← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

127 01

အပိုင်း (၁၂၇)

ချန်းရန်နှင့် မုရှောင်းနွမ်တို့က ကားမစီးရသည်မှာ ကြာပြီ ဖြစ်သည်။ အပြင်ထွက်ရခြင်းက ဒုတိယအနေအထားတွင်ရှိပြီး အဓိကအချက်ကမူ မုရှောင်းနွမ်ကို အဖော်ပြုကာ ဈေးဝယ်ထွက်ပေးခြင်းဖြစ်သည်။ မုရှောင်းနွမ်က အဝတ်အစားအသစ်များကို ဝယ်ချင်သောကြောင့် ဖြစ်သည်။ အစောပိုင်းအဝတ်များက မတော်တော့ပေ။ ပြောရမည်ဆိုလျှင် မုရှောင်းနွမ်က ဒီနေ့ ချန်းရန်၏ ရှပ်အင်္ကျီကို ဝတ်ဆင်ထားရသည်။ ထိုအရာက နည်းနည်းပိုကြီးသောကြောင့် ပို၍ပင် သက်တောင့်သက်သာရှိသည်။ ထို့အပြင် သူမကလည်း မန်ထုံကို တိရစ္ဆာန်ဆေးခန်းသို့ ခေါ်သွားပြီး သင်းပေးရပေမည်။

ဒါဟာ တိရစ္ဆာန်အတွက်လည်း ကောင်းသည်။ ကျန်းမာရေးလည်း ကောင်းလောက်သည်။

“သွားရအောင်”

ချန်းရန်နှင့် မုရှောင်းနွမ်တို့က ပြင်ဆင်ပြီးနောက် ထွက်လာသည်။

“ယောက်ျား”

အပြင်သို့ရောက်သည်နှင့် မုရှောင်းနွမ်က လက်လေးကို ဆန့်ထုတ်ပေးလိုက်သည်။ ထိုကောင်မလေးက အမှန်တကယ် စိတ်ဝင်စားစရာကောင်းသည်။ ချန်းရန်အား လက်ကို အတင်း ကိုင်ခိုင်းနေသည်။

ထိုကောင်မလေး၏ လက်က အလွန်နူးညံ့ကာ အိစက်နေသည်။ ချန်းရန်နှင့် သူမတို့၏ လက်ငါးချောင်းက အချင်းချင်း ယှက်ထွေးသွားကြသည်။ နှစ်ယောက်က ပို၍ပင် ရင်းနှီးသွားသလိုမျိုး ဖြစ်သည်။

ဝုတ်

မန်ထုံကလည်း အနောက်မှ လိုက်လာသည်။ သူသည်လည်း အထီးကျန်ခွေးအဖြစ် လှုံ့ဆော်ခံရပုံပေါ်သည်။ သို့သော် သူ၏ ကြုံတွေ့ရမည့် ကံကြမ္မာကို မသိသေးပေ။

“ယောက်ျား ငါတို့ ဘယ်အချိန်က လမ်းဖောက်လိုက်တာလဲ”

ထောင်ယွမ်ရွာမှ မြို့သို့သွားသည့် လမ်းပေါ်တွင် လျှောက်နေရင်းမှ မုရှောင်းနွမ်က အတော်လေးကို အံ့အားသင့်နေသည်။ သူမသည်လည်း ထိုနေရာတွင် အလုံးအရင်းဖြင့် တည်ဆောက်နေသော လမ်းကို မြင်ရသည်။

“ဟယ်လို သူဌေးချန်း”

“သူဌေးချန်း စိတ်အေးအေးထားနော်။ ငါတို့ ဒီအလုပ်ကို အမြန်ဆုံးပြီးအောင်လုပ်မယ်”

“သူဌေးချန်း ဒါကို ကျေနပ်ရဲ့လား”

လမ်းတစ်လျှောက်တွင် ဆောက်လုပ်ရေးအသင်းမှ တွေ့သမျှ လူတိုင်းက ချန်းရန်ကို နှုတ်ဆက်သည်။ ချန်းရန်ကလည်း အသာပြုံးပြီးအားလုံးကို လက်ယမ်းပြသည်။ ဒါဟာ ကမ္ဘာ့ထိပ်တန်းအဆင့် ဆောက်လုပ်ရေးအသင်းဖြစ်ပြီး စနစ်က ဖိတ်ကြားပေးထားခြင်းဖြစ်သည်။ ပရောဂျက်၏ တိုးတက်မှုကို ကြည့်ရုံနှင်တင် နှစ်ရက်သုံးရက်နှင့်တင် ပြီးမြောက်မည် ဖြစ်ကြောင်း သိနိုင်သည်။

“ဘယ်လိုလဲ အံ့ဩသွားလား”

ချန်းရန်က မုရှောင်းနွမ်ကို ကြည့်ပြီး ပြုံးကာပြောသည်။

“ဒါတင် မကသေးဘူး။ ထောင်ယွမ်တောင်ပေါ် တက်တဲ့လမ်းကိုပါ ဖောက်အုံးမှာ အဲဒီလိုနဲ့ ရေပူးစမ်းဆီ တိုက်ရိုက်သွားနိုင်မယ်”

“ဒီလိုဆိုရင် ရေပူစမ်းကို အချိန်တိုင်းလိုလို သွားနိုင်ပြီလေ”

127 02

“အိုး မြန်လိုက်တာ ယောက်ျား ယောက်ျားက တော်လိုက်တာ”

တောက်ပသော မျက်ဝန်းက အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ သူမသည်လည်း ယောက်ျားဖြစ်သူက မနေ့က ကတိပေးပြီသည်နှင့် ချက်ချင်းအံ့ဩအောင် လုပ်မည်ဟု မထင်ထားမိပေ။

ထိုအခြေအနေက အံ့အားသင့်စရာကောင်းလွန်းသည်။ ထိုဆောက်လုပ်ရေးအသင်းက အမှန်တကယ် တော်ပုံရသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့်တင် အရည်သွေးနှင့် ဆောက်လုပ်မှု တိုးတက်အားကိုပင် သိနိုင်သည်။ ပို၍အရေးကြီးသည်မှာ မုရှောင်းနွမ်က ပို၍ စောင့်စားမိနေခြင်းဖြစ်သည်။ ထိုလမ်းကို ဖောက်ပြီးသည်နှင့် သူမသည် တောင်ပေါ်သို့ ကားမောင်းကာ တိုက်ရိုက်တက်နိုင်ပြီး အချိန်မရွေး ရေစိမ်နိုင်မည် ဖြစ်သည်။

“အို စကားမစပ် ငါမင်းကို ပြောဖို့ မေ့နေတာ။ ယာယီရေပူစမ်းစင်တာက အဲဒီမှာ တည်ဆောက်နေပြီ။ အိပ်ဖို့နေရာကလည်း ရနေပြီဆိုတော့ အနာဂတ်မှာ အဲဒီမှာ အနားယူလို့ ရပြီ”

ချန်းရန်က မုရှောင်းနွမ်ကို ထိုအကြောင်းအရာကို ပြောပြထားလိုက်သည်။ မုရှောင်းနွမ်ကမူ ထိုအကြောင်းအရာကို အခြားအထူးတလည် မခံစားရပေ။ ရေပူစမ်းစင်တာကလည်း ရေချိုးရန် အပိုနေရာတစ်ခုနှင့် မထူးခြားနားပါပေ။ ရေပူစမ်းထဲတွင် ရေစိမ်ပြီးနောက် ရေချိုးနိုင်သည်။ ဒီထက်မပိုပါပေ။ သို့ရာတွင် ချန်းရန်က ရေပူစမ်းစင်တာကို ဒီဇိုင်းဆွဲထားချိန်တွင် ကျော့ရှင်းကြည့်ကောင်းလွန်းသော ဝန်းကျင်နှင့် သဟဇာတဖြစ်သော ပုံစံကိုပါ ထည့်သွင်းခြင်းအားဖြင့် ကောင်းကင်နှင့် မြေပြင်ကို ချိတ်ဆက်ထားသေ ပုံစံမျိုး ဖန်တီးထားကြောင်း မသိသေးပေ။ ခမ်းနားထည်ဝါသော စံအိမ်ကြီးနှင့် မယှဉ်နိုင်သည့်တိုင်အောင် အတော်လေးကို အနုပညာ လက်ရာမြောက်လေသည်။

“ယောက်ျား ငါ ဒီလောက်ထိ ယောက်ျားကို အလုပ်မကြိုးစားစေချင်ဘူး။ ရေပူစမ်းစင်တာကို တည်ဆောက်ဖို့အတွက် အရမ်းဒုက္ခများမှာ မလား”

မုရှောင်းနွမ်က ရင်နာသလို ပြောသည်။

“မများပါဘူး”

ချန်းရန်က ပြုံးသည်။

“ဒီအတိုင်း ပုံကြမ်းလေးဆွဲရုံပဲ ဘာမှ မထူးခြားဘူး။ ယာယီအနားယူဖို့နေရာပေါ့”

“ဒါဆိုရင် ကောင်းပြီလေ”

မုရှောင်းနွမ်က ဂရုမစိုက်တော့ပေ။ သိပ်မကြာခင်မှာတင် သူတို့က မြို့သို့ ရောက်သွားသည်။

သူတို့ စတင်ရောက်လာချိန်လွန်ခဲ့သော လအနည်းငယ်ခန့်က ချန်းရန် မောင်းလာခဲ့သည့် မာစီးဒီးက ထိုနေရာရှိ ကားပါကင်တွင် ရပ်လျှက်သားဖြစ်သည်။

ဘုန်း..

သူတို့နှစ်ယောက်က ကားထဲမှ ထွက်လိုက်သည်နှင့် ချန်းရန်က တစ်ခါတည်း အရှိန်နှုန်းမြင့်လိုက်သည်။ သူသည် ကားမမောင်းရသည်မှာပင် ကြာပြီ ဖြစ်သည်။ သို့သော် ရင်းနှီး ကျွမ်းဝင်သော ခံစားချက်က သူ့အား နဂိုရှိနှင့်သည့် ခံစားချက်များကို ရစေသည်။

“ဘယ်ကို အရင်သွားမှာလဲ”

ချန်းရန်က မေးသည်။

“အင်း အရင်ဦးဆုံး တိရစ္ဆာန်ဆေးခန်းကို သွားကြမလား။ ငါတို့ ဈေးဝယ်နေရင်း မန်ထုံကို ခေါ်သွားရင် အဆင်မပြေဘူးလေ။ သူ့ကို အဲ့ဒီမှာ အရင်ထားခဲ့မယ်”

“ကောင်းပြီလေ”

ချန်းရန်ကလည်း ချက်ချင်း သဘောတူသည်။ သို့သော် မန်ထုံကမူ နားမလည်နိုင်အောင် ဖြစ်နေသည်။

127 03

တိရစ္ဆာန်ဆေးခန်းကို သွားမယ် ဘာဖြစ်လို့လဲ။

သူသည် သူ့ကို စောင့်ကြိုနေသည့်အရာကို မသိသေးပေ။

ဘုန်း….

ချန်းရန်က စတင်ကာ မောင်းထွက်လိုက်ပြီး မြို့ပေါ်သို့ တိုက်ရိုက်သွားသည်။ ရိုးရိုးသားသားပြောရသော် ချန်းရန်၏ကားမောင်းစွမ်းရည်က အဆင်ပြေသည်။ အတော်ဆုံး မဟုတ်သော်လည်း မာစီးဒီးကဲ့သို့ ကားကို မောင်းရချိန်ကမူ အတော်လေးကို လန်းသေးသည်။ လမ်းပေါ်မှ ငယ်ရွယ်သော ကောင်မလေးများကလည်း တအံ့တဩကြည့်ကြသည်။

“ကောကောကြည့်အုံး မာစီးဒီး မာစီးဒီး အရမ်းလှတာပဲ”

ထိုအချိန်တွင် ထိုကားနံဘေးမှ အနီရောင်ကားတစ်စီးက ဖြတ်သွားသည်။ ကောင်မလေးက တအံ့တဩအော်သည်။

“ဟီးဟီး ဒီအတိုင်း မာစီးဒီးပါပဲ ဘာလို့ ဒီလောက်ထိ ထောင်လွှားတာလဲ”

ကားမောင်းသော သူကလည်း ဘေ့စ်ဘောဦးထုတ်ကို ဆောင်းထားသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူ၏ မျက်နှာတွင် ထောင်လွှားမှုလည်း ရှိသည်။ သူက လှောင်သည်။

“မင်းရဲ့ မျက်လုံးထဲမှာတော့ အဆင့်အတန်းမြင့်လိမ့်မယ်။ ဒါပေမဲ့ ငါ့ရဲ့ မျက်လုံးထဲမှာတော့ ဒါက ပုံမှန်ပဲ။ ငါ့ရဲ့ အဆင့်မြင့်ထားတဲ့ ပြိုင်ကားနဲ့ မယှဉ်နိုင်ဘူး”

ပြိုင်ကားနှင့် အဆင့်အတန်းမြင့်ကားအကြားတွင် ကွာခြားချက်က ရှိသေးသည်။ ဈေးကို နှိုင်းယှဉ်ကြည့်ရုံတင် မဟုတ်သေးချေ။ ယေဘုယျကျကျပြောရသော် အဆင့်မြင့်ထားသော ပြိုင်ကားက ပို၍ပင်ပြင်းထန်ကြမ်းတမ်းသည်။ မြင်းကောင်းရေအားချင်းယှဉ်သော် ထိုပြိုင်ကားက ပိုကောင်းပေလိမ့်မည်။ ထို့ကြောင့် ထိုလူငယ်မောင်းသော ကားက ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

“ဟွန့် ကော ကြွားနေ ငါတို့ အခြားဘာမှ မပြောရင်တောင်မှ နင် ကားမောင်းတာ တအားနှေးတာပဲ။ ဟိုက ကျော်သွားပြီ”

ဘေးနားတွင်ထိုင်နေသော ကောင်မလေးက နှာခေါင်းရှုံ့သည်။ သူမသည်လည်း ခန့်ညားသော ပြိုင်ကားကို မောင်းသော အစ်ကိုဖြစ်သူကို မျက်နှာသာမပေးပေ။

“ဟားဟား ချောင်ကျင်းကျင်း မင်းက ငါ့ရဲ့ အင်အားကို မေးခွန်းထုတ်တာပဲ”

ချောင်းကျန်း၏ နှုတ်ခမ်းက ကော့တက်သွားသည်။

“မင်းအစ်ကိုက လှုပ်ရှားလိုက်တာနဲ့ အင်အားတွေ ပေါ်လာမှာကို ကြောက်တာ။ အခု စတား ပြိုင်ကားမောင်းနှင်သူရဲ့ အင်အားကို ပြပေးမယ်”

ယခုအခါ သူ၏ အင်အားကို ပြသရမည့်အချိန်ဖြစ်သည်။ သူသည်လည်း ဓာတ်ပုံရိုက်ခံရပြီး သူ၏ တည်နေရာပေါ်သွားမည်ကိုသာ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလို ကြောက်လန့်စွာ မောင်းနှင်နေခဲ့ခြင်းဖြစ်သည်။ ယခုလို ညီမဖြစ်သူက မေးလာသောအခါတွင် သူသည်လည်း ထိုညီမဖြစ်သူအား သူ၏ အင်အားကို ပြသရတော့ပေမည်။

“တင်းတင်းသာ ကိုင်ထား”

ချောင်းကျန်း၏ မျက်လုံးကပင် တက်ကြွသွားသည်။ ပညာရှင်အဆင့် ပြိုင်ကား မောင်းသမားတစ်ယောက်၏ လွှမ်းမိုးနိုင်စွမ်းအားပြင်းထန်သော အရှိန်အဝါက ရုတ်တရပ် ထွက်ပေါ်လာသည်။ သူသည် ဂီယာပေါ်သို့ ကျွမ်းကျင်စွာ တက်နင်းကာ အရှိန်ကို မြင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကားက ကြမ်းတမ်းသော သားရဲကောင်တစ်ကောင်ကဲ့သို့ ပြောင်းလဲကာ ရူးသွပ်စွာ အော်ဟစ်ရင်း ထွက်ပြေးသည်။

ဝေါင်း

127 04

အိပ်ဇောပိုက်မှ အသံက သားရဲကြီး ဟိန်းဟောက်နေသည့် အသံနှင့်ပင် တူကာ ဩရှပြီး ပြင်းထန် ကြမ်းတမ်းနေ‌သေးသည်။ အင်အားအပြည့် အရှိန်မြင့်လိုက်ခြင်းက ထိုမာစီးဒီးကို ချက်ချင်း လိုက်မှီသွားစေသည်။ ထိုအခိုက်အတန့်တွင် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ကျော်ဖြတ်ပစ်လိုက်သည်။

ဘေးခုံတွင် ထိုင်နေသော မုရှောင်းနွမ်ကပင် ကြောင်သွားသည်။ ထိုပြိုင်ကားက ထွက်သွားသည်အား ကားပြတင်းပေါက်မှ တဆင့် ကြည့်လိုက်ပြီးနောက် ရုတ်တရပ် မှင်သက်သွားရသည်။ ပို၍အရေးကြီးသည်မှာ ထိုကားက ဖြတ်သွားသောအခါ ဟွန်းအကျယ်ကြီး တီးသွားသေးသည်က ကြမ်းတမ်းကာ အကျည်းတန်သော အသံမျိုးဖြစ်သည်။

“ဟင်”

မုရှောင်းနွမ်ကလည်း ရုတ်တရပ် မှင်သက်သွားသည်။ နှလုံးခုန်နှုန်းကပင် မြန်ဆန်သွားသည်။ သူမသည်လည်း ထိုရန်စမှုကို ရုတ်တရပ် နားမလည်နိုင်ပေ။

“ဒီလူက ရူးနေတာပဲ။ တမင်တကာ ကျော်သွားပြီး ကားဟွန်းကို တီးသွားသေးတယ်။ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ”

မုရှောင်းနွမ်က ပြောသည်။

“တင် ပိုင်ရှင်ကိုလည်း သက်သာဘဝ တာဝန်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် တင်”

“တင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ သက်သာဘဝတာဝန်ပြီးမြောက်သွားတဲ့အတွက် ဆုလာဘ်အနေနဲ့ : စူပါ drift skill x1 ကို ပေးလိုက်ပါတယ်”

ချန်းရန်က မုရှောင်းနွမ်ကို နှစ်သိမ့်တော့မည့်အချိန်တွင်ပင် စနစ်၏ ဆုလာဘ်က အချိန်ကိုက်ရောက်ရှိလာသည်။

******

All Chapters