← Chapters

အခန်း ၁၄၃

Vol. 14 Ch. 143

အခန်း ၁၄၃

Vol. 14 Ch. 143

143 01

အပိုင်း (၁၄၃)

မုရှောင်းနွမ်၏ တိုးလျှကာ ဆွဲဆောင်မှုရှိသော အသံက ချန်းရန်ကို လုံးဝဆွဲဆောင်လိုက်နိုင်သည်။

“ဘေဘီလေး ငါလာပြီ”

ချန်းရန်ကလည်း တုံ့ဆိုင်းမနေတော့ချေ။ အဝတ်များကို ကောက်ပစ်လိုက်ကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ထိုသို့ဖြင့်…

[ထိုနေရာတွင် စကားလုံး သောင်းကျော်သော ကိစ္စများက ဖြစ်ပွားလေသည်။ ]

မူရှန်းတိမ်ဆိုင်နှေင့် မိုးများ သည်းထန်သော တစ်ညတာက ကုန်လွန်သွားသည်။ မုရှောင်းနွမ်နှင့် ချန်းရန်တို့၏ ခန္ဓာကိုယ်များက တစ်ယောက်အတွက် တစ်ယောက် အလွန်သင့်တော်သည်ဟု ပြောရပေမည်။ အံ့အားသင့်စရာ ကောင်းစွာပင် လိုက်ဖက်ညီလွန်းသည်။

နှစ်ယောက်လုံး လိမ့်ပိန့်နေပြီး နောက်တွင် …

နောက်တစ်နေ့ နေရောင်က ထွက်ကာ ရွှေရောင်အလင်းတန်းက နှင်းဖြူရောင် အိပ်ယာပေါ်သို့ ကျလာပြီး နှင်းဖြူရောင် အသားအရည်ပေါ်သို့ ကျသည်။

“ဘယ်လိုလဲ”

ချန်းရန်က ဆိုးသွမ်းသော အကြည့်မျိုးနှင့် ပြောသည်။

“မနေ့ညက အရမ်းပျော်ခဲ့ရလား”

“ဟင်း နင်…နင်ရယ်သေးတယ်”

မုရှောင်းနွမ်က အစခံရပြီးနောက် ရှက်သွားသည်။ သို့သော် ပြုံးဖြီးနေကာ ချန်းရန်ကို ဆိတ်သည်။ ချန်းရန်ကလည်း ရယ်နေသည်။

“ဟွန့် မုန်းလိုက်တာ”

မုရှောင်းနွမ်၏ မျက်နှာက ပို၍သာ ရှက်လာသည်။ သို့သော် လှပသော မျက်လုံးများကမူ ရှင်းလင်းသော မှီခိုအားကိုးမှုနှင့် ချစ်မြတ်နိုးမှုများ ပြည့်နှက်နေသည်။

ချန်းရန်က တစ်ချက် ခုန်အုပ်လိုက်ရင်း နောက်ထပ် မြေကမ္ဘာတုန်ခါစေသော ကိစ္စတစ်ခု စသည်။

ပထမဦးတစ်ကြိမ်ပြီးနောက် နှစ်ယောက်လုံးကလည်း သိသိသာသာ တော်တော်လေး စွဲလမ်းသွားကြသည်။ ထိုသို့ဖြင့် မနက်ခင်းတစ်ခင်းလုံးက ကုန်သွားသည်။ နှစ်ယောက်လုံးက မောပန်းသွားကြ၏။ ချန်းရန်က အိပ်ယာပေါ်မှ ထသည်။ မုရှောင်းနွမ်ကလည်း နောက်မှ လိမ်လိမ်မာမာလေး လိုက်လာသည်။ သူမ၏အသားအရည်က ပို၍ပင် သွေးရောင်လွှမ်းနေကာ ပို၍ပင် လှပလာသည်။

“ယောက်ျား အဆင်ပြေရဲ့လား”

မုရှောင်းနွမ်က နည်းနည်း စိုးရိမ်နေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ချန်းရန်က နှာခေါင်းရှုံ့ပြီး မျက်လုံးကို လှန်ပြသည်။

“ငါ အင်အားတောင် အများကြီး မသုံးရသေးဘူး။ မင်းရဲ့ ဒဏ်ရာက မသက်သာသေးမှာကို ကြောက်လို့ အဲ့ဒီလိုမှ မဟုတ်ရင် မင်းထနိုင်မှာလား”

“အိုး”

မုရှောင်းနွမ်က ထိုစကားကြားပြီး ရှက်သွားသည်။ သူမက ခေါင်းကို ရှက်ရွံ့စွာ ငုံ့ထားလိုက်သည်။

မနေ့ညက အဖြစ်အပျက်ပြီးနောက် မုရှောင်းနွမ်သည်လည်း ချန်းရန်ကို ပို၍သာ မှီခိုလာသည်။ သူမက မည်သည့်နေရာကို သွားသွား ချန်းရန်ပေါ်မှ သော့ချိတ်လေးကဲ့သို့ပင် ဖြစ်နေသည်။

143 02

“နောက်ဆုံးပေါ်သတင်း ကျော်ကြားပြီး လူသိများတဲ့ ငယ်ရွယ်တဲ့ မင်းသမီး ရှောင်းချူရန်က ညနက်ပိုင်းမှာ အမျိုးသားတစ်ယောက်နဲ့ တွဲနေတာကို တွေ့ရတယ်”

“လွှမ်းမိုးမှု ပြင်းထန်တဲ့ ချောမောတဲ့ ကောင်လေးက လူမိုက်တစ်အုပ်ကို တိုက်ရိုက်ရိုက်ပြီး နိုင်ငံ့နတ်ဘုရားမ ရှောင်းချူရန်ကို ကယ်တင်လိုက်တာ”

“ရှောင်းချူရန်ရဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ ကောင်လေးက ဘယ်သူလဲ”

နေ့လည်ပိုင်းတွင် ချန်းရန်နှင့် မုရှောင်းနွမ်တို့က ဟိုတယ်၏ စားသောက်ဆိုင်သို့သွားပြီး ညစာစားကြသည်။ ထို့နောက် ဖုန်းကို ဖွင့်လိုက်ချိန်တွင် ထိုခေါင်းစည်းပိုင်းကို မြင်ရသည်။

အားလုံးကလည်း ချန်းရန်နှင့် ရှောင်းချူရန်တို့၏ အကြောင်းများကို ပြောဆိုနေကြသည်။ မည်သို့ပင်ဆိုစေ ရှောင်းချူရန်က နာမည်ကျော်ကြားလေသည်။ သို့သော်…

ထိုမျှပြင်းထန်သော သတင်းများကို မြင်ရသောအခါ ရှောင်းချူရန်က ရှင်းလင်းရန်ပင် မကြိုးစားပေ။ သူက ဝန်လည်းမခံသလို ငြင်းလည်း မငြင်းပေ။ အပြုအမူက သိချင်စေသည်။

ချန်းရန်၏ ဘဝကမူ ပိုဆိုးရွားသည်။

အင်တာနက်ပေါ်တွင် ချန်းရန်နှင့် ပက်သက်သော ရှာဖွေမှုပေါင်းများစွာက ထွက်လာသည်။ အချို့ကမူ သူက ကြွယ်ဝချမ်းသာသော လူချမ်းသာမျိုးဆက်ဟု ပြောနေကြသည်။ အချို့ကမူ သူ့ကို လယ်သမားဟု ပြောသည်။ အချို့ကဆိုလျှင် ချန်းရန်၏ နောက်ဆုံးပေါ် နောက်ခံကိုပင် ထုတ်လာသည်။

“လက်စသတ်တော့ အင်တာနက်ပေါ်မှာ ကျော်ကြားလာတဲ့ ဆရာသခင်ချန်းကိုး”

“ဘုရားရေ ဆရာသခင်ချန်းနဲ့ ရှောင်းချူရန်တို့က ချစ်နေကြတာလား ငါမယုံဘူး”

“ဆရာသခင်ချန်းက လက်ထပ်ပြီးသားဆိုတာ မှတ်မိသေးရဲ့လား”

“ဘာ..ဘာဖြစ်တာလဲ တမင် နာမည်ကြီးအောင် လုပ်တာလား”

အင်တာနက်ပေါ်မှ လူများကလည်း နားမလည်ကြပေ။ ထို့ကြောင့် ပို၍ပင် သိချင်လာကြသည်။

ရှောင်းချူရန်နဲ့ ကောလဟာလ ထွက်နေတဲ့သူက တကယ်ပဲ ဆရာသခင်ချန်းလား။

ပြောကြသည်မှာ ဆရာသခင်ချန်းက အလွန်အမင်း သိုသိပ်စွာ နေတတ်သည်။ အားလုံးကလည်း ခန့်မှန်းနေကြချိန်တွင် မုရှောင်းနွမ်ကမူ ပါးစပ် အပြည့်ဖြင့် အရသာရှိသော စားစရာများကို စားနေသည်။ သို့သော် သူမက ခပ်ကြမ်းကြမ်း ကိုက်ဝါးနေပြီး အံကြိတ်နေပုံရသည်။

ကျားမလေး။ ချစ်စရာလေး။

“ဘာလဲ သဝန်တိုတာလား”

ချန်းရန်က ပြုံး၍ မေးသည်။

“မတိုပါဘူး”

မုရှောင်းနွမ်က နီရဲသော နှုတ်ခမ်းပါးကို စေ့သည်။ ထို့နောက် ရုတ်တရပ် တောက်ပစွာ ပြုံးပြီး လှပသော မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြကာ ပြောသည်။

“တကယ်တော့ ငါ သူမကို အများကြီး ကျေးဇူးတင်ရမှာ”

“ဟင် ဘာလို့လဲ”

ချန်းရန်က သိချင်စိတ် ပြင်းပြစွာ မေးသည်။

“သူမကြောင့်သာ မဟုတ်ရင် ငါတို့ မနေ့ညက လုပ်ဖြစ်ခဲ့မှာမဟုတ်ဘူး”

မုရှောင်းနွမ်က ရှက်ရွံ့စွာ ပြောသည်။ ထိုအချိန်တွင် လှပသော မျက်နှာမှ စတင်ပြီး နားရွက်တောက်လျှောက် ရဲသွားသည်။

“ဒီအရူးမလေးကတော့”

143 03

သူ့ဇနီးငယ်လေး၏ စဉ်းစားဆင်ခြင်ပေးတတ်သော ပုံစံကို မြင်ပြီး ချန်းရန်ကပင် ရင်ထဲထိသွားသည်။ သူက ထိုကောင်မလေးကို ဆွဲခေါ်ပြီး ခပ်တိုးတိုးပြောသည်။

“ဆို‌တော့ ငါတို့ အိမ်ကိုပဲ ပြန်ပြီး အပြင်လောကအကြောင်း ဂရုမစိုက်ဘဲ နေကြမလား ဟင်”

“ရေး”

မုရှောင်းနွမ်၏ မျက်နှာက ပျော်ရွှင်မှုများ ပြည့်သွားသည်။

“ဒီတစ်ကြိမ်”

ချန်းရန်က ရင်ခွင်ထဲမှ ဇနီးဖြစ်သူကို နူးညံ့သော မျက်လုံးမျိုးဖြင့် ကြည့်ပြီး တွေးလိုက်သည်။

ခမ်းနားတဲ့မင်္ဂလာပွဲကို ပြင်ဆင်ဖို့ အချိန်ကျပြီပဲ။

ဖြစ်သင့်သောအရာအားလုံးက ဖြစ်သွားပြီးလေပြီး ချန်းရန်ကလည်း ထိုကောင်မလေးကို ခမ်းနားသော မင်္ဂလာပွဲကို ပေးခြင်းအားဖြင့် ပြီးပြည့်စုံသွားစေမည်ဟု ထင်သည်။ ပိုဆိုးသည်မှာ ချန်းရန်က ထိုကောင်မလေးကို အံ့အားသင့်စရာတစ်ခု ပေးစရာရှိသည်။

ထို့ကြောင့် ချန်းရန်၏ ကိုယ်ပိုင်ဝေ့ပေါ်အောက်တွင် သူက ဒိုင်းနမိုက်ကို စကြဲသည်။

“ငါက သုံးရက်နေရင် ထောင်ယန်ရွာမှာ အပြင်ဘက် သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်းအားဖြင့် အားလုံးကို ရှင်းပြပေးမယ်”

ချန်းရန်တွင် ပရိသတ်အများကြီး ရှိပြီးသားဖြစ်သည်။ ရှောင်းချူရန်၏ ကောလဟာလအောက်တွင် ရှာဖွေမှု အများဆုံး စာရင်း၏ ထိပ်ဆုံးသို့ပင် တက်သွားသည်။

“လာလာ..လာ မုန်တိုင်းက ပိုကြမ်းလာပြီ”

ချန်းရန်က ကောက်ကျစ်စွာ ပြုံးသည်။

“သတင်းစာရှင်းလင်းပွဲကို သုံးပြီး ငါနဲ့ ရှောင်းနွမ်အတွက် မမေ့နိုင်မဲ့ အတွေ့အကြုံမျိုးကို ဖန်တီးပေးပြီး တရားတွင် လက်ထပ်ပွဲ တောင်းလိုက်မယ်”

ချန်းရန်ကလည်း ထိုကောင်မလေးကို အံ့အားသင့်စရာကြီး ပေးချင်နေသည်။

“အာ တော်ပြီ ယောက်ျား ဒါက မကောင်းဘူး”

မုရှောင်းနွမ်က ရုတ်တရပ် တအံ့တဩထလိုက်သည်။

“ငါတို့ မန်ထုံကို မေ့နေတာလား။ မန်ထုံကို ပြန်ခေါ်လာဖို့ မေ့နေသလိုပဲ”

“အင်း မေ့နေတာထင်တယ်”

ချန်းရန်ကလည်း အံ့ဩသွားသည်။ သူက အလျှင်အမြန် ပြောသည်။

“ဒါဆိုရင် မြန်မြန် သွားရအောင် မန်ထုံကို ပြန်ခေါ်ရမယ်”

မန်ထုံက သင်းပြီး လောက်လေပြီ သို့သော် အောင်မြင်ခြင်းရှိမရှိ မသေချာသေးပေ။ ထိုအချိန်တွင် တိရစ္ဆာန်ဆေးရုံတွင် မန်ထုံက ပျောက်နေသည်။ ဆရာဝန်များကလည်း ထိုခွေးက ထိုမျှအထိ ဉာဏ်ကောင်းမည်ဟု မထင်ထားပေ။ သူသည် လူများ မပြင်ဆင်ထားသည့်အချိန်တွင် တိုက်ရိုက်ပင် ထွက်ပြေးသွားသည်။

သို့သော် မမျှော်လင့်ထားစွာပင် နောက်တစ်ရက်တွင် မန်ထုံက ပြန်လာသည်။ သို့သော် ဖြူဖွေးကာ ချစ်စရာကောင်းသော ခွေးမလေးကို ခေါ်လာသည်။

“တော်လိုက်တာ အခုတော့ ခွေးတောင် ချစ်သူရပြီ”

“ချူရန် ဝေ့ပေါ်မှာ ပို့စ်တင်ပြီး ဒါက အတုအယောင်ဖြစ်ကြောင်း သူငယ်ချင်းပဲ ဖြစ်တဲ့အကြောင်းကို ရှင်းပြလိုက်ပါလား”

ကျိုးဟွမ် ဖျော်ဖြေရေး ကုမ္ပဏီတွင် ရှောင်းချူရန်၏ အေ့ဂျင့်က ရှောင်းချူရန်ကို ဖြောင့်ဖြသည်။

“နင့်အတွက် ဒီလို ကောလ ဟာလမျိုးကို တမင်တကာ လုပ်ယူဖန်တီးတာ မကောင်းဘူး ကျော်ကြားမှုက ပျက်ဆီးသွားလိမ့်မယ်”

143 04

“ချန်းရန်က ဝေ့ပေါ်ပို့စ် တင်ထားတယ် မဟုတ်ဘူးလား”

ရှောင်းချူရန်တွင်လည်း ကိုယ်ပိုင် အကြံရှိသည်။

“ငါ သူနေတဲ့ နေရာကို သွားပြီး နည်းနည်းလောက် ကစားဖို့ စဉ်းစားထားတယ်”

******

All Chapters