အခန်း ၁၃၄
Vol. 14 Ch. 134
134 01
အပိုင်း (၁၃၄)
“မင်း ဘယ်လိုဖြစ်ပြီး ဝင်လာတာလဲ”
အဝတ်လဲခန်းထဲမှ ချန်းရန်ကပင် သူမကြောင့် လန့်သွားတယ်။
သေစမ်း။
ငါ့အဝတ်အစားလဲတာကို မုရှောင်းနွမ်က ဘာလို့ ဝင်လာတာလဲ။
ဘာလုပ်ချင်နေတာလဲ
“ရှူး”
ချန်းရန် စိတ်လှုပ်ရှားမှုကို မြင်သောအခါ မုရှောင်းနွမ်က လက်ညိုးကို ချက်ချင်း မြှောက်ပြီး နှုတ်ခမ်းနားသို့ ကပ်ကာ ခပ်တိုးတိုး အမူအရာ လုပ်ပြသည်။
“ယောက်ျား ယောက်ျား မအော်နဲ့လေ။ အသံကို တိုးထား မဟုတ်ရင် သိသွားလိမ့်မယ်”
“မင်းက ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်ချင်တာလဲ”
ချန်းရန်ကပင် အလွန်အံ့သြနေသည်။ သူဟာ အဝတ်အစားလဲနေသည့် အချိန်တွင် အပေါ်ပိုင်းတွင် မည်သည့်အရာမှ မရှိပေ။ သို့ရာတွင် ယောက်ျားဖြစ်သည့်တိုင်အောင် မလုံခြုံသလို ခံစားရသည်။
“ယောက်ျား စိတ်အေးထား”
မုရှောင်းနွမ်က ချန်းရန်ကို ကြည့်သည်။ သူမ၏ လှပသော မျက်နှာက အလိုအလျောက်ပင် ရှက်သွေးဖြာသွားသည်။ ယောက်ျားဖြစ်သူ၏ ခန္ဓာကိုယ်ကို မြင်ချိန်တိုင်းလိုလို အတွေးရိုင်းများ ရှိတတ်သည်။ အကြောင်းမူကား ထိုခန္ဓာကိုယ်က အမှန်ပင် ကြည့်ကောင်းသည်။ သူမပင် တက်စီးချင်လာသည်။
“မင်း ဘာလုပ်မလို့လဲ”
ထိုကောင်မလေးက အနားကပ်လာကြောင်း မြင်သည်နှင့် ချန်းရန်က အံ့သြသွားသည်။ သူသည်လည်း အမြဲတစေ ပုံမှန်မဟုတ်သလို ခံစားရသည်။
“မဟုတ်ပါဘူး။ ဒီအတိုင်း အဲဒါ မာလားလို့ ကြည့်မလို့”
မုရှောင်းနွမ်က အလွန်ကျေနပ်စွာနှင့် ချန်းရန်၏ လက်မောင်းကို လာရိုက်သည်။
“မဆိုးဘူး မဆိုးဘူး။ ငါတကယ် ကျေနပ်တယ်။ ဒီမာကျောမှုနဲ့ အထူကိုလည်း ကြိုက်တယ်”
ချန်းရန် “…”
“ဆိုတော့ မင်းက ကုန်ပစ္စည်းကို လာစစ်တာပေါ့လေ”
ချန်းရန်က ရုတ်တရက် ထိုကောင်မလေးတွင် အကြံဆိုး ရှိနေမည်ဟု ခံစားလိုက်ရသည်။
“သေချာပေါက် မဟုတ်ပါဘူးပေါ့”
မုရှောင်းနွမ် ရယ်သည်။ သွားဖြူဖြူလေးများ ပေါ်လာ၏။ သူမက ချွဲကာ ပြောသည်။
134 02
“ငါ ဒီအတိုင်း ကောကောအနေနဲ့ တစ်ယောက်တည်း အဝတ်လဲတာ အဆင်မပြေလောက်ဘူးလို့ ထင်လို့ လာကူညီတာလေ”
ချန်းရန် “?”
“မင်းက ငါ့ကို ကူညီချင်တာ”
ချန်းရန်က စိတ်ရှုပ်သွားသည်။
“ဒါပေါ့”
မုရှောင်းနွမ်က ခေါင်းကို ခပ်မြန်မြန် ညိတ်သည်။ ချန်းရန်က အသိပြန်မဝင်သေးခင် သူမက ချန်းရန်၏ ရင်ဘက်ကို လက်ဖဝါးဖြင့် ဖိသည်။
“ဟင်”
ချန်းရန်ကလည်း အတင်း နောက်ဆုတ်ရန် တွန်းအားပေးခံရသည်။ ထိုသို့ဖြင့် အဝတ်လဲခန်းထဲမှ ထိုင်ခုံပေါ်တွင် ထိုင်လျက်သား ဖြစ်သွားသည်။
“မင်းဘာလုပ်ချင်တာလဲ”
ချန်းရန် အံ့သြနေပြီ ဖြစ်သည်။
“စကား မပြောနဲ့ ငါကူညီပေးမယ်”
မုရှောင်းနွမ်က ခပ်မြန်မြန် ဆောင့်ကြောင့်ထိုင်ပြီး ချန်းရန်အား အဝတ်ဆွဲချရန် ကူညီပေးသည်။
“မဟုတ်ဘူး မဟုတ်ဘူး ငါ့ဘာသာငါ လုပ်ပါ့မယ်”
ချန်းရန်၏ နှလုံးသားက တဘမ်းဘမ်း ခုန်နေသေးသည့် တိုင်အောင် ယခုလို ကျဉ်းမြောင်းသော နေရာမျိုးတွင် လူနှစ်ယောက်တည်းသာ ရှိသည်။ ထိုနေရာကလည်း တော်တော်လေး ကျဉ်းသည်။ ရည်မှန်းချက်ကြီးသော လေထုလိုမျိုးက မြောက်တက်လာနိုင်၏။
“မလုပ်နဲ့ ငါကူညီမယ်”
မုရှောင်းနွမ်က ချန်းရန်ကို အတင်း ဖိထားသည်။ သူမ၏ ခေါင်းက တဝီဝီ မြည်နေ၏။ သူမသည် ပထမဦးဆုံးအကြိမ်အဖြစ် ထိုမျှအထိ တက်ကြွဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည်လည်း အလွန် စိတ်လှုပ်ရှားနေသည်။ သို့သော် သူမ၏ အကြံအတွက် ဆက်လုပ်ရပေမည်။
“ရပြီ”
ချန်းရန်ကလည်း တော်လေး ထူးခြားသည်ဟု ခံစားရသည်။ လူများက အဝတ်လဲခန်းထဲတွင် အဝတ်အစားလဲလျှင် တစ်ယောက်ချင်းစီသာ လုပ်တတ်သည်။ ယခုမူ တစ်ထည်ချင်းစီ ချွတ်ခြင်းထက် ဆွဲဖြဲခံရမတတ်ပင် ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် ကျဉ်းမြောင်းသော အဝတ်လဲခန်း အတွင်းတွင် ကောင်းမွန်သော လေထု အခြေအနေက ဖြစ်လာပြီး တဘီးဘီး အသံက ထွက်လာသည်။
“ဟင်”
ချန်းရန်က နည်းနည်း မပျော်မရွှင် ဖြစ်သွားသည်။ သူက ယခုလေးတင် ချွတ်ထားသော အဝတ်အစားကို ကြည့်ပြီး လှမ်းယူရန် ကြံစည်လိုက်သည်။
134 03
“ဘယ်သူ ခေါ်နေတာလဲ ဒီအချိန်မှ”
သူက ဖုန်းကို ဖွင့်လိုက်သောအခါ မုရှောင်းနွမ် ခေါ်နေကြောင်း မြင်ရသည်။
“ယောက်ျား ဘာဖြစ်တာလဲ”
ချန်းရန် သူမကို သံသယအပြည့်နှင့် ကြည့်လာကြောင်း မြင်လိုက်သည်နှင့် မုရှောင်းနွမ်က အနားသို့ ကပ်ကာ ကြည့်သည်။ ထို့နောက် သိချင်စိတ်ပြင်းပြစွာ ပြောသည်။
“အို ဘာဖြစ်တာလဲ”
“အာ ကြည့်ရတာ ငါ မတော်တဆ နှိပ်မိတာ ထင်တယ်။ တောင်းပန်ပါတယ်ယောက်ျား”
“ရပါတယ်”
ချန်းရန်ကလည်း တစ်စုံတစ်ရာကို မြင်လိုက်သည်။
“အာ ယောက်ျား ဒါကို ခဏ ထားလိုက်ဦးလေ။ ငါကူညီပြီး ကိုင်ထားပေးမယ်။”
ချန်းရန်၏ဖုန်းကို ဖွင့်ထားပြီးကြောင်း မြင်လိုက်သည်နှင့် မုရှောင်းနွမ် မျက်လုံးက တောက်ပသွားသည်။ သို့သော်သူမက အလွန်တည်ငြိမ်နေပြီး ချန်းရန်ကိုပင် ကူညီကာ ဖုန်းကိုင်ပေးမည်ဟု ပြောသည်။ ဖုန်းက လက်ထဲမှာ လော့ဖွင့်ပြီးသား။
တာဝန်ပြီးပြီ။
“ဟီးဟီး ယောက်ျား လော့ဖွင့်ပေးတာ ကျေးဇူးတင်ပါတယ်နော် ငါ ငါ့ရဲ့ အသံဖိုင်ကို ဖျက်တော့မယ်”
မုရှောင်းနွမ်က နောက်ဆုံးတွင် ဖော်လိုက်သည်။ သူမက ချန်းရန်၏ဖုန်းကို ကိုင်ထားပြီး အလွန် ဂုဏ်ယူနေသည်။
“ဖာ့ခ်”
ချန်းရန်က ရုတ်တရက် အံ့သြသွားသည်။ သူသည် ချက်ချင်းဆိုသလို အသိပြန်ဝင်သွားပြီး မုရှောင်းနွမ်ကို စိုက်ကြည့်သည်။
“ကောင်းပြီ မင်းက ငါ့ကို လှည့်စားတယ်ပေါ့လေ။ ဖုန်းပြန်ပေး”
“မပေးပါဘူး”
မုရှောင်းနွမ်က ထိုသို့အော်ပြီး ဂုဏ်ယူစွာ ရယ်နေသည်။
“ယောက်ျား သတ္တိရှိရင် ပြန်လုလေ”
“ငါ့ကို အတင်း မလုပ်ခိုင်းနဲ့နော်”
ချန်းရန်က သတိပေးသည်။
“ဒါဆိုလည်း လုပ်ကြည့်ပေါ့”
မုရှောင်းနွမ်၏ မျက်လုံးကလည်း ရန်စ လိုစိတ် အပြည့်နှင့် ဖြစ်သည်။
“ဟွန်း စကားကြီး စကားကျယ် ပြောနေတာ”
ဒါကို ဘယ်လို သည်းခံရမှာလဲ။
134 04
ချန်းရန်က နောက်ဆုံးတွင် ချက်ချင်း ထရပ်လိုက်သည်။ သို့သော် ထိုကောင်မလေးက ကြိုတင် ပြင်ဆင် ထားပြီးသား ဖြစ်သည်။ ဝှစ်အသံနှင့်အတူ ကြိုတင်ကာ ထွက်ခွာသည်။
“ကလူ ကလူ ကလူ ယောက်ျား ထွက်လာပြီးမှ မေးပေါ့”
မုရှောင်းနွမ် ဒီကောင်မလေး တော်တော်လေးကို အတွက်အချက် ကြီးတယ်။ ထိုအခိုက်အတန့်တွင် သူမက ချန်းရန်၏ အဝတ်များ အားလုံးကို ချွတ်ပြီးသား ဖြစ်သည်။
“သေစမ်း”
ချန်းရန်က အောက်ကို ငုံ့ကြည့်သည်။ ဒီကောင်မလေးက သူ့ရဲ့ အဝတ်အစားတွေ အားလုံး ယူသွားတာ။
ချန်းရန်က ဘယ်လိုများ အနောက်ကနေ လိုက်ရမှာလဲ။
ကြည့်ရသည်မှာ ထိုကောင်မလေးက ကြိုတင် ကြံစည်ထားခြင်း ဖြစ်သည်။
“မုရှောင်းနွမ် မင်းက မီးနဲ့ ကစားနေတာပဲ”
ချန်းရန်က အထဲမှ အော်သည်။
“ဘာဖြစ်တာလဲ”
“ဘယ်လိုပြီး ကောင်မလေး တစ်ယောက်က အဝတ်လဲခန်းက ထွက်လာတာလဲ”
“သေချာလို့လား ငါ အထဲက ယောက်ျား အသံ ကြားလိုက်တယ်”
“ဖာ့ခ် ယောက်ျား အဝတ်တွေ ကိုင်ထားတယ်”
ထိုအချိန်တွင် ထိုဆိုင်ထဲမှ ဈေးဝယ်သူများကလည်း အခြေအနေကို သတိထားမိသွားကြသည်။ ကံကောင်းသည်မှာ မုရှောင်းနွမ်က မျက်နှာကို အဝတ်နဲ့ အုပ်ထားသည်။ သို့မဟုတ်ပါက သူမက ခေါင်းစည်းပိုင်းတွေ ပါလာလောက်ပြီ။
ရေချိုးခန်းထဲသို့ တောက်လျှောက် သွားပြီးနောက်တွင် မုရှောင်းနွမ်က စိတ်အေးစွာ သက်ပြင်းချသည်။
“ဟား ကံကောင်းလို့ နောက်ဆုံးတော့ ရပြီ”
မုရှောင်းနွမ်က အိမ်သာထဲတွင် ဆောင့်ကြောင့်ထိုင်ကာ ချန်းရန်၏ ဖုန်းကို ဖွင့်ပြီး ရေရွတ်သည်။
“ဘယ်မှာ ထည့်ထားတာလဲ သူက အသံဖိုင်လို့ ပြောတယ် မဟုတ်လား”
သူမက အချိန်တန်ကြာအောင် ကြည့်ရှာဖွေနေသည်။ သို့သော် ထိုမှတ်တမ်းကို မတွေ့ရသေးပေ။ သို့သော် ရင်းနှီးကျွမ်းဝင်သော ပုံများသာ ရှိနေသည်။
“ဟင် ဒီပုံတွေတောင် မဖျက်ထားဘူးလား”
မုရှောင်းနွမ်က အယ်လ်ဘမ်ကို ဖွင့်နောက် ရှက်သွားသည်။ ဒါကို သူမ ယခင်က ဆွဲဆောင်မှု ရှိသော ဝတ်စုံများကို ဝင်ဆင်ထားခဲ့ချိန်က ပုံများဖြစ်သည်။ မမျှော်လင့်ထားစွာပင် အားလုံးက ယောက်ျားဖြစ်သူ၏ ဖုန်းထဲတွင် အယ်လ်ဘမ်တစ်ခုအဖြစ် သိမ်းထားခြင်း ခံရသည်။
ဆိုတော့ သူ အချိန်မရွေး ကြည့်နိုင်အောင်ပေါ့လေ။
“မဟုတ်သေးပါဘူး”
134 05
မုရှောင်းနွမ်ကလည်း ချန်းရန် ပြောသည့် မှတ်တမ်းကို ရှာမတွေ့ချေ။ ထိုဖုန်းထဲတွင် မည်သည့် မှတ်တမ်းမှ ရှိမနေပါပေ။
“ဖြစ်နိုင်တာက တမင်တကာ လှည့်စားတာလား”
မုရှောင်းနွမ်က မှင်တက်သွားသည်။
မဟုတ်ဘူး မဖြစ်နိုင်ဘူး
အခြား ပြောရသော် သူမ ယောက်ျား ဖြစ်သူက သူမကို ထိုချိန်က လိမ်ညာခဲ့ခြင်းသာ ဖြစ်သည်။ မှတ်တမ်း မတင်ထားပေ။
“ဝူးဝူး ငါအရမ်း ရူးတာပဲ”
မုရှောင်းနွမ်က ဖိအားအပြည့်ဖြင့် ဆံပင်ကို ဆွဲသည်။ သူမ တစ်ကိုယ်လုံးက ဆွဲဖြဲခံရသလို ခံစားရသည်။ လက်စသတ်တော့ ဒီလောက်ထိ အင်အား စိုက်ထုတ်ထားတာက ဟာသလား။
“အား ဒီတစ်ခုကို စမ်းကြည့်ရမယ်”
ထိုအချိန်တွင် ချန်းရန်က ဆိုင်မှ ဝတ်စုံ အသစ် တစ်ထည်ကို စမ်းဝတ်ပြီးကာစ ဖြစ်ပြီး နောက်တစ်ထည်ကို ထပ်ပြောင်းဝတ်နေသည်။
“လူကြီးမင်း ဒီဝတ်စုံက လူကြီးမင်းနဲ့ အရမ်း လိုက်တယ်။ လူကြီးမင်း အထည်တွေ အများကြီးလည်း ကြည့်ပြီးပြီလေ ဘယ်တစ်ခုကိုမှ မကြိုက်ဘူးလား”
ဝန်ထမ်းကပင် နည်းနည်း ထုံထိုင်းနေသည်။ အရှေ့မှ လူကြီးမင်းက ဝတ်စုံ အများကြီးကို စမ်းဝတ်ကြည့်နေသော်လည်း တစ်ထည်မှ မဝယ်သေးပေ။
“ဘာဖြစ်တာလဲ”
“မစိုးရိမ်ပါနဲ့ ခဏစောင့်”
ချန်းရန်က အဝတ်များ အားလုံးကို ယူပြီးနောက် အဝတ်လဲခန်းထဲ ထပ်ဝင်သွားသည်။ သူသည်လည်း ကူကယ်ရာမဲ့နေသည်။
သူ၏ အဝတ်များ အားလုံးကို မုရှောင်းနွမ်က ယူသွားသည်။ ထို့ကြောင့် သူသည်လည်း အဝတ်သစ်များကိုသာ ဝတ်ရန် ဖြစ်လာသည်။ သို့မဟုတ်ပါက ဝတ်စရာ မရှိတော့ပေ။
သို့သော်
သူ၏ ဖုန်းကို သူမက ယူသွားလေသည်။
ဘယ်လို ပေးရမှာလဲ။
ချန်းရန်ကလည်း မုရှောင်းနွမ်ကို စောင့်ရင်း တစ်ထည်ပြီး တစ်ထည် ဝတ်ကြည့်နေရသည်။ သူသည် ဒေါသထွက်လွန်းသဖြင့် သွားပင် ယားလာသည်။
“အဝတ်ကို ခိုးရဲတယ်ပေါ့လေ။ မုရှောင်းနွမ် ဒုက္ခ ရောက်ချင်နေတာပဲ”
သူမသာ ပြန်လာလျှင် သူသည် သေချာပေါက် သူမကို တကယ်ကို သင်ခန်းစာ ပေးရပေမည်။ ချန်းရန်က အံကြိတ်နေ၏။
******