← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

128 01

အပိုင်း (၁၂၈)

“drift skill လား”

ချန်းရန်၏ ကိုယ်ကပင် အံ့အားသင့်မှုဖြင့် တုန်သွားသည်။ သူသည်ပင် ထိုပညာရပ်က သူ၏ကြွက်သားမှတ်ဉာဏ်ထဲသို့ပင် ရောက်ရှိလာကာ စိတ်အတွင်းသို့ ပြောင်းရွေ့လာကြောင်း သိလိုက်သည်။ ထိုအချိန်တွင် သူဟာ ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သာ drifting နည်းပညာအားလုံးကို ကျွမ်းကျင်သွားသည်။ အတွေ့အကြုံလည်း အများကြီး ရှိလာသည်။

“ဒီဆုက တစ်ခုခုတော့ တစ်ခုခုပဲ”

ချန်းရန်ကပင် တက်တက်ကြွကြွ ဖြစ်သွားသည်။ သူသည်လည်း ပညာရှင်အဆင့် ပြိုင်ကားမောင်းသူကပင် သူ့ကို မယှဉ်နိုင်လောက်ဟု ထင်လိုက်သည်။

“မိန်းမ နောက်ပြန်တွန်းတဲ့ အဓိပ္ပာယ်ကို နားလည်းလား”

ချန်းရန်က ရုတ်တရပ် မေးလိုက်သည်။

“ဟင်... နောက်ကိုတွန်းတယ်”

မုရှောင်းနွမ်ကပင် နားမလည်နိုင်အောင် ဖြစ်သွားသည်။ ထို့နောက် တစ်ခဏတွင် ရှက်သွားပြန်သည်။

“နောက်ကိုတွန်းတယ်... ယောက်ျား မနောက်ပါနဲ့ ဟုတ်ပြီလား...”

မုရှောင်းနွမ်က ချန်းရန်ကို သဘောမကျသလို မျက်လုံးလှန်ပြသည်။

“အခုက ကားမောင်းနေတာလေ... အန္တရာယ်များတယ်...”

“ကားမောင်းနေတာ... ဘာဖြစ်လို့လဲ”

ချန်းရန်က မကျေနပ်ဖြစ်သလို ပြောလိုက်သည်။

“မင်း လိုချင်လား မလိုချင်ဘူးလား ဆိုတာကိုပဲပြော...”

“ငါ”

မုရှောင်းနွမ်က ချန်းရန်၏ ပြောစကားကို ကြားပြီး လှပသော မျက်နှာက ပို၍ နီသွားသည်။ အဖြူရောင် လည်ပင်းကလည်း တောက်လျှောက် နီသွားသည်မှာ နေရောင်ခြည် အလင်းနှင်ပင် တူသည်။

“နင် ကားမောင်းနေတာလို့”

မုရှောင်းနွမ်က ခပ်တိုးတိုးပြောပြီး ပို၍ပင်ရှက်သွားသည်။ အာ သူမ ယောက်ျားက တစ်ခုခုပဲ... ဒီလို အခြေအနေမျိုးမှာ ပေါ်တင် ဝန်ခံရလား... နောက်ပြီး အရမ်းကို တိုက်ရိုက်ကျတာပဲ။

“ဒါဆိုရင်လည်း”

မုရှောင်းနွမ်က အံကိုကြိတ်ပြီး ထပ်ခါတလဲလဲ တုန့်ဆိုင်းနေသည်။ နောက်ဆုံးတွင် ချန်းရန်၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေ သူမသည်လည်း ခင်ပွန်းဖြစ်သူ၏ စကားများကို မတွန်းလှန်ဖူးပေ။

မုရှောင်းနွမ်က ခန္ဓာကိုယ်ကို တဖြည်းဖြည်းလှည့်ကာ ဘေးဘက်သို့ ကိုင်းလိုက်သည်။ ပြီးပြည့်စုံသော ကောက်ကြောင်းက ချန်းရန်ကို မျက်နှာမူလာသည်။ သူမက သူမ၏ လက်ဖြင့် ကုလားထိုင်ထိပ်ကို ဖိကာ မှီလိုက်ပြီး ခေါင်းက လက်ပေါ်သို့ တင်သည်။ အသံကလည်း ချင်အသံလား တိုးသည်။

“အတင်းပဲ”

“မင်း ဘာလုပ်တာလဲ...”

ချန်းရန်က မုရှောင်းနွမ်ကို ကြည့်လိုက်ပြီးပြီး လန့်သွားသည်။

ဒီကောင်မလေး ဘာလုပ်တာလဲ... ဘာလို့ ကို့ရို့ကားယား ပုံစံမျိုး လုပ်နေတာလဲ။

128 02

တစ်ခုခု မျှော်လင့်နေတာများလား။

“နင်ပဲ နောက်ကိုတွန်းတဲ့ အတွေ့အကြုံကို လိုချင်လားဆို”

မုရှောင်းနွမ်က ခက်ခက်ခဲခဲ ခေါင်းပြန်လှည့်လာသည်။ သူမရဲ့ နားကလည်း ရဲနေ၏။ ယောက်ျားက အရမ်းဆိုးတာပဲ။ ဘာလို့ ကားမောင်းနေရင်းနဲ့ နောက်ပြန်တွန်းတယ်ဆိုတဲ့ အကြောင်းမျိုးကို ပြောရတာလဲ။ မသိရင် သူများ လိုချင်တဲ့ ပုံစံနဲ့။ သိသိသာသာကိုပဲ သူက အရင်ပြောတဲ့ဟာကို ထုတ်ပြောရတာ ရှက်လိုက်တာ။

“ဆိုတော့ မင်းက ဒီလိုမျိုးနဲ့…”

ချန်းရန်၏ မျက်လုံးက လှုပ်သွားသည်။ တော်လိုက်တဲ့ မုရှောင်းနွမ်... မုရှောင်းနွမ်ဆိုတဲ့ အတိုင်းပဲ။ သူ့ရဲ့ ချစ်စရာဇနီးလေးဆိုတဲ့အတိုင်းပဲ။

အတွေးတွေက အမြဲတမ်းထူးဆန်းတယ်။

ဒီလို ပုံစံမျိုးနဲ့ နောက်ပြန်တွန်းတဲ့ အတွေ့အကြုံကို လိုချင်တာတဲ့။

အရက်မူးသမားရဲ့ ရည်ရွယ်ချက်က အရက်မသောက်ရန် ဖြစ်သည်။ သူသည်လည်း ထိုကောင်မလေးက ဘာမှမဝတ်ဘဲ အိပ်ရသည်ကို သဘောကျခြင်းအပြင် ထိုသို့ အတွန်းခံရသည်ကိုပင် သဘောကျမည်ဟု မထင်ထားမိပေ။

“ယောက်ျား လာမှာလား”

ချန်းရန်က မလှုပ်ရှားသေးကြောင်း မြင်သဖြင့် မုရှောင်းနွမ်က စိုးရိမ်စိတ်များသွားသည်။

ဘာဖြစ်တာလဲ။

“ကောင်းပြီ ကောင်းပြီ အသင့်ပြင်”

ချန်းရန်၏ မျက်လုံးက ရုတ်တရက် တည်ကြည်သွားသည်။ ထို့နောက် သူသည် ရုတ်တရပ် ဂီယာကို ရွှေ့ကာ စမောင်းသည်။

ဗုန်း

ချက်ချင်းဆိုသလိုပင် မာစီးဒီးရဲ့စက်က လျင်မြန်စွာ စူးရှစွာ အော်ဟစ်ပြန်သည်။ အင်အားကြီးမားသော အားကလည်း ထိုကားတစ်စီးလုံးအား ချက်ချင်း ခုန်ကာ အင်အားထုတ်သုံးလိုက်သည့် ကျားသစ်တစ်ကောင်ကဲ့သိုပင် ခုန်ထွက်သွားစေသည်။ မြင့်မားလှသော အရှိန်နှုန်းက ကြောက်စရာပင်ကောင်းသည်။ ထိုအခိုက်အတန့်တွင်ပင် ဝူးကနဲ မောင်းထွက်သွားသည်။

မြင့်မားသော အရှိန်နှုန်းက အမှန်ပင် နောက်ပြန်တွန်းသည့် ခံစားချက်မျိုးကို ရလိုက်သည်။

အိုး...

ထိုအချိန်တွင် မုရှောင်းနွမ်အတွက်ကမူ နောက်ပြန်တွန်းခြင်း မဟုတ်တော့ဘဲ ရင်ဘတ်ကို တွန်းသကဲ့သို့ ဖြစ်သွားသည်။ ပြင်းထန်သော ညှစ်ထုတ်အားက သူမ၏ ရင်ဘတ်ကိုပင် ပုံသဏ္ဍာန်ပျက်သွားစေသည်။ သူမက ကောင်းကောင်းပင် အသက်မရှူနိုင်တော့ဘဲ ငြီးငြူလိုက်ရသည်။

“ယောက်….ယောက်…ယောက်ျား အရှိန်လျှော့ဦး...”

မုရှောင်းနွမ်က ဆက်ပြီး မတောင့်ခံနိုင်တော့ပေ။ သူမက အံကိုကြိတ်ပြီး အသက်ရှူပင် အောင့်ထားရသည်။

အရှေ့မှ

“အိုး... ကောကော... နင်က တကယ် တော်သားပဲ။ သူ့ကိုတောင် ချက်ချင်း ကျော်လိုက်တယ်...”

ချောင်ကျင်းကျင်းက အစ်ကိုဖြစ်သူကို စိတ်လှုပ်ရှားစွာ ကြည့်သည်။ အရှိန်မြှင့်လိုက်သည်နှင့် မျက်စိကြိမ်းမတက် တောက်ပသော ထိုမာစီးဒီးကပင် အနောက်တွင် ကျန်ရစ်ခဲ့သည်။

သေချာစွာပင် မြင့်တက်နေသော ကြယ်ပွင့်ဟု ခေါ်ထိုက်ပေသည်။

အစ်ကိုဖြစ်သူက ဘုရင်ဖြစ်ရန် ကံကြမ္မာပါလာပြီးသား ဖြစ်သည်။

128 03

“ဒါက ဘာလဲ”

ချောင်ကျန်းက သူမကို အသာအယာကြည့်သည်။

“ပညာရှင်အဆင့် ပြိုင်ကားမောင်းနှင်သူတွေရဲ့ မျက်လုံးထဲမှာ ဒါဟာ ဘာမှမဟုတ်သေးဘူး။ ဒါက ငါတို့ရဲ့ အစစ်အမှန် အင်အားကို ဖော်ပြထားတာပဲ။ အာ..ဒါပေမဲ့ ဘာမှမဟုတ်တဲ့သူကို အနိုင်ကျင့်ရတာကတော့ အဓိပ္ပာယ်မရှိဘူးပေါ့”

“တကယ်လား...”

ချောင်ကျင်းကျင်းက ကားနောက်ကြည့်မှန်ကတဆင့် ကြည့်နေပြီးနောက် တုံ့ဆိုင်းစွာနှင့် ပြောသည်။

“ဒါပေမဲ့ သူတို့ မှီလာပြီ...”

“ဘာ...”

ချောင်ကျန်း၏ မျက်လုံးက ပြူးသွားသည်။ သူက ထအော်သည်။

“မဖြစ်နိုင်တာ”

သို့သော် သူသည်လည်း အမှန်တကယ်ကို အရှိန်မြှင့်ကာ မောင်းလာသော အနီရောင် မာစီးဒီးကားကို မြင်လိုက်သည်။ သူဟာ ကြောင်တောင်တောင် ဖြစ်သွားသည်။

မှီလာတယ်... ဘယ်လို ဖြစ်နိုင်မှာလဲ။

မုန်တိုင်းမှ ထွက်ပြေးလာသကဲ့သို့အနီရောင် မာစီးဒီး ကားကြီးက သူတို့ကို လုံးဝ ကျော်သွားပြီး ချောင်ကျန်းအား ဖင်ပြကာ ချန်ထားရစ်ခဲ့သည်။

မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး...

ချောင်ကျန်းကလည်း မယုံကြည်နိုင်တော့ပေ။

“ကောကော ကြည့်ဦး...”

ချောင်ကျင်းကျင်းက စကားပြောတော့မည့် အချိန်တွင်

“ကျင်းကျင်း... ကိုင်ထား”

ချောင်ကျန်းက တည်ကြည်သော အကြည့်မျိုးနဲ့အတူ အရှေ့ကိုကြည့်သည်။ နောက်ဆုံးတွင် သူက လေးနက်သွားသည်။

“အရှေ့မှာ လမ်းအကွေ့တွေ ရှိတယ်။ အဲ့ဒီ အကွေ့ကို ကျော်ဖြတ်ပြီးသွားရင် မြို့ထဲကို တန်းရောက်ရောက်သွားတော့မှာ။ အဲ့ဒီ အကွေ့က ပိုပိုပြီး ခက်ခဲလာလိမ့်မယ်... သူ့အတွက်တော့ သေချာပေါက် အရှိန်နှေးရမှာပဲ”

“အသင့်ပြင်ထား... ငါ ဒရစ် (drift) ဆွဲတော့မယ်... ငါ သူ့ကို ကျော်မှာ”

ချောင်ကျန်းက ယုံကြည်မှုအပြည့်နှင့် ပြောသည်။

“ကောကော”

ချောင်ကျင်းကျင်းက မနှောင့်ယှက်ရက်သော်လည်း ပြောလိုက်သည်။

“သူတို့က ပထမတစ်ကွေ့ကို ဒရစ် (drift) နဲ့ ကျော်ဖြတ်သွားသလိုပဲနော်”

“ဘာ”

ချောင်ကျန်းက ထိုစကားကို ကြားလိုက်ပြီးနောက် သေချာ စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးက ရုတ်တရက် ကြုတ်သွား၏။

ဟုတ်သားပဲ... လုံးဝကို ဒရစ် (drift) လုပ်သွားသေးတယ်။ ပထမတစ်ကွေ့က ကျော်သွားပြီ...။

“သူက ဆရာပညာရှင်အဆင့်ပဲ”

ချောင်ကျန်း၏ မျက်နှာကပင် ပူလာသည်။ ညီမဖြစ်သူ၏ အရှေ့တွင်လည်း ရှက်သွားသည်။ သူက အံကြိတ်ပြီး ပြောသည်။

128 04

“ဒါ ပထမတစ်ကွေ့တည်းပါ... နောက်က လိုက်သွားရအောင် အရှေ့မှာ အကွေ့အကောက်တွေ အများကြီးပဲ... ပညာရှင်အဆင့် ကစားသမားတွေအတွက်တောင် ခက်ခဲတာ။ အဲဒီလို အခြေအနေမျိုးမှာ သေချာပေါက်ကို အရှိန်နှုန်း နှေးရလိမ့်မယ် ။ဒါဆိုရင် ငါတို့ရဲ့ အခွင့်အရေးပဲ”

ပညာရှင်အဆင့် ပြိုင်ကားမောင်းနှင်သူများက ပညာရှင်အဆင့် ပြိုင်ကားများကိုသာ မောင်းသည်။ မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းအပြင် တိုတောင်းသော အချိန်အတွင်းတွင် ထိုကားကို ချန်ထားရစ်နိုင်ပေလိမ့်မည်။

“အရှိန်မြှင့်... အရှိန်မြှင့်...”

ချောင်ကျင်းကျင်းက စိတ်လှုပ်ရှားစွာ အော်သည်။

“ကောကော... ငါတို့ အဲ့ဒီ အကွေ့နား ရောက်တဲ့အခါမှာ အရှိန်ကို နှေးရမယ်ဆိုတော့ တောက်လျှောက် အရှိန်တင်လိုက်တယ်”

“ဘာ”

ချောင်ကျန်းက လန့်သွားသည်။

“သူတို့ သေချင်နေတာလား။ ဒီအရှိန်မျိုးနဲ့ဆိုရင် လန်ပြန်ထွက်သွားရင် အကုန် သေကုန်တော့မှာပေါ့... ငါတို့ သူတို့ကို တားရမယ်”

ချောင်ကျန်းကလည်း သူ၏အင်အားများကို အကုန် ထုတ်သုံးလိုက်သည်။ သူ၏ အမူအရာက လေးနက်တည်ကြည်လွန်းနေသည်။ မည်သူကမှပင် နှောင့်ယှက်လို့ မရတော့ပေ။ နဖူးမှာလည်း ချွေးများ ကျလာ၏။ ဒါဟာ အလွန်ပဲ လေးနက်တည်ကြည်စွာ အာရုံစိုက်ထားရသော အခြေအနေမျိုးတွေ ထိုသို့ ဖြစ်တတ်သည်။

သို့သော် ထိုအခြေအနေမှပင် အရှေ့မှာ ကားက သူ့ကို မည်မျှအထိ ဖိအားပေးနေကြောင်း သိနိုင်သည်။

“ကောကော”

ချောင်ကျင်းကျင်းက အစ်ကိုဖြစ်သူကို ပြန်လှည့်ကြည့်ပြီး နောက်တွင် မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ပြောသည်။

“ဒါပေမဲ့ သူတို့က အဲဒီအကွေ့ကို ဒီအရှိန်နှုန်း ထပ်မြှင့်ပြီး ကျော်ဖြတ်သွားတာ ကောကောက အခု အရှိန်လျှော့ထားတာဆိုတော့ ဘယ်လိုတားမှာလဲ”

ချောင်ကျန်း “…”

******

All Chapters