အခန်း ၁၄၂
Vol. 14 Ch. 142
142 01
အပိုင်း (၁၄၂)
“ဒေါက်တာ ဘာဖြစ်တာလဲ”
မုရှောင်းနွမ်ကို ဆေးရုံသို့ ပို့ပြီးနောက် အရေးပေါ်ခန်းထဲမှ ဆရာဝန်က စစ်ဆေးပေးသည်။ ချန်းရန်ကလည်း ဆရာဝန်ကို အလျှင်အမြန် မေးသည်။
“ထူးဆန်းတယ်”
ဆရာဝန်က အရေးပေါ်ခန်းထဲမှ ထွက်လာသည်။
“မင်း လူကို ခေါ်သွားလို့ရပြီ သူ အဆင်ပြေပါတယ်”
“အဆင်ပြေတယ် ဟုတ်လား”
ချန်းရန်ကပင် မှင်သက်သွားသည်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲဒီအချိန်က ကလေးမလေးရဲ့ ကျောက သွေးတွေ စိုရွှဲနေတာ ဘယ်လိုဖြစ်ပြီး အဆင်ပြေမှာလဲ။
“တကယ် အဆင်ပြေတာ”
ဒေါက်တာကလည်း ထပ်ခါတလဲလဲ စစ်ဆေးပြီးသားဖြစ်သည်။ သူက ခေါင်းကို ခါသည်။
“ဒီလိုမျိုး ဒဏ်ရာတောင် သက်သာသွားတဲ့ လူနာမျိုးကို ပထမဦးဆုံး အကြိမ်မြင်ဖူးတာပဲ။ သူ့ရဲ့ကုသနိုင်စွမ်းရည်က တကယ်ကို အံ့သြဖို့ကောင်းတယ်။ သူက အန္တရာယ်များတဲ့ အခြေအနေကနေ လွတ်မြောက်သွားပြီးသား။ မင်း အိမ်ကိုပဲ ပြန်ခေါ်သွားပြီး အားမွေးခိုင်းလိုက်တော့”
“ဘာ”
ချန်းရန်ကပင် မှင်သက်သွားသည်။ ဒီလောက် မြန်မြန် ကောင်းသွားတာလား။
“အာ ငါ နားလည်ပါပြီ”
ချန်းရန်ကလည်း တခဏခန့် တွေးတောပြီးနောက် ချက်ချင်း နားလည်သွားသည်။
ရှောင်းနွမ်ကလည်း သူ့နည်းတူ မှော်ရေပူစမ်းရေထဲတွင် စိမ်ထားသည်။ ထို့ကြောင့် သူမ၏ခန္ဓာကိုယ် အရည်အသွေးက တိုးတက်လာခြင်း ဖြစ်ရပေမည်။
ထိုနည်းအားဖြင့် တွေးကြည့်သော် ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်းရည်ကလည်း သာလွန်လာခြင်းဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဒေါက်တာ”
ချန်းရန်က ဆရာဝန်ကို ကျေးဇူးတင်စကား ပြောပြီးသည်နှင့် မုရှောင်းနွမ်ကို ပွေ့ကာ ပြန်ခေါ်ခဲ့လိုက်သည်။
“ရှောင်းနွမ် အဆင်ပြေရဲ့လား”
ယန်ရွှယ်ကလည်း အလွန် စိုးရိမ်နေသည်။
“စိတ်မပူနဲ့ ငါက ယောက်ျားရှိနေရင် သက်သာပြီးသား”
မုရှောင်းနွမ်က ချန်းရန်၏ရင်ခွင်ထဲတွင် လဲလျောင်းနေရင်း ချစ်စရာကောင်းသော ခေါင်းလေးကို ဆန့်ထုတ်ကာ လျှာထုတ်ပြောင်ပြသည်။
“ရှောင်ရွှယ်အာ နင် အရင်ပြန်တော့နော် စိတ်မပူနဲ့ ငါ့မှာ ယောက်ျားရှိတယ်”
“မုရှောင်းနွမ် ဟမ် နင်ပြောတဲ့စကား ငါ့ကို တကယ် ချဉ်စေတာပဲ။ နင် ဒဏ်ရာရနေတာကြောင့်သာ မဟုတ်ရင် ငါနင့်ကို လုံးဝ ရင်ဆိုင်ပြီးပြီ”
ယန်ရွှယ်က အေးစက်စက် နှာခေါင်းရှုံ့သည်။ ထို့နောက် မုရှောင်းနွမ်ကို ကြည့်ပြီး မပျော်မရွှင်ဖြစ်သလို ပြောသည်။
“ကောင်းပြီ ကောင်းပြီ။ နင် တက်တက်ကြွကြွနဲ့ ဆောင့်ကန်နိုင်သေးတော့လည်း ငါ စိတ်ချပြီး သွားတော့မယ်။ တာ့တာ”
ယန်ရွှယ်က ပြန်သွားသည်။
142 02
ချန်းရန်က မုရှောင်းနွမ်ကို ပွေ့ထားရင် ဒီနားမှာ အနီးဆုံး ကြယ်ငါးဖွင့်ဟော်တယ်မှ SUITE တစ်ခန်းကို ဘွတ်ကင် ယူလိုက်သည်။
“မင်း တကယ် အဆင်ပြေလား”
ချန်းရန်က မုရှောင်းနွမ်ကို အိပ်ရာပေါ်သို့ ညင်သာစွာ ချပေးပြီးနောက် သူမကို အလွန်စိုးရိမ်နေသည်။
“အဆင်ပြေပါတယ်”
မုရှောင်းနွမ်ကလည်း ချန်းရန်ကို စူးရှစွာ ကြည့်သည်။
“ဒီလောက် ဝိုင်ပုလင်း အကြီးကြီးက ငါ့ရဲ့ကျောကို ဒီလို ထိသွားတာ သွေးတွေလည်း အများကြီးပဲ”
ထိုသို့ ပြောပြီးသည်နှင့် ထိုကောင်မလေးက နှာခေါင်းလေးကို ရှုံံသည်။ မျက်ရည်များက ကျလာတော့မည် ထင်သည်။
“အရူးမလေး”
ချန်းရန်က သက်ပြင်းချသည်။ သူသည်လည်း စိတ်မကောင်းဖြစ်မိသော်လည်း ချဉ်းကပ်ရလွယ်သည့် အသံမျိုးနှင့် ပြောသည်။
“ဒါဆိုရင် ဘာလို့ ငါ့ရဲ့ဘေးမှာ ဝင်ရပ်နေသေးလဲ။ ဟမ် သေချင်နေတာလား”
“နင်က အန္တရာယ် ကြုံနေတာကို ငါက ရပ်ကြည့်နေရမှာလား”
မုရှောင်းနွမ်က နှုတ်ခမ်းကို စူသည်။
“ငါ ကြောက်တယ် ဆိုပေမယ့်လည်း နင် ထိခိုက်သွားမှာကို ပိုကြောက်တာ။ ငါ အဲ့ဒီအချိန်တုန်းက ဘယ်ကနေ ဘယ်လို သတ္တိတွေ ရသွားလဲ မသိပါဘူး။ အခြား ဘာကိုမှ မတွေးနိုင်တော့ဘဲ ပြေးသွားမိတာပဲ”
“မင်းဟာလေ”
ချန်းရန်ကပင် ခါးသွားစွာ ပြုံးသည်။
“တကယ်တော့ ငါက အရမ်းအင်အားကြီးတာ။ သူတို့ အားလုံးက ငါ့ကို မယှဉ်နိုင်ဘူးဆိုတာကိုလည်း မင်း မြင်သားပဲ။ အနာဂတ်မှာ ဒီလို အခြေအနေမျိုးကို ထပ်ကြုံရင် ပြေးမလာနဲ့။ ဟုတ်ပြီလား”
“အို”
မုရှောင်းနွမ်က ထိုသို့သာ တုန့်ပြန်သည်။ သူမက မကျေနပ်သေးပုံရသည်။
“အဲဒီ နင့်ရဲ့ နောက်က စတားကြီးက ဘာလဲ”
ကောင်မလေး၏ လေသံက နည်းနည်း ချဉ်နေသည်။
“ရှောင်းချူရန်ကို ပြောတာလား”
ချန်းရန်က ပြုံးသည်။ သူမ၏ ချောမွေ့ကာ တောက်ပသော မျက်နှာလေးကို စနောက်လိုသော အပြုံးမျိုးဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် နှာခေါင်းလေးကို သွားပွတ်သည်။
“ သဝန်တိုတာလား”
“မတိုပါဘူး”
မုရှောင်းနွမ်က ခေါင်းကို စောင်းသည်။ နှုတ်ခမ်းထောင့်က ကော့တက်သွားပြန်သည်။
ဒီကလေးမကတော့ ပြောတာတစ်မျိုး တွေးတာ တစ်မျိုး။
အတွေးတွေ အားလုံးက မျက်နှာမှာ ရေးထားတာကို မဟုတ်ဘူးတဲ့လား။
ချန်းရန်က ရှင်းပြတော့မည့် အချိန်တွင်…
“ဟန်နီ နာတယ်”
142 03
ထိုသို့ ကို့ရို့ကားယား အခြေအနေမျိုးတွင် ထိုကောင်မလေးက အရင်စပြီးပြောကာ ချန်းရန်အား ဆက်မပြောနိုင်အောင် ဖြစ်သွားသည်။
“ဒဏ်ရာကလား”
ချန်းရန်ပင် အံ့သြသွားသည်။
“ဒဏ်ရာက ပြဿနာရှိတာလား။ နောက်ဆက်တွဲ အကျိုးဆက်လား”
“အင်း”
မုရှောင်းနွမ်က ခေါင်းကို ငြိမ့်ပြီး စတင်ကာ ရုန်းကန်သည်။ အဝတ်ကို ဆွဲခွာရန် ကြံစည်သည်။
“နည်းနည်း ယားနေတာ။ ငါ့ ကုတ်အင်္ကျီ ချွတ်ချင်တယ်”
“အင်း ငါ ကူညီပေးမယ်”
ချန်းရန်က သဘာဝကျကျပင် လျစ်လျူမရှုူရဲပေ။ သူသည် ချက်ချင်းဆိုသလို ကောင်မလေးကို ကူညီကာ အင်္ကျီကို ချွတ်ပေးလိုက်သည်။
“နောက်တစ်ထပ်”
“ ရှပ်လည်း ချွတ်မလို့လား”
ချန်းရန်က တုံ့ဆိုင်းသွားသည်။
“အဲ့ဒီလိုမှ မဟုတ်ရင် မမြင်ရဘူးလေ”
“အင်း ပြီးရောလေ”
ချန်းရန်လည်း ထပ်ပြီး ကူညီကာ အင်္ကျီကို ချွတ်ပေးသည်။ ထိုခိုက်အတန့်တွင်ပင် နွေဦးမှ နှင်းဖြူရောင်ထက်ပင် သာလွန်သော မျက်စိကြိမ်းစေသည့် ဖြူဖွေးသည့်အရာကို မြင်ရသည်။
ဂလု
ချန်းရန်က တံတွေးမျိုချသည်။ အကြည့်ပင် မလွှဲနိုင်တော့ဘဲ အာရုံစိုက်နေချိန်တွင် ရုတ်တရက် မုရှောင်းနွမ်၏ ငြီးငြူသံကြောင့် အသိပြန်ဝင်သွာသည်။
“ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ”
ချန်းရန်က မေးလိုက်သည်။
“ပွတ်ပေး”
မုရှောင်းနွမ်၏ တိုးလျှပြီးစေးကပ်သောအသံက ထွက်လာသည်။
“ဟူး”
ချန်းရန်က အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ကို ဆန့်ထုတ်သည်။
“အင်း အင်း”
ထိုခိုက်အတန့်တွင်ပင် နှစ်ယောက်လုံး၏ နှလုံးသားက တုန်ယင်နေသည်။
ချန်းရန်က ခေါင်းကို ငုံ့လိုက်ပြီးနောက် အနက်ရောင်ခါးပတ်ကို မြင်လိုက်သည်။ မုရှောင်းနွမ်က စတင်ကာ တအင်းအင်း ငြီးနေသည်။
“နေအုံး နေအုံး”
မုရှောင်းနွမ်က နောက်ဆုံးတွင် ပြောသည်။
“ငါ ချွေးနံ့ရတယ် ရေချိုးချင်တယ်”
“အင်း ရတယ်လေ ငါ မင်းကို စောင့်ပေးမယ်”
ချန်းရန်ကလည်း ထွက်သွားရန် တွန့်ဆုတ်နေသေးသည်။ သို့သော် ကောင်မလေးက သဘောမတူပေ။
142 04
ဒါက နောက်ထပ် အမှတ်ရစေလောက်မည့် ပထမအကြိမ် ဖြစ်သည်။ လေထုအခြေအနေ ခံစားချက် အခြေအနေကလည်း တစ်ပတ်လည်း ဖြစ်ကာ ထိစပ်နသည်။ သဘာဝကျကျပင် အရာအားလုံးက ပြည့်စုံနေသည်။
“အဆင်ပြေရဲ့လား”
ချန်းရန်က နည်းနည်း စိုးရိမ်နေသေးသည်။
“အဆင်ပြေတာ ကြာပြီ”
မုရှောင်းနွမ်က ထရပ်ပြီးနောက် ချန်းရန်ကို မျက်လုံးလှန်ပြသည်။ ထို့နောက် ချဉ်စုတ်သလို ပြောသည်။
“နင့်ကို ဘယ်သူက အဲဒီအမျိုးသမီး စတားနဲ့ ကပ်ခိုင်းလို့လဲ။ ငါကလည်း နင့်ဇနီးရဲ့ ခန္ဓာကိုယ်က မဆိုးဘူးဆိုတာ သိစေချင်တာ ဟုတ်တယ်မလား။ သေချာပေါက်ကို သူမထက် သာတယ်”
“မင်းက အရမ်း ချစ်ဖို့ကောင်းနေတာ”
ချန်းရန်ကင် ထိုစကားကြားပြီး ရင်ထဲလှုပ်ရှားသွားသည်။ ထိုကောင်မလေးက ထိုအခြေအနေမျိုးတွင် တက်တက်ကြွကြွနှင့် နံရံကို စိုက်ကြည့်နေရာမှ စတင်ပြီး ကမ်းလှမ်းလာမည်ဟု မထင်ထားမိပေ။ သူမသည် ဘယ်သောအခါမှ သူ့ကို ဒေါသမထွက်ပေ။ တစ်ခါတစ်ရံတွင်မူ သူ့ကိုယ်သူ ပျော်စရာကိစ္စများကိုသာ တွေးကာ လုပ်စရာများကို မေ့သွားတတ်သည်။ မပျော်မရွှင် ဖြစ်နေချိန်တွင်လည်း တိတ်တဆိတ်နှင့် ဝန်ခံတတ်ပြန်၏။ ထိုသို့ဖြင့် သူမ သဘောမကျသော အရာများကိုလည်း တောင်းမခံရက်ပေ။ ထိုကဲ့သို့ ကြင်နာတတ်ပြီး နှလုံးသားကြီးသော ကောင်မလေးက အမှန်တကယ် သနားစရာကောင်းသည်။
ပန်းဖွင်ဖြူလေး။
“ဒါဆိုလည်း ယောက်ျား ငါ့ကို သေချာပေါက် တန်ဖိုးထားရမယ်နော်”
မုရှောင်းနွမ်က မျက်နှာတစ်ခုလုံး ပြောင်သည်။ ထိုကောင်မလေးက နေရောင်ကဲ့သို့ တောက်ပသည်။ ဆိုးသွမ်းပြီး တက်တက် ကြွကြွလေးလည်းရှိပြီး ချစ်စရာကောင်းသည်။ ထို့နောက် သူက ကြီးမားသော ရေချိုးကန်ကြီးထဲမှ ကြီးမားသည့် ရေကန်ထဲသို့ ပျော်ရွှင်စွာ ပြေးဝင်သွားသည်။
“မှင်စာမလေးပဲ”
ချန်းရန်ကလည်း ခါးသီးစွာ ပြုံးသည်။
ဘယ်သူက ဒီလိုကောင်မလေးရဲ့ ဆွဲဆောင်တာကို ခံနိုင်မှာလဲ။
“အာ…”
ထိုအချိန်တွင် ရေချိုးခန်းထဲ ဝင်ကာစ မုရှောင်းနွမ်က တံခါးနားသို့ ကပ်လိုက်ရင်း နည်းနည်းဟကာ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြပြီး နူးညံ့ကာ စေးကပ်နေသော အသံကို ဆွဲ၍ ပြောသည်။
“ငါက ဒဏ်ရာရထားတာ အဝတ်တွေလည်း မချွတ်နိုင်တော့ဘူး။ ဘာလို့ လာပြီး မကူညီတာလဲ”
“နင် ဘယ်လိုများ ငါ့ကို တစ်ယောက်တည်း ရေချိုးခိုင်းရက်တာလဲ”
******