အခန်း ၁၃၉
Vol. 14 Ch. 139
139 01
အပိုင်း (၁၃၉)
“မုရှောင်းနွမ် နင်အခု ထလို့ ရပြီလား ထလို့ရပြီလား”
မုရှောင်းနွမ်က စိတ်လွင့်နေချိန်တွင် ယန်ရွှယ်က လှုပ်ရှားလိုက်သည်။
“ဟေ့ ရှောင်းရွှယ် ဘာလုပ်တာလဲ ရပ်တော့ ငါမှားပါတယ် ငါမှားပါးတယ် ဟားဟား”
မုရှောင်းနွမ်က ကလိထိုးခံရမည်ကို အကြောက်ဆုံးဖြစ်သည်။ အထူးသဖြင့် ယန်ရွှယ်က သူမ၏ အားနည်းချက်ကို ကောင်းကောင်းကြီး သိသည်။ ထို့ကြောင့် မုရှောင်းနွမ်က အကျယ်ကြီး ထရယ်နေသည်။
“သေစမ်း”
ချန်းရန်၏ မျက်နှာက ပျက်သွားသည်။ မူလက ထိုကောင်မလေး၏ ခြေထောက်က မလှုပ်ပေ။ သို့သော် ယခုမူ ဘယ်ညာကို ယမ်းကာ ထိန်းချုပ်မှုပင် လွတ်လာသည်။ ဒီတစ်ကြိမ်တွင်မူ သူသည် လက်အားကိုပင် သုံးကာ ထိန်းချုပ်လိုက်ရဿည်။
“ဘမ်း”
ရလဒ်အနေဖြင့် မုရှောင်းနွမ်က ဟန်ချက်ပျက်ပြီး မတည်မငြိမ်ဖြစ်သွားသည်။ သူမ တစ်ဖက်သို့ လဲကျ၏။ ဖင်ထိုင်လျှက် ပြုတ်ကျသွားသည်။ အကျလည်း နာပုံရသည်။
“အား အား”
ချန်းရန်ကပင် ခပ်တိုးတိုး ငြီးလိုက်သေးသည်။ အဆုံးသတ် နားတွင်မူ ဆူညံသံမျိုးလည်း ထွက်သွားသည်။ ကံကောင်းသည်မှာ နဂါးမုတ်ဆိတ်ကို ဆွဲသော ခြေထောက်က လွတ်သွားလေသည်။
“ရှောင်းနွမ် ငါ တောင်းပန်ပါတယ် တောင်းပန်ပါတယ်”
ယန်ရွှယ်ကလည်း မုရှောင်းနွမ်က ရုတ်တရပ် ပြုတ်ကျမည်ဟု မထင်ထားမိပေ။ ကုလားထိုင်ကနေတောင် ပြုတ်ကျသေးတယ်။
သူမက ခပ်မြန်မြန် တွန်းလိုက်သည်။ သို့သော် တစ်ချက် ကြည့်ပြီးနောက် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်သည်။
ဘာလို့ ဖိနပ်မဝတ်ထားတာလဲ
“ဟေ့ ရှောင်းနွမ် ဖိနပ် ဘယ်မှာလဲ”
ယန်ရွှယ်က ရုတ်တရပ် မေးသည်။ ရုတ်တရပ် မေးသည်။
“အာ”
မုရှောင်းနွမ်က ကြောင်သွားပြီးနောက် ချက်ချင်း ထလိုက်ကာ ဖိနပ်ကို ကောက်ဝတ်သည်။ သူမက နည်းနည်း ဖိအား များသွားသည်။
“နင် ငါ့ကို လိုက်စနေတာကိုး”
“ငါလား”
ယန်ရွှယ်က ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြီးနောက် အသံကို မြှင့်ပြောသည်။
“မဖြစ်နိုင်တာ နင့်ဖိနပ်က သိသိသာသာကိုပဲ ထိုင်ခုံအောက်မှာ ရှိမှာပေါ့။ နင် လဲကျရင်တောင်မှ ဖိနပ်က ထိုင်ခုံအောက်မှာပဲ ရှိမှာလေ”
ယန်ရွှယ်က ရှာလော့ဟုမ်း အဖြစ် ပြောင်းသွားပြီး အရာရာကို ရှင်းလင်းစွာ မြင်ရသည်။
“ငါ ငါ...”
မုရှောင်းနွမ်က ဆွံ့အနေသည်။ မည်သို့ ဖြေရမှန်း မသိတော့ပေ။
“ငါ သိပြီ”
ယန်ရွှယ်ရဲ့ မျက်လုံးက တောက်ပသွားပြီး ချက်ချင်း မသိဘဲ နားလည်သွားသည်။
139 02
ဒီကောင်မလေးက အစကတည်းက ဖိနပ် မဝတ်ထားတာပဲ ဘာလုပ်နေတာလဲ။ သူမက ဆရာသခင်ချန်းကို တစ်ချက် ကြည့်သည်။ သူ၏ အရှက်ရနေသောပုံစံကို ကြည့်ပြီး နားလည်သွားသည်။
“အိုး ငါနားလည်ပြီ”
ယန်ရွှယ်က ရုတ်တရပ် သိလိုက်သည်။ မုရှောင်းနွမ်ကိုလည်း ရည်မှန်းချက်ကြီးသော အကြည့်မျိုးဖြင့် ကြည့်သည်။
“လက်စသတ်တော့ နင်ကောင်မလေးက ကစားတာ တကယ်တော်တာပဲ”
“လက်စသတ်တော့ ငါ နင်တို့ရဲ့ ကောင်းမွန်တဲ့ ကိစ္စကို ဖျက်ဆီးလိုက်မိတာလား။ ဟင်း... နင်တို့ ဆက်စားနေပါလား... ငါအရင် သွားမယ်လေ”
ဒီနေတွေင် သူမက ထိုလူနှစ်ယောက်နဲ့ ဆုံကတည်းက ဆက်တိုက်ဆိုသလို ခွေးစာ စားနေရသည်။ ယန်ရွှယ်က တကယ်ကို ဝနေလေပြီ။
“ရှောင်ရွှယ် အစုတ် နင် ငါ့ကို လှောင်ရဲတယ်”
မုရှောင်းနွမ်က ဒေါသထွက်သွားပြီး ယန်ရွှယ်နှင့် ပြဿနာ ဆက်ရှာသည်။ ထို့နောက် သူတို့ ခပ်မြန်မြန် စားသင့်ပြီး ကာရာအိုကေ သွားဆိုသင့်သည်ဟု အကြံပေးသည်။ သူတို့သုံးယောက်က ကျန်းနန်မြို့မှ အဆင့်အတန်းအမြင့်ဆုံး KTV သို့ သွားလိုက်ကြကာ လမ်းတစ်လျှောက် လူအများကြီး၏ အာရုံကို ဆွဲဆောင်ခံရသည်။ အထူးသဖြင့် မုရှောင်းနွမ်၏ ပုံရိပ်ဖြစ်သည်။ သူမက သန့်စင်ကာ သေးသွယ်သော ပုံရိပ်ဖြစ်ပြီး ပိန်ပါးကာ ဖျော့တော့မည့်ပုံ ပေါ်သော်လည်း အလွန်အမင်း ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေသည်။ သူမ၏ နံဘေးမှ အမျိုးသားဖြစ်သည်။
သူတို့ကလည်း အခုလိုမျိုး နယ်မြို့ဖက်သို့ ရောက်နေသေးသည့်အခါ အရောင်အသွေးက တောက်ပနေ၏။ ထိုညတွင် ထိုစုံတွဲက တောက်ပလွန်းနေသည်။
“မြန်မြန် ကြည့်အုံး အလှလေးပဲ”
“အိုး သူမ တကယ်လှတာပဲ။ ဒါပေမဲ့ ဒီအမျိုးသားကို ရတာတော့ ကံကောင်းတာပဲ”
ထိုသို့ဖြင့်တီးတိုးသံများက လမ်းတောက်လျှောက် ကြားနေရသည်။ တစ်ကိုယ်တည်း အမျိုးသားများက မနာလိုဖြစ်ကာ အားကျနေကြပြီး အချဉ်ပေါက်သံကိုလည်း ကြားရသည်။ သို့သော် ကောင်မလေးများကလည်း ချဉ်စုတ်သွားကြသည်။
“ကြည့်အုံး ဒါက အခုတလော ကျော်ကြားလာတဲ့ နို့လက်ဖက်ရည် ကျဲကျဲ မဟုတ်လား။ လူတော်တော်များများက ကွန်မန့်တွေ ပေးနေကြတာနော်”
“ဟင် မင်းပြောမှပဲ ဟုတ်နေသလိုပဲ ငါကိုယ်ပိုင်မျက်လုံးနဲ့ မြင်လိုက်တာ တကယ်လှတာပဲ။ တကယ်ကို သန့်စင်ပြီး ချိုမြိန်တဲ့ပုံရိပ်လေးပဲ”
“ငါ ကြားတာတော့ သူမက အမျိုးသမီး တင်ဆက်သူတဲ့။ နောက်ပြီး ငါတို့မြို့က တက္ကသိုလ်ရဲ့ ကျောင်းတွင်း အလှလေးလေ”
“နံဘေးက အမျိုးသားအဖော်ကို တွေ့လား။ သူ့ကိုလည်း တအားရင်းနှီးနေတာပဲ။ သူက အခုတလော ကျော်ကြားနေတဲ့ ဆရာသခင်ချန်း မဟုတ်ဘူးလား”
“ဟေ့ မင်းပြောမှပဲ ဟုတ်နေတာပဲ။ ဆရာသခင်ချန်းကို သူမရဲ့တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ငါမြင်ဖူးတယ်။ တကယ်ကို မုရှောင်းနွမ်ပဲ လှလိုက်တာ”
ထိုအချိန်တွင် တစ်စုံတစ်ယောက်က မိုဘိုင်းဖုန်းကို ဖွင့်သည်။ ထို့နောက် မိုဘိုင်းဖုန်းမှ အကြောင်းကြားစာကို တင်လိုက်ရုံဖြင့် အစောပိုင်းက ယန်ရွယ်၊ မုရှောင်းနွမ်ပုံကို ရိုက်ထားသော ဓာတ်ပုံကို မြင်ရသည်။ မုရှောင်းနွမ်က အထူးသဖြင့် ရေခွက်ကို ကိုင်ထားသော ဓာတ်ပုံဖြစ်သည်။ မမျှော်လင့်ထားစွာပင် သူမ၏သန့်စင်ပြီး မြတ်နိုးဖွယ်ကောင်းသော ပုံစံလေးက ပရိသတ်ပေါင်းများစွာကို ဆွဲဆောင်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် မုရှောင်းနွမ်တို့ကမူ အခြေအနေကို မသိသေးပေ။
“ရှောင်းနွမ် အားလုံးက မင်းကို ကြည့်နေတယ်လို့ မခံစားရဘူးလား”
ချန်းရန်က လူတိုင်း၏ အကြည့်ကို သတိထားမိပြီး မုရှောင်းနွမ်ကို သတိပေးသည်။
“ဟုတ်တယ် ထင်တယ်”
139 03
မုရှောင်းနွမ်ကလည်း အံ့ဩသွားသည်။ သို့သော် ရုတ်တရပ် တစ်ဖက်ပြန်လှည့်ကာ ချန်းရန်၏အနားသို့ ကပ်လာသည်။ သူမ၏မို့မောက်နေသော ရင်ဘတ်ကိုပင် ဖြောင့်လိုက်သေးပြီး ချန်းရန်၏ အနားနားကပ်ကာ ဂုဏ်ယူစွာ ပြောသည်။
“ဒါဆိုလည်း ကြည့်ပစေပေါ့ သူတို့က ကြည့်လို့ပဲ ရတာလေ ဟုတ်တယ်မလား”
“မင်း”
ချန်းရန်ကမူ နှာခေါင်းကိုသာ ပွတ်ပြီး ရယ်ချင်လာသည်။
ဒီကောင်မလေးက တမင် ကြွားနေတာလား။
သို့ရာတွင် ချန်းရန်ကလည်း သူမ၏ အပြုအမူအားဖြင့် ဒုက္ခခံရသူဖြစ်သည်။
ချန်းရန်သည်ပင် ထိုကောင်မလေးက ဒီနေ့ အပျော်ထွက်လာသည့်အချိန်တွင် အတင့်ရဲသထက် ရဲလာသလို ခံစားရသည်။ သူမသည် သူမ၏ ချစ်ခင် ကြင်နာစိတ်ကို ပုံစံအမျိုးမျိုးဖြင့် ထုတ်ပြနေသည်။ သို့သော် ထိုအပြုအမူကလည်း ထိုကောင်မလေးက သူ့ကို ရင်ခုန်နေကြောင်း ဖော်ပြသည်။ သူနှင့် တစ်ခဏမှ မခွဲချင်ကြောင်း ဖော်ပြသည်။
“နင်တို့နှစ်ယောက်က ရန်စနေတာပဲ”
ယန်ရွှယ်က အထွန့်တက်သည်။ သူမသည် ဒီနေ့ အလုပ်များပြီး တောက်လျှောက် ပြေးလွှားနေခဲ့ကာ ခွေးစာကိုလည်း စားရသေးသည်။ ထိုသခင်နှင့် သခင်မလေးတို့ကမူ ဘာကိုမှ ဂရုမစိုက်ပေ။ သူမက သီးသန့်ခန်းကို ဘိုကင်ယူထားသည်။ သို့သော် ထိုနှစ်ယောက်က ညစာစားရန် နောက်ကျသေးသည်။
“ယန်ရွှယ် နင်ရူးနေတာလား။ ဘာလို့ ဝိုင်တွေ အများကြီး မှာထားတာလဲ”
မုရှောင်းနွမ်ကပင် နည်းနည်း အံ့ဩသွားသည်။ ထိုသီးသန့်ခန်းထဲတွင် ဝိုင် အပြည့် ရှိနေ၏။ ယန်ရွှယ်က သီချင်းဆိုရင်းနဲ့ တစ်ခါတည်း သောက်မလို့လား။
“ဘာလဲ ကြောက်လို့လား ဟန်ဆောင်မနေစမ်းပါနဲ့။ မုရှောင်းနွမ် ငါတို့ ကျောင်းမှာတုန်းက နင်ပဲ သီချင်းလာဆိုတဲ့ အချိန်တိုင်းလိုလို ဝိုင်တွေကိုပဲ မှာခိုင်းတာ မဟုတ်ဘူးလား။ ပြီးတော့ အရူးပဲ ဖြစ်သွားတာလေ”
“မဖြစ်နိုင်တာ”
မုရှောင်းနွမ်က ရှက်သွားသည်။ ထို့နောက် ချန်းရန်ကို ကြည့်ပြီး အသက်မဲ့သလို ပြောသည်။
“ဟန်နီ ငါ သောက်ရတာ ကြိုက်တယ် ဆိုပေမယ့် မိန်းမကောင်းလေးပါ ကျိန်ရဲတယ်”
မုရှောင်းနွမ်က အလေးအနက်ထားပြီး ပြောသည်။
“မင်းသောက်ရတာ ကြိုက်ပေမယ့် မင်းသောက်နိုင်လို့လား။ ခွက်အနည်းငယ်နဲ့ မူးသွားတာ မဟုတ်ဘူးလား”
ချန်းရန်ကလည်း ရယ်သည်။ ထိုကောင်မလေးက နားလည်လွဲမှားသွားမည်ကို စိုးရိမ်နေချိန်တွင်လည်း ချစ်စရာကောင်းလွန်းသည်။
သူမ၏ သောက်နိုင်စွမ်းအားနှင့် ပတ်သက်ပြီး ယခင်တစ်ခေါက် စံအိမ်တွင် ကျင်းပသော ပြပွဲတွင်ကတည်းက သိသင့်သည်။ ခွက်အနည်းငယ်တည်းနှင့် သူမက မူးသွားခြင်းဖြစ်သည်။
ဒီလို ပုံစံမျိုးနဲ့ ဘယ်လိုများ သောက်ရတာ ကြိုက်မှာလဲ။
“ဟား ဟားဟား”
ချန်းရန်၏စကားက မုရှောင်းနွမ်အား မကျေမနပ်ဖြစ်စွာ ပါးကို ဖောင်းပြီး စူပုတ်စေသည်။ နံဘေးမှ ယန်ရွှယ်ကလည်း ထရယ်သည်။
“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ သက်သာ တာဝန်အသစ်ဖြစ်တဲ့ : ညက အသားစားဖို့အချိန်ပဲ။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ပါ။ ကျေးဇူးပြုပြီး တတ်နိုင်သလောက်ကို သောက်လို့ အနည်းဆုံး ကောင်မလေး တစ်ယောက်ယောက်ကို မူးသွားအောင် လုပ်ပါ…ဆိုတဲ့ တာဝန်ကို ထုတ်ပေးလာပါတယ်”
“တာဝန်ကို ပြီးမြောက်အောင်မြင်ရင် ဆုလာဘ်ဖြစ်တဲ့ : ရှေးဟောင်းသိုင်းပညာ တိုက်ခိုက်ရေးသိုင်း x1 ကို ရရှိမှာပါ”
******