← Chapters

အခန်း ၁၄၄

Vol. 14 Ch. 144

အခန်း ၁၄၄

Vol. 14 Ch. 144

144 01

အပိုင်း (၁၄၄)

ကျန်းနွမ် တိရစ္ဆာန်ဆေးရုံ။

“ဘာ မန်ထုံက မသင်းရသေးဘူး ဟုတ်လား”

ချန်းရန်နှင့် မုရှောင်းနွမ်တို့က တိရစ္ဆာန်ဆေးရုံသို့ သွားသောအခါ ကို့ရို့ကားယား ရလဒ်ကို ကြားလိုက်ရသည်။

“ဒါက ငါတို့ ပညာရှင် မဆန်တာ မဟုတ်ဘူးနော်။ မင်းရဲ့ ခွေးက အရမ်း ဉာဏ်ကောင်းတာ”

အချို့သော လှပသည့်အမျိုးသမီးများကလည်း ကူကယ်ရာမဲ့ကြောင်း ဖော်ပြသည်။ သူမတို့က ရှင်းပြသည်။

“အဲ့ဒီအချိန်တုန်းက ငါတို့က သူ့ကို သင်းချင်တာလေ။ ဒါပေမဲ့ အဲ့ဒီကောင်က အရမ်းကို ရိုးသားတာ တည်တည်ငြိမ်ငြိမ်လေးဘဲ ဒါပေမဲ့ ငါတို့ စလုပ်တော့မယ့် အချိန်မှာပဲ အင်း”

အမျိုးသမီးများက ထုတ်ပြောရန် တုံ့ဆိုင်းသွားကြသည်။ အမူအရာကလည်း အလွန်ဆိုးနေသည်။

“ဘာဖြစ်လို့လဲ”

မုရှောင်းနွမ်က မနေနိုင်ဘဲ မေးသည်။

“အာ …အဲဒါက ဘယ်လို ပြောရမလဲ”

ရင်သားကြီးကြီးနှင့် လှပသော အမျိုးသမီးတစ်ယောက်က ရှက်ရွံ့သလိုလို ဒေါသထွက်သလိုလို ဖြစ်နေသည်။

“အဲ့ဒီကောင်က ငါ့ရဲ့ ရင်ဘတ်ကို တိုက်ခိုက်ခဲ့တာ အဲဒါတင် မကသေးဘူးနော်။ ငါသူ့ကို ထိန်းထားတဲ့အချိန်မှာ လက်တွေကလည်း လျှောက်ရုန်းနေတာ။ ငါ့ရဲ့တစ်ကိုယ်လုံး လက်သည်းရာတွေ ထင်ကုန်ရောပဲ”

“နောက်ပြီး တအားကိုလည်း တွန့်လိမ်ပြီး ရုန်းကန်နေတာ။ အဲဒီနောက် ငါ့ရဲ့ ရင်ဘတ်ကို ဆောင့်ကန်ပြီး ထွက်ပြေးသွားတော့တာပဲ”

အလွန်အမင်းကို လှသော ထိုဆရာဝန်မက အတတ်နိုင်ဆုံး ထိန်းကာ ပြောသည်။

“သေစမ်း”

ချန်းရန်ကပင် ချွေးပြန်သွားသည်။ ထိုမန်ထုံက အတော်လေးဆိုသည်။ ထိုမျှအထိပင် ဆိုးမည်ဟု မထင်ထားမိပေ။

“သူအခုဘယ်မှာလဲ ငါသူ့ကို သင်ခန်းစာပေးလိုက်မယ်”

ချန်းရန်က ချက်ချင်း ကတိပေးလိုက်သည်။ မန်ထုံက အများရှေ့တွင်ပင် ဒုက္ခပေးထားသည်။ သူသာ သူ၏ ထင်မြင်ချက်ကို မဖော်ပြလျှင် ဒုက္ခရောက်တော့ပေမည်။

“ထွက်ပြေးသွားတယ်လေ အဲဒီနောက် ပြန်လာတာပဲ”

မိန်းကလေးတစ်ယောက်က တစ်ခဏခန့် တွေးတောပြီး ပြောသည်။

“သူ အခု အဲ့ဒီမှာပဲ ရှိတယ်ထင်တယ်။ နောက်ထပ် ခွေးတစ်ကောင် ပြန်ခေါ်လာတာ ခုနလေးတင် ရှိနေသေးတယ်”

144 02

“နောက်ထပ် ခွေး ဟုတ်လား မန်ထုံက ခေါ်လာတာ”

ချန်းရန်ကပင် နည်းနည်း စိတ်ရှုပ်သွားသည်။

“ဒီကောင်က အဲ့လောက်ထိ ဆရာကျနေပြီလား”

ဝုတ်…ဝုတ် ဝုတ် ဝုတ်

ရုတ်တရပ် စိတ်လှုပ်ရှားနေသော ခွေးဟောင်သံကို ကြားရသည်။ သိပ်မဝေးသော တစ်နေရာမှ အဝါအဖြူအမွှေးနှင့် ခွေးက သိပ်မဝေးသော တစ်နေရာရှိ ခြုံပုတ်နားတွင် ပေါ်လာသည်။ ထို့အပြင် ထိုခွေးက ချန်းရန်နှင့် မုရှောင်းနွမ်ကို မြင်ပြီးနောက် ရုတ်တရပ် အလွန်အမင်း ပျော်သွားသည်။ သူက ခပ်ကြမ်းကြမ်း ပြေးလာ၏။ ပို၍ တိတိကျကျ ပြောရသော် မုရှောင်းနွမ်ဆီ ဖြစ်သည်။

“လာပြီလား”

ချန်းရန်ကပင် အံ့ဩသွားသည်။

ဒီကောင်ရဲ့ ပစ်မှတ်က မုရှောင်းနွမ်ရဲ့ ရင်ဘတ်များ ဖြစ်နေမလား။

ကောင်စုတ်။

ရိုးရိုးသားသား ပြောရသော် မုရှောင်းနွမ်၏ ရင်ဘတ်က အတော်လေးကို ကောင်းကောင်း ဖွံ့ဖြိုးလာသည်။ သူက ပြေးလွှားနေချိန်တွင်ပင် တုန်ခါနေလေ့ရှိသည်။ သူမက မုန်တိုင်းထန်ကို ခံရလေလေ ပို၍ကြီးလေလေ ဖြစ်သည်။ ထိုခွေးကလည်း ထိုမိန်းမငယ်လေးများ ပြောသည့်အတိုင်း အမှန်တကယ် သဘောကျနေလောက်သည်။

အာဝု

မန်ထုံကလည်း စိတ်လှုပ်ရှားနေသည်။ သူသည် ချက်ချင်း ခုန်ပေါက်ပြီး မုရှောင်းနွမ်၏ ရင်ဘတ်ကို ခုန်တိုက်သည်။

“အာ့ရို့”

မုရှောင်းနွမ်က လန့်သွားသည်။ သူမက ထအော်သည်။

“ဖယ် ဖယ်စမ်း”

မန်ထုံကလည်း ထိုသို့ခုန်လိုက်သောအခါ ခြေထောက်ကြီးဖြင့် ဆောင့်ကန်ခံရမည်ဟု မထင်ထားပေ။

ဘမ်း

မန်ထုံက ဘေးဖက်သို့ လဲကျသွားသည်။ ခြုံပုတ်ထဲသို့ပင် ပြုတ်ကျသွားသည်။

ဝုတ် ဝုတ်

တစ်ချိန်တည်းတွင်ပင် နောက်ထပ် ဖြူဖွေးသော ခပ်ဝဝ ခွေးလေးတစ်ကောင်က မန်ထုံ၏ နံဘေးသို့ ပြေးသွားကာ သူ့ကို သွားပွတ်သည်။ မန်ထုံကို စိုးရိမ်နေပုံရသည်။

“ဒါက…”

ထိုမြင်ကွင်းက ချန်းရန်နှင့် မုရှောင်းနွမ်တို့ကို နားမလည်နိုင်သလို ဖြစ်သွားစေသည်။ ဒီခွေးဖြူလေးက မန်ထုံနဲ့ ဆက်ဆံရေး ကောင်းလှချည်လား။

“ဒါ သူပြန်ခေါ်လာတဲ့ ခွေးလေ”

144 03

ဆရာဝန်က ရှင်းပြသည်။

“ငါတို့လည်း စစ်ကြည့်ပြီးသွားပြီ။ ဒီခွေးက ဘာပြဿနာမှ မရှိဘူး အရမ်း ကျန်းမာရေးကောင်းတယ်။ ဒါပေမဲ့ စွန့်ပစ်ခံလိုက်ရတဲ့ပုံပဲ။ အရင်နှစ်ရက်အတွင်း ဘယ်သူမှ လာမရှာဘူး”

“အိုး လေလွင့်ခွေးလား”

မူရှောင်နွမ်က အလွန်ဂရုစိုက်သည်။ အနားသို့ လျှောက်သွားပြီး ဆောင့်ကြောင့်လေး ထိုင်ကာ ထိုခွေးအဖြူလေးကို ကုတ်ကြည့်သည်။ ထိုခွေးဖြူလေးက နည်းနည်း ကြောက်နေသေးပုံ ရသည်။ သို့သော် မန်ထုံ၏ နှစ်သိမ့်မှု အောက်တွင် စိတ်ငြိမ်သွားသည်။

“ငါတို့ စစ်ဆေးပြီးတဲ့နောက်မှာ ခွေးမဆိုတာ ဆက်တွေ့ရတယ်”

ဆရာဝန်က ဆက်ပြောသည်။

“အမလား”

ချန်းရန်ကပင် ထိုစကားကြားပြီး ကြောင်သွားသည်။ ထို့နောက် မန်ထုံကို ပြန်ကြည့်သည်။ သူ၏ မျက်လုံးက အလင်းတစ်ချက် လက်သွားသည်။

“လက်စသတ်တော့ မန်ထုံက ဒီနှစ်ရက်အတွင်း အားယားမနေဘူးပဲ”

ဒီတစ်ကောင်ကြားမှာ ပုံပြင်တစ်ခု ဖြစ်ခဲ့လောက်တယ်။

“ဆိုတော့ မသင်းတော့ဘူးလား”

“အာ ထားလိုက်ပါတော့”

ချန်းရန်ကလည်း ခေါင်းခါသည်။ ကိစ္စက ထိုအထိပင် ဖြစ်လာပြီးလေပြီ။ ယခုလို ဖြစ်လာကတည်းက မန်ထုံကို အတင်းတွန်းအားပေး၍ သင်းလိုက်မည်ဆိုလျှင် အနာဂတ်တွင် ဘဝက ခက်ခဲလောက်သည်။

“ကျေးဇူးတင်ပါတယ်”

ချန်းရန်ကလည်း ကျေးဇူးတင်ပြီး ပိုက်ဆံကို ရှင်းသည်။ ထို့နောက် အရှုပ်အထွေးကို ရှင်းလိုက်နိုင်လေသည်။ သူသည်မန်ထုံနှင့် ထိုခွေးမလေးကို ခေါ်လာခဲ့လိုက်သည်။

“တင် ဂုဏ်ယူပါတယ်။ ပိုင်ရှင်က ခွေးဖြူလေး တစ်ကောင်ကို ရလာလို့ သက်သာဘဝတာဝန်တစ်ခုကို ရရှိပါပြီ”

ထိုအချိန်တွင် ချန်းရန်၏ စိတ်အတွင်း စနစ်၏ အသံကို ကြားရသည်။ ယခင်တစ်ခေါက် သက်သာတာဝန်က သိုင်းပညာစွမ်းအားကို ပေးထားခြင်းဖြစ်သည်။ ချန်းရန်ကလည်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။ သူသည်ပင် ဒီတစ်ခေါက် ပေးမည့် စနစ်က ပေးမည့် တာဝန်က မည်သည့် ဆုလာဘ်မျိုး ရရှိမည်နည်းဟု စိတ်ဝင်စားနေသည်။

“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ သက်သာတာဝန်အသစ်ဖြစ်တဲ့ : စွမ်းရည်ရှိပေမယ့် မကြွားနိုင်တာက နှမြောစရာပဲ ကျေးဇူးပြုပြီး ကားပြိုင်ပွဲကို ကျင်းပလို့ တတ်နိုင်သမျှ မောင်းနှင်ပါဆိုတဲ့ တာဝန်ကို ရရှိထားပါတယ်”

“တင် ပိုင်ရှင်ကို သတိပေးပါတယ် ဒီတာဝန်ကို ပြီးမြောက်ရင် ဆုလာဘ်ဖြစ်တဲ့ : တော်ဝင်ကောင်းချီး x1 ကို ရရှိမှာပါ”

“ဟင်”

ချန်းရန်ကပင် အံ့ဩသွားသည်။ ဒီတစ်ခေါက် ဆုက အလွန်ထူးဆန်းသည်။ တော်ဝင်ကောင်းချီး ဟုတ်လား။ ဘာလဲ။

144 04

“တင် တင်ဆက်သူကသာ ဆန္ဒတစ်ခုကို တောင်းဆိုသမျှ ကောင်းချီးပေးခံရမှာမျိုးပါ”

စနစ်က ရှင်းပြပေးသည်။

“ဪ…တော်တော်လေးကို အသုံးဝင်သားပဲ”

ချန်းရန်ကပင် ထိုကောင်မလေးကို တစ်ချက်ကြည့်လိုက်ကာ မျက်လုံးက တောက်ပသွားသည်။

ဟုတ်တယ်။ အချိန်က ကွက်တိပဲ ဒီတာဝန် ပြီးမြောက်တာနဲ့ ဒီကောင်မလေးကို ဖွင့်ပြောလိုက်မယ်။ ဒါဆိုရင် ခမ်းနားတဲ့ မင်္ဂလာပွဲ ဖြစ်ပြီ။

ထိုအချိန်တွင် ဆုလာဘ်ကလည်း အသုံးဝင်လာပေလိမ့်မည်။

အိမ်ပြန်လမ်းကလည်း နွေးထွေးနေသည်။

လူနှစ်ယောက် ခွေးနှစ်ကောင်က ထောင်ယွမ်ရွာမှ စံအိမ်ကြီးသို့ ပြန်သည်။

စံအိမ်သို့ ပြန်ရောက်သည်နှင့် ချန်းရန်က အရင်ဦးဆုံး ထောင်ယွမ်တောင်သို့ သွားသော လမ်းကို အရင်သွားကြည့်သည်။

ထိုနေရာတွင် အကွေ့ကိုးကွေ့နှင့် အလှည့် ၁၈လှည့်ပင် ရှိသည်။ ထိုသို့ အကွေ့အကောက်များစွာ ရှိနေခြင်းက တော်တော်လေးကို မတ်စောက်သည်။

တောင်တက်လမ်းကလည်း အမြဲတစေ ရှုပ်ထွေးတတ်သေးသည်။

“တကယ်ကို တိုက်ဆိုင်တာပဲ ဒီလမ်းကို ကားပြိုင်ကွင်းအဖြစ် သုံးလို့ရတယ်”

ချန်းရန်က ကားမောင်းပြီး မုရှောင်းနွမ်ကို တင်ကာ အပြေးနှင်ဖူးသည်။ သို့သော် ပြိုင်ကားမောင်းသည့် စွမ်းရည်သာမရှိပါက သာမန်အတိုင်း မောင်းသည့်အတိုင်းသာ ဖြစ်ပေလိမ့်မည်။ အဆုံးသတ်လမ်းသို့ ရောက်သွားပေလိမ့်မည်။

တောင်ထိပ်တွင်

ရေပူစမ်း စံအိမ်ကြီးကိုလည်း ဆောက်လုပ်ပြီးသွားလေပြီ။ ထိုစံအိမ်က ရေပူစမ်းအနားတွင် ကွက်တိတည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုနည်းအားဖြင့် တောင်တက်လမ်းက ကားပြိုင်ပွဲအတွက်သာ သုံးနိုင်ရုံသာ မကသေးလေဘဲ ရေပူစမ်းတွင် အချိန်ပြည့် စိမ်နိုင်ရန်အတွက်လည်း အဆင်ပြေပေလိမ့်မည်။

“ဟန်နီ ငါလည်း ရေပူစမ်းမှာ ရေချိုးချင်တယ်”

မုရှောင်းနွမ်က တက်ကြွနေသည်။

“ငါ ကျောကုန်းကလည်း ဒဏ်ရာရထားတာ။ မနေ့ညက ခါးကလည်း နာတယ်ဆိုတော့ ကြွက်သားတွေကို ဖြေလျော့ချင်တယ်”

“သွားလေ”

ချန်းရန်က ခေါင်းညိတ်သည်။

“ငါ့မှာ လုပ်စရာရှိသေးတယ်”

ရေပူစမ်း နံဘေးတွင် သေးငယ်သော ကုလားထိုင်များကိုလည်း ပြင်ဆင်ထားသည်။ ချန်းရန်ကလည်း သူ၏ခါးအိုကြီးက ကောင်းကောင်း အဆင်မပြေဟု ခံစားရပြီး လဲချင်နေသည်။ ထို့နောက် ဝေ့ပေါ်ပေါ်တွင် ပို့စ်တင်ပြီး ပြိုင်ကားမောင်း၍ သူငယ်ချင်းများနှင့် တွေ့ဆုံရန် စီစဉ်နေသည်။

144 05

“ဟန်နီက မလာဘူးလား”

မုရှောင်းနွမ်က ရေထဲသို့ပင် ဝင်ပြီးသွားပြီ ဖြစ်သည်။ သူမက ခေါင်းကို ဆန့်ထုတ်လာသောအခါ ဆံပင်ရှည်များက စိုကပ်သွားသည်။ ထို့ကြောင့် နံဘေးသို့ပင် သပ်ချလိုက်ရင်း ပြုံးကာ မေးသည်။

“မင်းချိုးလေ ငါ အလုပ်မပြီးသေးဘူး”

ချန်းရန်က ခေါင်းပင် မော့မကြည့်ပဲ ပြောသည်။

“လာပါ တစ်ယောက်တည်းက ပျင်းစရာကြီး”

မုရှောင်းနွမ်က ပျော်နေသည်။ သူမက ရေပန်းကို ကိုင်ထားပြီး ချန်းရန်၏အဝတ်များကို လှမ်းပက်ကာ ရယ်နေသည်။ တစ်ခဏခန့်ကြာပြီးနောက် ချန်းရန်၏ အဝတ်များအားလုံး စိုသွားသည်။

“လာပါ ပျော်ရအောင်”

ကောင်မလေး၏ နူးညံ့ကာ စေးကပ်သော အသံလေးက စေးကပ်မှု အပြည့်နှင့် ဖြစ်ပြီး လူအများ၏ နှလုံးသားကို သည်းမခံနိုင်အောင် လှမ်းကုတ်နေသည်။

******

All Chapters