အခန်း ၁၂၆
Vol. 13 Ch. 126
126 01
အပိုင်း (၁၂၆)
“မနက်ဖြန်လား”
ချန်းရန်က ထိုစကားကို ကြားပြီး ချောင်းအသာဟန့်သည်။
“ငါ့အထင်တော့ မနက်ဖြန် လိုအပ်အုံးမယ် ထင်တယ်။ ဒါပေမဲ့ နေရာပြောင်းရမယ်”
“မနက်ဖြန် ခါးနဲ့ဗိုက်”
ချန်းရန်က ပြောသည်။
“ဟမ်”
မုရှောင်းနွမ်၏လှပသော မျက်လုံးက ပြူးသွားသည်။ သူမက နောက်ဆုံးတွင် သတိအပြည့် ကပ်သွားသည်။ ခါးနဲ့ ဗိုက်က ဖြစ်နိုင်လား။
“ယောက်..ယောက်…ယောက်ျား တကယ်ပြောနေတာလား”
“မဟုတ်ရင် ဘာဖြစ်ရမှာလဲ”
ချန်းရန်က ပြောလိုက်သည်။
“မင်းက ငါ့ရဲ့ဆေးပညာကို မယုံတာလား”
“အဲဒီလို မဟုတ်ပါဘူး”
မုရှောင်းနွမ်က လှပသော မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး ချန်းရန်ကို ကြည့်သည်။
“ဒါဆိုရင် ဒီနေ့ ဆက်လုပ်မယ်ဆိုရင်ရော ဘယ်လိုထင်လဲ။ နောက်ရက်ထက် ပိုကောင်းတယ်မလား”
“ဒီနေ့လား”
ချန်းရန်ကပင် ကြောင်ပြီး ပြန်မေးသည်။
“အင်း…အင်း”
မုရှောင်းနွမ်က ခပ်တိုးတိုးဖြေပြီးနောက် ခေါင်းညိတ်သည်။
“ဒါဆိုရင် အမြန်ဆုံး စိတ်အေးသွားနိုင်မှာလေ။ တကယ်တော့ ငါ့မှာ ပြဿနာ မရှိဘူးမလား”
“ကောင်းပြီ ကောင်းပြီ”
ချန်းရန်ကလည်း ထိုကောင်မလေး၏ပြောစကားကို တွေးနေပြီး သူမ၏စကားကိုပင် သေချာအာရုံမစိုက်လိုက်မိပေ။ သူသည် ဒီအတိုင်း နောက်ထပ် ထပ်စစ်ရန် အကြောင်းပြချက်ကို တွေးနေခြင်းသာ ဖြစ်သည်။
“အင်း”
မုရှောင်းနွမ်က နောက်ဆုံးတွင် အသိပြန်ဝင်သွားပြီး နှာခေါင်းရှုံ့သည်။
“ဟန်နီ ဟန်နီ တမင်လုပ်တာပဲ။ ငါ့မှာ ဘာပြဿနာမှ မရှိဘူး ဟုတ်တယ်မလား”
ကောင်မလေး၏ မျက်နှာက မဲမှောင်သွားသည်။
“ဘာ”
ချန်းရန်က ရုတ်တရပ် အသိပြန်ဝင်သွားသည်။ သူသည် ထိုကောင်မလေးကို ကြည့်ပြီးနောက် အကြည့်ကို လွဲသည်။ သူသည်လည်း ထိုကောင်မလေးက ထိုမျှအထိ တုန့်ပြန်မှု မြန်ဆန်မည်ဟု မထင်ထားမိပေ။ မတော်တဆပင် ထောင်ချောက်ကို တက်နင်းမိသွားသည်။
“အဟမ်း ငါ့ကို မစွပ်စွဲနဲ့ ငါက ဘာကိုမှ ရည်ရွယ်တာ မဟုတ်ဘူး။ ဒီအတိုင်း ကုသပေးတာ”
ချန်းရန်က ချောင်းအသာဟမ့်သည်။
126 02
“ဒါပေါ့ မင်းမှာ ပြဿနာ ကြီးကြီးမားမားမရှိဘူးလို့ ငါလည်း ထင်တယ်။ ဒါကြောင့် စိတ်အေးအေးထားလို့တော့ ရတယ်။ ပြောရမယ်ဆိုရင် ငါ ခုနက ပြောဖို့ မေ့သွားတာ တကယ်တော့ မစစ်ကြည့်ရင်တောင် ပြဿနာမရှိဘူး”
“ဟွန့်”
မုရှောင်းနွမ်ကမူ သေချာသွားပြီ ဖြစ်သည်။ သူမ၏ ယောက်ျားက တမင်တကာ လုပ်လိုက်ခြင်းဖြစ်သည်။ အစပိုင်းတွင်မူ လေးနက်တည်ကြည်စွာဖြင့် သူမ၏ အခြေအနေကို ပြောပြသေးသည်။ သူမသည်လည်း သေအောင်ကြောက်သွားပြီး ပူးပေါင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သူ၏ လွန်ကဲလွန်းသော တောင်းဆိုမှုနောက်သို့ လိုက်ခြင်းအားဖြင့် အထူးသဖြင့် ထိုအခြေအနေသို့ ရောက်ရှိသွားသည်။
အဆုံးသတ်တွင် သူက သူမအား အဆင်ပြေကြောင်း ပြောလာသည်။
မုရှောင်းနွမ်၏ စိတ်အခြေအနေက ပေါက်ကွဲသွားလေသည်။ သူမက ရှင်းလင်းစွာပင် ထိုဈေးပေါသော ယောက်ျားအား သူမ၏ တိုဖူးကို ရူးသွပ်စွာ စားသောက်ခွင့် ပြုလိုက်မိသည်။ ရလဒ်အနေဖြင့် စစ်ဆေးပြီးနောက်တွင် အညှီနံ့ကိုပင် တန်းရလိုက်သည်။
“အဟမ်း ဒါက ငါအရင်ပြောပြမယ်နော်”
ချန်းရန်ကလည်း ခပ်မြန်မြန် ထွက်ပြေးရန် ကြံစည်ထားသည်။
“မင်းက တော်တော်လေး ကျန်းမာရေးကောင်းပါတယ်။ ဆိုတော့ အများကြီး မတွေးနေနဲ့။ တစ်နေလုံး လျှောက်သွားထားတာဆိုတော့ ပင်ပန်းနေမှာပဲ စောစောနားလိုက်တော့”
ထိုသို့ပြောပြီးသည်နှင့် ချန်းရန်က လှည့်ပြေးသည်။
“ဟွန့်”
မုရှောင်းနွမ်က အံကြိတ်ရင်း နောက်မှ လှမ်းအော်သည်။
“ယောက်ျား မနက်ဖြန် ငါ့ကို ကူညီပြီး အဝတ်အစား ဝယ်ပေးမှာ သေချာလား”
“နောက်မှ ပြောတာပေါ့”
ချန်းရန်၏ အသံက ပျောက်သွားသည်။ ချန်းရန်က အခန်းထဲမှ ထွက်သွားပြီဖြစ်သည်။
“ယောက်ျားက တမင်တကာ လုပ်တာပဲ ငါ့ကိုတောင် လှည့်စားပြီး ငါ့ကို…ဟီးဟီး”
ချန်းရန်ထွက်သွားပြီးနောက် မုရှောင်းနွမ်က ရှက်ရွံ့စွာ ဖြင့်စာအုပ်ထဲသို့ ခေါင်းထိုးလိုက်သည်။ သူမက အစောပိုင်းက အခြေအနေကို ပြန်တွေးမိသောအခါ တစ်ကိုယ်လုံးပင် ပူလာသည်။
“ဒါပေမဲ့ သူသာ တမင်တကာ မသိချင်ယောင် ဆောင်နေခဲ့ရင် ငါမငြင်းလောက်ဘူးထင်တယ် ဟုတ်လား”
သူမသည်လည်း နောက်ဆုံးတွင် ယောက်ျားဖြစ်သူကို ထုတ်ဖော်ပြီးနောက် ထွက်ပြေးသွားမည်ဟု မထင်ထားမိပေ။
ဒီလောက်ထိ ကြောက်စရာကောင်းလို့လား။
သူသာ အတင်းဆန္ဒရှိတယ်ဆိုရင်လည်း သေချာပေါက် ခွင့်ပြုပေးမယ့်ဟာကို။
အာ နှမြောစရာပဲ။
မုရှောင်းနွမ်ကလည်း ဘာကြောင့်ရယ်မသိ နည်းနည်းနှမြောသွားသည်။
“ဟွန့်”
အခန်းထဲမှ ထွက်ပြီးသည်နှင့် ချန်းရန်က စိတ်အေးစွာ သက်ပြင်းချသည်။ အာ…သူထွက်ပြေးလာတာလား။
ဒါက ချန်းရန်ပုံစံနဲ့မကိုက်သလိုပဲ။
ဒီနေ့က ထူးဆန်းလိုက်တာ သူဘာလို့ အပြစ်မကင်းသလို ခံစားနေရတာလဲ။
ချန်းရန်က မျက်မှောင်ကြုတ်သည်။ သူမုရှောင်းနွမ်ကို လှည့်ဖြားခဲ့လို့လား။
သူဘာလို့ ရုတ်တရပ် ပုံမှန်ထက်တောင် သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ခက်နေတယ်လို့ ခံစားမိနေတာလဲ။ ဒီနွေဦးစမ်းရေက သူ့ကို ပုံမှန်ထက်ပိုပြီးစိတ်ဆန္ဒ ပြင်းပြစေတာလား။
အင်း ငါ စစ်ကြည့်တာကောင်းမယ်။
126 03
ချန်းရန်ကလည်း သူ့ကိုယ်သူ နည်းနည်း အပ်စိုက်ပြီး ကုသကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည်လည်း သူ၏ စိတ်ဆန္ဒက သူ့ကို ထိန်းချုပ်သွားခွင့် မပြုနိုင်ပါပေ။
သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် အပ်စိုက်ပြီး တည်ငြိမ်အောင် လုပ်ပြီးနောက်တွင်ပင် အိပ်မက်မက်သေးသည်။ အိပ်မက်ကလည်း သူသည်ပင် နွေဦးစမ်းရေစိမ်ခြင်းက ဘေးထွက်ဆိုးကျိုးရှိကြောင်း သိလိုက်သည်။
ကြည့်ရတာ ငါနောက်ပိုင်း ရေစိမ်တဲ့အခါ သတိထားရမယ်။
ချန်းရန်က အိပ်ယာထပြီးနောက် အခြေအနေကို ကြည့်ပြီးဆွံ့အသွားသည်။ သို့ရာတွင် တစ်ညတာပြီးနောက် သူသည်လည်း ထုတ်လွှတ်လိုက်နိုင်သောကြောင့် ပုံမှန်အခြေအနေ ပြန်ဖြစ်သွားလေသည်။
ကြည့်ရတာ အရွက်တွေ အသီးတွေကို သွားကြည့်ရမယ့်အချိန်ပဲ။
ချန်းရန်က မနက်စောစောထပြီး အပင်များကို သွားကြည့်ရန် ပြင်ဆင်လိုက်သည်။
ဘဝရေတံခွန်က ရေကို လောင်းပြီးသွားရင် ဘယ်လိုပုံစံ ပေါက်သွားလောက်မလဲ။
“အပြောင်းအလဲ ကြီးကြီးမားမားတော့ မရှိလောက်ဘူးထင်တယ်”
ချန်းရန်က အနီးကပ် လျှောက်သွားကြည့်ပြီး ဂရုတစိုက် ကြည့်ကြည့်သည်။ ပုံမှန်ရက်များနှင့် နှိုင်းယှဉ်ကြည့်သော် အရွက်များက ပို၍ တောက်ပသည်။ ထို့အပြင် အသေးစိတ်ကျသော အပြောင်းအလဲများလည်း ရှိနေသည်။ အချို့သော အပင်များက ထူးဆန်းသော မွှေးရနံ့ကို ထုတ်လွှတ်နေကာ အလွန်အမင်း ဆွဲဆောင်မှု ရှိသည်။ အချို့သော အပင်များဆိုလျှင် အသီးများကပင် ပိုကြီးလာပြီး ပြွတ်ခဲနေသည်။
စိတ်ဝင်စားစရာပဲ။
ချန်းရန်ကလည်း အမှန်တကယ် အပြောင်းအလဲရှိကြောင်း သိလိုက်သည်။ သို့သော် အပြည့်မဝမပြောင်းလဲသေးချေ။ ရက်အနည်းငယ်ခန့် စောင့်ကြည့်ရလောက်သည်။
“ယောက်ျား ဒီနေ့အစောကြီးထတာပဲ”
ချန်းရန်က ထို super farm မှ ပြန်လာချိန်တွင် ပုံမှန်အားဖြင့် နောက်ကျမှ ထတတ်သော မုရှောင်းနွမ်နှင့် တိုးသည်။
“မင်း”
ချန်းရန်ကပင် တစ်ချက် ကြည့်ပြီးနောက် ရုတ်တရပ် မျက်ဝန်းက တောက်ပသွားသည်။ မနေ့ကနှင့် နှိုင်းယှဉ်ကြည့်သော် ဒီကောင်မလေး၏ အသားအရောင်က သိသိသာသာကို တိုးတက်လာသည်။ အရည်ပြားက ပို၍နုနယ်ကာ ဖျော့တော့နေသည်။ ဖော်ပြရန်ခက်ခဲသော အရှိန်အဝါမျိုးနှင့် ဖြစ်သည်။
“ဘာလဲ မမှတ်မိတော့ဘူးလား”
မုရှောင်းနွမ်က လျှာထုတ်ပြောင်ပြသည်။ သူမက ချစ်စရာကောင်းသော မျက်နှာလေးကို လုပ်ပြသည်။
“ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာလို့ ဒီနေ့ အစောကြီးထတာလဲ”
ချန်းရန်က ရယ်မောရင်းပြန်ဖြေလိုက်သည်။
“နင်ပဲ ဒီနေ့ ငါနဲ့အဝတ်လိုက်ဝယ်ပေးမယ်လို့ ကတိပေးထားတာလေ”
မုရှောင်းနွမ်က ခါးထောက်ပြီး ချန်းရန်၏ အနားသို့ ကပ်လာကာ ဆိုးသွမ်းသော ပုံစံမျိုးဖြင့် စသည်။
“ဖြစ်နိုင်တာက ယောက်ျားက မနေ့ညက ကတိကို မေ့သွားတာလား”
“မင်း တကယ်ပြောနေတာလား”
ချန်းရန်ကပင် ခါးသီးစွာ ပြုံးသည်။ ထိုကောင်မလေးက အတည်ပြောနေသည်။ သို့သော် ပြန်တွေးကြည့်သောအခါတွင်လည်း super farm၏ အပြောင်းအလဲက ရက်အနည်းငယ်ကြာအုံးမည် ဖြစ်သည်။ ထို့အပြင် လမ်းကလည်း ပြင်ဆင်နေဆဲဖြစ်သည်။ ဒီရက်အနည်းငယ်အတွင်း လုပ်စရာလည်း မရှိသေးပေ။ ဆိုတော့ ဘာလို့ အဖော်မပြုရမှာလဲ။
“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ သက်သာဘဝစနစ်က စတင်ပါပြီ”
126 04
“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ သက်သာဘဝ တာဝန်အသစ်ဖြစ်တဲ့ : မကြာ ခဏဆိုသလို အပြင်ထွက်ပြီး အပန်းဖြေရမယ်။ လောကရဲ့ ကြီးပွားမှုတွေကို တွေ့ကြုံခံစားပြီး ဘဝကို မွေ့လျော်လိုက်ပါ။ ဘာအနှောက်အယှက်မှ မရှိဘဲ ဈေးဝယ်ပါ။ ဇနီးဖြစ်သူကို အဖော်ပြပေးပါ… ဆိုတဲ့ တာဝန်ကို ရရှိပါတယ်”
မမျှော်လင့်ထားစွာပင် စနစ်ကလည်း တာဝန်အသစ်ကို ထုတ်ပေးလာသည်။
“ဘုရားရေ သူ့ဗိုက်ထဲက မြေပိုးကောင်များလား။ ဘယ်လိုဖြစ်ပြီး သူ အပြင်ထွက်ချင်တာနဲ့ပဲ ဒီလို တာဝန်ကို ပေးတာလဲ”
“ကောင်းပြီ ကောင်းပြီ နည်းနည်း ပြင်ဆင်ပြီး ထွက်ရအောင်”
ချန်းရန်က လက်ကို တစ်ချက် ယမ်းပြီး ပြောသည်။
မုရှောင်းနွမ်က ချန်းရန်၏ပြောစကားကို ကြားပြီး မျက်လုံးက ရုတ်တရပ် တောက်ပသွားသည်။ ရုတ်တရပ် ချန်းရန်က၏ ပါးကို ကိုင်ကာ မွကနဲ နမ်းသည်။
******