← Chapters

အခန်း ၁၄၅

Vol. 14 Ch. 145

အခန်း ၁၄၅

Vol. 14 Ch. 145

145 01

အပိုင်း (၁၄၅)

ထိုကောင်မလေးက ဒုက္မများမည်ကို မကြောက်ပေ။ ရေထဲတွင်ပင် ပျော်နေသေးသည်။ ချန်းရန်ကိုပင် လှမ်းခေါ်သည်။

“မင်း ငါ့အဝတ်တွေကို စိုအောင် လုပ်လိုက်ပြီ”

ချန်းရန်ကပင် လုပ်လက်စအလုပ်ကို ချပြီး ပျော်နေရှာသော ကောင်မလေးကို ကူကယ်ရာမဲ့သလို ကြည့်လိုက်သည်။

“ဟီးဟီး”

သိပ်မကြာခင်…

ထောင်ယွမ်တစ်တောင်လုံး ပျော်ရွှင်ဖွယ် အော်သံများက ပြည့်နှက်နေသည်။ မကြာခဏဆိုသလို ငြီးသံ တိုးတိုးကိုလည်း ကြားရသည်။ နဂါးအသံနှင့် တူသည်။ ထိုည လရောင်က အလွန်စိုစွတ်သည်။

တောင်ပေါ်မှ ရေပူစမ်းကို အခွင့်ကောင်း ယူခြင်းအားဖြင်း နှလုံးသားခြင်း ဖလှယ်ခြင်း ပြီးဆုံးသည်နှင့် တောင်အောက်သို့ မဆင်းကြတော့ပေ။ ယခုအချိန်တောင်အုပ်သို့ ဆင်းလျှင်လည်း အလျှင်းသင့်နေသည့်တိုင်အောင် ရေပူစမ်းတွင် ရေချိုးပြီးနောက် တိုက်ရိုက်လဲအိပ်လိုက်သလောက် သက်တောင့်သက်သာ ရှိလိမ့်မည် မဟုတ်ပေ။ ထိုနေရာမှ အိပ်ယာများအားလုံးက ရေအိပ်ယာများဖြစ်သည်။ ရေပူစမ်းများအကြားတွင် ရှည်လျားသော လျှောက်လမ်းကြီးလည်း ရှိသည်။ ရေကန်ထဲမှ ဆင်းလိုက်သည်နှင့် ရေပန်းလည်း ကွက်တိရှိနေသည်။ ရေပန်းတွင် ရေချိုးပြီးသည်နှင့် အိပ်ယာပေါ်တွင် တန်းကာ လှဲလိုက်သည်။ အပေါ်သို့ လှမ်းကြည့်လိုက်ချိန်တွင် ကြယ်လေးများကို မြင်နိုင်သည်။

“ယောက်ျား ဒီမှာ ကားပြိုင်ပွဲ ကျင်းပချင်တယ်ဆိုတာ တကယ်လား”

မုရှောင်းနွမ်က ရပ်ကာ ကြည့်နေရင်းမှ မေးသည်။

“အင်း ဟုတ်တယ်”

ချန်းရန်က ခေါင်းညိတ်သည်။ သူသည် ယခုလေးတင် မုရှောင်းနွမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ဝင်လာခဲ့ပြီး ကားပြိုင်ပွဲကို ထောင်ယန်တောင်မှ တောင်တက်လမ်းတွင် ကျင်းပမည် ဖြစ်ကြောင်း ပြောပြသေးသည်။ တစ်ချိန်တည်းတွင်ပင် ဝေ့ပေါ်ပေါ်တွင် ကြေညာလိုက်သေးသည်။

သူ၏ မူလအတွေးကမူ မည်သူကမှ လာလိမ့်မည်ဟု မထင်ပေ။ သို့သော် သိပ်မကြာခင်မှာတင် ဝေ့ပေါ်ပို့စ်ကို တင်ပြီးသည်နှင့် လူအများက ပြုံတိုးလာကာ ချန်းရန်ကို ဆက်သွယ်ကြသည်။ နေရာတစ်နေရာကို လိုချင်နေကြသည်။

မူလကမူ ချန်းရန်ကလည်း တွေးတောနေသေးသည်။ ထို့နောက် တစ်စုံတစ်ယောက်က လာချင်ကြောင်း ဖော်ပြမှသာ သိလိုက်သည်။

ထိုလူက တိုင်းပြည်မှ နံပါတ်တစ် ပြိုင်ကားမောင်းသူ ဖြစ်သည်။ သူသည် နိုင်ငံခြားအထိပင် ကျော်ကြားသူ ဖြစ်သည်။ သူ၏ နာမည်က ချောင်ကျန်းဖြစ်သည်။ သူ့ကို ကားနတ်ဘုရားဟု ခေါ်ကြသည်။ အနည်းဆုံး အသိုင်းအဝိုင်းထဲတွင် လူတိုင်းက သူ့ကို ထိုသို့ ခေါ်သည်။

ချောင်ကျန်းက ရေရှည်ကို ကြည့်နိုင်သူ ဖြစ်သည်။

သူ ချန်းရန်ကို အနိုင်ယူပြီး ပထမနေရာကို ယူရမယ်။

သို့ရာတွင် သူ၏ ညီမ ချောင်ကျင်းကျင်းကမူ အောက်ဖက်တွင် စာတစ်ကြောင်းချန်သည်။

“ကောကောက တစ်ကြိမ် ရှုံးပြီးသားပဲလေ။ ဒီတစ်ကြိမ်လည်း ဒုက္ခများမယ် ထင်တယ်”

အစပိုင်းတွင်မူ အင်တာနက်ပေါ်မှ ကားပြိုင်သူများကလည်း ချောင်ကျန်းက စနေသည်ဟုသာ ထင်လိုက်သည်။ သို့သော် ချောင်ကျင်းကျင်း၏ အဖြေကလည်း လိုရင်းကို ရောက်သွားစေပြီး အားလုံးကို အံ့ဩစေသည်။

“ဆိုတော့ ချောင်ကျန်းက ဆရာသခင်ချန်းကို ရှုံးဖူးတာလား”

နှစ်ယောက်လုံးက နာမည်ကျော်များဖြစ်သည်။ မမျှော်လင့်ထားစွာပင် ထိုသို့ အဆက်အသွယ်မျိုး ရှိနေသည်။

145 02

“ချောင်ကျန်း ကားနတ်ဘုရားက ဆရာသခင်ချန်းကို ရှုံးဖူးတာလား ဒါ…ဒါ…ဒါက အရမ်းချဲ့ကားတာပဲ”

“ကားနတ်ဘုရားတောင် မနိုင်နိုင်တဲ့ အမျိုးသား ငါလည်း သွားကြည့်ချင်တယ်”

“ငါလည်း စာရင်းသွင်းထားမယ်။ ဒီဆရာသခင်ချန်းက အဲ့ဒီလောက်ထိ အင်အားကြီးတာလား ငါမယုံဘူး”

အင်တာနက်ပေါ်မှ ထိုကိစ္စက အတော်လေးကို အုပ်အော်သောင်းနင်းဖြစ်သွားသည်။ ချောင်ကျန်း၏ ကျော်ကြားမှုကြောင့် ဖြစ်လောက်သည်။ ကားပြိုင်သူ အများစုက ကြွားချင်ကြသည်။ နာမည်ကျော် ပညာရှင်အဆင့် ပြိုင်ကားမောင်းသူများကလည်း ချောင်းကျန်းနှင့်အတူ ယှဉ်ပြိုင်ချင်သည့်အတွက် လာပြိုင်ချင်ကြသည်။ ထို့ကြောင့် ချန်းရန်က လွှင့်ထားသော သတင်းက ရှာဖွေမှု အများဆုံးနေရာသို့ သိမ်းပိုက်ယူလိုက်သောကြောင့် ချန်းရန်ကပင် အလွန်အံ့ဩနေရသည်။

“ညီမလေး ငါ့ရဲ့မျက်နှာကို ထိန်းပေးပါအုံး”

ချောင်ကျန်းကမူ အင်အားကုန်ခမ်းသလို ခံစားရသည်။ သူ့ကို အင်တာဗျူးချင်သော မီဒီယာအမြောက်အများပင် ရှိနေသည်။ လူတိုင်းကလည်း သူက ဆရာသခင်ချန်းကို မည်သို့မည်ပုံ ရှုံးသွားကြောင်း သိချင်နေကြသည်။ ချောင်ကျန်းက အားလုံးကို ပယ်ချပြီးနောက် ပြန်လှည့်ကာ ညီမဖြစ်သူကို ကြည့်သည်။ သူ၏ မျက်နှာက စိတ်ပျက် လက်ပျက် ဖြစ်နေသည်။

ဘယ်လိုတောင် သူ့ညီမက အများရှေ့ထွက်ပြီး ဒုက္ခပေးတာလဲ။

“ဟုတ်နေတာပဲ မဟုတ်ဘူးလား”

ချောင်ကျင်းကျင်းက လှပသော မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြပြီး အပြစ်ကင်းစင်စွာ ပြောသည်။

“ဒါပေမဲ့ ဒါက အမှန်ပဲလေ ဒါပေမဲ့ ဒါက…”

“ဟေး ငါ မပြောတော့ဘူး။ ဒီတစ်ခေါက် ငါ သူ့ကို နိုင်မှာ”

ချောင်ကျန်းက ရင်ဘတ်ကို ပုတ်သည်။

“အချိန်ကျလာတဲ့အခါ ငါက သူနဲ့အတူ ဂုဏ်ယူစွာ ရပ်ပြီး ဓာတ်ပုံရိုက်လိုက်အုံးမှာ”

“ငါ အင်အားအကြီးဆုံးဆိုတာ သက်သေပြရမယ်”

ချောင်ကျန်းက သူ့ကိုယ်သူ အားပေးသည်။

ချန်းရန်အတွက်ကမူ မုရှောင်းနွမ်ကို ထိုအကြောင်း ပြောပြီးသည်နှင့် အကြောင်းအရာကို ပြောင်းသည်။

အကြောင်းမူကား ထိုပြိုင်ပွဲတွင် ယန်ကျန်းကော်က ပါဝင်နေသည့်အကြောင်းကို မသိသေးသောကြောင့် ဖြစ်သည်။ သူက ထိုကောင်မလေးကို တစ်ခါတည်း ဖွင့်ပြောကာ မင်္ဂလာပွဲကို စီစဉ်ထားသည်။

“အခု ဒီကိစ္စက ဘေးဖယ်ထားလိုက်အုံး ငါကိုင်တွယ်လိုက်မယ်”

ချန်းရန်က မုရှောင်းနွမ်ကို သိချင်စိတ် ပြင်းပြစွာ ကြည့်ရင်း ပြောသည်။

“မင်းက ပြောင်းပြန် ရပ်နေတုန်းနော် ဘာဖြစ်တာလဲ”

“ဟင်”

မုရှောင်းနွမ်က ပြောင်းပြန်ရပ်နေရာမှ ပြန်ပြောသည်။

“ငါ လေ့ကျင့်ခန်း လုပ်တာလေ”

“မင်းက ကလေးတစ်ယောက်ကို အရမ်းလိုချင်နေတာပဲလား”

“မဟုတ်ဘူး ငါ အဖွဲ့လိုက် လိုချင်တာ”

မုရှောင်းနွမ်၏ မျက်လုံးက တောက်ပ ထိန်လင်းနေသည်။

145 03

“ငါ ကလေးအရမ်းချစ်တာ။ ကလေးတွေနဲ့သာဆိုရင် အပြင်ဖက်က အဲဒီမိန်းမတွေက နင့်ကို အခွင့်ကောင်းယူလို့ မရတော့ဘူးလေ”

“မင်းက ရှောင်းချူရန်အကြောင်း တွေးနေပြန်ပြီလား”

ချန်းရန်က နောက်သည်။

“မင်းက ဒီလောက်ထိ ဂရုစိုက်မယ် မထင်ထားဘူး”

“မဟုတ်ပါဘူး”

မုရှောင်းနွမ်က ငြင်းသည်။ သူမ၏ လှပကာ ဉာဏ်ကောင်းသော မျက်ဝန်းက တစ်ချက် လက်သွားသည်။

“ငါမိဘတွေက အတင်းတိုက်တွန်းနေလို့လေ သူတို့က မြေးချီချင်ပြီတဲ့”

“တကယ်တော့ သူတို့ မပြောဖူးဆိုရင်တော့ ငါ အချိန်တစ်ခု ကြာတဲ့အထိ မစီစဉ်ထားလောက်သေးဘူး။ ဒါပေမဲ့ ယူမယ်ဆိုရင်တော့ အများကြီး လိုချင်တယ်”

မုရှောင်းနွမ်၏ အဖြေက အတော်လေးကို ရှေ့နောက် မညီပေ။ သူမက အဖွဲ့လိုက် လိုချင်သည်ဟု ပြောလသည်။

ချန်းရန်က အလွယ်တကူ ထောက်ပြသည်။

“ငါ ကြားတာတော့ အခုလိုမျိုး ဇောက်ထိုး နေနေရင်တောင်မှ သက်ရောက်မှု မရှိဘူးတဲ့။ ဖြစ်နိုင်ချေကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခုတော့ ရှိတယ်”

“တကယ်လား”

မုရှောင်းနွမ်က ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားသည်။ သူမက တစ်ဖက်ကို လှန်လိုက်ပြီးနောက် ထိုသို့ ဇောက်ထိုးရပ်နေခြင်းကို ရပ်တန့်လိုက်ကာ ချန်းရန်၏အနားသို့ လာပြီး လက်မောင်းကို လာပုတ်သည်။

“ဟန်နီ ပြောပြပါအုံး”

“တကယ်သိချင်တာလား”

ချန်းရန်က ဆက်ပြီး နောက်သည်။

“အင်း”

မုရှောင်းနွမ်၏ မျက်နှာက မျှော်လင့်ချက် ကြီးနေပုံရသည်။ သူမ၏ မျက်လုံးကလည်း ကြယ်ရောင်များနှင့် တောက်ပနေသည်။

“လွယ်တော့ မလွယ်ဘူး”

ချန်းရန်က တစ်ဖက်သို့ လှန်လိုက်သည်။ မုရှောင်းနွမ်၏ အံ့အားသင့်ကာ အော်သံများအကြားတွင် တိုက်ရိုက်ပွေ့ကာ ကောက်ပွေ့လိုက်သည်။

ချန်းရန်က ပြုံးသည်။ မုရှောင်းနွမ်က ရှက်သွားသည်။

ချန်းရန်သည်လည်း ထိုကောင်မလေးက ထုတ်မပြောသော်လည်း ဂရုစိုက်မှန်းသိသည်။ ရှောင်းချူရန်၏ ကိစ္စကို ဖြေရှင်းရန် လိုအပ်နေသေး၏။ အကောင်းဆုံး နည်းလမ်းကလည်း သူနှင့် မုရှောင်းနွမ်တို့၏ ပျော်ရွှင်ဖွယ်ဖြစ်ရပ်ကို အခွင့်ကောင်းယူကာ ကြေညာခြင်းဖြစ်သည်။

သိပ်မကြာခင် ထိုနေ့ရက်က ရောက်ရှိလာသည်။

နာမည်ကျော် ပုဂ္ဂိုလ်ပေါင်းများစွာက ထောင်ယွမ်ရွာသို့ လာသည်။ ပုံမှန်အားဖြင့် လူသူရှင်းလင်းသော တောင်နေရာက အလွန်အမင်း စည်ကားသွားသည်။

အရည်အသွေးမြင့် ပြိုင်ကားပေါင်းများစွာက ထောင်ယွမ်တောင်ခြေသို့ မောင်းနှင်လာသည်။ ထိုအသံလှိုင်းများက လူအများကို စိတ်အားထက်သန်စေသည်။

“ဆရာသခင်ချန်းက ဘယ်မှာလဲ။ အမြန်ထွက်လာပြီး ငါ စိန်ခေါ်တာကို လက်ခံပါအုံး”

ချောင်ကျန်းကလည်း အကျွင်းမဲ့ စီနီယာကို သိမ်းယူထားပြီး ကားတံခါးကို ဖွင့်ပြီး ကားထဲမှ ထွက်သည်။ သို့သော် ချန်းရန်က ထိုပြိုင်ကို အလေးအနက် မထားပေ။ အကြောင်းမူကား သူ၏ အဓိက ရည်ရွယ်ချက်က မင်္ဂလာပွဲ ဖြစ်သည်။

145 04

“ရှောင်းနွမ် အတူလာချင်လား”

ချန်းရန်က ကားကို မောင်းထုတ်လာပြီးနောက် မုရှောင်းနွမ်ကို မေးသည်။

“မင်း ဒိုင်လူကြီး လုပ်မလား။ ဒါမှမဟုတ် အလံသေးသေးလေး ယမ်းမလား။ ဒါမှမဟုတ် အမိန့်များ ပေးမလား”

“ငါလည်း လိုက်ချင်တယ်”

မုရှောင်းနွမ်က ခေါင်းညိတ်ပြီး အချက်ပြသည်။

“ဒါပေမဲ့ ကြည့် ယောက်ျား နေရာက ယူပြီးသားလေ”

ချန်းရန်က ဦးတည်ရာဖက်တစ်ခုသို့ ကြည့်လိုက်သည်။

******

All Chapters