အခန်း ၁၃၈
Vol. 14 Ch. 138
138 01
အပိုင်း (၁၃၈)
ချန်းရန်က ဘာလို့ ရုတ်တရပ် ဝိုင်နီတွေ ပန်းထုတ်လိုက်တာလဲ။
မုရှောင်းနွမ်ကြောင့် ဖြစ်သည်။ အကြောင်းမူကား ထိုကောင်မလေးက သူ၏အာရုံလွတ်နေခြင်းကို အခွင့်ကောင်းယူပြီး လက်ကိုပင် ဆန့်ထုတ်လာကာ ဘောင်းဘီကြိုးအား ပျော်ရွှင်စွာဖြင့် လာဆွဲနေ၍ ဖြစ်သည်။
အငိုက်မိသွားသော သူက တောင့်မခံနိုင်ခဲ့ပေ။ ထိုအခြေအနေက ချန်းရန်ကို သေအောင်ကြောက်သွားစေပြီး ခြေထောက်နှစ်ဖက်ကိုပင် ဖိကပ်ထားလိုက်ရသည်။ တစ်ချိန်တည်းတွင်ပင် မုရှောင်းနွမ်၏ လှပသော မျက်လုံးကလည်း ရွေ့သွားသည်။ သူမက ချန်းရန်ကို ခိုးကြည့်နေပုံရသည်။
သူမသည်လည်း ထိုအဖြေကို အလွန်သိချင်နေသည်။ ယောက်ျားက ဘယ်လို တွေးလောက်မလဲ။
သူတို့နှစ်ယောက်လုံးက အသိစိတ်မရှိချိန်… မှတ်ပုံတင်စာအုပ်ကို ယူခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် လက်ထပ်ပွဲကို မကျင်းပရသေးပေ။ မုရှောင်းနွမ်က ထိုကိစ္စကို ဘယ်တော့အခါမှ မစဉ်းစားဖူးသော်လည်း ချန်းရန်၏ အတွေးကို မသိချင်ဟု မဆိုလိုပေ။
“ဒါဆို နင့်ယောက်ျားက ဘာဖြစ်တာလဲ”
ချန်းရန်၏ လွန်ကဲလွန်းသော အပြုအမူကို မြင်သောအခါ ယန်ရွှယ်က သံသယပြည့်လာသည်။ မည်သို့ပင် ကြည့်ကြည့် ပုံမှန်မဟုတ်နိုင်ပေ။
“အင်း”
ဘာလို့ချွေးတွေတောင် ရှိနေတာလဲ။
ဖြစ်နိုင်တာက။
မေးလိုက်တဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက် တအားများနေလို့လား။
နောက်ပြီး သူတို့နှစ်ယောက်က လက်ထပ်ပြီးကြပြီဆိုတော့ မင်္ဂလာပွဲက လုပ်သင့်တာပဲလေ။
“အဟမ်း”
ချန်းရန်က ချောင်းဟန့်သည်။ လက်ထဲမှ ဝိုင်နီခွက်ကို ချလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ မုရှောင်းနွမ်ကိုကြည့်သည်။ ဒီကောင်မလေးက အတင့်ရဲထက်ရဲလာတာပဲ။ ဒီလို အများအမြင်ကွင်း ရှေ့မှာ တောင်မှ။
အရင်တုန်းကဆို ရှက်တတ်တာပါ။ အခု ဘယ်လိုဖြစ်နေတာလဲ။
ပျော်နေတာလား။
သို့ရာတွင် ယန်ရွှယ်၏ ဉာဏ်များသော မေးခွန်းကို ရင်ဆိုင်ရသောအခါ ချန်းရန်ကပင် တစ်ခဏခန့် ထုံထိုင်းသွားသည်။
ရိုးရိုးသားသားပြောရသော် သူနှင့် မုရှောင်းနွမ်တို့က ချစ်နေကြသော စုံတွဲသာ ဖြစ်သည်။ သူသည်လည်း လက်ထပ်ပွဲအကြောင်းကို မစဉ်းစားရသေးပါပေ။ ထို့ကြောင့် ချန်းရန်က အမှန်အတိုင်း ပြောသည်။
“ငါ ဒီမေးခွန်းကို မစဉ်းစားရသေးဘူး”
“ဘာ”
138 02
ယန်ရွှယ်ကပင် အံ့သြသွားသည်။
ဟွန့်…
သို့ရာတွင် မုရှောင်းနွမ်က နည်းနည်း မပျော်မရွှင် ဖြစ်သွားသည်။
ဒါက ဘယ်လိုအဖြေလဲ။ ဟင်း ရိုးသားမှုကို မရှိတာ။ သူ့ကို အာရုံမစိုက်တော့ဘူး။
မုရှောင်းနွမ်က နည်းနည်း ဒေါသထွက်သွားပြီး ဖြေထောက်ကို ပြန်ရုတ်သည်။
ဟစ်
ချန်းရန်က စိတ်အေးစွာ သက်ပြင်းချသည်။ သို့သော် ပြန်ရုတ်သွားသည့် အပြုအမူကလည်း ရက်စက်လွန်းသည်။
“အခုအနေနဲ့ ရှောင်းနွမ်က ဘယ်လောက်ထိ ရင်းနှီးနေပြီလဲ”
ယန်ရွှယ်ကပင် နည်းနည်းအံ့သြသွားသည်။ သူမကပင် နံဘေးမှ ကောင်မလေးကို သံသယအပြည့်နှင့် ကြည့်သည်။ သူမကလည်း မဟုတ်မှန်သေးဟု ခံစားရသည်။
ရှောင်းနွမ်က ဖုန်းခေါ်တဲ့ အချိန်တိုင်းလိုလို အရမ်းစိတ်လှုပ်ရှားနေတာပါ။ အချင်းချင်း ရင်းနှီးကျွမ်းဝင်နေသင့်ပြီ မဟုတ်ဘူးလား။
ဘယ်လိုဖြစ်ပြီး အခုအချိန်အထိ ထိပ်ဆုံးကို မတက်နိုင်သေးတာလဲ။
ဒီယုံကြည်လို့ကို မရတဲ့ ကောင်မလေးကတော့။ အမြဲတစေ ဘာတွေပဲ စဉ်းစားနေတာလဲ။
ယန်ရွယ်ကပင် နည်းနည်း သံသယဝင်လာသည်။
“တကယ်တော့”
ထိုကောင်မလေး၏ ခြိမ်းခြောက်မှု မရှိတော့သောအခါ ချန်းရန် နောက်ဆုံးတွင် စိတ်လွတ်သွားသည်။ သူက ထိုကောင်မလေးကို ညင်သာစွာ ကြည့်ပြီး ပြောသည်။
“ရှောင်းနွမ်ကသာ ဆန္ဒရှိရင် ငါတို့အချိန်မရွေး လုပ်လို့ရပါတယ်။ ဒါပေမဲ့ ရှောင်းနွမ်ကို မေ့မရနိုင်တဲ့ မင်္ဂလာပွဲမျိုး ပေးချင်တယ်”
“ဒီလိုနည်းလမ်းနဲ့ သဘာဝကျတဲ့ ရလဒ်မျိုးကို ရရှိလာမှာပေါ့လေ။ သာမန်ကာလျှံကာ ဆုံးဖြတ်ချက် မဟုတ်တော့ဘူး”
“ရှောင်းနွမ်”
ချန်းရန်က မုရှောင်းနွမ်ကို ရိုသားစွာ ဆန္ဒအကြည့်မျိုးဖြင့် ကြည့်သည်။
“မင်းသာဆန္ဒရှိရင် ငါမင်းကို အခုချက်ချင်း ခမ်းနားတဲ့ မင်္ဂလာပွဲ ဖန်တီးပေးလို့ရတယ်”
ချန်းရန်၏စကားလုံးများက ခိုင်မာတည်ကြည်သည်။ သူက မုရှောင်းနွမ်ကို အလွန်ရိုးသားသော အကြည့်မျိုးဖြင့် စိုက်ကြည့်နေ၏။ ဒါဟာ သူ၏နှလုံးသားထဲမှ စိတ်ရင်းဖြစ်သည်။
“ယောက်ျား”
မုရှောင်းနွမ်ကလည်းရင်ခုန် သွားပြန်သည်။ နဂိုက ချန်းရန်ကို အာရုံမစိုက်သည့် မျက်လုံးက မြူးများ ဆိုင်းသွား၏။
138 03
သူမ မှားတယ်။ လက်စသတ်တော့ ယောက်ျားက ငါ့ရဲ့ခံစားချက်ကို အမြဲတမ်း ထည့်တွက်တာပဲ။
အစပိုင်းတွင်မူ သူမယောက်ျားက လက်သင့်မခံလိုစိတ် ရှိသည်ဟု ထင်ထားသည်။ သို့သော် သူ့စကားကို နားထောင်ပြီးမှသာ ရုတ်တရက် သူမနှလုံးသားကို ချက်ချင်း အရည်ပျော်နိုင်သော နွေးထွေးသော စီးကြောင်းတစ်ခုက ဝင်ရောက်လာသည်။
“ရှောင်ရွှယ် နင် အရမ်းတုံးတာပဲ။ ဘယ်လိုကြောင့်များ ဒီလိုမေးခွန်းကို ရုတ်တရက် ထမေးတာလဲ”
မုရှောင်းနွမ်ကပင် ချန်းရန်၏ စကားကြောင့် ရှက်သွားသည်။ ရိုးရိုးသားသား ပြောရသော် သူမသည် မင်္ဂလာပွဲအကြောင်း တစ်ခါမှမတွေးဖူးပေ။ ဒီအတိုင်း ယောက်ျားဖြစ်သူနှင့် မည်သည့် အခြေအနေ ဖြစ်ပျက်ခဲ့စေကာမူ ပျော်ရွှင်နေခဲ့ပြီးသား ဖြစ်သည်။ မင်္ဂလာပွဲရှိမှ မရှိမှဟု မစဉ်းစားဖူးပါပေ။ ထို့ကြောင့် မုရှောင်းနွမ်က အမှန်တကယ်ကို လွတ်လပ်ပေါ့ပါးသည်။
“နင် ကောင်မလေး ငါ့ကို အပြစ်လာတင်နေတာလား"
ယန်ရွှယ်ကပင် အထွန့်တက်လိုက်သေးသည်။
“နင် အနာဂတ်မှာ အလိမ်ခံရတဲ့အခါ ပိုက်ဆံကူပြီး ရေတွက်ပေးမယ့် ပုံပဲ”
“ဟုတ်တယ်”
မုရှောင်းနွမ်ကလည်း ခေါင်းညိတ်ပြီး ချန်းရန်ကို ခိုးကြည့်သည်။
မမေ့သင့်သည်မှာ သူတို့နှစ်ယောက် လက်ထပ်ခဲ့သည်မှာလည်း မတော်တဆမှုကြီးသာ ဖြစ်သည်။ မူလကမူ သူမသည် ချန်းရန်ကို ရနိုင်မည်ဟုပင် မထင်ထားပါပေ။ သို့သော် နောက်ပိုင်းတွင် နှစ်ယောက်က အမှန်တကယ် တွဲဖြစ်ခဲ့သည်။ ဆက်ဆံရေးကလည်း ကောင်းသထက် ကောင်းလာသည်။ သူမသည်လည်း သူ့ကို အမှန်တကယ်ပင် စတင်ကာ ချစ်မိသွားခဲ့ပြီး ပိုးပန်းခဲ့သည်။ ယခုအခါ နှစ်ယောက်က အခြေအနေ တည်ငြိမ်နေပြီဖြစ်သည်။
အင်း အစပိုင်းမှာ အရင်လက်ထပ် နောက်ပိုင်းမှာ အချစ်ဆိုတာမျိုးပေါ့။
ဒါပေမဲ့ တရားဝင် မင်္ဂလာပွဲကတော့ မရှိသေးဘူး။
မုရှောင်းနွမ်က ထိုပြဿနာကို မတွေးဖူးသော်လည်း အခုလို အမှန်တကယ် ကြားလိုက်ရသောအခါ အမှန်တကယ် အံ့သြသွားရသည်။
လက်စသတ်တော့ ငါက ဘာမှမသိလိုက်ခင် ယောက်ျားရသွားတာပဲ။
တစ်ချိန်တည်းတွင်ပင် ဘာကြောင့်ရယ်မသိ သူမနှလုံးသား၏ အခုန်နှုန်းက မြန်ဆန်လာပြန်သည်။ အမှန်တကယ်ပင် စိုးရိမ်ကြောင့်ကြလာသည်။
“ဒီကောင်မလေးကတော့ လုံလောက်အောင် မပျော်ရသေးဘူးလား”
ယန်ရွှယ်က အမြဲတစေ စကားပြောသောသူမျိုးဖြစ်သည်။ မည်သည့်အရာကို တွေးတွေး ထုတ်ပြောတတ်သည်။ ထိုကောင်မလေးက ပျော်ပျော်ရွှင်ရွှင်နှင့် ပေါ့ပေါ့ပါးပါး နေနေကျ ဖြစ်သည်။ ထိုအကြောင်းအရာကို မတွေးဖူးကြောင်းကို သိလိုက်သည်။ ယန်ရွှယ်ကလည်း ခန့်မှန်းမိသည်။
“ဟီးဟီး နင် ဘယ်လိုသိလဲ”
ပြောရမည်ဆိုလျှင် သူတို့ လက်ထပ်မှတ်ပုံတင်စာအုပ် ယူခဲ့ချိန်က မုရှောင်းနွမ်နှင့် ချန်းရန်တို့ နှစ်ယောက်လုံးကလည်း တွန့်ဆုတ်မှုများ ရှိနေခဲ့သေးသည်။ ထို့အပြင် လက်ထပ်သည်ဆိုသော အစစ်အမှန် စကားလုံးကိုပင် သေချာ နားမလည်ခဲ့ပါပေ။
138 04
“နင် အရူးမ ဟုတ်နေတာပဲ”
ယန်ရွှယ်ကလည်း သိလိုက်သည်။ မည်သို့ပင်ဆိုစေ ထိုနှစ်ယောက်က အချင်းချင်း သိကျွမ်းသည်မှာ တစ်နှစ်ပင် မကြာသေးပေ။ သိသာစွာပင် သူတို့သည်လည်း ချစ်ကျွမ်းဝင်နေသော အနေအထားမျိုးသာ ဖြစ်သည်။
သို့သော် လက်ထပ်မှတ်ပုံတင်ကို ယူပြီး လက်ထပ်ပြီးထားသော အနေအထားမျိုးတွင် ဘာကိုမှ စိုးရိမ်နေလိမ့်ဦးမည် မဟုတ်ပေ။ သို့ရာတွင်
“ဟင်း ရူးတယ် ရူးတယ် တအားကို ရူးနေတယ်။ နင် ရုတ်တရက် ကိုယ်ဝန်ရလာတဲ့ အချိန်ကျမှ စိုးရိမ်နေ”
ယန်ရွှယ်က စိတ်ထဲတွင် ထိုသို့ ညည်းညူနေပြီး ထိုနေ့ရက်က အမှန်တကယ် ရောက်လာမည့် အကြောင်းကို တွေးနေသည်။
“ဟေး စိတ်ဝင်စားစရာပဲ”
“မပြောနဲ့ ငါ့အမှားပါ။ ငါနင်တို့ကို ဒီနေ့ ကျွေးမယ်လို့ ကတိပေးထားမှတော့ မမူးမချင်း အိမ်မပြန်ရဘူး”
ယန်ရွှယ်က အရင်စရပ်ပြီး ခွက်ကို မြှောက်ကာ မုရှောင်းနွမ်နှင့် ချန်းရန်တို့နှင့်အတူ ခွက်ချင်းတိုက်သည်။
“လာလာ ငါနင်တို့ နောက်ဆုံး လက်ထပ်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ်”
သို့သော် ထိုနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်သည်။ ထမရပ်ကြပေ။
ယန်ရွှယ်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
“ဟေး ဘာပဲဖြစ်ဖြစ် ငါက နင်တို့ကို ညစာကျွေးပြီး တိုက်တဲ့သူနော်။ မျက်နှာသာလေး ပေးလို့မရဘူးလား”
မုရှောင်းနွမ်က ရှက်သွားပြီး ခေါင်းကိုငုံ့သည်။ စကားတစ်ခွန်းမှ မဆိုတော့ပေ။
ချန်းရန်က ပြတင်းပေါက် အပြင်ဘက်ကို ကြည့်သည်။ သူသည် တစ်စုံတစ်ရာကို တွေးနေပုံရသည်။ အချက်အလက်ကောင်းပဲ။
အခုအခါ ချန်းရန်၏အမြင်အရ ဒေါသထွက်နေသေးပုံရသော ကောင်မလေးက ခြေထောက်လေးကို ဆန့်ထုတ်လာသောကြောင့် ဖြစ်သည်။
အရိပ်ထဲမှာ နဂါးက ကူးခတ်နေပြီး ပုစွန်ရဲ့ စနောက်တာကို ခံနေရသလိုပေါ့။
ငှက်ကလည်း ခြေထောက်ကို အဖမ်းဆွဲထားရလို့ တောထဲကို မပြန်နိုင်ဘူး။
နှစ်ယောက်လုံးက ထမရပ်နိုင်ပေ။ အတော်လေးကို မျက်နှာ ပူစရာပဲ။
“ဘာလုပ်တာလဲ နင်တို့ ငါ့ကို မျက်နှာသာမပေးဘူးလား”
ယန်ရွှယ်ကပင် ထိုနှစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်သည်။
ဒီနှစ်ကောင်က ဒီနေ့ ပြိုင်နေကြတာလား။ သူမသည် ချန်းရန်ကို မရင်ဆိုင်နိုင်သည်မှာ မှန်သည်။ သို့သော် သူမသည် သူမ၏ အချစ်ဆုံး သူငယ်ချင်း ရှောင်းနွမ်ကို ရင်းနှီးပြီးသားဖြစ်သည်။ ထို့ကြောင့် ယဉ်ကျေးမနေဘဲ လက်ကို ဆန့်ထုတ်ကာ သေစေနိုင်သော နေရာကို ရည်ရွယ်ပြီး ရိုက်လိုက်သည်။
******