အခန်း ၁၃၂
Vol. 14 Ch. 132
132 01
အပိုင်း (၁၃၂) မစ်တီးကျဲကျဲ မုရှောင်းနွမ်
ထိုနေရာတွင် မစ်တီးဝယ်နေသူ အများကြီး ရှိသည်။ ချန်းရန်က မုရှောင်းနွမ်ကို ကူညီက တန်းစီပေးပြီး ပေါ်ပေါ် နို့လက်ဖက်ရည် တစ်ခွက်ဝယ်ပေးသည်။
မိုဘိုင်းဖုန်းနှင့် ပေးချေပြီးသည်နှင့် လူအုပ်ထဲမှ ထွက်လိုက်ချိန်တွင် သိပ်မဝေးသော တစ်နေရာတွင် ထိုင်နေသော မုရှောင်းနွမ်ကို မြင်ရသည်။
“ဟူး”
ချန်းရန်က စိတ်အေးစွာ သက်ပြင်းချသည်။ ကံကောင်းသည်မှာ ထိုကောင်မလေးက အဝေးသို့ လျှောက်မပြေးသွားပေ။ ဒီနေရာတွင် လူအများကြီးရှိနေသည်။ ထို့ကြောင့် ထိုကောင်မလေးသာ ထွက်ပြေးသွားပါက ချန်းရန်ကလည်း ဒုက္ခများလောက်သည်။
သို့သော် ကံကောင်းသည်မှာ
မုရှောင်းနွမ်က သူ့ကို စောင့်နေမည်ဟု ပြောသည်။ ထို့ကြောင့် ထိုနေရာတွင်သာ တိတ်တိတ်လေး စောင့်နေကာ ဘယ်ကိုမှ ထွက်မပြေးသွားပေ။
“ဒီမှာ မင်းအတွက် နို့လက်ဖက်ရည်”
ချန်းရန်က သူမကို နို့လက်ဖက်ရည်ခွက်ပေးသည်။
“ကျေးဇူးတင်ပါတယ် ယောက်ျား”
မုရှောင်းနွမ်က အလွန်ပျော်သွားပုံရသည်။ သူမက နို့လက်ဖက်ရည်ခွက်ကို ကိုင်ပြီး တစ်ငုံသောက်သည်။ သူမ၏ မျက်ဝန်းထောင့်ကလည်း ပန်းလေးတစ်ပွင့်ကဲ့သို့ပင် ပြုံးရယ်နေသေးသည်။
ထိုအချိန်တွင် သိပ်မဝေးသော တစ်နေရာမှ အသံထွက်လာသည်။
“ဘယ်သူလဲ”
မုရှောင်းနွမ်က ကြောင်သွားသည်။ ဓာတ်ပုံရိုက်သံလိုပဲ။ ဘယ်သူက ရိုက်တာလဲ။
“ဒီမှာ”
ချန်းရန်ကပင် ခပ်မြန်တုန့်ပြန်လိုက်သောအခါ လူအုပ်ထဲမှ အရပ်ရှည်ရှည်နှင့် မိန်းမတစ်ယောက်ကို မြင်ရသည်။ သူမက မိုဘိုင်းဖုန်းကို ကိုင်ထားပြီး မုရှောင်းနွမ်ဘက်သို့ ယမ်းခါနေသည်။ သို့ရာတွင် သူမက ဦးထုပ်အဝိုင်းကို ဆောင်းထားပြီး ဒူးထိရှည်သော စကပ်ကို ဝတ်ဆင်ထားသည်။ ဆံပင်ကလည်း လှိုင်းအလား တွန့်ကွေးနေသည့် အရှည်မျိုးဖြစ်သည်။ ဘုရင်မနှင့်ပင် တူသည်။
“ဟေး နေဦး ဘာလို့ ငါ့ရဲ့ ဓာတ်ပုံရိုက်တာလဲ”
မုရှောင်းနွမ်က အလျင်စလို နောက်မှလိုက်သည်။ သို့သော် တစ်ဖက်လူက ထွက်ပြေးသွားမည်ဟု မထင်ထားမပေ။
“ရပ်စမ်း မပြေးနဲ့”
မုရှောင်းနွမ်က မှင်သက်သွားသည်။
ဘာလို့ ခေါ်တာကို ထွက်ပြေးတာလဲ။
ဒီကောင်မလေးက ဓာတ်ပုံလည်း ခိုးရိုက်တယ်။ နောက်ပြီး နှုတ်တောင် မဆက်ဘဲနဲ့ ထွက်ပြေးသွားတယ်။ ဒါက ဘယ်လိုလဲ။
“နင် ငါ့ကို မလိုက်နိုင်ပါဘူး ဟုတ်တယ်မလား”
ထိုဘုရင်မက ခြေတံရှည်နှင့် ပြေးနေသည်။ မုရှောင်းနွမ်က အရပ်ရှည်သော်လည်း အရှေ့က တစ်ယောက်လောက် အရပ်မရှည်ပေ။ ထို့အပြင် သူမက နို့လက်ဖက်ရည်ခွက်ကိုလည်း ကိုင်ထားသေးသည်။ ထို့ကြောင့် အများကြီး မပြေးနိုင်ပေ။ သူမက လိုက်မမီရုံသာမကသေးလေဘဲ အလှောင်ပင် ခံရသည်။
“အား ငါ ဒေါသထွက်လာပြီ”
မုရှောင်းနွမ်က စိုးရိမ်စိတ်များသွားသည်။ ဒီမိန်းမ ငါ့ကို ရန်လာစနေတာပဲ။
132 02
“နင် လိုက်မမီဘူးဆိုရင် ငါ နင့်ရဲ့ပုံကို အွန်လိုင်းပေါ်မှာ တင်လိုက်မယ် ဟား ဟား ဟား”
တစ်ဖက်သူက ပို၍ပင် ထောင်လွှားလာသည်။ ရည်ရွယ်ချက် ရှိရှိဖြင့်ပင် မုရှောင်းနွမ်ကို စသည်။
“နင်လုပ်ရဲလား”
မုရှောင်းနွမ်က ဒေါသထွက်သွားသည်။ သူမက အလျင်စလို လှည့်ကြည့်၏။ သို့သော် သူမ ယောက်ျားဖြစ်သူက အပျော်စောင့်ကြည့်နေမည်ဟု မထင်ထားမိပေ။
“ယောက်ျား နင့်မိန်းမက အနိုင်ကျင့်ခံနေရတယ်။ ဘာလို့ မကူညီတာလဲ ဟင်း”
မုရှောင်းနွမ်က နှုတ်ခမ်းစူပြီး အလွန်အမင်း မကျေမနပ် ဖြစ်သွားသည်။
“ဒီအတိုင်း ဓာတ်ပုံလေးပဲ မဟုတ်ဘူးလား”
ချန်းရန်ကလည်း လိုက်ဖမ်းရန် ရည်ရွယ်ချက် မရှိပေ။ သူက ပြုံးပြီးပြောသည်။
“ငါလည်း အဲဒီအချိန်တုန်းက နို့လက်ဖက်ရည်ခွက် ကိုင်ထားတဲ့ မင်းက အရမ်းကြည့်ကောင်းတယ်လို့ ထင်နေတာ။ အွန်လိုင်းပေါ်မှာသာ တင်လိုက်မယ်ဆိုရင် နာမည်ကြီးသွားမှာပဲ”
“ယောက်ျား”
မုရှောင်းနွမ်က ရယ်သည်။ သူမရှေ့မှ အဝတ်အိတ်ကြီးနဲ့ နှစ်အိတ်က နှိမ့်လိုက်မြင့်လိုက် ဖြစ်သွားသည်။
သူမက အလွန် ဒေါသထွက်နေသေးသည်။
“အခုက နောက်ရမယ့် အချိန်မဟုတ်ဘူးနော်”
“ဟား ဟား”
သူမ၏ ပုံစံကို မြင်ပြီး ချန်းရန်ကပင် အော်ရယ်သည်။ သူမ၏ စိုးရိမ်စိတ်များနေသော ပုံစံကို မြင်သောအခါ လုံလောက်ပြီဟု ယူဆရသည်။ ထို့ကြောင့် မစတော့ပဲ အရှေ့က တစ်ယောက်ကို လှမ်းပြောသည်။
“ယန်ရွှယ် တော်ပြီ မနောက်နဲ့တော့”
“အား… ယန်ရွှယ်လား”
မုရှောင်းနွမ်က မှင်တက်သွားပြီး အရှေ့က ဘုရင်မကို စိုက်ကြည့်သည်။ သူမက မယုံနိုင်သလို ဖြစ်နေပြီး ကြောင်တောင်တောင် ဖြစ်နေသည်။
“ကျွတ် ပျင်းဖို့ကောင်းလိုက်တာ။ နင် ဘာလို့ ငါ့ရဲ့နောက်ခံကို ဒီလောက်မြန်မြန် ထုတ်ပြောလိုက်တာလဲ”
အရှေ့မှ ဘုရင်မက နောက်ဆုံးတွင် ခေါင်းမော့လာပြီး ဦးထုပ်ကို ချွတ်လိုက်ကာ ရင်းနှီးသော မျက်နှာကို ပြသည်။
“အာ ယန်ရွှယ် နင်ပဲ”
မုရှောင်းနွမ် ဒေါသထွက်သွားသည်။ နောက်ဆုံးတွင် သူမက စိတ်အေးသွားပုံလည်း ရကာ ပြုံး၍ ပြောသည်။
“ငါ သေအောင် ကြောက်သွားတာ။ နင်က နှုတ်တောင် မဆက်ဘဲ ဘာလို့တာလဲ။ ငါ နားလည်မှု လွဲတော့မလို့”
“ဟား ဟား နင် အံ့ဩသွားလား”
ယန်ရွှယ်က ရယ်သည်။ ထို့နောက် အနားသို့လာသည်။
“ဟုတ်တယ် ဟုတ်တယ် အံ့ဩသွားတာပေါ့”
မုရှောင်းနွမ်က ယန်ရွှယ်၏ အနားသို့ ချိုမြိန်သော အပြုံးနှင့် လျှောက်သွားသည်။
ထိုအချိန်တွင် သူမက ယန်ရွှယ်၏ မိုဘိုင်းဖုန်းကို လှမ်းဆွဲသည်။
စွစ်
132 03
ယန်ရွှယ်ကလည်း ပြင်ဆင်ထားသည်။ သူမက တစ်ဖက်ကို ချာကနဲ လှည့်လိုက်ပြီး ရှောင်သည်။ လက်ထဲက ဖုန်းကိုလည်း မြှောက်လိုက်၏။
“ရှောင်းနွမ် နင့်ရဲ့ အတွေးလေးတွေကို ငါမသိဘူး ထင်လို့လား”
“နင့်မှာ ရည်ရွယ်ချက် တစ်ခုရှိတဲ့ အချိန်တိုင်း နှုတ်ခမ်းထောင့်က ကော့တက်နေတတ်တယ်။ အနိုင်ရမယ်ဆိုတာ သေချာနေတဲ့ ပုံစံမျိုးနဲ့လေ နှမြောစရာပဲ”
ယန်ရွှယ်က ဂုဏ်ယူစွာ ပြောသည်။
“နင့်ရဲ့ အဲဒီအလေ့အကျင့်ကို ငါမသိဘူးဆိုတာကို ထင်နေတာလား ဟမ် ငါ အမြဲတမ်း သိပြီးသား ဒါပေမယ့် တစ်ခါမှ မပြောခဲ့တာ။ ကြည့် အခု ပေါ်သွားပြီ”
“သောက်ကျိုးနဲ့ ရှောင်ရွယ် ငါ ဒေါသထွက်သွားပြီနော်။ ဓာတ်ပုံကို ချက်ချင်းဖျက်”
မုရှောင်းနွမ်က အလွန် ဒေါသထွက်သွားသည်။ နှစ်ယောက်လုံးက နပမ်းလုံးနေကြသည်။
“အဟမ်း”
ချန်းရန်က ချောင်းဟန့်သည်။
“မင်းတို့ နှစ်ယောက် ဘာတွေ လုပ်နေကြတာလဲ”
“ဆရာသခင်ချန်း ဘာလို့ ဒီကလေးကို ဂရုမစိုက်တာလဲ”
“ယောက်ျား သူငါ့ကို အနိုင်ကျင့်နေတာ”
ချန်းရန်ကလည်း ခေါင်းနာလာသလိုပင် ခံစားလိုက်ရသည်။ သူသည် ကလေးဆိုးကဲ့သို့ လုပ်နေသော မုရှောင်းနွမ်ကို ကြည့်ပြီး မနေနိုင်ဘဲ နားနားကပ်ပြီး ခပ်တိုးတိုးပြောသည်။
“မမေ့နဲ့နော် မင်းရဲ့ အင်္ကျီက သိပ်တော်တာ မဟုတ်ဘူး”
“အာ..”
မုရှောင်းနွမ် ရုတ်တရက် ကြောင်သွားပြီး အဝတ်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်သည်။ လှပသော မျက်နှာကလည်း ရဲသွားသည်။
ယန်ရွှယ်ကမူ ရယ်နေသေးကြောင်း မြင်သောအခါ စူးစိုက် ကြည့်လိုက်သည်။
“သွား ဓာတ်ပုံ သွားရိုက်နေ သွား ဒါပေမယ့် ငါကတော့ တော်တော်လေး ကျေနပ်တယ်။ နင်က ဓာတ်ပုံ ကောင်းကောင်း ရိုက်ပေးထားတာပဲလေ။ ကြိုက်သလို တင်ပေါ့”
“ကျွတ် ဘဝင်မြင့်နေပြန်ပြီ”
ယန်ရွှယ်က မကျေနပ်သလိုမျိုး နှာခေါင်းရှုံ့ပြီး ပြဿနာအရှာ ရပ်သွားသည်။ ထို့နောက် မေးသည်။
“နင်တို့ နှစ်ယောက် ဘာကြောင့် ထွက်လာတာလဲ”
“ဘာလဲ မထွက်ရဘူးလား”
မုရှောင်းနွမ်က ဂုဏ်ယူစွာ ပြောသည်။
“ငါ့ယောက်ျားနဲ့ငါက ရှော့ပင်း ထွက်ပြီး ဒိတ်လုပ်တာက နင်နဲ့ ဆိုင်လို့လား”
“ရှော့ပင်း ထွက်ပြီး ဒိတ်လုပ်တယ်။ ဒါက ငယ်ရွယ်တဲ့ စုံတွဲတွေပဲ လုပ်ရတာလေ”
ယန်ရွှယ်က လှောင်သည်။
“ငါတို့က လင်မယားလေ ပိုပြီးတောင် လုပ်လို့ ရသေးတယ်”
မုရှောင်းနွမ်လည်း ပြန်ငြင်းသည်။
“ကြည့် တအားသေးတယ်”
ယန်ရွှယ်က အလွန်တင့်ရဲစွာ ပြောသည်။
132 04
“စုံတွဲတွေက အတူစျေးဝယ်ထွက်တယ် ဆိုတာက သူတို့ရဲ့ ဆက်ဆံရေးက လုံလောက်အောင် မကောင်းလို့၊ လုံလောက်အောင် ဆက်ဆံရေး ကောင်းတဲ့သူတွေက ဘာလို့ အိပ်ရာထဲမှာ မအိပ်နေတာလဲ”
“နင်”
မုရှောင်းနွမ်၏ မျက်နှာက ချက်ချင်းဆိုသလို ပိန်ကပ်သွားသည်။ သူမ၏မျက်နှာ တစ်ခုလုံးက ရဲတွတ်သွားသည်။ သူမက နှုတ်ခမ်းစူပြီး အော်သည်။
“f*ck အရှက်မရှိလိုက်တာ”
“ကျွတ် ကျွတ်”
ယန်ရွှယ်က ရယ်သည်။ ဆံပင်ရှည်ကို တစ်ချက် သပ်တင်လိုက်ပြီး မေးလိုက်၏။
“ဒါပေမယ့် နင်က ဒီမှာ ဘာလုပ်နေတာလဲ”
“အဝတ်ဝယ်ဖို့လေ”
မုရှောင်းနွမ်က နှာခေါင်းရှုံ့သည်။
“အိုး နောက်ဆုံးတစ်ခေါက်က ငါတို့ စျေးဝယ်ထွက်တုန်းက နင်အင်္ကျီတွေ ဝယ်ထားတာ မဟုတ်ဘူးလား”
ယန်ရွှယ်က ပြန်မေးသည်။
“နောက်ဆုံးတစ်ခေါက်က …”
မုရှောင်းနွမ် ရုတ်တရက် သတိရသွားသည်။ နောက်ဆုံးတစ်ခေါက်က သူမနှင့် ယန်ရွှယ်တို့ ဈေးအတူ ဝယ်ကြသည်။ သို့သော် ယန်ရွှယ်က သူမ၏ ဖုန်းကိုသုံးပြီး ဓာတ်ပုံအချို့ကို ခိုးရိုက်ကာ လုပ်ခဲ့သေးသည်။
ထိုအချိန်က ပို၍ပင် လွန်ကဲသေးသည်။ ယောက်ျားဖြစ်သူကို တိုက်ရိုက် ပို့ခဲ့ခြင်း ဖြစ်သည်။ ထိုစာရင်းကိုပင် မရှင်းရသေးပေ။
သို့သော် မုရှောင်းနွမ်က ရုတ်တရက် ပြုံးလိုက်သည်။ သူမက အလွန် ကျေးဇူးတင်နေသလိုမျိုး ပြောသည်။
“ရှောင်ရွှယ် တကယ် ကျေးဇူးတင်တယ်။ နင့်ကြောင့်သာ မဟုတ်ရင် ငါ့ယောက်ျားနဲ့ ငါက ဒီလောက်မြန်မြန် အဆင်ပြေသွားမှာ မဟုတ်ဘူး နင်က သူရဲကောင်းပဲ”
“ယောက်ျား ရေဆာနေလား။ နို့လက်ဖက်ရည်လည်း သောက်လိုက်ပါဦး”
ယန်ရွှယ်၏ ရှေ့တင် မုရှောင်းနွမ်က ချန်းရန်အား နို့လက်ဖက်ရည် တိုက်သည်။
“အား အီလိုက်တာ”
ယန်ရွှယ်က ထိုနှစ်ယောက်ကို ချဉ်စုတ်နေသော မျက်နှာမျိုးနှင့် ကြည့်သည်။ ရှောင်းနွမ်က တမင်တကာနဲ့ လာကြွားနေတာလား။
******