← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

136 01

အပိုင်း (၁၃၆)

အတွင်းမှ တဖြောင်းဖြောင်းအသံများ ထွက်နေသည်။

“ဘုရားရေ ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ လူလဲ။ သူ ဆိုးဆိုးရွားရွား အရိုက်ခံနေရတာပဲ။”

“ဟစ်”

အသံနားထောင်ရုံနဲ့တင် တော်တော်လေးကို အင်အားထည့်ထားမှန်း သိသာတယ်။ ကြောက်စရာပဲ။

“အိုး ငါလည်း ဒီလူကြီးမင်းကိုတော့ သနားနေပြီးသား။ ဒါပေမဲ့ အခု ဘာလို့ အပြင်ဘက်က ညင်သာတဲ့ ရွာသူကို သဘောကျတဲ့ ဇာတ်လမ်းရပ်သွားပြီ ထင်တယ်။”

“သေစမ်း ပြဿနာ ရှာချင်ပြန်ပြီလား ဟမ်။ ငါ အိမ်ပြန်ရောက်ရင် ငါ နင့်ကို ခါးပတ်နဲ့ မရိုက်ရဲဘူး ထင်နေလား”

“မိန်းမ ငါမှားပါတယ် အိမ်ပြန်ရအောင်နော်။ မကြည့်နဲ့တော့”

အပြင်ဘက်မှာ စောင့်ကြည့်နေသော လူအုပ်ကလည်း အစပိုင်းတွင် ဒေါသထွက်နေသည်။ နောက်ပိုင်းတွင်မူ မထိန်းထားနိုင်ကြတော့ပေ။ ထိုအတိုင်း ဆက်ဖြစ်နေပါက သူတို့၏ဇနီးများကပင် ထောင်လွှားလာလောက်သည်။

ဒီလို ဖြစ်ခွင့်ပြုလို့ မရဘူး။

သို့သော် ကံကောင်းသည်မှာ သိပ်မကြာခင်မှာတင် အသံက ရပ်သွားသည်။ နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ။ ထိုအချိန်တွင် အနည်းငယ် အရှက်ရပုံပေါက်သော ပုံရိပ်တစ်ခုက ချက်ချင်း ပြေးထွက်လာပြီး မျက်တောင် တစ်ခတ် အချိန်အတွင်းတွင် ပျောက်သွားသည်။

“သူ..သူ့ကို တားထားစမ်း”

“ဘာဖြစ်တာလဲ။ ထွက်ပြေးသွားတာလား”

“အရှိန်က မြန်လိုက်တာ”

“အင်း ငါ အခုတော့ သူဘာလို့ အပြင်မှာ ထွက်ရဲတဲ့ သတ္တိရှိလဲဆိုတာ သိသွားပြီ ထင်တယ်”

“တကယ်မြန်တာနော် အင်အားအပြည့်ပဲ”

အားလုံးက မှင်သက်နေကြသည်။

သူက အလှလေးကြောင့် ကြောက်ပြီး ထွက်ပြေးသွားတာလား။

ဒါဆို ကောင်မလေးကရော ဘာလို့ မထွက်လာသေးတာလဲ။

ပြောရမည်ဆိုလျှင် မုရှောင်းနွမ်က မထွက်လာချင်၍ မဟုတ်ပေ။ သူမက အရှိန်အဝါ အပြည့်နှင့် ထွက်လာရန် လိုအပ်နေသောကြောင့် ဖြစ်သည်။ ဝတ္ထုထဲမှ အမျိုးသမီး ဇာတ်လိုက်တစ်ယောက်ကဲ့သို့ ကြမ်းတမ်းစွာ ထွက်ပေါ်လာရပေမည်။ ထို့နောက် သူမသည် လိုက်ကာကို အရင်ဖွင့်သည်။ ဆံပင်ရှည် က တစ်ချက် လွင့်သွားပြီး အထင်တသေး ဖြစ်နေသော မျက်နှာထားမျိုးနှင့်ထွက်ကာ ချာကနည်းလှည့်ပြီး သွားရပေမည်။

ဟွန့် တည်တည်ငြိမ်ငြိမ်ပေါ့။

136 02

သို့သော် သူမသည် အမှန်တကယ်ကို လမ်းမလျှောက်နိုင်အောင် ဖြစ်နေသည်။

နာတယ်။ ထုံထိုင်းပြီး နည်းနည်း ရှက်စရာပဲ။

ဖော်ပြဖို့ ခက်ခဲတဲ့ ဒဏ်ရာမို့…

ခံစားချက်က….

ဘာဖြစ်နေရတာလဲ။

ခန္ဓာကိုယ်က အားပြတ်သွားပြီလား။

မုရှောင်းနွမ် စိတ်အေးထား စိတ်အေးထား နင် လုပ်နိုင်တယ်။

အသက်ကို ပြင်းပြင်း နှစ်ကြိမ်ခန့် ရှူပြီးသည်နှင့် မုရှောင်းနွမ်က နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အပြင်ဘက်သို့ ထွက်လိုက်သည်။ သို့သော် ခြေနှစ်လှမ်း လှမ်းပြီးနောက်တွင် နည်းနည်း အသက်မသာ ဖြစ်နေသည် ။

“ဟူး”

မုရှောင်းနွမ်က အသက်ကို ပြင်းပြင်းရှူပြီး နောက်ဆုံးတွင် အဝတ်လဲခန်းထဲမှ ထွက်လိုက်နိုင်သည်။

မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာက သူမကို ကြည့်လာကြောင်း မြင်သောအခါ လှပသော မျက်နှာက ရုတ်တရပ် ရဲသွားသည်။

“အာ အမျိုးသမီး ဒီ…ဒီ.. ဒီအဝတ်တွေက”

ရှော့ပင်းလမ်းညွှန်က တုံံ့ဆိုင်းစွာ မေးသည်။

“အားလုံး ဝယ်မယ်”

မုရှောင်းနွမ်က လွှမ်းမိုးမှု အပြည့်နှင့် ကဒ်တစ်ကဒ်ကို ပေးသည်။

ပိုက်ဆံက မသုံးရင် ဖြုန်းနေရာရောက်မှာပေါ့။

“အာ ကောင်းလိုက်တာ စိတ်အေးသွားပြီ”

“ဟုတ်တယ် ဟုတ်တယ်။ အဲလို လုပ်သင့်တာပါ”

အနားမှ လူများက အော်ဟစ် အားပေးကြသည်။ အမျိုးသားရဲ့ပိုက်ဆံကို သေချာပေါက် ဖြုန်းရမှာ ပေါ့။ ဟမ်။

သို့သော် ပြောရမည်ဆိုလျှင် ဒါဟာ မုရှောင်းနွမ်၏ပိုက်ဆံ ဖြစ်သည်။ ပစ္စည်းဝယ်ရန် ထွက်လာသောအခါ မုရှောင်းနွမ်ကသာ ပေးရသေးသည်။ အဆုံးသတ် တွင် သူမက အိတ်ကြီး အိတ်ငယ် သယ်ကာ ထွက်သွားသည်။

“ဟန်နီ ငါ ဘာလို့ သူ လမ်းလျှောက်တဲ့ ပုံစံက နည်းနည်း တစ်မျိုး ထူးဆန်းနေတယ်လို့ ခံစားရတာလဲ”

“နင် ပြောမှပဲ ငါ သတိရသွားပြီ ဟုတ်တယ်နော် တစ်မျိုးကြီးပဲ”

“အာ ငါ သိပြီ”

“မော်ဒယ် မော်ဒယ် မော်ဒယ် လမ်းလျှောက်သလို ဖြစ်နေတာ။ အိုး သွားရအောင် ဟန်နီ”

136 03

လူအများ၏ သံသယဝင်နေသော အကြည့်အောက်တွင်ပင် မုရှောင်းနွမ်က ထွက်သွားသည်။

“ဘယ်လိုလဲ ပင်ပန်းသွားပြီလား”

လူအုပ် ထဲမှထွက်ပြီး သဘောတူ ထားတဲ့နေရာသို့ ရောက်သွားပြီးနောက် ချန်းရန်က ဦးထုတ်တစ်လုံးကို ဆောင်းရင်း စောင့်နေကြောင်း မြင်ရသည်။

“ဟန်နီ”

မုရှောင်းနွမ်က ချက်ချင်းဆိုသလို ပြုံးရယ်သည်။ မျက်နှာပေါ်မှ စိတ်ဓာတ်ကျသော အမူအရာက ချက်ချင်း ပျောက်သွားကာ မျက်လုံးက တောက်ပသွားသည်။ သို့သော် ထို့နောက် တစ်ခဏတွင် သူမက နှုတ်ခမ်းကိုဆူလိုက်ပြီး မပျော်မရွှင် ဖြစ်သလို ပြောသည်။

“ငါ တကယ် လမ်းမလျှောက် နိုင်တော့ဘူး”

“ဟွန့် မင်း ငါ့ကို ထပ်လုပ်ရဲမလား ကြည့်ရအောင်”

ချန်းရန်ကလည်း နှာခေါင်းရှုံ့ပြီး ကောင်မလေး၏ ပန်းရောင်ပါးလေးကို လှမ်းညှစ်လိုက်သည်။ သို့သော် ညင်သာ၏။

မုရှောင်းနွမ်က နှုတ်ခမ်း ထပ်စူပြီး နာကျင်သလို ရုန်းသည်။ ချန်းရန်က လွှတ်ပေးလိုက်သည်။ အိတ်များကိုလည်း လွှဲယူလိုက်သည်။

“ယန်ရွှယ်က စောင့်နေလောက်ပြီ။ သူမက စားသောက်ဆိုင်မှာ စားပွဲတစ်ဝိုင်း ဘိုကင် ယူထားတာလား။ အဲဒီကို အမြန် သွားရအောင်”

“အင်း အင်း”

မုရှောင်းနွမ်၏ စိတ်အခြေအနေက ပြန်ပြီးစိတ်လှုပ်ရှားသွားပြန်သည်။ ချန်းရန်က ဈေးဝယ်အိတ်ကို ကိုင်ထား သည်။ သူမက ချန်းရန်၏ လက်မောင်းကို ဖက်ပြီး ခေါင်းကို မှီကာ ကပ်တွယ်နေ သည်။

“မူရှောင်ကျူး မင်း လက်မောင်းကို ကိုင်တာရတယ်။ ဒါပေမဲ့ ဒီလိုအတင်း မှီနေမယ်ဆိုရင် ငါ မင်းကို ဆွဲနေရရင်းနဲ့ သေအောင် ပင်ပန်းလိမ့်မယ်”

ချန်းရန်ကပင် ကူကယ်ရာမဲ့သွားသည်။ သူသည် ဈေးဝယ်အိတ်များကိုလည်း သယ်ထားရသေးသည်။ ထိုကောင်မလေးကမူ သူ့ကို အတင်းတရွတ်တိုက်ဆွဲပြီး လိုက်နေသည်။

“ငါ ဂရုမစိုက်ဘူး ငါ ဝက်ဆိုရင်တောင်မှ နင်ရိုက်တာကို ခံထားရတာပဲလေ။ အခု ယောင်ကိုင်းနေပြီ”

မုရှောင်းနွမ်က နှုတ်ခမ်း ဆူပြီး ငြင်းသည်။

အခု အချိန်ထိ ပူလောင် ပြီး ထုံထိုင်းသော ခံစားချက်က ရှိနေသေးသည်။ ထို့ကြောင့် သူမကိုလည်း နည်းနည်း မသက်အသာ ဖြစ်စေသည်။ ချန်းရန်ကိုသာ ကပ်တွယ်ပြီး နည်းနည်း တရွတ်တိုက်သာ ဆွဲလိုက်ချင်တော့သည်။

“ယောင်နေတယ် ဆိုတော့ ကြီးလာတာလား”

ချန်းရန်ကပင် ဆွံ့အသွားသည်။

တစ်ဆိတ်လောက် ဒါက အကြောင်းပြချက်ပဲ ဖြစ်ရမယ်။

136 04

သို့သော် သူသည် သူမ၏ လှပသော မျက်ခုံးနှင့် မှေးကျဉ်းနေသော မျက်လုံးက ကျေနပ်နေသော လခြမ်းကွေးလေးကဲ့သို့ ဖြစ်နေကြောင်းကို မြင်လိုက်ရပြီး ချန်းရန်၏နှုတ်ခမ်းထောင့်ကပင် ကော့တက်သွားသည်။ သူမကိုလည်း အနှောက်အယှက် မပေးတော့ပေ။

ဒီကောင်မလေး က ကျေနပ်အောင် လုပ်ဖို့ လွယ်သည်။

တစ်ခါတစ်ရံတွင် သူမ က ယခုလို မှီခိုရနိုင်ရုံနှင့်တင် ကျေနပ်နေတတ်သည်။

သိပ်မကြာခင်မှာတင် သူတို့နှစ်ယောက်က ကျန်းနန်မြို့၏ အစည်ကားဆုံးသော ဈေးဝယ်မောလ်ထံသို့ ရောက်ရှိသွားသည်။ ထိုမောလ်၏ ထိပ်ဆုံးထပ်တွင် စားသောက်ဆိုင်တန်း ဖြစ်သည်။ ထိုနေရာတွင် ယန်ရွှယ်က စားပွဲတစ်လုံး ဘိုကင်ယူထားသည်။

“ကျွတ် ကျွတ် ငါ ဒီလောက် အကြာကြီး စောင့်နေရတာတောင် နင်တို့ ဘာလို့အခုမှ ရောက်လာလဲလို့ စဉ်းစားနေတာ။ လက်စသတ်တော့ ဒီလို တရွတ်တိုက် ဖြစ်နေတာကိုး။ မုရှောင်းနွမ် နင့်မှာ ခြေထောက် မပါဘူးလား။ နင့်ယောက်ျားက နင့်ကို တွဲပေးဖို့ လိုတာလား”

ထိုအခန်းထဲတွင် စောင့်နေသည်မှာ ကြာပြီဖြစ်သော ယန်ရွှယ်က နောက်ဆုံးတွင် သူတို့နှစ်ယောက်ကို မြင်လိုက်ရပြီး နှုတ်ခမ်းကိုမဲ့ကာ ပြောသည်။ မျက်နှာက ချဉ်စုပ်နေသည်။

“မဟုတ်သေးပါဘူး။ ငါ့ ယောကျာ်းက ငါ လဲကျမှာ ကြောက်လို့လေ ငါ့ကို တွဲပေးထားတာ”

မုရှောင်းနွမ်က ရယ်သည်။ ချန်းရန်ကိုလည်း လွှတ်ပေးလိုက်ပြီးနောက် ယန်ရွှယ်၏မျက်နှာကို သွားညှစ်သည်။

“ရှောင်ရွှယ် ငါတို့ မတွေ့ရတာ ကြာပြီ။ နင် နင့် အစ်မကို မလွမ်းဘူးလား”

“ပေါက်ကရတွေ ဘာကိုအစ်မလဲ။ ဘယ်သူက နင့်ကိုလွမ်းလို့လဲ။ ဟွန့် ယောကျာ်း ကိုပဲလွမ်းနေတဲ့ ညီမကိုများ”

ယန်ရွှယ်က ယခင်အတိုင်း အတင့်ရဲသေးသည်။ သူတို့နှစ်ယောက်က အချင်းချင်းဆုံသည်နှင့် စကားများနေကြသည်။ သို့သော် တစ်ယောက်ကိုတစ်ယောက် ချစ်မှန်းလည်း သိသာသည်။ သူတို့တွင် မရေမတွက်နိုင်သော တူညီသော အကျင့်များရှိသလို မရေမတွက်နိုင်သော ငြင်းစရာများလည်း ရှိနေတတ်သည်။

သဘာဝကျကျပင် သူတို့နှစ်ယောက်က တစ်ဖက်တွင် ထိုင်သည်။ ချန်းရန်ကလည်း ဈေးဝယ်အိတ်များကို တစ်ဖက်တွင်ထားပြီး မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

“အင်း ငါ သန့်စင်ခန်း အရင်သွားလိုက်ဦးမယ်။ နင်တို့ အရင်မှာလိုက်”

ယန်ရွှယ်က ထရပ်သည်။ မုရှောင်းနွမ်ကလည်း လိုက်သွားသည်။

“လူကြီးမင်း ဘာများ မှာ ချင် ပါသလဲ”

ထိုအချိန်တွင် စားသောက်ဆိုင်၏ တာဝန်ကျ စားပွဲထိုးက ရောက်လာသည်။ ဒါဟာ အဆင့်မြင့် စားသောက်ဆိုင် ဖြစ်သည်။ စားပွဲထိုးကလည်း မိန်းမလှလေးဖြစ်ပြီး အနောက်တိုင်းစတိုင်ကို ဝတ်ဆင်ထားသည်။ ချန်းရန်ကို မြင်သောအခါ မျက်ဝန်းက ချက်ချင်းတောက်ပသွားသည်။

“ဆရာသခင်ချန်း ဆရာသခင်ချန်း မဟုတ်ဘူးလား။ ငါ အရင်တုန်းက တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်ဖူးတယ်”

“အိုး”

136 05

ချန်းရန်၏ မျက်လုံးက တစ်ချက်လှုပ်သွားသည်။ သူသည်လည်း သူ၏ပရိသတ်နှင့် တိုးမည်ဟု မထင်ထားပေ။

ကြည့်ရတာ သူ့ရဲ့ကျော်ကြားမှုက မနည်းဘူးပဲ။

“ရှူး”

ချန်းရန်က ခပ်တိုးတိုးဆိုသည့် အမူအရာပြသည်။ ကောင်မလေးက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်၏။ သူမက လမ်းမှာသွားပြီး ဓာတ်ပုံရိုက်သည်။ ဝေ့ရှင်းကိုပင် အပ်ချင်သေး၏။ ထို့နောက် ပွေ့ဖက်မှုကိုပင် တောင်းပန်သေးသည်။

နံဘေးတွင် ရပ်နေသော မုရှောင်းနွမ်က မပျော်မရွှင် ဖြစ်သွားသည်။

“အဟမ်း အဟမ်း..”

မုရှောင်းနွမ်က ချောင်းအသာ ဟမ့်သည်။ စားပွဲထိုးက တွန့်ဆုတ်စွာ ထွက်သွား၏။ ထိုအကြည့်ကတင် အလွန်အမင်း ဖြားယောင်းနိုင်သည်။

“ယောက်ျား”

ချန်းရန်က သူမကို နှစ်ကြိမ်ခန့်ပင် ပြန်ကြည့်နေကြောင်း မြင်သောအခါ မုရှောင်းနွမ်က နည်းနည်း မပျော်မရွှင် ဖြစ်သွားပြီး ပြောလိုက်သည်။

ချန်းရန်သည်လည်း စားပွဲအောက်မှ နူးညံ့သည့်တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။ ထို့နောက် နည်းနည်း ယားယံလာသည်။ သူက ငုံ့ကြည့်လိုက်သောအခါ…

******

All Chapters