အခန်း ၁၄၀
Vol. 14 Ch. 140
140 01
အပိုင်း (၁၄၀) ဟင်း ဒီသက်သာဘဝတာဝန်က ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။
ချန်းရန်ကပင် အံ့ဩသွားရသည်။ ရှေးဟောင်း သိုင်းပညာလား။
နာမည်ကပင် မင်းမူနိုင်လွန်းသည်။ မှင်သက်ဖွယ်ကောင်းသော စွမ်းရည်မျိုး ဖြစ်လောက်သည်။ သေချာပေါက် ရအောင် ယူရပေမည်။
သက်သာဘဝတာဝန်ကိုယ်တိုင်ကမူ ခက်ခဲသည်ဟုလည်း မထင်ရပေ။ အကြောင်းမူကား မုရှောင်းနွမ်၏ အရက်သောက်နိုင်စွမ်းအားအရ သူမကဲ့သို့ လူဆယ်ယောက်ပေါင်းလျှင်ပင် သူ့ကို မယှဉ်နိုင်သောကြောင့် ဖြစ်လေသည်။
“ငါတို့ ဂိမ်းကစားကြရအောင် ဘယ်လိုလဲ”
ချန်းရန်က ပြုံးလိုက်ပြီး ထိုနှစ်ယောက်ကို ကမ်းလှမ်းသည်။
“ငါတို့ ကျပန်းသီချင်းကို ဆိုဖို့ ရွေးမယ် မဆိုနိုင်တဲ့သူ ဒါမှမဟုတ် ဆိုးဆိုးရွားရွား ဆိုတဲ့သူ ဒါမှမဟုတ် အမှတ်နိမ့်တဲ့သူက ခွက်ကြီးတစ်ခွက် သောက်ရမယ်”
“ရတယ် ရတယ် အကြံပေးချက် ကောင်းပဲ”
မုရှောင်းနွယ်ကလည်း ခပ်မြန်မြန် လက်ခုပ်တီး သဘောတူသည်။ သူမက ပထမဦးဆုံးအကြိမ် အခုလို ကစားနည်းကို ကြားဖူးခြင်း ဖြစ်သည်။ တော်တော်လေးကို စိတ်လှုပ်ရှားဖို့ကောင်းသည်။ အဓိကသော့ချက်ကမူ သူမက ကောင်းကောင်း သီချင်းဆိုနိုင်ခြင်း ဖြစ်သည်။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်သောအခါ သူမ၏ ကောင်းကင်ဘုံလို အသံမျိုးက ပရိသတ်အမြောက်အမြားကို သိမ်းယူနိုင်ခဲ့သေးသည်။
သောက်စားခြင်း အတွက်ကမူ မေ့လျော့နေပြီ ဖြစ်သည်။
“ဟီး ငါ့ရဲ့ ဘိုးဘေးလေး”
ယန်ရွှယ်ကပင် ဆွံ့အသွားသည်။ ထိုဘိုးဘေးလေးက သီချင်းဆိုတော်သည်။ သို့သော် အရက်ခွက်ကြီးတစ်ခွက် သောက်ရမည်ကိုမူ တကယ်ကြောက်သင့်သည်။ သီချင်းတစ်ပုဒ်ကို ကောင်းကောင်း မဆိုနိုင်ခဲ့လျှင် တစ်ခွက်တည်းနှင့် ပြီးသွားပေလိမ့်မည်။
အကြောင်းမူကား ထိုတစ်ခွက်ပြီးနောက် နောက်တစ်ပုဒ်ကိုပင် မဆိုနိုင်လောက်အောင် မှောက်သွားသောကြောင့် ဖြစ်သည်။
“ကောင်းပြီ ကောင်းပြီ ငါ ပထမ သီချင်းလုပ်မယ်”
ချန်းရန်က အရင်ရှေ့ထွက်သည်။ သိသိသာသာကိုပင် သူသည်လည်း မုရှောင်းနွမ်ကို ထိန်းချုပ်ထားပြီးသားဖြစ်သည်။ သို့သော် ထိုကောင်မလေးကိုယ်တိုင်ကမူ မသိပေ။ ပြောရမည်ဆိုလျှင် ချန်းရန်၏ ပစ်မှတ်ထားမှုကို ခံရပြီးသားဖြစ်သည်။
ပထမသီချင်း [လျန် လျှန်]
“အား ငါမဆိုနိုင်ဘူး”
မည်သူကမှ သီချင်းမဆိုပေ။ ထိုသို့ဖြင့် ချန်းရန်က တိုက်ရိုက်ပင် ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် ဝိုင်နီခွက်ကြီးတစ်ခွက်ကို လောင်းထည့်လိုက်ပြီး အကုန်သောက်သည်။
“ဘာ”
တော်လိုက်တာ
ထိုအခြေအနေက မုရှောင်းနွမ်ကို တိုက်ရိုက်ပင် မှင်သက်သွားစေသည်။
ဘာမှမဆိုဘဲနဲ့ သောက်တာပဲလား။
“မင်းအလှည့်”
ချန်းရန်က တစ်ခွက်လုံးကို ကုန်အောင်သောက်ပြီးနောက်တွင် မုရှောင်းနွမ်ကို မိုက်ကရိုဖုန်း ပေးသည်။ ဒုတိယသီချင်းက [ကြယ်နှင့်လ ဒဏ္ဍာရီ] ဖြစ်သည်။
မုရှောင်းနွမ်၏ အသံက ကောင်းကင်ဘုံသို့ အမှန်တကယ် မှင်သက်ဖွယ်ရာဖြစ်သည်။ သူမက ပါးစပ်ဟလိုက်သည်နှင့် သံစဉ်က ပျံ့နှံ့ထွက်လာသည်။ သာယာသောအသံအပြင် ဝမ်းနည်းပြီး လှပသော ပုံပြင်တို့ကိုပင် ပဲ့တင်ထပ်နေသလို ခံစားရသည်။ ကျောက်တုံးပေါ်သို့ ကြည်လင်သော စမ်းရည်က စီးဆင်းလာသကဲ့သို့ လူများ၏ နှလုံးသားကို တိုက်ရိုက်ထိစေသည်။ မုရှောင်းနွမ်၏ သီချင်းစဆိုသည်နှင့် ခံစားချက်များထဲတွင် နစ်မြုပ်သွားသည်။
140 02
မသိလိုက်မသိဘာသာပင် သီချင်းတစ်ပုဒ်ပြီးနောက် သာယာသော သံစဉ်နှင့် ခံစားချက်များက သူမ၏ နားထဲတွင်ပင် ဟိန်းထွက်နေသည်။ သို့သော် လှပသော မှတ်ဉာဏ်များက စိတ်ထဲတွင် ပြန်ပေါ်လာသည်။
“ယောက်ျား”
မုရှောင်းနွမ်၏ လှပသော မျက်လုံးက ရဲသွားသည်။ သူမက ရင်ဖိုသွားပုံရသည်။ လှပစွာ ခံစားချက်အပြည့်နှင့် သီချင်းဆိုပြီးနောက်တွင် အပြေးလာကာ ချန်းရန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်သည်။
“ရှောင်းနွမ်”
ချန်းရန်ကလည်း ရင်ထဲထိသွားသည်။ မုရှောင်းနွမ် သီချင်းဆိုသော တစ်ခဏတွင် သူကိုယ်တိုင်ကပင် လှပသော အချစ်ပုံပြင်ထဲသို့ ဝင်ရောက်သွားသလို ခံစားရသည်။
မုရှောင်းနွမ်က ချန်းရန်၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ နှစ်ယောက်က အချင်းချင်း ဖက်ထားကြသည်။
“ဘုရားရေ”
ယန်ရွှယ်ကမူ အမှန်တကယ်ကို အားကျနေပြီ ဖြစ်သည်။
နေရာတိုင်းမှာ ခွေးစာတွေချည်းပဲ။ ဒီနှစ်ယောက်က တစ်သားတည်း ပေါင်းသလိုမျိုးကို အချင်းချင်း ဖက်နေတာ။
သူမသည် မနာလိုလည်း ဖြစ်သလို အားလည်းကျသည်။
“ယောက်ျား ယောက်ျား ငါဆိုတာ ကောင်းတယ်လို့ထင်လား”
မုရှောင်းနွမ်နှင့် ချန်းရန်တို့က ခံစားချက်များထဲမှ ရုန်းထွက်လာနိုင်သည်။ မုရှောင်းနွမ်က ချန်းရန်အား ဂုဏ်ယူသော အပြုံးမျိုးနှင့် ကြည့်သည်။ သူမ၏ မျက်လုံးထဲတွင် ဂုဏ်ယူသော အလင်းများပင် ရှိနေသည်။ သူမက ချန်းရန်ကို ထိုသို့ကြည့်ပြီး ခပ်ဆိုးဆိုးလေးပြောသည်။
“ဒါက ငါကြားဖူးသမျှထဲမှာ နားထောင်လို့ အကောင်းဆုံး သီချင်းပဲ”
ချန်းရန်က ထိုကောင်မလေး၏ နှာခေါင်းလေးကို ချစ်မြတ်နိုးစွာ အသာကုတ်လိုက်သေးသည်။ သူသည်လည်း အလွန်အမင်း ရှက်မိသည်။ ထိုကောင်မလေးက ဒီကစားပွဲကို အလွန်နှစ်မြုပ်ထားသည်။ သူပြောသောစကားကိုလည်း အမြဲတစေ ယုံကြည်ပေး၏။ သူကသာ လေထုအခြေအနေကို ဖျက်ဆီးသူ ဖြစ်သည်။
“ဒါဆိုရင် ငါ ဝိုင်တစ်ခွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးမယ်”
ချန်းရန်က အရင်စပြီး ဝိုင်ခွက်ကို စထည့်ကာ တစ်လုတ်တည်း ကုန်အောင် သောက်သည်။
ကစားပွဲက ဆက်ဖြစ်သည်။ သို့သော် ဒါက မုရှောင်းနွမ်အား သူမ မတော်သော သီချင်းမျိုးကို ကြုံတွေ့ရာတွင် မတားဆီးနိုင်လေပေ။ သို့ရာတွင် ထိုကောင်မလေးကလည်း အတော်လေး ရဲရင့်ပြီး အမှန်တကယ် ထဆိုသည်။ သူမ မရှက်သမျှ အခြားသူကသာ ရှက်ရမည်ဆိုသော စံချိန်စံညွှန်းကို ကိုင်ထားသည်။ ရလဒ်အနေဖြင့် သိသာသည်။ မုရှောင်းနွမ်က ဝိုင်တစ်ခွက်ဖြင့် အပြစ်ပေးရန်ဖြစ်လာသည်။
ချန်းရန် မျှော်လင့်ထားသည့်အတိုင်းပင် မုရှောင်းနွမ်ဆိုသော သီချင်းများက ရင်းနှီးလျှင်ပင် ကြာလာသောအခါ အမှားများ ပါလာသည်။ ထို့နောက် တစ်ခွက်ပြီးတစ်ခွက် ရောက်လာသည်။
“နောက်တစ်ခုက လျန်လျန်ပဲ ရှောင်းနွမ် အတူဆိုမယ်”
ယန်ရွှယ်၏ အရက်သောက်နိုင်စွမ်းရည်က အဆင်ပြေသည်။ သို့သော် မျက်နှာက နည်းနည်း ရဲနေသည်။
“ကောင်းပြီ”
မုရှောင်းနွမ်က မိုက်ကရိုဖုန်းကို ပြောင်းပြန်ကိုင်သည်။ သူမက ယန်ရွှယ်နှင့် အတူဆိုမည်ဟု ပြောသော်လည်း ချန်းရန်၏ ရင်ခွင်ထဲ ကျလာကာ ကပ်လာသည်။
“ယောက်ျား ငါ့ယောက်ျား ဘယ်မှာလဲ”
140 03
“ဒီမှာ ဒီမှာ”
ချန်းရန်က ခါးသီးစွာ ပြုံးနေသည်။ ထိုကောင်မလေး၏ မျက်လုံးကပင် ဦးတည်ရာ ပျောက်နေ၏။ သူမလေးက အမှန်တကယ်ပင် မူးပြီး အသိစိတ်လွတ်နေပြီ ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်ပင် မမှတ်မိတော့ပေ။
“မဟုတ်ဘူး ဒါမဟုတ်ဘူး”
မုရှောင်းနွမ်က ချန်းရန်ကို နှစ်ကြိမ်ခန့် ထုရိုက်သေးသည်။ ထို့နောက် ထရပ်ရန် ရုန်းကန်သည်။ စားပွဲကိုလည်း ရိုက်သည်။ ထို့နောက် ဝိုင်နီပုလင်းကို ကောက်ယူကာ သွားဖက်ပြီး ပြောသည်။
“ယောက်ျား ငါ့ကို နမ်း”
ရလဒ်အနေဖြင့် ထိုကောင်မလေးက ဝိုင်ကို တစ်ငုံသောက်လိုက်သည်။ အနည်းငယ် သောက်ပြီးနောက်တွင် ဆိုဖာပေါ်သို့ ဘမ်းကနဲ မြည်သံနှင့် အတူ ကျသွားသည်။
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင် တာဝန်ကို ပြီးမြောက်သွားပါပြီ။ ဆုလာဘ်ကိုလည်း ရရှိသွားပါပြီ”
ချက်ချင်းဆိုသလိုပင် ချန်းရန်က ခန္ဓာကိုယ် တစ်ခုလုံးမှ ဆဲလ်များက အင်အားမြှင့်တင်သွားသလို ခံစားရသည်။ တုန့်ပြန်နိုင်စွမ်းအားများက မြှင့်တက်သွား၏။ အရှိန်နှင့် ပေါက်ကွဲ စွမ်းအားများက ကြီးကြီးမားမား ထိုးတက်သွားသည်။ ပိုဆိုးသည်မှာ သူ၏ မှတ်ဉာဏ်ထဲတွင် မြောက်များကြီးမားသော သိုင်းကွက်များက ပေါ်လာသည်။ လုယူသောအကွက်၊ အရိုးချိုးသောအကွက် လည်မျိုကို ညှစ်သော အကွက်များအပြင် အခြားသော အမျိုးမျိးသော အကွက်များပါသည်။ အားလုံးက လက်တစ်ချက်လှုပ်ရုံဖြင့် လှုပ်ရှား၍ရသည်။ ပို၍ တိတိကျကျ ပြောရသော် လက်အရှေ့တစ်ခြမ်းလုံးဖြင့် ချန်းရန်က ကိုယ့်ကိုယ်ကိုယ် သိုင်းပညာရှင်များဟု ခေါ်သော စမ်းတဘုရင်များထက်ပင် သာလွန်းလွန်းနေပြီဖြစ်သည်။
ထိုစွမ်းရည်မျိုးနှင့်သာဆိုလျှင် အခြားသော သူများက ရန်စမည်ကိုလည်း ကြောက်စရာ မရှိတော့ပေ။
“ငါ သန့်စင်ခန်း အရင်သွားလိုက်အုံးမယ်”
ချန်းရန်က မုရှောင်းနွမ်ကို တစ်ချက် ကြည့်သည်။ ကောင်မလေးက လုံးဝမူးပြီး အိပ်ပျော်သွားသည်။ နံဘေးမှ ယန်ရွှယ်ကိုလည်း တစ်ချက် ကြည့်သည်။ ယန်ရွှယ်က အဆင်ပြေသေးသည်။ ခေါင်းမူးနေသေးသောကြောင့် ဖြစ်လောက်သည်။ သူမက ထပ်မသောက်တော့ပေ။ သူမကလည်း အဆင်ပြေကြောင်း ပြောသည်။ လူကြည့်ထားပေးမည်ဟုလည်း ပြောသည်။ ထို့ကြောင့် ချန်းရန်ကလည်း စိတ်အေးအေးဖြင့် ဝင်သွားလိုက်သည်။
မည်သို့ပင်ဆိုစေ သူသည်လည်း အများကြီး သောက်ထားသည်။ ဗိုက်ကလည်း ပြည့်နေ၏။ ချန်းရန်က သန့်စင်ခန်းထဲသို့ ဝင်ပြီးနောက် သိပ်မကြာခင် ပြန်လာရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် သူပြန်လာသောအခါ တံခါးကို ဖွင့်ပြီး ဝင်တော့မည့်အချိန်တွင် ရုတ်တရပ် အတွင်းက အလွန်ဆူနေသလို ခံစားရသည်။ လူအများကြီး ရှိနေပုံရသည်။ သူက ခေါင်းကို တစ်ချက် ခါလိုက်သောအခါ အတွင်းမှ လူများကို မသိကြောင်း သိလိုက်သည်။
“အာ စိတ်မရှိပါနဲ့ အခန်းမှားသွားတယ် ထင်တယ်”
ချန်းရန်က ပြန်လှည့်ပြီး ထွက်သွားရန် ကြံစည်သည်။ ထိုအချိန်တွင် ကြည်လင်သာယာသော အသံက ကြားရသည်။ ထိုအသံလေးက ပန်းကန်ပြားပေါ်သို့ ပုလဲလုံးလေးများ ကျလာသကဲ့သို့ လှပပြီး ခပ်စပ်စပ်လေးဖြစ်သည်။
“နင်ဘာလို့ ဒီကို ရောက်နေတာလဲ”
အမျိုးသမီးက ဘေ့စ်ဘောဦးထုတ်ကို ဝတ်ထားသည်။ မွှေးပျံ့သော လေပြေကဲ့သို့ ရောက်ရှိလာကာ ချန်းရန်ကို သဘာဝကျစွာ ပြုံးပြသည်။ ထို့နောက် အခန်းထဲမှ လူများကို ပြုံးပြသည်။
“အားလုံးပဲ စိတ်မရှိပါနဲ့ ငါ့သူငယ်ချင်းက ငါ့ကို လာကြိုတာ။ ငါတို့ အခွင့်အရေးရှိရင် နောက်မှ ထပ်တွေ့တာပေါ့”
ချန်းရန် “?”
******