← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

133 01

အပိုင်း (၁၃၃)

“မုရှောင်းနွမ် နင်… နင်သောက်ပြီးသား နို့လက်ဖက်ရည်ကို သူများကိုတိုက်တာ အာ ရွံစရာကြီး”

ယန်ရွှယ်က ချဉ်စုပ်နေသည်။ ထိုကောင်မလေးက သူမ၏ ရှေ့တွင်လာကြွားနေသည်။

ခွင့်လွှတ်လို့မရဘူး။

“ငါ မသောက်ရသေးဘူး”

ချန်းရန်က မုရှောင်းနွမ်ပေးလာသော နို့လက်ဖက်ရည်ကို အထင်တသေးကြည့်သည်။

“နင်ကို ကြည့်ဦး ပိုက်ကကိုက်ထားတာ အဲ့ဒီလိုပုံစံမျိုးတောင် ဖြစ်နေပြီ ဘယ်သူကသောက်မှာလဲ”

“အာ”

မုရှောင်းနွမ်က မှင်သက်သွားပြီး ပိုက်ကိုပြန်ကြည့်သည် အမှန်ပင် ပိုက်က ပုံပျက်ပန်းပျက်ဖြစ်နေသည်။ ထိုအချိန်တွင် သူမ၏ လှပသော မျက်နှာက ရဲတက်သွားပြီး ချက်ချင်းရှက်သွားသည်။

ရှက်ဖို့ ကောင်းလိုက်တာ ရှက်ဖို့ ကောင်းလိုက်တာ။ သူ အလှောင်ခံရတော့မှာ။

“ဟားဟားဟား”

မျှော်လင့်ထားသည့်အတိုင်းပင် ယန်ရွှယ်က ဗိုက်ကို လက်ဖြင့် အုပ်ပြီး အော်ရယ်လေသည်။

အရူးမုရှောင်းနွမ် ဟားဟား

စွံ့အသွားပြီ။

ဟွန့် ရှုံးနိမ့်မှုဆိုတာအဲ့ဒါပဲ

“ယောက်ျား”

မုရှောင်းနွမ်၏ပါးက ပူလောင်သွားသည်။ သူမ၏ လက်သေးသေးလေးများက ထားစရာမရှိတော့ပေ။ သူမကလည်း ချစ်စရာကောင်းသော နှုတ်ခမ်းလေးကို စူပြီး သွားကို ညင်သာစွာ ကိုက်သည်။

အား ငါ အရမ်းဒေါသထွက်တယ်နော် ကိုက်ချင်လာပြီ။

ချန်းရန်က အလွန်သတိထားသည်။ ထိုအခြေအနေကို မြင်လိုက်သည်နှင့် သူသည် စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ ပိုက်ကို ထိုမျှအထိ ကိုက်ထားသည်မှာ အံ့ဩစရာမရှိပေ။ သူမက ဘာမဆိုကိုက်ရသည်ကို သဘောကျသည်။

သို့သော်….

ချန်းရန်က စူပုတ်နေသော ကောင်မလေးကို ကြည့်လာပြီး နှုတ်ခမ်းကို ချစ်မြတ်နိုးစွာ လှမ်းထိသည်။ ထို့နောက် ရယ်သွေးသမ်းသော အပြုံးမျိုးဖြင့် ပြောလိုက်သည်။

“ငါ ကမင်းရဲ့ကိုက်ထားတဲ့ ပိုက်ကိုမသုံးချင်ဘူးဆိုတော့ အခြားနည်းလမ်းနဲ့ တိုက်လို့မရဘူးလား”

“ပြည်ပက တင်ပို့လာတဲ့ နို့လက်ဖက်ရည်မျိုးလေး”

ချန်းရန်က သတိပေးသည်။

“အာ”

မုရှောင်းနွမ်က ရုတ်တရပ် မှင်သက်သွားသည်။ ထို့နောက် ရုတ်တရက် အကန်ခံလိုက်ရသကဲ့သို့ နှလုံးခုန်နှုန်းက ဆောင့်တက်သွားသည်။

အာ အစခံရပြန်ပြီ။

သူမသည်လည်း ထိုအခြေအနေကို ရင်းနှီးနေသလို ခံစားရသည်။

ဒါအရင်တစ်ခေါက်က စပျစ်သီးစားတုန်းက ပြောတဲ့စကားမဟုတ်လား။

133 02

“ယောက်ျား ငါ မတိုက်တော့ဘူးနော်”

ထိုအချိန်တွင် မုရှောင်းနွမ်က တိုက်ချင်လျှင်ပင် ယခုက လမ်းပေါ်တွင် ဖြစ်သည်။ နံဘေးတွင်လည်း ပြဿနာရှာမည့် သူငယ်ချင်းကောင်းက ရှိနေ၏။ ထို့ကြောင့် သူမက တစ်ဖက်သူကို သင်ခန်းစာပေးလိုလျှင်ပင် ယခုက မသင့်တော်ပေ။

အဓိကအားဖြင့် ရှက်လို့။

“အင်း”

ချန်းရန်က ထိုကောင်မလေး၏ ငကြောက်ဖြစ်နေပုံကို ကြည့်ပြီး မျက်ခုံးကို ပင့်လိုက်သေးသည်။ ထို့နောက် လက်တစ်ဖက်ကို မြောက်ကာ ထိုကောင်မလေး၏ မျက်နှာရှေ့သို့ လက်တစ်ဖက်ဖြင့် စိတ်လိုက်သည်။

“အင်း”

ချက်ချင်းဆိုသလိုပင် ချန်းရန်က သူမ၏ခုခံမှုကို တားမြစ်လိုက်သည်။

“ဘုရားရေ”

တစ်ဖက်မှ စိတ်လှုပ်ရှားစွာ ကြည့်နေသော ယန်ရွှယ်က ရုတ်တရက် အနီရောင် နှုတ်ခမ်းကို အုပ်လိုက်ပြီး မျက်လုံးပြူးသွားသည်။ ရှေ့မှနှစ်ယောက်ကို မယုံနိုင်သလို ကြည့်သည်။

နင်တို့နှစ်ယောက် တကယ်ကို။

ချဉ်လိုက်တာ ငါ့ရဲ့ရှေ့မှာ။

ထိုအခိုက်အတန့်တွင် သူမသည်လည်း မုရှောင်းနွမ်က စကားများနေသည့်အခိုက်အတန့်တွင် ပျော်ရွှင်နေသေးသည်။ သို့သော် အခြေအနေက ယခုလို ဆန့်ကျင်ဖက် ဖြစ်သွားမည်ဟု မထင်ထားမိပေ။ ဒီအချိန်တွင်မူ ထိုနှစ်ယောက်က သူမကို ခွေးစာအတုံးလိုက် ထည့်ကျွေးလိုက်သည်။

အနံ့ကတော့ တော်တော်မွှေးတယ်။

ယန်ရွှယ်သည် မဟာ့ မဟာအားကျသွားသည်ဟု ပြောရပေမည်။

“အင်း”

ချန်းရန်က အရင်လူစုခွဲပြီး မုရှောင်းနွမ်ကို လွှတ်ပေးသည်။ သူကလည်း သူ၏ နှုတ်ခမ်းကို တစ်ချက်သပ်လိုက်ရင်း ပြောသည်။

“နင်ပြောတဲ့ နို့လက်ဖက်ရည်ကို ငါမြည်းပြီးသွားပြီ။ တော်တော်လေးကောင်းပြီး အရမ်းချိုတယ်”

“အား”

မုရှောင်းနွမ်က ရှက်သွားပြီး ချန်းရန်ရင်ခွင်ထဲသို့ ဝင်ကာ ကျုံ့သွားသည်။

“ဒီလောက် အရသာရှိတဲ့ နို့လက်ဖက်ရည်က ဘယ်မှာရှိနိုင်မှာလဲ။ မူလမှ မဟုတ်တာ”

“တကယ်လား”

ချန်းရန်က နားနားကပ်ကာ ခပ်တိုးတိုးပြောပြီးနောက် စသေးသည်။

“နောက်တစ်ခါတော့ မင်းရဲ့နို့လက်ဖက်ရည်ကို သောက်မှဖြစ်တော့မယ်”

“ငါ့ရဲ့နို့လက်ဖက်ရည်လား”

မုရှောင်းနွမ်က မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်သည်။ သူမ၏ အမူအရာက ချစ်စရာလေးနှင့် ရူးကြောင်ကြောင်လည်း နိုင်သည်။

“ငါ့ရဲ့ ဝယ်ထားတာကို ပြောတာလား။ ဘာကွာလို့လဲ”

“ဒါပေါ့ ကွာတာပေါ့”

ချန်းရန်က မနေနိုင်ဘဲ စသည်။

“ဘာလို့လဲဆိုတော့ မင်းမှာကုန်ကြမ်းပစ္စည်းရှိတယ်လေ။ လုံးဝ မူလအစစ်အမှန်ပဲ”

133 03

“အာ”

မုရှောင်းနွမ်က ခပ်မြန်မြန် အသိပြန်ဝင်သွားသည်။ လက်စသတ်တော့ ယောက်ျားက စနေပြန်ပြီ။

ဘာကို မူလအရသာလဲ။ ဘာကုန်ကြမ်းပစ္စည်းလဲ။ ဗလာ ဗလာ ဗလာ

“မုန်းဖို့ကောင်းလိုက်တာ”

မုရှောင်းနွမ်၏ နားက ရဲနေသည်။ သူမက ချန်းရန်ရင်ဘတ်ကိုပင် လက်သီးသေးသေးလေးဖြင့် ထုသေးသည်။

“ဘုရားရေ နင်တို့ နင်တို့ ဘာလုပ်နေတာလဲ”

အခြားတစ်ဖက်မှာ ယန်ရွှယ်က သည်းမခံနိုင်တော့ပေ။ သူမသည်လည်း သူမက ယခုအခါ အတောက်ပဆုံး မီးသီးဖြစ်နေသည်ဟု ခံစားရသည်။

မျက်စိတောင် ကျိန်းတယ်။

ယန်ရွှယ်က ချဉ်စုပ်စွာ ပြောသည်။

“နင်တို့ ငါ့ကို အသက်ရှင်ခိုင်းဦးမှာလား။ ဟမ်…. နင်တို့နှစ်ကောင် ငါ အဲဒီဓာတ်ပုံကို မရိုက်ခဲ့သင့်တာပါ”

“ဟီးဟီး သေချာတာပေါ့”

မုရှောင်းနွမ်က ယန်ရွှယ်ကို အဓိကထိုးနှက်ချက်ကို ပစ်သွင်းလိုက်လေသည်။ ထို့နောက် ချန်းရန်၏ နှလုံးသား နေရာကို ညင်သာစွာ ပုတ်ပြီး စိတ်မကောင်းဖြစ်သလို ပြောသေးသည်။

“ဟန်နီ ငါ တောင်းပန်ပါတယ်။ နာသွားလား”

“ရတယ် ရတယ် ရတယ်။ အကြိမ်နည်းနည်းလောက် ပွတ်လိုက် ကောင်းသွားလိမ့်မယ်”

ချန်းရန်က ရယ်မောပြီး မုရှောင်းနွမ်၏ လက်ကိုကိုင်ကာ အသာနှိပ်ပေးနေသည်။

ဘယ်လိုကြောင့်များ ဒီကလေးမကို သူ့ကို နှိပ်ခိုင်းရမှာလဲ။

သိသိသာသာကိုပဲ လက်ကို ယူပြီး ဆော့နေတာ။

“ချဉ်လိုက်တာ အရမ်းချဉ်တယ် တကယ်ချဉ်တယ်။ ကျေးဇူးပြုပြီး တော်ကြပါတော့”

ယန်ရွှယ်က ငိုချင်သည်။ သို့သော် မျက်ရည်ကလည်း မထွက်ပေ။ သူမက နေရာတွင်ပင် ထွက်ပြေးချင်သွားသည်။

“ဘာကိုကြွားရမှာလဲ။ ဒါက ငါတို့ရဲ့နေ့စဉ်ဘဝပုံစံပဲ”

မုရှောင်းနွမ်ကလည်း ထိုသို့ ပြောလိုက်ပြီးနောက် ချဉ်စုပ်နေတဲ့ လေများက အပြည့််ရှူသွင်းလိုက်သည်။

ဟွန့် နောက်ဆုံးတော့ လမ်းကြောင်းမှန်သွားပြီ။

“ကျွတ်”

ယန်ရွှယ်က နှာခေါင်းရှုံ့ပြီး ပြောသည်။

“နင်တို့ ဘယ်ဆက်သွားကြမှာလဲ”

“ဒါပေါ့ အဝတ်ဝယ်မှာပေါ့”

မုရှောင်းနွမ်က ပြောသည်။

“ငါ မပြောထားဘူးလား ။အတူသွားမယ်လေ”

“တော်ပါတော့ ငါမလိုက်တော့ဘူး”

ယန်ရွှယ်က ပြောသည်။

133 04

“ငါ့မှာလည်း လုပ်စရာရှိသေးတယ်။ ဒါပေမဲ့ နင်တို့ဒီည ပြန်စရာမလိုဘူး။ ငါနင်တို့ ဒီည ညစာကျွေးမယ်။ နောက်ပြီးရင် သီချင်းအတူတူ သွားဆိုတာပေါ့”

“ ကောင်းပြီလေ”

မုရှောင်းနွမ်၏ မျက်ဝန်းကပင် တောက်ပသွားသည်။

“ငါ အပြင်ထွက်ပြီး မပျော်ရတာ တော်တော်ကြာပြီ။ ကောလိပ်မှာတုန်းကဆိုရင် ငါတို့နှစ်ယောက် KTV ကို မကြာခဏဆိုသလို သွားနေကြနော်။ ငါ အဲဒီနေ့ရက်တွေကို အရမ်းလွမ်းတာပဲ”

“အာ”

သို့သော် သူမက ထိုသို့ပြောပြီးရုံသာ ရှိသေးသည်။ မုရှောင်းနွမ်၏မျက်နှာက ရုတ်တရက် တင်းမာသွားပြီးနောက် တစ်ဖက်ကို တောင်းပန်သလိုကြည့်ကာ ချန်းရန်ကိုကြည့်ပြီး ပြောလေသည်။

“ယောက်ျား ယောက်ျားရဲ့ အထင်အမြင်ကိုတောင် မမေးရသေးဘူး။ ငါတို့သွားသင့်ရဲ့လား။ တကယ်လို့ ယောက်ျားမသွားချင်ဘူးဆိုရင်လည်း ရတယ်လေ။ ငါ ညနေကျရင် အဖော်ပြုပြီး ပြန်လိုက်မှာပေါ့”

“အာ”

ယန်ရွှယ်ကပင် ထိုစကားကို နားထောင်နေရင်း ခေါင်းကိုခါနေလေသည်။ သူမ၏သူငယ်ချင်းက လုံးဝပြောင်းလဲသွားမှန်း သိလိုက်သည်။

အတိတ်တွင် အတန်းကိုပင်ပျက်ပြီး သူမကို အဖော်ပြုတတ်သေးသည်။ မမျှော်လင့်ထားစွာပင် လက်ထပ်သွားပြီးသည်နှင့် ယောက်ျားဖြစ်သူ၏ ထင်မြင်ချက်ကို အမြဲတစေ မေးတတ်သည်။

တစ်ဖက်သူက သဘောမတူလျှင် လက်လျှော့မည့်ပုံ ရသည်။

သူမက ဆရာသခင်ချန်းကို မေးသည့်ပုံစံကို ပြန်ကြည့်ရုံနှင့်တင် အပြုအမူကို သိနိုင်သည်။

“ကောင်းပြီလေ ငါ မင်းပြောတာကို နားထောင်မယ်”

ချန်းရန်ကလည်း မုရှောင်းနွမ်ကို စိတ်မပျက်စေချင်ပေ။ ထို့ကြောင့် ချက်ချင်းသဘောတူပေးလိုက်သည်။

မုရှောင်းနွမ်က ပျော်ရွှင်စွာဖြင့် ချန်းရန်ကို ပွေ့ဖက်ကာ နမ်းလိုက်သေးသည်။ ယန်ရွှယ်၏ မျက်ခွံကပင် လှုပ်သွားပြီး သူမသည် ရုတ်တရက် သူတို့ကို ညစာကျွေးမည်ဟု မပြောခဲ့သင့်ကြောင်း ခံစားမိလာသည်။

အခုတော့ ဒီတစ်ညတာ ဘယ်လောက်ခက်ခဲမလဲဆိုတာကို သိသင့်ပြီ။

အချိန်နှင့် နေရာကို သဘောတူပြီးသည်နှင့် ချန်းရန်နှင့် မုရှောင်းနွမ်တို့က အဝတ်အစားသွားဝယ်ကြသည်။

ချန်းရန်၏ အကျင့်စရိုက်အရ သူသည် ဈေးအကြီးဆုံးဆိုင်သို့သာ သွားပြီး အလှဆုံး ဝတ်စုံကိုသာ ဝယ်ပေးပေလိမ့်မည်။

သို့သော် ထိုကောင်မလေးကမူ သက်တောင့်သက်သာရှိသော အများတတ်နိုင်သည့် အဝတ်စားမျိုးကိုသာ ဝတ်တတ်သည်။ သူမဘာသာ ရွေးချယ်လေသည်။ သူမကိုယ်တိုင်အတွက် ဝယ်ယူသည့်အပြင် ချန်းရန်အတွက်ပါ ဝယ်ပေးသေးသည်။

“ဒီထည်က ကောင်းတယ် ဒါဆိုရင် စုံတွဲဝတ်လို့ရပြီ”

မုရှောင်းနွမ်က အရင်စရွေးသည် ချန်းရန်နှင့်အတူ လိုက်ဖက်အောင် ဝတ်မည်ဟု တကဲကဲလုပ်နေသည်။ ချန်းရန်ကသာ ဝယ်မည့် ပုံသဏ္ဍာန်သာရှိသည်။

“ကောင်းပြီ ကောင်းပြီ”

ချန်းရန်ကလည်း ထိုကောင်မလေးက ခေါင်းမာမှန်း သိသည်။ သူကသာ အင်တင်တင် လုပ်နေလျှင် အဝတ်အစားမများကြီး လဲဝတ်ကြည့်ရလောက်သည်။ ထို့ကြောင့် ပြောလိုက်သည်။

“ငါ အဝတ်လဲခန်းထဲကို သွားလိုက်မယ် မင်းစောင့်နေ”

ချန်းရန်က အဝတ်လဲခန်းထဲ ဝင်သွားသည်။

“အိုး အဝတ်အစား လဲဝတ်ကြည့်နေတဲ့အချိန်မှာ အခွင့်အရေးက လာပြီ”

မုရှောင်းနွမ်ကလည်း ချန်းရန်က ထိုနေရာတွင် ခဏကြာဦးမည်မှန်း သိသည်။ ထို့ကြောင့် ဘေးဘီကို ကြည့်ရှာလိုက်သည်။ ထို့ကြောင့် မည်သူကမှ သတိမထားမိချေ။

သူမက ဝှစ်ခနဲ အသံနှင့်အတူ ချန်းရန်၏ အဝတ်လဲခန်းထဲ ဝင်သွားသည်။

ချန်းရန် “!”

******

All Chapters