အခန်း ၁၃၀
Vol. 13 Ch. 130
130 01
အပိုင်း (၁၃၀)
ချန်းရန်၏ ညွှန်ကြားမှုအောက်တွင် မုရှောင်းနွမ်က ကောင်းမွန်စွာ လုပ်ဆောင်နိုင်လာသည်။
“ဟုတ်တယ် ဒါပဲ၊ အချိန်ယူနော်၊ ဒီအကွေ့က တော်တော်လေး ကျယ်တယ်၊ မစိုးရိမ်နဲ့”
ချန်းရန်ကလည်း မုရှောင်းနွမ်ကို ဆက်တိုက်ဆိုသလို ဦးတည်ရာဘက်ကို ညွှန်ပြပေးရင်း သင်ကြားပြသပေးနေကာ သူမကို အတတ်နိုင်ဆုံး စိတ်လျှော့ထားခိုင်းသည်။ လမ်းကျယ်သော အကွေ့နေရာမျိုးက လူသစ်အတွက်ပင် မခက်ခဲနိုင်ပေ။
“ကောင်းပြီ”
မုရှောင်းနွမ်ကလည်း ချန်းရန်ကလည်း ဘေးမှာရှိနေတဲ့အတွက် တော်တော်လေးကို စိတ်အေးနေသည်။ ထို့ကြောင့် သူမသည်လည်း အတော်လေးကို အတင့်ရဲစွာ သင်ယူနေသည်။
“ကဲ အခုစမယ်။ စတီယာရင်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားနော်။ နောက်ပြီး ဘရိတ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ နေရာမှား မနင်းနဲ့”
“ကောင်းပြီ”
မုရှောင်းနွမ်က အလွန်ထိတ်လန့်နေသည်။ တစ်ချိန်တည်းတွင်ပင် စိတ်ကို တည်ငြိမ်အောင်လည်း ထိန်းနေရသည်။ ချန်းရန်၏ညွှန်ကြားချက်အတိုင်း သူမက ချက်ချင်းဆိုသလို ဘရိတ်ကို နင်းသည်။ ထို့နောက် ရုတ်တရက် စတီယာဘီးကို လှည့်ပစ်လိုက်ကာ လက်နှစ်ဖက်လုံးဖြင့် ခပ်တင်းတင်း ကိုင်ထားပြီး ရှေ့ကိုသာ ကြည့်နေတော့သည်။
ကျွီ…
မာစီဒီး၏ တာယာက ခပ်ကြမ်းကြမ်း ပွတ်ဆွဲသံက ထွက်ပေါ်လာသည်။ တစ်ချိန်ထဲတွင်ပင် ကားက ဘေးဘက်သို့ စကွေ့သည်။ ထိုလမ်းအကွေ့နေရာလို့ ချောမွေ့စွာဖြင့် ကျော်ဖြတ်လိုက်ပြီး ထောင့်နေရာကိုပင် ဖြတ်သန်းလိုက်နိုင်သည်။
“တော်တယ်”
ချန်းရန်က ရိုးသားစွာ ချီးကျူးသည်။ မုရှောင်းနွမ်က အမှန်ပင် ထိုdrifting သင်ရာတွင် ပါရမီကြီးလေသည်။ သူမက တစ်သုတ်တည်းနဲ့ တတ်သွား၏။ အင်း... တော်တော်လေးကို အောင်မြင်မယ့်လူပဲ။
“ဟေး ဟန်နီ၊ ငါ့ရဲ့သင်ကြားမှုက ဘယ်လိုလဲ၊ တော်တယ်မဟုတ်လား”
မုရှောင်းနွမ်က တော်တော်လေးကို စိတ်အေးသွားသည်။ သူမသည် အစပိုင်းမှာ ထိတ်လန့်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေခဲ့ရာမှ ယခုမူ နောက်ဆုံးတွင် စိတ်အေးနိုင်လေပြီ။
စိတ်လှုပ်ရှားစရာပဲ
လက်စသတ်တော့ ဒီလိုလုပ်ရတာက တော်တော်လေး ပျော်ဖို့ကောင်းတာကိုး။
“ဟန်နီ ဟန်နီ၊ ငါအနာဂတ်မှာ ပြိုင်ကားမောင်းတာ သင်ချင်တယ်။ ဒါပေမဲ့ ဒီနေရာက အကွေ့တွေက ထင်သလောက် မခက်ခဲဘူးထင်တယ်”
မုရှောင်းနွမ်က ယုံကြည်မှု ရှိသွားသည်။
အိုး...
ဒီကောင်မလေးက တော်တော်လေးကို ဂုဏ်ယူသွားတာပဲ။ ကိုယ်ကိုယ်ကိုယ် တကယ်တော်တယ်လို့ ထင်သွားတာလား။
သို့ရာတွင် မုရှောင်းနွမ်၏ စကားလုံးများက ချန်းရန်ကိုလည်း သတိပေးလိုက်သည်။ သူသည်လည်း ထောင်ယန်တောင်မှ အသစ်ဆောက်မည့် တောင်တက်လမ်းအကြောင်း သတိရသွားသည်။ ထိုနေရာတွင် ကားပြိုင်ကွင်းအဖြစ်ပင် သုံး၍ရသည်။ သူသာ ပြန်သွားခဲ့ပြီးလျှင် စမ်းကြည့်သင့်သည်။
“ဟင်... မကောင်းတော့ဘူး”
130 02
ချန်းရန်က အာရုံလွင့်နေချိန်တွင် ရုတ်တရက် သူ၏အရှေ့ဘက်မှာ တောဝက်ရိုင်းတစ်ကောင်က ထွက်လာကာ လမ်းလယ်သို့ ရောက်လာသည်။
“သတိထား”
ချန်းရန်က ချက်ချင်းအော်သည်။
“အား”
မုရှောင်းနွမ်က ချက်ချင်းလန့်သွားသည်။ သူမက ထိုဘီးကို ချက်ချင်းလှည့်လိုက်ပြီး ထိုတောဝက်ကို ရှောင်သည်။
ဘမ်း
သူမက တောဝက်ကို ရှောင်လိုက်သော်လည်း သစ်ပင်တစ်ပင်နဲ့ တိုက်မိသွားလေသည်။ ကားက ရပ်သွားသည်။ ကားအတွင်းဘက်ကမူ ဘာမှမဖြစ်ပေ။ သို့သော် ကားအရှေ့ဘက်က မီးခိုးများ ထွက်လာသည်။
“ဟင်”
ချန်းရန်နဲ့ မုရှောင်းနွမ်တို့က စိတ်အေးသွားသည်။ သူတို့က အသိပြန်ဝင်ချိန်တွင် နှစ်ယောက်လုံး အဆင်ပြေကြောင်း သိလိုက်သည်။ ထို့နောက် ကားထဲကထွက်ကာ ကြည့်သည်။
“ဘုရားရေ”
မုရှောင်းနွမ်က ပါးစပ်ကိုအုပ်ပြီး တအံ့တဩအော်သည်။ ထိုကား၏အရှေ့က ဆိုးဆိုးရွားရွားကို စုတ်ပြတ်သတ်သွားလေသည်။ တိုက်မိသွားသောဒဏ်က ပြင်းသည်။
ကံကောင်းစွာနဲ့ ဘယ်သူမှ ဘာမှမဖြစ်ဘူး။
ချန်းရန်က စိတ်အေးစွာ သက်ပြင်းချသည်။ ကားအရှေ့ပိုင်းက ကွဲသွားသည်။ သို့သော် ကားအတွင်းဘက်က ဘာမှမဖြစ်ပေ။ အတော်ကံကောင်းသည်ဟု ပြောရပေမည်။
ဝုတ်
အရှေ့ခန်းတွင် ထိုင်နေသော မန်ထုံက ထိုကားကို တည်ငြိမ်စွာ တစ်ချက်ကြည့်ပြီး အံကိုကြိတ်ကာ အူသည်။ သူက ဘေးကိုပြန်ကြည့်ပြီး ထိုတောဝက်၏ သဲလွန်စကို ရှာသည်။ ထိုတောဝက်ကလည်း ရုတ်တရက် ခုန်ထွက်မလာခဲ့လျှင် မုရှောင်းနွမ်ကလည်း ယခုလို အခြေအနေမျိုးကို ကြုံရလိမ့်မည် မဟုတ်ပေ။
“ယောက်ျား”
မုရှောင်းနွမ်က ချန်းရန်၏ နံဘေးတွင် ရပ်နေပြီး ခေါင်းကို ငုံ့ထားကာ အပြစ်မကင်းသလို ဖြစ်နေသည်။ သူမက အဝတ်ထောင့်ကိုလည်း လှမ်းဆွဲကာ ပြောသည်။
“ငါ တောင်းပန်ပါတယ်။ ငါ့အမှားပါ”
မူလကမူ မုရှောင်းနွမ်၏ အမှားမဟုတ်ပေ။ တောဝက်က ရုတ်တရက် ခုန်ထွက်လာသောကြောင့် ယခုလို ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။ သူမ၏ တုံ့ပြန်မှုကလည်း အတော်လေး မြန်ဆန်သည်။ သို့သော် သူမသည်လည်း မတတ်နိုင်သော အနေအထားမျိုးဖြစ်သည်။
မည်သို့ပင်ဆိုစေ သူမက ချန်းရန်မဟုတ်ချေ။ ချန်းရန်သာဆိုလျှင် တိုက်မိလိမ့်မည် မဟုတ်ပေ။ ထိုအခြေအနေက အတော်ကံဆိုးသည်ဟုသာ ပြောရမည်ဖြစ်သည်။
နဂိုကတည်းက သူမရဲ့အမှားမဟုတ်သည့်အပြင် ယခုလို အပြစ်မကင်းသောပုံစံမျိုး ဖြစ်နေကြောင်း မြင်သောအခါ ချန်းရန်က စိတ်မကောင်းဖြစ်သွားသည်။
“မင်းမှားတာ သိတယ်ပေါ့”
ချန်းရန်က ရုတ်တရက် မျက်နှာတည်တည်နှင့် ပြောလိုက်သည်။ သူသည်လည်း ထိုကောင်မလေး၏ အဝတ်ကို ကိုင်ထားပြီး ခွင့်လွှတ်ဖို့ တောင်းပန်နေသည့် သနားစရာပုံစံမျိုးကို မတုန့်ပြန်လိုက်ဘဲ အေးစက်စွာ ပြောသည်။
“ကံကောင်းစွာနဲ့ ငါတို့ အားလုံးက အဆင်ပြေတာပဲ။ ဒါပေမဲ့ ကြည့်၊ မင်းဒီကားကို ဘယ်လိုဖြစ်အောင် လုပ်လိုက်ပြီလဲ။ ဒီကားက ဒီလောက်ထိ ပျက်စီးသွားပြီ”
“ငါ”
130 03
မုရှောင်းနွမ်က ထိုစကားကို ကြားပြီး ပို၍သာ မျက်နှာပူသွားသည်။ ကား၏ အရှေ့က အမှန်ပင် ဆိုးဆိုးရွားရွားကို ချိုင့်သွားသည်။ ပြန်ပြင်နိုင်လျှင်ပင် စက်ရုံသို့ ပို့ရပေလိမ့်မည်။ သို့မဟုတ်လျှင်လည်း ပြည်ပမှ ကားထုတ်လုပ်သည့် ကုမ္ပဏီသို့ပင် ပြန်ပို့ရလောက်သည်။ ပြင်နိုင်ခြင်း ရှိမရှိကလည်း နောက်ထပ်ကိစ္စတစ်ခု ဖြစ်သွားသည်။
“ဒါဆို ငါဘယ်လိုလုပ်ရမလဲ”
မုရှောင်းနွမ်၏အသံက တိုးသထက်တိုးသွားပြီး ငိုတော့မည့် အသံမျိုး ဖြစ်လာသည်။
“ငါ တစ်စီး ပြန်လျော်ပေးရမလား၊ ပုံစံတူတာလေ”
“ပုံစံတူက ဘယ်လိုရှိမှာလဲ”
ချန်းရန်က ထိုစကားကို လက်မခံပေ။
“ဒီကားက ငါ့အတွက် အဓိပ္ပာယ်အများကြီးရှိတာ။ နောက်ပြီး ဒါက အကန့်အသတ်နဲ့ ထွက်တာ၊ ကားအသစ်လည်း မရနိုင်တော့ဘူး၊ ကုန်သွားပြီ။ အခြားမော်ဒယ်တွေက သာမန်တွေပဲ၊ ငါ မလိုဘူးလေ”
“ဒါ့အပြင် ငါတို့ နဂိုစက်ရုံကို ပြန်ပို့ပြီး ပြင်ခိုင်းမယ်ဆိုရင်လည်း အတော်လေးကို ခက်ဦးမှာ။ ကုန်ကျစရိတ်က အရမ်းမြင့်မှာ၊ ဟုတ်ပြီလား”
ချန်းရန်ပြောသော စကားကို ကြားပြီး မုရှောင်းနွမ်၏ခန္ဓာကိုယ်က တုန်သွားကာ မျက်နှာကလည်း ဖြူစုတ်သွားသည်။
ထိုကဲ့သို့သော အဆင့်အတန်းမြင့် ဇိမ်ခံကားမျိုးက ပြင်လျှင် အလွန်စျေးကြီးလေသည်။ မုရှောင်းနွမ်၏ မိသားစုက ကြွယ်ဝသော်လည်း သူမသည် မိသားစုထံက ဘယ်သောအခါမှ ပိုက်ဆံမတောင်းတတ်ပေ။ ထို့အပြင် မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်ရာကတစ်ဆင့် ပိုက်ဆံရှာနိုင်သည်။ သူမသည် ချန်းရန်နှင့် ယခုတလော ကျော်ကြားလာသော်လည်း အချိန်တိုအတွင်းပင် ပိုက်ဆံအများကြီး မရနိုင်သေးပါပေ။
ပြင်ဆင်စရိတ်ရှိလျှင်ပင် ပိုက်ဆံက လိုနေပေလိမ့်မည်။ မတတ်နိုင်လောက်ပေ။
“ဒါဆို ယောက်ျား ဘာလုပ်ချင်တာလဲ”
မုရှောင်းနွမ်က အံကိုကြိတ်ပြီး ချန်းရန်ကို ကြည့်နေသည်။
“ထားလိုက်တော့ ထားလိုက်တော့၊ မစိုးရိမ်နဲ့တော့”
ချန်းရန်က လက်ကိုယမ်းပြီး ပြောသည်။
“မင်းတမင်တကာ လုပ်တာမှမဟုတ်တာ၊ မင်းရဲ့အမှားလည်း မဟုတ်ဘူး။ ကံဆိုးတာပါပဲ။ ဟင်းးး... ငါ့ကား”
မုရှောင်းနွမ်က ချန်းရန်၏စကားကို ကြားလေလေ မသက်မသာဖြစ်လာလေလေ ဖြစ်သည်။ ခင်ပွန်းဖြစ်သူ၏စကားကို နားထောင်နေရင်း ရင်နာလာသလို ခံစားလာရသည်။
“မဟုတ်သေးဘူး”
မမျှော်လင့်ထားစွာပင် မုရှောင်းနွမ်က အလွန်ခေါင်းမာသည်။ သူမ၏ အမူအရာက အလွန်ခိုင်မာသည်။
“ငါ... ငါဖျက်ဆီးလိုက်တာဆိုတော့ ငါတို့က လင်မယားဆိုရင်တောင်မှ သေချာပေါက် လျော်ကြေးပေးရမယ်”
“အို တကယ်လား”
ချန်းရန်က ထိုအခြေအနေကို ပြင်ဆင်ထားပုံရသည်။ သူက ထိုစကားကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် အရင်စပြီး မပြောလိုက်ဘဲ မေးသည်။
“မင်းက ဘယ်လိုလျော်ကြေးပေးမှာလဲ။ ဘာပဲဖြစ်ဖြစ် ငါကလည်း ပိုက်ဆံမှ ဘယ်လိုဖြစ်ဖြစ် ဒီကားကလည်း ပြင်လို့ရမှာ မဟုတ်ဘူး။ ဆိုတော့ ဘယ်လိုလျော်ကြေးပေးမယ်လို့ စဉ်းစားထားလဲ... ဟင်”
ခင်ပွန်းဖြစ်သူ၏ ကြမ်းတမ်းသော အရှိန်အဟုန်ကို မြင်တွေ့ရသောအခါ မုရှောင်းနွမ်၏ အရှိန်အဟုန်က အများကြီး လျော့ကျသွားသည်။ သူမကသာ လျော်ကြေးပေးစရာ မလိုလျှင်လည်း အခြားနည်းလမ်းဖြင့် လျော်ကြေးပေးရမည်။
130 04
“ဒါဆိုရင် ငါ ...”
မုရှောင်းနွမ်၏ လှပသောမျက်နှာက ရဲသွားသည်။ ထိုအခိုက်အတန့်တွင် သူမက နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ထားပြီးမှ ခပ်တိုးတိုးပြောသည်။
“ငါ… ငါ ငါနင့်ကို အဖော်ပြုပေးမယ်လေ”
“ဘယ်လို အဖော်ပြုမှာလဲ... ဟင်”
ချန်းရန်ရဲ့ မျက်လုံးက တောက်ပသွားပြီး ထပ်မေးသည်။
“ငါနင့်နဲ့ ကစားမယ်”
မုရှောင်းနွမ်က မျက်လုံးမှိတ်လိုက်သည်။ သူမက စိတ်ကို ဆုံးဖြတ်ချက်ချပြီးသလိုမျိုး ရှက်ရွံ့သော်လည်း ထုတ်ပြောလိုက်သည်။
“နင် ဘယ်လိုလိုချင်လိုချင် ကစားမယ်”
“ကတိနော်”
မမျှော်လင့်ထားစွာပင် ထိုစကားထွက်လာသည်နှင့် ချန်းရန်က ချက်ချင်း သဘောတူသည်။ အလွန်ပင် မြန်ဆန်လွန်းနေ၏။ သူက ဖုန်းကိုပင် မြောက်ပြကာ ပြုံး၍ ပြောသည်။
“ငါ အသံသွင်းထားတယ်၊ မင်း ကတိတည်ရမယ်။ အနာဂတ်မှာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ငါ့ရဲ့တောင်းဆိုမှုကို နာခံရမယ်နော်၊ ဟေး... ငါလိုချင်တဲ့အတိုင်း ကစားမှာ”
“နင်...”
မုရှောင်းနွမ်က အံ့ဩသွားသည်။ သူမသည် နဂိုက အပြစ်မကင်းသော စိတ်အပြည့်နှင့် တောင်းပန်ချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ခင်ပွန်းဖြစ်သူ၏ အမူအရာကို မြင်ပြီးသည်နှင့် အသိပြန်ဝင်သွားသည်။
တမင်လုပ်တာပဲ။
“လူဆိုးကောင်ကြီး၊ ငါ့ကို တမင်တကာနဲ့ လှည့်ကွက်ဆင်တယ်ပေါ့လေ။ ဖုန်းပြန်ပေး၊ ငါ ဖျက်ပစ်မယ်”
“မပေးဘူး”
“ပေး”
“မင်း ပြောပြီးသားနော်။ ငါ အလေးအနက်ထားမှာ”
ချန်းရန်က ရယ်သည်။ ဘာကြောင့် ပေးရမှာလဲ။ ဒါက အနာဂတ်မှာ ဒီကောင်မလေးဆီက တောင်းဆိုမှုတစ်ခုခုရှိရင် အကောင်းဆုံးသက်သေအဖြစ် သုံးလို့ရမယ်လေ။ ဟွန့်။ မပူးပေါင်းဘဲ နေရဲမလား ကြည့်ရအောင်။
သူတို့နှစ်ယောက်က ထိုသို့ ကစားနေကြသည်။ မုရှောင်းနွမ်၏ အပြစ်မကင်းစိတ်က ပျောက်သွားကာ စိတ်အခြေအနေကလည်း တက်ကြွလာသည်။ ချန်းရန်ကလည်း ရယ်သည်။ ဒါက ဒီအတိုင်း ကားတစ်စီးပဲလေ၊ ပျက်သွားရင်လည်း ပျက်သွားတာပေါ့။ ဘာလို့ သူ့ရဲ့အချစ်ရဆုံးသော ဇနီးလေးကို တစ်ချိန်လုံးလိုလို အပြစ်ရှိသလို ခံစားနေအောင် လုပ်ရမှာလဲ။
ဒါကြောင့် သူလှည့်စားလိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်အခြေအနေကလည်း ကောင်းသွားတယ် အကျိုးအမြတ်ကလည်း ရလိုက်တယ်လေ။
******