← Chapters

အခန်း ၁၄၁

Vol. 14 Ch. 141

အခန်း ၁၄၁

Vol. 14 Ch. 141

141 01

အပိုင်း (၁၄၁)

ချန်းရန်က မျက်မှောင်ကြုတ်သည်။ ထိုအမျိုးသမီးက အနားလာကြောင်း မြင်သောအခါ သူက အနောက်ဖက်သို့ ခြေလှမ်းတစ်ဝက်ခန့်ပင် ဆုတ်လိုက်သည်။

“ဘာလဲ အတန်းဖော်ချန်း ငါ့ကိုတောင် မမှတ်မိဘူးလား”

ထိုမိန်းကလေးက သူမ၏ဦးထုတ်ကို မတင်လိုက်သောအခါ တောက်ပသော မျက်နှာက ပေါ်လာသည်။ အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ အရောင်က ပြောင်းသွားသည်။ လှပသော မျက်နှာက အလွန်တောက်ပသည်။ အမျိုးသမီးက နုနယ်သော မျက်နှာရှိသည်။ အုန်းခွံရောင် ဆံပင်ရှည်ကလည်း မျက်နှာပေါ်သို့ ဖြာကျနေသည်။ သူမက ပွင့်လန်းလာသော နှင်းဆီပန်းကဲ့သို့ နူးညံ့ညင်သာစွာ ပြုံးသည်။ ထိုမြင်ကွင်းက အလွန်လှသည်။

“မင်းက ရှောင်းချူရန်လား”

ချန်းရန်၏ တအံ့တဩအသံပင် ထွက်လာသည်။ ထိုအချိန်တွင် ချန်းရန်၏ ခေါင်းထဲသို့ မှတ်ဉာဏ်များ ပြန်ဝင်လာသည်။ သူသည် ထိုအမျိုးသမီးအပေါ် ထင်မြင်ချက်ရှိသည်။ သူမက သူကောလိပ်တက်ချိန်က သူတို့၏ ဌာနမှ ကျောင်းအလှလေးဖြစ်သည်။

ထိုအချိန်က ထိုကောင်မလေးကို ပိုးပန်းသူ အမြောက်အများရှိသည်။ ဒုတိယမျိုးဆက် လူချမ်းသာများပင် ပါသေးသည်။ သို့သော် ရှောင်းချူရန်ကမူ မည်သူ့ကိုမှ စိတ်မဝင်စားခဲ့ပေ။ သူမ၏မိသားစုကိုယ်တိုင်ကပင် ချမ်းသာသည်။ သို့ရာတွင် ကောလဟာလများအရ ရှောင်းချူရန်က ချန်းရန်ကို သဘောကျနေသည်ဟု ပြောကြသည်။

ပြောရမည်ဆိုလျှင် ရှောင်းချူရန်ပင် မဟုတ်ပေ။ အနီးအနားဌာနများမှ တော်တော်များများကလည်း ချန်းရန်၏ နာမည်ကို ကြားဖူးကြပြီး အလွန်အမင်း သဘောကျကြသည်။ အကြောင်းမူကား ချန်းရန်သည် သူတို့၏အတန်းမှ အကျော်ကြားဆုံးသော ကျောင်းသားဖြစ်သည်။ သူ၏ ကိုယ်တိုင်ပညာရေး လုပ်ဆောင်မှုများက အလွန်ကောင်းမွန်ရုံသာ မကသေးလေဘဲ သူကိုယ်တိုင်က သူ၏ကိုယ်ပိုင် ကောလိပ်တက်နေချိန်အတောအတွင်းတွင် ကြိုးစားအားထုတ်မှုများ သီးသန့်ကြောင့်နှင့်တင် ထိုတိုကျိုမြို့အတွင်းတွင် အိမ်ပေါင်းများစွာကို ပိုင်ထားသည်။ ငွေကြေးအားဖြင့် လွတ်လပ်ပြီးသားဖြစ်သည်။

ရှောင်းချူရန်က မာနကြီးပြီး ဂုဏ်ယူတတ်သည်။ လူအများစုက သူ၏ မျက်လုံးထဲမဝင်ပေ။ သို့သော် ချန်းရန်ကမူ သူမ၏အကြိုက်နှင့် ကိုက်လွန်းသည်။ သို့သော် ဘွဲ့ယူပြီး နောက်ဆုံးတွင် ချန်းရန်ကို မမြင်ရတော့ပေ။

ထိုအကောင်က ရုတ်တရပ် အငွေ့ပျံသလို ပျောက်သွားသည်။ ချန်းရန်ကို မြင်ချင်သော်လည်း ဘယ်သောအခါမှ မမြင်နိုင်တော့ပေ။ ထို့အပြင် ယခုရှောင်းချူရန်က ရှောင်ပိုင်ဟွားဖြစ်နေလေပြီ။ သူက ယခုတလော အလွန်ကျော်ကြားလာပြီး အင်တာနက်ပေါ်တွင်ပင် တော်တော် နာမည်ကြီးနေလေကာ အလွန်အလုပ်များသည်။ မမျှော်လင့်ထားစွာပင် ဒီလိုနေရာတွင် လာဆုံသည်။ သူမက အလွန်ပျော်နေသည်။ အကြောင်းမူကား သူမသည် ရင်းနှီးမြုပ်နှံသူများနှင့်အတူ သောက်စားပြီး သီဆိုပေးနေရသည်။ ထို့ကြောင့် ထွက်ပြေးသွားရန် ပြင်နေသည့် အချိန်တွင်ပင် လူအများကြီးက သူမကို ကပ်တွယ်ပြီး မသွားခိုင်းကြပေ။ ထို့ကြောင့် သူမကိုယ်သူမ ဒေါသထွက်နေစေသည်။

မမျှော်လင့်ထားစွာပင် တံခါးကို လာဖွင့်သည်။ ထိုလူကလည်း ချန်းရန်ဖြစ်နေသည်။ ထို့ကြောင့် ဘာကိုမှ တုံ့ဆိုင်းမနေတော့ဘဲ။ ပြေးထွက်လာခြင်းဖြစ်သည်။ ထို့နောက် သဘာဝကျကျနှင့် ချန်းရန်၏ လက်မောင်းကိုပင် ကိုင်လိုက်ပြီး ရင်းနှီးဟန်ဆောင်ကာ ထွက်ပြေးချင်ခဲ့သည်။

“ဘာဖြစ်တာလဲ အတန်းဖော်ချန်းက အံ့ဩသွားတာလား”

ရှောင်းချူရန်၏ အကျင့်စရိုက်က အတော်လေးကို တက်တက်ကြွကြွရှိသည်။ သူမက ပြုံးရယ်လိုက်သောအခါ သွားဖြူဖြူလေးများကပင် အတန်းလိုက် ညီကာ ပေါ်လာသည်။

“ငါ တကယ် အံ့ဩသွားတာ”

“အရင်ကနဲ့ ယှဉ်ရင် မင်းက တော်တော်လေး လှလာတာပဲ”

ရှောင်းချူရန်က ယခုအခါ ပို၍ ကျော့ရှင်းပြီး ပို၍ လှလာသည်ဟု ပြောရပေမည်။ သူမကို နိုင်ငံ့နတ်ဘုရားမဟု ခေါ်နေသည်မှာ အံ့အားသင့်စရာ မရှိပေ။

“ငါက အရမ်းလှတယ်။ ဒါပေမဲ့ နင်ငါ့ကို လာတွေ့တာတော့ တစ်ခါမှ မတွေ့ပါဘူး”

141 02

ရှောင်းချူရန်က နှာခေါင်းရှုံ့ပြီးမျက်လုံးကို လှန်ပြသည်။ ဒေါသထွက်သလိုလို အညိုးထားသလိုမျိုး ချွဲသံနှင့် ပြောသည်။

“ဖာ့ခ် ရှောင်းချူရန်လား ရှောင်းချူရန် အနားက ဘာကောင်လဲ။ ဘာလို့ အဲ့လူကို ရီပြနေတာလဲ”

“သေစမ်း ရှောင်းချူရန်က ငါ့ရဲ့ အိပ်မက်နတ်ဘုရားမ… သူမက တစ်ခါမှ ကောလဟာလ ထွက်ခဲ့ဖူးတာ မဟုတ်ဘူး။ ဘယ်ယောက်ျားနဲ့မှ နီးစပ်ခွင့် မပြုနိုင်ဘူး”

“လာစမ်း သူ့ကို ရိုက်ရအောင်”

လူငယ်တစ်ဖွဲ့ကလည်း အမြင်စူးရှသည်။ ရှောင်းချူရန်ကို မြင်လိုက်သည်နှင့် သူမကို ချက်ချင်း မှတ်မိသွားသည်။ ထို့နောက် အော်ဟစ်ကြပြန်ပြီး ချန်းရန်ကို သင်ခန်းစာပေးရန် အပြေးလာသည်။

“ဟင် ယောက်ျား”

ထိုအချိန်တွင် မုရှောင်းနွမ်က လန့်ပြီး နိုးလာသည်။ ချန်းရန်ကိုလည်း မြင်လိုက်သည်။ ထို့အပြင် လူဆိုးအုပ်က အပြေးသွားနေကြောင်းကို မြင်လိုက်သောအခါ သူမက ချက်ချင်း အသိပြန်ဝင်သွားသည်။

“မဟုတ်သေးပါဘူး ငါ့ယောက်ျား ငါ့ယောက်ျား အန္တရာယ်ရှိနေပြီ”

မုရှောင်းနွမ်က တအံ့တဩ ထအော်သည်။ နဖူးမှ ချွေးများက ချက်ချင်းကျလာကာ ကျောပြင်တောက်လျှောက် စိုရွဲသွားသည်။ ထိုအချိန်တွင် သူမ၏စိတ်က ဗလာဖြစ်သွားသည်။ သူမသည် ဘာကိုမှ မတွေးနိုင်တော့ပေ။ ချက်ချင်း အပြေးလာသည်။

“အား”

ရှောင်းချူရန်က ထိုလူမိုက်များ ပြေးလာနေကြောင်း မြင်လိုက်သည်။ သူမက ကြောက်လန့်ကာ ထိတ်လန့်သွား၏။ ချက်ချင်းဆိုသလိုပင် ချန်းရန်၏အနောက်သို့ ဝင်ပုန်းသည်။ ချန်းရန်၏ လက်မောင်းကိုလည်း ကိုင်ထားပြီးကိုယ်ကို ကျုံ့နေသည်။

“ကျောင်းသားချန်း ငါ…ငါ…ငါ ကြောက်တယ်”

ရှောင်းချူရန်က အမှန်တကယ် ကြောက်လန့်ပြီး ပုန်းနေခြင်းဖြစ်သည်။ ယခုအခါ ချန်းရန်ကလည်း ထိုလူမိုက်တစ်အုပ်ကို ရင်ဆိုင်လျှက်သားဖြစ်သွားသည်။

“ယောက်ျား သတိထား”

တစ်ချိန်တည်းတွင်ပင် လှပသော ပုံရိပ်တစ်ခုက ချန်းရန်၏အရှေ့တွင်ပင် ချက်ချင်းပေါ်လာသည်။ မုရှောင်းနွမ်ဖြစ်သည်။

“ရှောင်းနွမ် မင်း”

ချန်းရန်ကလည်း သူ၏ သိုင်းပညာစွမ်းရည်ကို ထုတ်သုံးပြီး စမ်းသပ်တော့မည့်အချိန်တွင် မမျှော်လင့်ထားစွာပင် အရေးကြီးသော အခိုက်အတန့်တွင်မှ မုရှောင်းနွမ်က ပြေးဝင်လာသည်။ တုံ့ဆိုင်းမနေဘဲ သူ၏ အရှေ့တွင် ပိတ်ကာ ကာကွယ်လိုက်သည်။

“ဒီအရူးမလေးကတော့”

ချန်းရန်ကလည်း အံ့ဩသွားသည်။ တစ်ဖက်သူ ကိုင်ထားသော ဝိုင်ပုလင်းကို မြင်သည့်တိုင်အောင် သူမက အပြေးလာသေးသည်။

“သတိထား”

ချန်းရန်ကလည်း ချက်ချင်းဆိုသလို တိုက်ခိုက်သည်။ သို့သော် နောက်ကျသွားသည်။

ဘမ်း

ဝိုင်ပုလင်းက မုရှောင်းနွမ်၏ ကျောပြင်ကို ခပ်ကြမ်းကြမ်း ရိုက်မိသွားသည်။

“အင်း”

မုရှောင်းနွမ်က တစ်ချက် ငြီးငြူပြီး မျက်နှာက ချက်ချင်း ဖြူစုတ်သွားသည်။

“ဒီနေရာက ဖယ်စမ်း”

141 03

ချန်းရန်က ဒေါသထွက်သွားသည်။ မုရှောင်းနွမ်ကို ချက်ချင်းဆွဲခေါ်ပြီး အနောက်ဖက်တွင် ကာကွယ်ပေးကာ အရှေ့မှ အကောင်ကို ဆောင့်ကန်လိုက်သည်။

“လာစမ်းပါ”

တစ်ဖက်မှ ကောင်များကလည်း ဘာကိုမှ နားမလည်ဘဲ အပြေးလာကြသည်။ ထိုအချိန်တွင် ချန်းရန်က ဒေါသထွက်သွားပြီ ဖြစ်သည်။ သူက တစ်ယောက်ချင်းစီတိုင်းကို လက်သီးဖြင့် ထိုးသည်။ ဆောင့်ကန်သည်။ ဖိနှိပ်သည်။ ထိုလူဆယ်ယောက်ကျော်လုံးကို အပြောင်သိပ်လိုက်သည်။ မည်သူကမှ ချန်းရန်ကို မယှဉ်နိုင်ပေ။ အကွက်အနည်းငယ် လှုပ်ရှားပြီးရုံနှင့် အားလုံးက လဲသွားသည်။

“ဝါး လန်းလိုက်တာ”

အနောက်ဖက်တွင် ကြောက်လန့်တကြားပုန်းနေသော ရှောင်းချူရန်ကလည်း စိတ်ငြိမ်သွားပြီ ဖြစ်သည်။ ချန်းရန်က ထိုမျှအထိ သတ္တိကြီးကြောင်း မြင်သောအခါ သူမ၏နှလုံးသားက အခုန်နှုန်းမြန်ဆန်လာသည်။ သူမကလည်း ချန်းရန်က သူမဆီ လာတော့မည်ဟု ထင်နေသည့်အချိန်တွင် မမျှော်လင့်ထားစွာပင် ချန်းရန်က တစ်ဖက်လှည့်ပြီး ကောင်မလေးကို ပွေ့ဖက်လိုက်သည်။

“ရှောင်းနွမ် အဆင်ပြေရဲ့လား”

ချန်းရန်က မုရှောင်းနွမ်ကို စိုးရိမ်တကြီး ကောက်ပွေ့လိုက်သည်။ မုရှောင်းနွမ်က ခက်ခက်ခဲခဲ ပြုံးပြသည်။ ထို့နောက် ချန်းရန်ကို ကြည့်ပြီးနောက် စကားတစ်ခွန်းကို ထုတ်ပြောသည်။

“ယောက်ျား ထိခိုက်သွားသေးလား”

ထို့နောက် မုရှောင်းနွမ်က သတိလစ်သွားလေသည်။

“ရှောင်းနွမ်”

ချန်းရန်က အမှန်တကယ် ထိတ်လန့်သွားပြီ ဖြစ်သည်။ အခုလေးတင် လူမိုက်အုပ်ကို ရင်ဆိုင်ရသည့်အချိန်တွင်ပင် ထိုမျှအထိ စိုးရိမ်မနေခဲ့ချေ။ အကြောင်းမူကား သူ၏ရင်ခွင်ထဲမှ အမျိုးသမီးကြောင့်သာ ဟန်ချက် ပျက်သွားသည်။

“ကျောင်းသားချန်း”

ရှောင်းချူရန်က ချက်ချင်းလာပြီး နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ကာ ကြည့်သည်။

“ဒါက ဘယ်သူလဲ”

“ငါ့မိန်းမ”

ချန်းရန်က တစ်ဖက်လှည့်ပြီး ရုတ်တရပ် ပြောသည်။

“မင်းလည်း လွတ်လာပြီပဲ။ ငါလုပ်စရာရှိသေးတယ် ငါအရင်သွားတော့မယ်”

ချန်းရန်က မုရှောင်းနွမ်၏ဒဏ်ရာကို ချက်ချင်းစစ်ကြည့်ပြီး ဆေးရုံကို ပို့ရန် ပြင်ဆင်ထားသည်။ သို့သော် ရှောင်းချူရန်က အလျှင်စလို လိုက်ပြောသည်။

“ငါ့မှာ ကားပါတယ်။ ငါလိုက်ပို့ပေးမယ်”

“မလိုပါဘူး”

ချန်းရန်က မုရှောင်းနွမ်ကို ကောက်ပွေ့ပြီးနောက် လန့်နိုးလာကာ အခန်းထဲမှ ထွက်လာသည့် ယန်ရွှယ်ကို ခေါ်လိုက်ပြီး အရေးပေါ် တက္ကစီကို ငှားပြီး ဆေးရုံသို့သွားသည်။

“အာ…ငါ စောစော လှုပ်ရှားခဲ့သင့်တာ”

ရှောင်းချူရန်က နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ် စေ့ပိတ်ထားသည်။ သူမ၏အကြည့်ကလည်း ရှုပ်ထွေးနေပြီး ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။

“ဒါပေမဲ့ သူက လက်ထပ်ပြီးသား ဖြစ်နေမယ်လို့ မထင်ထားဘူး”

******

All Chapters