အခန်း ၁၃၅
Vol. 14 Ch. 135
135 01
အပိုင်း (၁၃၅)
“ဟေး ယောက်ျားက ဘာလို့မထွက်လာသေးတာလဲ”
မုရှောင်းနွမ်က အပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် အချိန်တန်ကြာအောင် စောင့်ဆိုင်းပြီးသည့် တိုင်အောင် သူက ထွက်မလာသေးပေ။
“သူငါ့ကို ဒေါသများ ထွက်သွားလို့ လျစ်လျူရှုတာလား။”
ဒါကြောင့်မို့ စိတ်ဆိုးသွားတာများလား။
တံခါးနားတွင် စောင့်နေတော့ မုရှောင်းနွမ်ကလည်း နည်းနည်းစိုးရိမ်လာသည်။ သူမက အချိန်တန်ကြာအောင် စောင့်နေလေပြီး ယောက်ျားဖြစ်သူကို မတွေ့ရသေးပေ။
ဘာဖြစ်တာလဲ။
ဘီး
ထိုအချိန်တွင် မုရှောင်းနွမ်၏ ဖုန်းက ရုတ်တရက် မြည်လာသည်။ ငုံ့ကြည့်လိုက်တဲ့အခါ ချန်းရန်၏ ဆဲလ်ဖုန်းဖြစ်နေသည်။ ခေါ်ဆိုသူက အမည်မသိ profile နှင့် ဖြစ်သည်။
လှပတဲ့ မိန်းမပဲ
မုရှောင်းနွမ်၏ မျက်လုံးက ရုတ်တရက် တင်းကြပ်သွားသည်။ သူမ၏ နှလုံးသားက တစ်ချက် အခုန်နှုန်းမှားသွားသည်။ ဒီလှပတဲ့ အမျိုးသမီးက ယောက်ျား…ယောက်ျားနဲ့များ ပတ်သက်တာလား။
ခွင့်လွှတ်လို့မရဘူး။
မုရှောင်းနွမ်၏ တဒိတ်ဒိတ် ခုန်နေသော ရင်ခုန်သံနှင့်အတူ ထိုဖုန်းကို ယူကာ ကိုင်လိုက်သည်။
“မုရှောင်းနွမ် အခုချက်ချင်း ပြန်လာခဲ့စမ်း။ ချက်ချင်း အခုပဲ”
ရုတ်တရပ် ဖုန်းကို ကိုင်လိုက်ပြီး မုရှောင်းနွမ်က ဘာကိုမှ မပြောသေးခင် တစ်ဖက်မှ အော်အသံကို ကြားရသည်။ အသံက အတော်လေးကို ဖိနှိပ်ထားရပုံ ပေါ်သည်။ မုရှောင်းနွမ်၏ နားကပင် ကွဲလုနီးပါး ဖြစ်သွားသည်။
အာ အာ ငါ့ယောက်ျားလား...
မုရှောင်းနွမ်က အချိန်တန်ကြာအောင် တုန့်ဆိုင်းနေပြီး ဘာကိုမှ မပြောရသေးခင် တစ်ဖက်က ဖုန်းချသွားသည်။
သွားပြီ သွားပြီ။ ယောက်ျားက ဒေါသထွက်နေပြီ။
မုရှောင်းနွမ်၏ မျက်နှာက ရုတ်တရက် ခါးသီးသွားသည်။ သူမက ချန်းရန်၏ မိုဘိုင်းဖုန်းကို ကြည့်ပြီးနောက် စိတ်ဓာတ်ကျသွားသည်။
လက်စသတ်တော့ ယောက်ျားက အခြားသူရဲ့ ဖုန်းကို သုံးပြီး ခေါ်တာပဲ။
တစ်ဖက်သူ၏ အသံအရ အတော်ဒေါသထွက်နေပုံရသည်။ သေချာပေါက်ကို ဒေါသထွက်နေလောက်တယ်။
135 02
အာ မုရှောင်းနွမ် နင်တော့သွားပြီ။
သူမက အလွန်ကြောက်နေသော်လည်း သူမသာ မသွားခဲ့ရင် ယောက်ျားဖြစ်သူက ပိုပြီးပင် ဒေါသထွက်လောက်သည်။ ယောကျ်ားက ရိုက်တော့ မရိုက်လောက်ပါဘူးနော် ဟုတ်တယ်မလား။
မုရှောင်းနွမ်၏ နှလုံးသားက နိမ့်လိုက် မြင့်လိုက် ဖြစ်နေသည်။ သူမသည်။ နည်းနည်းလည်း ကြောက်၏။ ဒါပေမဲ့ ဘာလို့ နည်းနည်း စိတ်လှုပ်ရှားနေရတာလဲ။
သိပ်မကြာခင်မှာတင် မုရှောင်းနွမ်က ဆိုင်ထဲသို့ ဝင်သွားချိန်တွင် ဘေးဖက်တွင် ရပ်နေသော ချန်းရန်ကို မြင်ရသည်။ ချန်းရန်ကလည်း သူမကို မြင်သည်။
“ဘာဖြစ်တာလဲ။ ဒီလူငယ်က ဒီကောင်မလေးကို ပိုက်ဆံမပေးတာလား။”
“ကြည့်ဦး ကြည့်ဦး။ ဒီကောင်မလေးက ဘယ်သူ့ရဲ့ ဘောင်းဘီကို ကိုင်ထားတာလဲ။ ဒီလူ့ရဲ့ ဘောင်းဘီလား”
“ဖာ့ခ် ဒါက ပုံပြင်တစ်ပုဒ် ရှိရမယ်။ ဒီလူက နေရာမှာတင် ဖမ်းမိသွားတာလား။ ဒါကြောင့် ရည်းစားက လာပြီး ရင်ဆိုင်တာပေါ့လေ”
“ဖြစ်နိုင်လောက်တယ် ကြည့်ဦး။ မိုဘိုင်းဖုန်းကိုတောင် ယူသွားတာလေ။”
ထိုအချိန်တွင် လူအများစုက ချန်းရန်ကို လက်ညှိုးထိုးပြီး ပြောနေကြသည်။
ချန်းရန် “…”
သူသည် မုရှောင်းနွမ်ကို သင်ခန်းစာသာ ပေးချင်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် လောကကြီးမှ မျက်လုံးပေါင်း များစွာကို ရင်ဆိုင်ရပြီး တံတွေးကိုသာ မျိုချလိုက်ရသည်။
ဒါက တော်တော်လေးခက်တယ်။
မုရှောင်းနွမ်က နဂိုရပ်နေသော နေရာတွင်သာ ရပ်ပြီး ငေးကိုင်နေသည်။
ဘာဖြစ်တာလဲ။
ဘာလို့ သူက ရုတ်တရက် မတရားခံရသလို ဖြစ်သွားတာလဲ။
သိသာစွာပင် သူက မကောင်းမှုများ လုပ်ထားခဲ့သူ ဖြစ်သည်။
“မဟုတ် မဟုတ်ဘူး ယောက်ျား...”
မုရှောင်းနွမ်က ရှင်းပြတော့မည့် အချိန်တွင် ချန်းရန်၏ စိုက်ကြည့်မှုကို ခံရသည်။
?
မုရှောင်းနွမ်က အံ့သြသွားသည်။
“ဖာ့ခ် ဒီအစ်ကိုကြီးက အရမ်းကြမ်းတာပဲ။ သူက ဖမ်းမိသွားတာတောင် အခြားသူကို စိုက်ကြည့်နေသေးသည်။”
“သေစမ်း ငါတော့ သည်းမခံနိုင်တော့ဘူး။ သူက အမှားလုပ်ထားတာ ဒါတောင်မှ ထောင်လွှားနေသေးသည်။”
“အလှလေး မကြောက်နဲ့ အားလုံးက မင်းကို အားပေးတယ်”
135 03
ထိုအချိန်တွင် လူပေါင်းများစွာက တံခါးနားတွင် ဝိုင်းနေကြသည်။ ထို့ကြောင့် သေသေချာချာ ဖြေရှင်းရန် မဖြစ်နိုင်တော့ပေ။
ဒီအရူးကတော့..
ချန်းရန်ကလည်း ဆွံ့အသွားသည်။
သူ၏ အမူအရာက တင်းမာနေ၏။ ထို့နောက် သူသည် ကြောက်ရွံ့သော အမူအရာကို ထုတ်ပြသည်။
“မိန်းမ ငါတို့ ပြန်မှ ပြောရအောင် ဟုတ်ပြီလား။”
အပေါ်ယံတွင်မူ ချန်းရန်က ကြောက်နေတဲ့ပုံ ပေါ်သည်။
“ဟင်”
မုရှောင်းနွမ်က အစပိုင်းတွင် ပဟေဠိ ဖြစ်သွားသေးသည်။ သို့သော် ချန်းရန်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူမကို ပူးပေါင်းခိုင်းနေကြောင်း သိလိုက်သည်။
“အင်း ငါသာ နင့်ကို သင်ခန်းစာမပေးဘူးဆိုရင် မိသားစုက ခေါင်းဆောင်ကို မေ့သွားလိမ့်မယ်”
“ဒီကိုလာ”
မုရှောင်းနွမ်က ဒရမ်မာ ဝိဉာဉ် အပူးခံရပြန်သည်။ သူမ၏ ဖျော်ဖြေမှုကလည်း အလွန်မင်း စစ်မှန်သည်။ အနည်းဆုံးတော့ အခြားသူများ၏ အမြင်တွင် သူမက ကြမ်းတမ်းပုံ ပေါက်သည်။
“ငါ အပြင်ရောက်နေတဲ့ အချိန်မှာ အိမ်မှာလိုမျိုး ကြောက်နေမယ်လို့ မထင်နဲ့ မလွန်လာနဲ့”
ချန်းရန်ကလည်း သရုပ်ဆောင်ရသည်ကို စွဲလမ်းနေပုံရသည်။ သူက မုရှောင်းနွမ်နှင့် လုံးဝကို အပြည့်အဝ ပူးပေါင်းပေးထားသည်။ အကြည့်ကတဆင့် သူက မုရှောင်းနွမ်ကို အမှန်တကယ် ကြောက်ပုံပေါ်သည်။
“လာစမ်းပါ”
မုရှောင်းနွမ်ကလည်း စိုးရိမ်စိတ်များသွားပုံ ပေါ်သည်။ ချန်းရန်ကို အဝတ်လဲခန်းထဲသို့ ဆွဲသွင်းလိုက်သည်။
“ဘုရားရေ အရမ်း ကြမ်းတာပဲ။ ဒီအလှလေးက တကယ် ကြမ်းတဲ့သူလို့ မထင်ရဘူးနော်။”
“အေး ဘယ်သူက လှပတဲ့ အမျိုးသမီးတွေက တအီအီပဲ နေတတတ်တယ်လို့ ထင်ကြလို့လဲ။ လက်သီးထိုးလိုက်ရုံနဲ့ ကွဲပြဲသွားလိမ့်မယ်။”
“ကြောက်စရာကောင်းတဲ့ အမျိုးသမီး Tyrannosaurus Rex ပုံစံပဲ”
“ပုန်ကန်ချင်တယ် ဆိုရင်တောင်မှ ဘယ်သူ့ကို စကားပြောလဲ ဆိုတာ ကြည့်ရလိမ့်မယ်။”
“အိုး မိန်းမ မိန်းမ ငါ့ကို ညှာတာပေးပါ ညှာတာပေးပါ”
ထိုအချိန်တွင် အပြင်ဘက်မှ ကြည့်ရှုသူများကလည်း ချန်းရန်ကို စတင်ကာ သနားသွားကြသည်။
“ဟေ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်လေးတော့ သင်ခန်းစာ အပေးခံရတော့မယ်။”
“ဘယ်လိုပဲဖြစ်ဖြစ်လေ ငါကတော့ ဒီလူကြီးကို သနားနေပြီ”
135 04
ထိုအချိန်တွင် အဝတ်လဲခန်းထဲတွင်…
“မင်းကျေနပ်ပြီလား။”
“မင်း ဆက်လုပ်ချင်လည်း ပြဿနာ မရှိဘူးနော်။”
“လုပ်ချင်သေးလား”
ချန်းရန်က မုရှောင်းနွမ်ကို စိုက်ကြည့်သည်။ သူက ဒေါသတကြီး ရယ်၏။ ထိုကောင်မလေးက သူ့ကို လူအများရှေ့တွင် မျက်နှာပျက်အောင် လုပ်သည်။
“မင်းက အပြင်က လူတွေ ထင်သလိုမျိုး ငါ့ကို သင်ခန်းစာ ပေးချင်လို့လား။”
“ဟင့်အင်း ငါ မလုပ်ရဲပါဘူး။ အထင်မမှားပါနဲ့။”
မုရှောင်းနွမ်က ချန်းရန်ကို ချစ်မြတ်နိုးစွာ ကြည့်သည်။ သူမသည် အပြင်တွင် ရှိနေချိန်ကကဲ့သို့ ကြမ်းတမ်းတမ်းပုံစံမျိုး မဟုတ်တော့ပေ။
“ယောက်ျား”
ချန်းရန်က ပြောသည်။
“မင်းလုပ်ထားတဲ့ မကောင်းတဲ့ ကိစ္စတွေကြောင့်သာ မဟုတ်ရင် ဒီသတင်း ပေါက်ကြားသွားရင် မင်းသေပြီ။”
“ယောက်ျား ကျေးဇူးတင်ပါတယ်”
မုရှောင်းနွမ်၏ ခုခံမှုက ချက်ချင်း ပြိုကွဲသည်။ လက်စသတ်တော့ ငါ့ယောက်ျားက ရူးကြောင်ကြောင် အလုပ်တွေကို ကာပေးဖို့အတွက် ကာပေးနေတာကိုး။
သူက အခြားသူတွေ နားလည်မှုလွဲတာကိုပဲ ခံလိုက်မယ်။ ဒါအရမ်းကို ရင်ထဲထိစေတယ်။
မုရှောင်းနွမ်က ချန်းရန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်ပြီးနောက် ခံစားချက် အပြည့်နှင့် ပြောသည်။
“ကောင်းပြီ ကောင်းပြီ။ အပြင်မှာ လူတွေ ကြည့်နေကြတာ ငါတို့ ဆက်ပြီး သရုပ်ဆောင်ရဦးမယ်။”
ချန်းရန်က ပြောသည်။
“အာ”
ထိုစကားကို ကြားပြီးမုရှောင်းနွမ်က ခေါင်းကို ချက်ချင်းယမ်းသည်။ သူမက ချန်းရန်ကို ငြင်းပယ်မှု အပြည့်နှင့် ကြည့်သည်။
“ယောက်ျား ထားလိုက်တော့ ငါ မရိုက်ရက်ပါဘူး”
“ဘယ်သူက မင်းငါ့ကို ရိုက်မယ်လို့ ပြောလို့လဲ။ ငါက ရိုက်သင့်တာမဟုတ်ဘူးလား”
မုရှောင်းနွမ်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ချန်းရန်က လက်ကို မြောက်လိုက်သည်။ ထို့နောက် ဖြောင်းကနဲ အသံက ထွက်လာသည်။
******