← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

125 01

အပိုင်း (၁၂၅)

ပထမဦးဆုံးခံစားရသော ခံစားချက်ကမူ သူမက မထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

သူမသည်လည်း ချန်းရန်က သူမကို စစ်ဆေးပေးနေမှန်း သိသော်လည်း ဆေးရုံသို့သာသွားပြီး ဆရာဝန်ကို စမ်းသပ်ခိုင်းမည်ဆိုပါက ပို၍ထူးခြားသွားလိမ့်မည်။

ချန်းရန်က ယရင်က ခံစားဖူးသော်လည်း သူသည် ဘယ်တော့ခါမှ ပြီးမြောက်အောင် မလုပ်ခဲ့ဖူးချေ။ အခုတစ်ခေါက်ကမူ သေချာမွေ့လျော်နိုင်သည်။

မုရှောင်းနွမ်က ပထမဦးဆုံးအကြိမ် ခံစားချက် ရလာသည်။

သူမသည်လည်း အသက်ပင် ကောင်းကောင်း မရှူနိုင်သလို ငြီးငြူသံကိုပင် ထုတ်ချင်လာသည်။ သို့သော် နှုတ်ခမ်းကို ကိုက်ထားပြီး အသံမထုတ်ရဲချေ။

ချန်းရန်က သူမ၏ ထိန်းထားသော အမူအရာကိုသာ ကြည့်ပြီးလျှင် သေချာပေါက် ရယ်ပေလိမ့်မည်။

“ကြည့်ရတာ နည်းနည်း မှားနေတယ်”

ချန်းရန်၏ အမူအရာက ပို၍ပင် မျက်မှောင်ကြုတ်သွားသေးသည်။ သူသည် ပို၍ပင် လေးနက် တည်ကြည်သော အသံမျိုဖြင့် ပြောသည်။

“ထပ်ပြီး ထိန်းထားအုံး စစ်ဆေးမှုက အရေးကြီးတဲ့အပိုင်းကို ရောက်တော့မယ်”

“အာ”

မုရှောင်းနွမ်က သတိအပြည့် ကပ်သွားသည်။ လှပသော မျက်လုံးက တုန်သွားပြီး သလင်းကြည်ရောင်ပင် တောက်ပလာသည်။

“အရမ်းမကြောက်နဲ့ ဒါကပုံမှန်စစ်ဆေးတာပါပဲ”

ချန်းရန်ကလည်း မိုးကြိုးပစ်တော့မည်ဟု ခံစားရသည်။ သူသည် ပထမဦးဆုံးအကြိမ်အဖြစ် ယခုလို စစ်ဆေးဖူးခြင်း ဖြစ်သည်။ ဒါဟာ ပေါ်တင် ဖြစ်သည်။ ခိုးကြောင်ခိုးဝှက်လည်း မဟုတ်ချေ။ ဆန့်ကျင်ဘက်အရ ပို၍စိတ်လှုပ်ရှားလာမိသည်။

အရမ်းကို သစ်လွင်တဲ့ ခံစားချက်ပဲ။

“ပုံမှန် ပဲလား”

မုရှောင်းနွမ်၏ အသံက နည်းနည်းပင် ဝေဝါးလာသည်။ သူမသည် စကားကိုပင် ကောင်းကောင်း မပြောနိုင်ချေ။

“ယောက်ျား ယောက်ျား စစ်လို့ပြီးပြီလား”

မုရှောင်းနွမ်က ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်လိုက်သည်။ ခန္ဓာကိုယ် တစ်ခုလုံးက ပူလာသလို ခံစားရ၏။ ခြုံထားသော စောင်ကပင် မလိုအပ်တော့သလို ခံစားရသည်။ သူမက အသိစိတ်နည်းနည်း ရှိသောကြောင့်သာ မဟုတ်ပါက စောင်ကို ကန်ထုတ်ပြီးလောက်လေပြီ။

“ပြီးတော့မယ် ငါတို့ ဂရုစိုက်စစ်ဆေးရမယ်လေ”

ချန်းရန်က တည်ကြည်စွာ ပြောပြန်သည်။

“ငါ စစ်ကြည့်ပြီးမှ ဒီနေရာမှာ အသားပိုတွေ ဘာတွေရှိမရှိ သေချာအတည်ပြုနိုင်မှာ အခုတော့ လွှတ်ပေးလိုက်မယ်”

“ဟုတ်ကဲ့ယောက်ျား”

မုရှောင်းနွမ်၏ နှလုံးသားက အခုန်နှုန်း မြန်ဆန်နေသည်။ သူမက ရူးသွပ်တော့မလို ခံစားနေရသည်။

ဘယ်…ဘယ်လို အဆင်ပြေမှာလဲ

ထိုအခိုက်အတန့်တွင် သူမက လွယ်ကူ လွတ်လပ်ပေါ့ပါးလွန်းသလို ခံစားရသည်။

“ရပြီ”

ချန်းရန်က ခေါင်းညိတ်သည်။

“နောက်ဆုံးတော့ ဒါကအရေးကြီးတဲ့အပိုင်းပဲ။ တကယ်လို့ မင်းသာ တစ်ခုခုမှားယွင်းနေသလို ခံစားရတာ ဒါမှမဟုတ် နည်းနည်း နာတာမျိုးရှိရင် ငါ့ကို ချက်ချင်းပြော ဟုတ်ပြီလား”

မုရှောင်းနွမ်က အလေးအနက်ထားပြီး ခေါင်းညိတ်သည်။

“ဟုတ်ကဲ့”

ချန်းရန်က ထိပ်တန်းအဆင့် တရုတ်တိုင်းရင်းဆေးပညာစွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့် အထိ၊အနံ့၊အကြားနှင့်ခံစားချက်များထဲတွင် ထိုဖြတ်တောက်မှုဆိုသော (ထိတွေ့မှု) နည်းပညာက အရေးကြီးမှန်း သိထားသည်။ အခုလိုအခြေအနေမျိုးတွင် မုရှောင်းနွမ်ကလည်း ညည်းလိုက်သည်။

125 02

“ဘာဖြစ်တာလဲ ပြဿနာ ရှိတာလား”

ချန်းရန်ကလည်း မေးလိုက်သည်။

“အင်း...မရှိပါဘူး မရှိပါဘူး”

မုရှောင်းနွမ်က ခေါင်းကို ရှက်ရွံ့စွာ ခါသည်။ သူမသည်လည်း အလွန်အမင်း သက်တောင့်သက်သာရှိနေသောကြောင့်ဟု အလွန်ခံနိုင်သည်။

“ဒါဆိုဆက်လုပ်မယ်နော်”

ချန်းရန်ကလည်း မရပ်တန့်တော့ပေ။ သို့သော် ဆက်လက်ပြီး နှိပ်နယ်ပေးပြီး ကုသပေးနေသည်။

သူက အလွန် ပညာရှင်ဆန်သည်။ သို့သော် ပညာရှင်ဆန်သော အနုပညာများကလည်း အလွန်အမင်း သက်ရောက်မှု ရှိပြီး အချက်အချာကျလေသည်။

မုရှောင်းနွမ်က ရှင်းရှင်းလင်းလင်း ခံစားမိလေသည်။

ချန်းရန်သည်လည်း တရုတ်တိုင်းရင်းဆေးပညာတွင် အလွန်အမင်း နက်နဲသော ပညာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူသည်လည်း လူ့ခန္ဓာကိုယ်မှ အကြောမှတ်များကို ကောင်းမွန်စွာ သိနေသည်။ အလွန်အမင်းလည်း တိကျသည်။ ထိုတိကျမှုများအရ ထိုကောင်မလေးကို ပို၍သာ သက်တောင့်သက်သာ ရှိလာစေသည်။ မုရှောင်းနွမ်ကို ကုသပေးနေစဉ်အတောအတွင်း ထိုကောင်မလေး၏ မျက်နှာက နေဝင်ချိန်ကဲ့သို့ပင် နီရဲနေသည်။ ထိုအချိန်တွင် သူမ၏ လှပသော မျက်နှာက အရည်များဖြင့် ပြည့်နှက်နေပုံရပြီး အရည်များပင် စီးကျလာတော့မည်ဟု ခံစားရလောက်သည်။

“အဆင်ပြေရဲ့လား”

မုရှောင်းနွမ်က ထပ်မထိန်းနိုင်တော့ပေ။ အခုလိုကြာရှည်ပြီးနောက် ချွေးများ ပြိုက်ပြိုက် ကျလာသည်။

“မစိုးရိမ်နဲ့ တရုတ်တိုင်းရင်းဆေးပညာကစိတ်ရှည်ရမယ်”

“ဒါပေမဲ့ ဒါပေမဲ့ သုံးကြိမ်လောက်စစ်ပြီးသွားပြီလေ ဆက်..ဆက်ပြီးစစ်ကြည့်မလို့လား”

မုရှောင်းနွမ်ကချန်းရန်ကို သူမ၏ အရည်လဲနေသော မျက်ဝန်းတစ်စုံဖြင့် ကြည့်သည်။ သူမက သိသိသာသာကိုပင် မတရားခံရသလို ခံစားရသည်။

“အာ…အင်း”

ချန်းရန်ကလည်း ချောင်းအသာဟန့်သည်။ ရိုးရိုးသားသားပြောရသော် သူသည်လည်း သုံးကြိမ်ပင် ခံစားပြီးသွားလေပြီ။ သို့မဟုတ် သုံးကြိမ်ကုသပြီးပြီ ဟုပြော၍ ရသည်။ ကိုယ်တိုင်ကိုယ်ကျ စစ်ကြည့်ပြီး ပြဿနာမရှိကြောင်း အတည်ပြုပြီးသားဖြစ်သည်။ ထို့ကြောင့် တွန့်ဆုတ်စွာနှင့် ရုတ်လိုက်သည်။

“အိုး ကောင်းပြီလေ”

ချန်းရန်က နောက်ဆုံးတွင် လက်ကိုပြန်ရုတ်လိုက်သည်။ မုရှောင်းနွမ်ကလည်း အင်အားမရှိတော့သလိုခံစားရ၏။ သို့သော် သူမ၏ ခန္ဓာကိုယ်က ပူလောင်နေသေးသည်။ သူမသည် နောက်ထပ် ရေအေးဖြင့် ချိုးချင်နေလေသည်။

“ယောက်ျား ဘာဖြစ်လို့လဲ”

မုရှောင်းနွမ်က ဒီခြေအနေကို အခွင့်ကောင်းယူခြင်းအားဖြင့် ချန်းရန်ကို မေးသည်။

“အင်း ကောင်းတယ်။ အရမ်းကောင်းတယ်။ ပုံမှန်ပဲ ဘာပြဿနာမှမရှိဘူး။ မစိုးရိမ်နဲ့ အရာအားလုံးကပုံမှန်ပဲ”

“တကယ်လား”

မုရှောင်းနွမ်က မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် ခတ်လိုက်ပြီးနောက် နည်းနည်းပင် မှင်သက်သွားသည်။ သူမသည် အစပိုင်းတွင် ယောက်ျားဖြစ်သူက လေးနက် တည်ကြည်ပြီး သူမကို ပြင်းထန်သည့် အဖျားရှိနေပြီဟုပင် ပြောခဲ့သေးသည်။ ထိုအချိန်က သူက အလွန်အမင်းကို လေးနက်နေခဲ့ခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် သူမက ထိုမျှအထို ပူးပေါင်းပေးခြင်းဖြစ်သည်။ သို့မဟုတ်ပါက အခုလောက်ထိ ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။

သို့သော် မျက်တောင်တစ်ခတ်အချိန်အတွင်းတွင် ဘာမှ မဟုတ်ဟု ပြောလာသည်။

ဒါက ဟာသလား။

“တကယ်ဘာမှမဟုတ်ဘူးလား”

မုရှောင်းနွမ်က မယုံနိုင်သလို ထပ်မေးသည်။

“ဘာလဲ ငါ့ရဲ့ဆေးပညာကိုမယုံတာလား”

ချန်းရန်က ထပ်ပြောသည်။

“တကယ်လို့ မင်း တစ်ကိုယ်လုံးကို စစ်ကြည့်ချင်ရင်လည်း ပြဿနာမရှိဘူးနော်”

“ဟာ ငါ တကယ်တော့ မလိုပါဘူး”

125 03

မုရှောင်းနွမ်၏ လှပသော မျက်နှာကပင် ရဲသွားသည်။ သူမက မေးခွန်းကို ချက်ချင်းရပ်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်သည်။

“ဒါပေမဲ့တစ်မျိုးကြီးပဲ”

“ဘာ..ဘာကတစ်မျိုးကြီးလဲ”

ချန်းရန်က မျက်ခုံးတွန့်ပြီး မေးသည်။

“ဒါ..ဒါလေ”

မုရှောင်းနွမ်က တောင်တန်းအောက်ဘက်သို့ ငုံ့ကြည့်ပြီး သူမက တစ်စုံတစ်ရာကို တွေးပြီးနောက် နည်းနည်း စိတ်လွင့်နေသလို ပြောသည်။

“အဲ့..အဲ့..အဲ့ဒီနေရာက နည်းနည်းတစ်မျိုးကြီးပဲ”

ချန်းရန်က ထိုစကားကြားပြီးရယ်သည်။ အချို့သော ကောင်မလေးများကသာ သူမပြောသော စကားကို ကြားမည်ဆိုလျှင် ရန်စနေသည်ဟု ထင်လောက်သည်။

“အင်း…အမှန်ပဲ”

ချန်းရန်ကလည်း ခေါင်းညိတ်သည်။

“မင်းမှာသင့်တော်တဲ့ အဝတ်မရှိဘူး မဟုတ်လား? နောက်ရက်မှာ အပြင်ထွက်ပြီး အဝတ်ဝယ်ချင်လား”

“အင်း ကောင်းတယ် ကောင်းတယ်”

မုရှောင်းနွမ်က ချက်ချင်းသဘောတူသည်။ သူမက ချန်းရန်ကို ပျော်ရွှင်မှု အပြည့်နှင့် ကြည့်သည်။

“ဟန်နီက ငါနဲ့အတူလိုက်မှာလား”

“ဒါပေါ့”

ချန်းရန်က သမ်းရင်း ပြောလေသည်။

“အနည်းဆုံးတော့ ငါက ဂရုစိုက်စစ်ပြီးသွားပြီဆိုတော့ အရွယ်အစားကိုသိသွားပြီ ကူပြီး စစ်ပေးလို့ရပြီ”

“ဟမ်”

မုရှောင်းနွမ်က နည်းနည်းပင် သံသယဝင်သွားသည်။

ဘာလို့ ဒီယောက်ျားရဲ့ စကားတွေက တမင်တကာ လှည့်ဖြားလိုက်သလိုမျိုး ခံစားနေရသလဲ။ နည်းနည်းလေးကို … ကုသတာနဲ့မတူပါဘူး။

“ဒါဆိုရင် မနက်ဖြန်ဆက်ပြီး ကုသဦးမှာလား”

ထိုကောင်မလေးက ရုတ်တရက်ထမေးသည်။

******

All Chapters