← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

137 01

အပိုင်း (၁၃၇)

ချန်းရန်က ငုံ့ကြည့်သည်။

ဒီမိန်းမ သူ့ကို လာရန်စနေတာ။

ထိုကောင်မလေးက မည်သည့်အချိန်ကမှန်းမသိ သူ၏ဒေါက်မြင့်ဖိနပ်ကို ချွတ်ထားပြီး ခြေထောက်လေးကို ဆန့်ထုတ်ထားသည်။

အများရှေ့တွင် သူမက ထိုမျှအထိ အတင့်ရဲမည်ဟု မထင်ထားမိပေ။

“မင်း ရပ်တော့”

ချန်းရန်က ခပ်တိုးတိုးအော်သည်။

သို့သော် အသုံးဝင်ပုံမရပေ။ ထိုကောင်မလေးက ပိုပို၍ပင် အတင့်ရဲလာသည်။

“ဟစ်”

ချန်းရန်ကပင် လေအေးများကို ရှိုက်သွင်းလိုက်ရသည်။

“ဟီးဟီး ယောက်ျား ငါ ဘာမှမလုပ်ဘူးနော်။ ဘာလို့ မျက်နှာက ရဲနေတာလဲ”

ထိုကောင်မလေးက ဆိုးသွမ်းသော အကြည့်မျိုးပေးသည်။ ပြီတီတီပင် ပြုံးနေသေးသည်။ သိသာစွာပင် လှပသော မျက်နှာလေးက နည်းနည်းရဲနေပြီး နားရွက်ထိပင် ပျံ့သွားသည်။

သို့သော်

စိတ်လှုပ်ရှားစရာပဲ။

သူမဟာ မိန်းမကောင်းလေးအဖြစ် နေထိုင်နေကျဖြစ်သည်။ သို့သော် တစ်ခါတစ်ရံက ဆိုးသွမ်းတတ်သော်လည်း အခုလိုမလုပ်ဖူးချေ။

ဒါပေမဲ့ ဒါက အင်း ဘယ်လိုပြောရမလဲ။ ဒီစားပွဲထိုးက သူမယောကျ်ားနဲ့ လာကြူတာလေ ဟုတ်တယ်မလား။ ဆိုတော့ သူမယောကျ်ားကိုလည်း သူမက ဘယ်လောက်အင်အားကြီးလဲ ပြရမှာပေါ့။

“အင်း”

ထိုအချိန်တွင် ချန်းရန်က ရုတ်တရက် လေအေးများကို ရှိုက်သွင်းလိုက်သည်။ ထိုကောင်မလေးက အမှန်တကယ်ကိုပင် လွန်လွန်းလာသည်။ ချန်းရန်က ရုတ်တရက် တုန်သွားသည်။

ပိုဆိုးသည်မှာ ထိုကောင်မလေးက ပေါ်တင်ကို…

“ဟူး”

ချန်းရန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ ထိုခြေထောက်ကို ကိုင်သည်။

“မလွန်လာနဲ့နော် အင်း”

ချန်းရန်က တစ်စုံတစ်ရာကို ပြောလိုသေးသည်။ သို့သော် ရက်စက်သောစကားကို မပြောနိုင်ဘဲ ပြန်လည် မျိုချလိုက်ရသည်။

ဘယ်လိုပြောရမှာလဲ။

သူကိုယ်တိုင်ကပင် ထိုခံစားချက်ကို လက်လျှော့ရန် တွန့်ဆုတ်နေသည်။

ဒါက လွန်ကဲလွန်းသော ဆန့်ကျင်ဖက် ဆန်လွန်းသည့် ခံစားချက်ဖြစ်သည်။

“ယောကျ်ား အရမ်း စိတ်လှုပ်ရှားစရာကောင်းတာပဲ”

မုရှောင်းနွမ်ကပဲ နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်ပြီး ချန်းရန်ကို ဆွဲဆောင်မှု ပြင်းထန်စွာ ကြည့်ပြီး မျက်စိမှိတ်ပြသည်။ အနားတွင် လူအများကြီးရှိသည်။ သို့သော် သူမက ယခုလို လှုပ်ရှားမှုသေးသေးလေးများကို လုပ်နေသည်။ သူမနှလုံးသားက တဒုန်းဒုန်းပင် ခုန်နေသည်။ သူမဒီလိုလည်း အလွန်စိုးရိမ်နေသည်။ သို့သော် စိတ်လှုပ်ရှားမှုကိုလည်း ခံစားရသည်။

အတိတ်တွင် သူတို့နှစ်ယောက် အတူရှိနေသောအခါ ထိုမျှအထိပင် ရင်ခုန်နေခြင်းမရှိချေ။ သို့သော် သူမနှလုံးသားသေးသေးလေးက ခုန်ထွက်တော့မည်ဟု ခံစားရသည်။

137 02

သေချာပေါက်ကိုပဲ။

ငါ ဒီဝါသနာရှိနေတာ။

“ငါ ပြန်လာပြီ”

ထိုအချိန်တွင် ယန်ရွှယ်က သန့်စင်ခန်းမှ ရုတ်တရက် ပြန်လာသည်။ ထိုနှစ်ယောက်က တည်တည်ကြည်ကြည် ထိုင်နေကြောင်း မြင်သောအခါ မေးလိုက်သည်။

“နင်တို့ ဘာမှ မမှာသေးဘူးလား”

“နင့်ကို စောင့်နေတာလေ”

မုရှောင်းနွမ်က ရှက်ရွံ့သွားပြီး ယန်ရွှယ်ကို ကြည့်ပြီး ပြောသည်။

“နင်မှာဖို့ စောင့်နေတာ ဟာကို”

ထိုသို့ ပြောနေရင်းမှာပင် ချန်းရန်ကလည်း ထိုကောင်မလေးက လှုပ်ရှားရပ်တန့်သွားကြောင်း မြင်လိုက်သည်။ သူသည်ပင် စိတ်အေးစွာ သက်ပြင်းချသည်။ ကံကောင်းသည်မှာ ထိုကောင်မလေးက လူလာကြောင်း မြင်သည်နှင့် ရပ်သွားသေးသည်။

သို့သော် ထိုနောက် တစ်ခဏတွင်

ဒီကောင်မလေး… အခုအတော် အတင့်ရဲနေတာပဲ။

ဒါပေမဲ့ မုရှောင်းနွမ်က အရင်တုန်းက လိမ္မာဖူးလို့လား။

ချန်းရန်သည်လည်း နှုတ်ခမ်းကို အသာကိုက်ပြီး အသံမထွက်အောင် ကြိုးစားသည်။ ရိုးရိုးသားသာ ပြောရသော် သူသည်လည်း မုရှောင်းနွမ်ကို ထိန်းချုပ်နေကျ လိမ္မာအောင် ပြုနေကြဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ ထိုကောင်မလေးက သူ့ကို မတွန့်လှန်နိုင်အောင် လုပ်လာသည်။ ခါးသည်သော်လည်း ချိုမြိန်၏။ သို့သော် မပြောနိုင်ပေ။

“ဒီနေ့ ငါက နင်တို့ကို ညစာကျွေးတာလေ ဆိုတော့ နင်တို့ ကြိုက်တာကို မှာပေါ့”

ယန်ရွှယ်၏ နှုတ်ခမ်းများက ကော့တက်သွားပြီး မီနူးကို လှမ်းပေးသည်။

“ရှောင်းနွမ် နင်မှာ”

“ငါဘာမှာရမလဲ မသိဘူး။ ငါ့ယောကျ်ားကို မှာခိုင်းလိုက်”

မုရှောင်းနွမ်၏ မျက်လုံးက ရုတ်တရက် စနောက်လိုစိတ်ဖြင့် တောက်ပသွားပြီး ထိုမီနူးအား ချန်းရန်ကို ပေးသည်။ ချန်းရန်ကို မှာခိုင်းရန် အသင့်ပြင်သည်။

“မင်းတို့ တကယ်ကို…”

ချန်းရန်က လက်တစ်ဖက်က မအားသေးချေ။ ထို့ကြောင့် အခြားလက်တစ်ဖက်ဖြင့်သာ လှမ်းယူရန် ပြင်လိုက်သည်။ သို့သော် သူက လက်ကို ဆန့်တော့မည့်အချိန်မှာပင် တစ်ကိုယ်လုံးက တုန်သွားသည်။ သူသည် လည်မျိုမှ အသံကို ဖိလိုက်ရသည်။

အမျိုးသမီးနှစ်ယောက်၏အကြည့်က ချက်ချင်းရောက်လာသည်။

“ဟင် ဘာဖြစ်တာလဲ”

ယန်ရွှယ်က သံသယအပြည့်ဖြင့် ကြည့်သည်။

ဘာလို့ ငါ့သူငယ်ချင်းရဲ့ယောကျ်ားက ဒီနေ့ တော်တော်လေးကို ပုံမှန်မဟုတ်ဘူးလို့ ခံစားမိနေတာလဲ။

“ယောကျ်ား ဘာဖြစ်တာလဲ။ မျက်နှာမှာ ချွေးတွေအများကြီးပဲ”

မုရှောင်းနွမ်ကလည်း ရယ်ချင်စိတ်ကို ထိန်းထားရသည်။ သူမ၏မျက်လုံးက ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

အရမ်းရယ်ရတယ်။

ချန်းရန်၏ နှုတ်ခမ်းက တွန့်သွားသည်။ သူသည်လည်း သူ့ကိုယ်သူ ပြန်မေးသည်။

ဘာဖြစ်တာလဲ။

ကြည့် ဒါလူပြောတဲ့စကားလား။

137 03

ချန်းရန်က ကူကယ်ရာမဲ့နေပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် မည်သူကမှ ထိုမှင်စာမလေးကို မတွန်းလှန်နိုင်ပေ။

ချန်းရန်က မနေနိုင်ဘဲ အထွန့်တက်သည်။ သို့သော် မျက်နှာကတော့ စိမ်းပြာရောင်ပင် သန်းလာ၏။ သူကသာ လက်ကို အချုပ်ခံထားရသောကြောင့်သာ မဟုတ်လျှင် ထအော်မိလောက်သည်။

“ယောကျ်ား ဘာလို့ မမှာသေးတာလဲ”

သို့သော် ထိုအချိန်တွင်ပင် မုရှောင်းနွမ်က ချန်းရန်ကို အတင်းမှာခိုင်းနေသည်။

သောက် အမေကို သွားမှာ။

သူ့ လက်နှစ်ဖက်လုံး မအားတော့တာ မမြင်ဘူးလား။

ချန်းရန်က မှင်သေသေဖြင့် ကြည့်ပြီး မလှုပ်ရှားဘဲ ပြောလိုက်သည်။

“မိန်းမ မင်းမှာသင့်တယ် ငါက မင်းမှာမှာ စားမှာ”

ချန်းရန်၏ အမူအရာက တည်ငြိမ်နေသည်။ သူ့ရှေ့သို့ မီနူးလာပေးချိန်မှာပင် ဂရုမစိုက်ပေ။

“ယောကျ်ား”

မုရှောင်းနွမ်က ထိုစကားကြောင့် ရင်ထဲထိသွားပုံပေါ်သည်။ အပြုံးမျိုးနှင့် ပြောသည်။

“ယောကျ်ားက အရမ်းကောင်းတာ ရှောင်ရွှယ် နင် မမြင်ဘူးလား။ ငါ့ယောကျ်ားက ငါ့ကို ကြိုက်တာမှာတဲ့”

“အား ငါနင်တို့ကို သည်းမခံနိုင်တော့ဘူး”

ယန်ရွှယ်၏ မျက်နှာကပင် မဲပုပ်သွားပြီး သူမက ဒေါသတကြီး ပြောသည်။

“နင်တို့ကို ထမင်းကျွေးမယ်လို့ ဆုံးဖြတ်လိုက်တာကိုက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲ ငါ့ကို သေအောင်ရွံအောင် လုပ်နေတာ”

ထိုမီနူးကို မှာယူရန် ကိစ္စနဲ့ပတ်သက်ပြီး သူတို့သည် အရှေ့တွင် လာပြီး ကြွားနေပြပြန်သည်။ ခွေးစာက များနေသည်။

ယန်ရွှယ်က ပင်မစားရသေးခင် ဗိုက်ပြည့်သွားသည်။

“မြန်မြန်လေး ကြွားမနေနဲ့တော့”

ယန်ရွှယ်က ကူကယ်ရာမဲ့သလို ပြောသည်။

“မြန်မြန်မှာ ငါတို့ စားပြီးရင် ကာရာအိုကေ သွားရဦးမယ်”

“ဟီးဟီး ဒါဆိုလည်း ယောကျ်ား နင်ပဲမှာတော့ ငါမလုပ်တော့ဘူး”

မုရှောင်းနွမ်က ချန်းရန်ကို မီနူးကမ်းပေးပြန်သည်။

သူမ၏စကားနောက်ကွယ်တွင် တစ်စုံတစ်ရာ ရှိသည်။ ချန်းရန်ကလည်း နားလည်သည်။ သို့သော် ယန်ရွှယ်က နားမလည်ပေ။

“မလှုပ်နိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ”

“ဟူး”

ချန်းရန်က နောက်ဆုံးတွင် စိတ်အေးစွာ သက်ပြင်းချသည်။ ထိုကောင်မလေးက နောက်ဆုံးတွင် ရပ်သွားလေပြီ။ ချန်းရန်ကလည်း စိတ်အေးသွား၏။ မလှုပ်တော့တာ ကောင်းတယ်။

သို့သော် သူမက မလှုပ်သော်လည်း ဒီအတိုင်း မလှုပ်ရုံသာဖြစ်ကြောင်း သိလိုက်သည်။ ချန်းရန်က သူ၏ လက်ကို ဂရုစိုက် လွှတ်လိုက်ပြီး အရင်မှာနိုင်လေပြီ။

သိပ်မကြာခင်မှာတင် စားပွဲက ဟင်းလျာများပြည့်သွားသည်။

“လာ လာ လာ ရှောင်းနွမ် ငါ နင်နဲ့ နင့်ယောက်ျားကို ပျော်ရွှင်တဲ့ လက်ထပ်ပွဲဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”

ဝိုင်ခွက်များကို အသီးသီးကိုင်ကြပြီးသည်နှင့် ယန်ရွှယ်က ပြုံးရယ်ကာ ထိုနှစ်ယောက်ကို ခွက်ချင်း တိုက်သည်။ ထို့နောက် ပြုံးပြီးပြောသည်။

“နင်တို့နှစ်ယောက်လုံး လက်ထပ်စာအုပ် ယူပြီးသားနော် ဒါပေမဲ့ မင်္ဂလာပွဲကို ဘယ်တော့ကျင်းပမှာလဲ”

“အား ဒါကလား”

မုရှောင်းနွမ်က တစ်ခဏခန့် မှင်သက်သွားသည်။ လှပသော မျက်လုံးကို ချန်းရန်ဘက်သို့ လှည့်ကြည့်ကာ တဖြတ်ဖြတ် ခတ်ပြသည်။ ထို့နောက် လက်ချောင်းထိပ်လေးများကိုလည်း ဆိုးသွမ်းစွာ ရွေ့၏။

“ယောကျ်ား ရှောင်ရွှယ်က မေးနေတယ်။ ဘယ်တော့မင်္ဂလာပွဲကို ကျင်းပမှာလဲတဲ့”

“ဖူး”

ချန်းရန်က ဝိုင်နီကို တစ်ငုံသောက်ကာစ ဖြစ်ပြီး ပန်းထွက်လုနီးပါးဖြစ်သွားသည်။

သေစမ်း ဒီကောင်မလေး ပြဿနာရှာပြန်ပြီ။

ချန်းရန်က မည်သည့်အသံမှ မထွက်စေဘဲ လက်ကို အောက်သို့ ချလိုက်ရသည်။

မုရှောင်းနွမ်၏ ဘဝင်လေဟပ်နေသော အပြုံးမျိုးကို မြင်ရသောအခါ သူသည်လည်း ဒီည ထိုကောင်မလေးကို မမေ့နိုင်သော သင်ခန်းစာပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။

******

All Chapters