဘာလို့ လေသံက သဘောမကျသလို ဖြစ်နေတာလဲ”
“ဒါက တော်တော်လေး များနေသလားလို့ နောက်ပြီး ဝတ်စရာလည်း မရှိတော့ဘူးလေ”
မုရှောင်းနွမ်က အားနည်းစွာ ပြောသည်။
“ကောင်းပြီ ကောင်းပြီ”
ချန်းရန်က သူမကို ကြည့်ပြီးပြောသည်။
“နောက်မှ ငါ စစ်ပေးမယ်”
“ဟင်”
မုရှောင်းနွမ်၏ လှပသော မျက်နှာက ရဲသွားပြန်သည်။ သူမက သတိအပြည့် ကပ်ပြီးပြောသည်။
“မ…မစစ်ပါဘူးနော်”
“မစစ်ချင်သေးဘူးလား”
ချန်းရန်က ခွဲခြမ်းစိတ်ဖြာပြသည်။
“အရင်က ရေပူစမ်းမှာတုန်းက မင်း ဒီလို ပြောတာ မဟုတ်ပါဘူး။ မေ့သွားပြီလား မင်းပဲ ငါ့ကို နောက်ကျရင် ကူပြီး စစ်ပေးစေချင်တယ်ဆို”
“အာ”
123 03
“ဟင်…ငါ…ငါ ငါငါ မပြောထားပါဘူးနော်”
မုရှောင်းနွမ်က ရှက်ရွံ့သွားပြီး ခပ်မြန်မြန် ထွက်ပြေးသွားသည်။ သူမသည် ထိုအခိုက်အတန့်က အမှန်ပင် ရင်ဖိုသွားပြီး ပြောလိုက်ခြင်းဖြစ်သည်။ ယခုမူ သူမ၏ ယောက်ျားက အလေးအနက် ထားနေလေရာ တာဝန်ယူရန် ကြိုးစားရတော့ပေမည်။
ချန်းရန်ကလည်း ခပ်တိုးတိုးရယ်နေသည်။ ရေချိုးခန်းထဲသို့ ဝင်သွားပြီးချင်းမှာတင် သိသာထင်ရှားသော အနက်ရောင် အဝတ်များကို မြင်လိုက်သည်။
“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ သက်သာဘဝစနစ်က စတင်ပါပြီ”
“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ သက်သာတာဝန်အသစ်ဖြစ်တဲ : ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့ အားနေတဲ့အချိန်မှာ ဇနီးဖြစ်သူရဲ့ ကျန်းမာရေးကို ဂရုစိုက်ရမယ်။ ကျေးဇူးပြုပြီး မုရှောင်းနွမ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ စစ်ဆေးခြင်းအားဖြင့် ရေပူစမ်းက ပြဿနာ ရှိမရှိ အတည်ပြုပါဆိုတဲ့ တာဝန်ကို ထုတ်လိုက်ပါတယ်”
“စနစ် စနစ် မင်းက ပိုပိုပြီး လွန်ကဲလာတာပဲ ဟင်”
ချန်းရန်ကလည်း ထိုစနစ်နှင့် ပတ်သက်ပြီး တော်တော်လေး မှားယွင်းနေသည်ဟု ခံစားရသည်။ စနစ်က တမင်တကာများ ဒုက္ခရှာနေတာလား။
“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ စနစ်က ထုတ်ပေးတဲ့ တာဝန်တွေအားလုံးက လုံးဝကို လေးလံ ကြေးကြီးတဲ့ တာဝန်တွေပါ။ပဲ ပိုင်ရှင်ကသာ နားလည်မှု လွဲမှားနေခဲ့တာပါ။ ပိုင်ရှင်က သဘောမတူရင်လည်း ဇနီးဖြစ်သူက ဆေးရုံခေါ်သွားပြီး စစ်ခိုင်းလို့ရပါတယ်။”
ချန်းရန် “ထားလိုက်တော့ ငါ အကြောင်းပြချက် ရှာရလိမ့်မယ် ထင်တယ်၊ မဟုတ်ရင် အစွပ်စွဲခံရမှာ”
ဒီနေရာတွင် ချန်းရန်က ရေချိုးနေသည်။ သို့သော် ပုံမှန်ထက် ပိုကြာသွားသည်။ အကြောင်းမူကား သူသည်လည်း အံ့အားသင့်စရာကောင်းသော ရှာဖွေတွေ့ရှိမှုကို တွေ့လိုက်၍ ဖြစ်သည်။
“ကြည့်ရတာ…အရင်ကထက်ပိုပြီး ထည်ဝါလာတာပဲ”
ချန်းရန်က မှန်ရှေ့မှ သူ့ကိုယ်သူ ကြည့်နေပြီး သူသည်ပင် သက်ပြင်းချသည်။
“ဆိုတော့ ဒါက ပြိုင်ဖက်ကင်းပြီပေါ့”
ကြည့်ရတာ ဒီဘဝရေတံခွန်က အင်း…အလားအလာတွေကိုလည်း လှုံ့ဆော်ပေးနိုင်တာပဲ။ သူမရဲ့ အပြောင်းအလဲကရော အံ့အားသင့်စရာ ကောင်းလာမလား။
ချန်းရန်ကပင် နည်းနည်း ပျော်သွားသည်။ ယခင်ကထက်လည်း ယုံကြည်မှု ပိုရှိလာသည်။ သူသည် အဝတ်အစားလဲပြီးနောက် ရေချိုးခန်းထဲမှ ထွက်သည်။ ထိုကောင်မလေးက သင့်တော်သော အဝတ်အစားကို ရှိနေသေးသည်။ သို့သော် တစ်ထည်မှ ရှာမတွေ့ပေ။ သူမဝတ်ထားသော အဖြူရောင် ရှပ်ကလည်း နည်းနည်း သေးနေသည်။
ဒေါက်ဒေါက်
ချန်းရန်က တံခါးသွားခေါက်သည်။
“ယောက်ျား ဘာဖြစ်လို့လဲ”
ချန်းရန်က တည်ငြိမ်စွာ ပြောသည်။
“ငါ မင်းကို စစ်ပေးမလို့ ငါ ရုတ်တရပ် တစ်ခုခုမှားနေတယ်လို့ ခံစားမိလိုက်တယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာအရ ပြဿနာမရှိဖို့ မျှော်လင့်ရတာပဲ။ ဒါကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ စစ်ကြည့်မှ ဖြစ်တော့မယ်”
******