အခန်း ၁၄၆
Vol. 14 Ch. 146
146 01
အပိုင်း (၁၄၆)
“ယောက်ျား ကြည့်”
မုရှောင်းနွမ်က လက်ညိုးညွှန်ရာဖက်သို့ ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
သူမလား။
ရှောင်းချူရန်က ဘာလို့လာတာလဲ။
သူမပဲ ဖြစ်ပြန်ပြီ။
ချန်းရန်က မပျော်တော့ပေ။ ရှောင်းချူရန်၏ ပတ်ဝန်းကျင်တွင် တီဗီမီဒီယာ အများကြီး ရှိနေပြီးသူမကို ရူးသွပ်စွာ ဓာတ်ပုံရိုက်နေကြသည်။ ရှောင်းချူရန်က ယုံကြည်မှု အပြည့်နှင့် အမျိုးမျိုးသော ပို့စ်များ ပေးနေသည်မှာ ဖက်ရှင်ရှိုးပွဲဟု ထင်နေပုံရသည်။
“ယောက်ျား ရပါတယ်”
မုရှောင်းနွမ်က အားတင်းပြီး ပြုံးသည်။ သူမက ချန်းရန်ကို အလွန်အမင်းနီးကပ်စွာ ပြောပြသည်။
“ရတယ် ရတယ် ယောက်ျား ငါ အဆင်ပြေတယ်။ ပြိုင်ပွဲကိုပဲ အာရုံစိုက်”
ထိုကောင်မလေးက ချန်းရန်ကို ဒုက္ခမပေးချင်ပေ။ အနှစ်ချုပ်ဆိုရသော် တစ်ချိန်လုံးလိုလို ချန်းရန်ကိုသာ တွေးပေးခြင်းဖြစ်သည်။ ထိုကိစ္စကြောင့် ချန်းရန်က မျက်နှာပျက်ရမည့်အစား သူမကသာ မမျှမတ ခံစားမည့် ပုံစံမျိုးဖြစ်သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်သူက နာမည်ကျော်စတား ဖြစ်သည်။ အလွန်လည်း ကျော်ကြားသေးသည်။ မုရှောင်းနွမ်ကလည်း ယောက်ျားဖြစ်သူအား မုန်တိုင်းထဲသို့ မရောက်စေချင်ပေ။
“မင်းက တအားကြင်နာတတ်နေတာ”
ချန်းရန်က ခေါင်းခါသည်။ ထိုအချိန်က ထိုကောင်မလေးသည် KTV တွင် ရှိနေချိန်အတောအတွင်းတွင် လူမိုက်တစ်အုပ်က သူ့ကို တိုက်ခိုက်ချင်သောအခါတွင်လည်း တုံ့ဆိုင်းမနေဘဲ အပြေးလာကာ ကာကွယ်ပေးသေးသည်။ ချန်းရန်က နာကျင်သွားမည့်အစား သူမဘာသာ အနာကျင်ခံမည့်သူမျိုး ဖြစ်သည်။
သူ၏ အနောက်ဖက်တွင် ကြောက်လန့်တကြား ပုန်းနေသော ရှောင်းချူရန်နှင့် နှိုင်းယှဉ်သော် သိသိသာသာ ကွာခြားသည်။
သိထားရမည်မှာ မုရှောင်းနွမ်က အလွန်ကြောက်တတ်သည်။ သူမသည် ငါးပင် မဖမ်းရဲပေ။ သို့သော် ချန်းရန်အတွက် ကြမ်းတမ်းသော တိုက်ကွက်ကို ရင်ဆိုင်ရဲသည်။
“လာ ငါ့နောက်လိုက်ခဲ့”
ချန်းရန်က ဘာစကားမှ မပြောတော့ပေ။ မုရှောင်းနွမ်ကို ဆွဲခေါ်လာသည်။ ကောင်မလေး၏ မျက်လုံးက နည်းနည်း မှိန်နေသည်။ ထို့နောက် အများရှေ့ မြင်ကွင်းထဲသို့ ဝင်သွားသည်။ ထိုအခိုက်အတန့်တွင် ချန်းရန်၏ ရောက်ရှိလာခြင်းက မရေမတွက်နိုင်သော အလင်းများကို လက်သွားစေသည်။ အမျိုးမျိုးသော ကင်မရာများက ရူးသွပ်စွာ ရိုက်ကြသည်။
“ဟယ်လို အတန်းဖော်ရှန်း”
ထိုအလင်းရောင်အောက်မှ ရှောင်းချူရန်က ကျော့ရှင်းစွာ လျှောက်လာကာ နှုတ်ဆက်စကားပြောသည်။
“ငါ နင့်ပြိုင်ပွဲအတွက် အလကား ဝီစီ မှုတ်ပေးရင် ဘယ်လိုလဲ”
ရှောင်းချူရန်က ချန်းရန်ကို ပြုံးပြီး ကြည့်သည်။ သူမက ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးလုပ်မည့် ပုံစံမျိုးနှင့် ပြောလာသည်။ ထိုသို့ လုပ်ခြင်းအားဖြင့် ချန်းရန်အတွက် နှလုံးပုံပေါင်းများစွာကို လုပ်ပြ၍ ရလောက်သည်။
“ဝိုး အတန်းဖော်ချန်း ဘယ်လောက်တောင် ရင်းနှီးတဲ့ နာမည်လဲ။ နတ်ဘုရားမ ရှောင်းရှောင်း YYD ငါတို့ အားပေးတယ်နော်”
146 02
“ရှောင်းရှောင်းနဲ့ ဆရာသခင်ချန်းက အချင်းချင်းသိနေမယ်လို့ မထင်ထားဘူး။ အရင်က အတန်းဖော်တွေလား”
“ဒါက နတ်ဘုရားမ ရှောင်းရှောင်းက ဆရာသခင်ချန်းအပေါ် မတူတဲ့ ဆက်ဆံပုံမျိုး ရှိနေတယ်လို့ ငါ ခံစားမိတာလဲ ဖြစ်နိုင်တာက …”
အမျိုးမျိုးသော အသံများကလည်း ထွက်လာပြီး ဓာတ်ပုံရိုက်နေကြသည်။ မီးအလင်းများက ပို၍တောက်ပလာသည်။ သိသာစွာပင် ဒါဟာ လူတိုင်းကို နာမည်ကျော်ကြားအောင် လုပ်နိုင်မည့် အခွင့်အရေးဖြစ်သည်။
“ယောက်ျား”
မုရှောင်းနွမ်က နည်းနည်းစိုးရိမ်ကြောင့်ကြကာ မသက်မသာဖြစ်လာသည်။ သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် အလွန်အမင်း စိတ်ဝင်စားဖွယ် ကောင်းလောက်သည်။ နည်းနည်းပင် ချစ်စရာကောင်းသေး၏။ သူမက ရုန်းကန်ကာ ချန်းရန်၏လက်ထဲမှ ထွက်ပြေးရန် ကြိုးစားသည်။ မမျှော်လင့်ထားစွာပင် ချန်းရန်၏ လက်က ခပ်တင်းတင်း ကိုင်သည်။ ချန်းရန်က သူမကို မလွှတ်ပေးပေ။ တစ်ချိန်တည်းတွင်ပင်…
ချန်းရန်က ရှောင်းချူရန်နှင့် လုံးဝမဆက်သွယ်ဘဲ မုရှောင်းနွမ်ကိုသာ ဆွဲခေါ်ကာ သူ၏ ပြိုင်ကားဆီသွားသည်။
“ထိုင်”
ချန်းရန်က တိုက်ရိုက်ပြောသည်။
“အာ”
မုရှောင်းနွမ်က နည်းနည်း စိတ်ရှုပ်သွားသည်။ ယောက်ျားက ဘာကို ဆိုလိုတာလဲ။ ဘယ်မှာ ထိုင်ရမှာလဲ။
သူတို့က ဘာလုပ်မလို့လဲ။
မုရှောင်းနွမ်က စိတ်ရှုပ်နေသည်။ ရှောင်းချူရန်ကလည်း ပို၍ပင် စိတ်ရှုပ်သွားသည်။ အတန်းဖော်ရှန်းက သူမကိုပင် မနှုတ်ဆက်သွားပေ။ သို့သော် ထိုကောင်မလေးကိုမူ အနားသို့ ဆွဲခေါ်သွားသည်။ ပြိုင်ကားမှာ ဘာလုပ်မလို့လဲ။
ကားပြိုင်ပွဲက စတော့မှာလေ။
“ကားထဲဝင်”
ချန်းရန်က ထိုကောင်မလေးကို သဘောမကျသလို ကြည့်သည်။
“မြန်မြန် လုပ်လေ ပြိုင်ပွဲကစတော့မှာ မြန်မြန်လုပ်”
ထိုသို့ပြောပြီးသည်နှင့် ချန်းရန်က ထိုကောင်မလေးကို ခေါင်းစွပ်တပ်ပေးကာ ထိုဘေးခုံသို့ ထိုးထည့်လိုက်သည်။ သို့ရာတွင် အတော်လေး မျက်နှာပူစရာကောင်းသော အရာက ဖြစ်လာသည်။
မုရှောင်းနွမ်၏ခြေထောက်က အမှန်တကယ် ရှည်သည်။ ထို့ကြောင့် ကားထဲသို့ ဝင်ရန် ခက်နေသည်။
“ဖာ့ခ် ကောင်းလိုက်တာ ငါ ရတနာကို ရှာတွေ့တာပဲ။ ဆရာသခင်ချန်းရဲ့ နံဘေးက ကောင်မလေးက ခြေတံရှည်တယ်”
“သောက်ငရဲလိုပဲ အရှေ့က ကြည့်ရင်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ကြည့်ကြည့် နတ်ဘုရားမရှောင်းထက် မနိမ့်ကျဘူးနော်။ သူမက ဘယ်သူလဲ”
“မင်းက မသိဘူးလား။ ဒါက နာမည်ကျော် အမျိုးသမီး တင်ဆက်သူလေ PUPG ကစားတာ အရမ်းတော်တဲ့ တစ်ယောက်”
“ဝိုး လန်းလိုက်တာ ဆရာသခင်ချန်းက ဘာလို့ ခေါ်သွားတာလဲ။ သူမကလည်း ပြိုင်ကားမောင်းသူလား”
အားလုံးက ပြောနေကြသည်။ ထိုအခြေအနေက ရှောင်းချူရန်ကို နည်းနည်း မသက်မသာဖြစ်လာစေသည်။ သူမက မုရှောင်းနွမ်ကို ကားထဲသို့ ခေါ်သွားသော ချန်းရန်ကို ကြည့်နေပြီး အလွန်အမင်း ဝမ်းနည်းလာသည်။ မျက်နှာပေါ်မှ အပြုံးကပင် ပျောက်သွားသည်။ သူမသည် ဒီနေရာကို လာပြီး ခွေးစာ မစားသင့်ပေ။
146 03
“ဟေ့ ဆရာသခင်ချန်း ဘာကို ဆိုလိုတာလဲ”
ချောင်ကျန်းကလည်း နံဘေးသို့ ကားမောင်းလာပြီးနောက် ချန်းရန်၏ အပြုအမူကြောင့် အံ့ဩသွားသည်။
“ဒါက ဘာလဲ မင်းက ငါ့ညီမကို ပြိုင်ခိုင်းမလို့လား”
ချန်းရန်က တည်ငြိမ်စွာ ပြောသည်။
“ငါက ငါ့ဇနီးကို ခေါ်ပြီး မောင်းမှာလေ။ ပျော်စရာကောင်းတာက အရေးအကြီးဆုံးပဲ”
“သေစမ်း”
ချောင်ကျန်းကလည်း ရုတ်တရပ် ဆဲလိုက်မိသေးသည်။ ကြည့် ဒါက လူစကားလား။
ဒီလောက် အကြီးအကျယ် လုပ်ပြီးတော့ သူက သူ့ညီမကို ခေါ်မောင်းရမှာလား။
“ကောကော ကြိုးစားထား နောက်ဆုံးတစ်ခေါက်ကလို မလုပ်နဲ့နော် ကားနောက်ဖင်ကိုတောင် မမြင်ရတာမျိုးလေ”
ချောင်းကျင်းကျင်းကလည်း ကားပြတင်းပေါက်မှ လှမ်းပုတ်ပြီး ပြောသည်။
“ငါသိပါတယ်”
ချောင်းကျန်း၏ မျက်နှာကပင် မဲမှောင်သွားသည်။ ထို့နောက် ကားတံခါးပြတင်းပေါက်ကို ပိတ်လိုက်ပြီး စတင်မည့် အချိန်ကို စောင့်သည်။
ရှောင်းချူရန်က ချန်းရန်၏ သူမအပေါ် မထူးခြားနားသည့် ဆက်ဆံပုံကို မပျော်မရွှင် ဖြစ်သွားသော်လည်း ဒီအလုပ်ကို ယူပြီးနောက်တွင် ခေါင်းကိုသာ မနာလိုကြီးစွာ ငုံ့လိုက်သည်။
ငါသာ ဘေးခုံမှာ ထိုင်ရရင် ကောင်းမှာပဲ။
“အဆင်သင့်ပြင် သွား”
ရှောင်းချူရန်၏ သေနတ်ဖောက်သံနှင့်အတူ ချန်းရန်တို့အားလုံးက စတင်ကာ မောင်းထွက်ကြသည်။ အမျိုးမျိုးသော အရောင်ရှိသည့် ပြိုင်ကားများအားလုံးက စတင်ကာ မောင်းကြသည်။
ဘွန်း
ချန်းရန်မောင်းသော ကားက မြန်ဆန်လွန်းသဖြင့် ပုံရိပ်ယောင်များကို ချန်ထားရစ်ခဲ့ပြီး ချက်ချင်းဆိုသလို ပျောက်သွားသည်။ တစ်ချိန်တည်းတွင်ပင် အခြားသော ပြိုင်ပွဲဝင်များ၏ ကားများကလည်း အလွန်မြန်သည်။ သို့သော် မည်သူကမှ ချန်းရန်ကို မယှဉ်နိုင်ပေ။ အထူးသဖြင့် ပထမတစ်ကွေ့တွင် ဖြစ်သည်။ ချန်းရန်က အရှိန်ကို ခပ်ကြမ်းကြမ်း မြင့်လိုက်ပြီးနောက် ကျွမ်းကျင်လွန်းသော စွမ်းရည်ကို ဖော်ပြသည်။ ချက်ချင်းဆိုသလိုပင် ထိုကားက ကျော့ရှင်းသည့် ကောက်ကြောင်းတစ်ခုကို ကျော်ဖြတ်ဝင်ရောက်သွားကာ ပထမတစ်ကွေ့ကို အောင်မြင်စွာ ကျော်ဖြတ်လိုက်သည်။
“ဝိုး လန်းလိုက်တဲ့ အရှိန်နှုန်း၊ လျှပ်စီးလက်သွားသလိုပဲ… ဆရာသခင်ချန်းက အစပိုင်းကတည်းက တော်တော်မြန်မြန်နေတာ”
“ကွေ့တဲ့ နေရာမှာတောင် အရှိန်မနှေးသွားဘူး။ ဒါက ဆရာသခင်ချန်းရဲ့ ယုံကြည်မှုလား။ ကြည့်ရတာ ကားပြိုင်ပွဲ လောကမှာတောင် မျက်နှာသစ်တစ်ခု ပေါ်လာပြီ ထင်တယ်”
“အားလုံးကလည်း ဆရာသခင်ချန်းက အတော်လေးကို ရှေ့ရောက်နေတယ်။ ပြိုင်ဖက် တော်တော်များများကို နောက်မှာ ချန်ထားရစ်ခဲ့တယ် ဆိုတာကို မြင်နိုင်တယ်”
“ကားနတ်ဘုရား ချောင်ကျန်းက ဘယ်မှာလဲ ဆိုတာကို ကြည့်ရအောင်”
“အိုး ဘုရားရေ သူက အခြားကစားသမားတွေနဲ့အတူ ပထမတစ်ကွေ့ထဲသို့ ဝင်ရောက်ဖို့ ပြိုင်နေတာပဲ”
“ကားနတ်ဘုရားကလည်း ကွေ့ပြီ။ အင်း ဘာလို့ ဒီလိုကွေ့ပြီးတဲ့နောက်မှာ ဆရာသခင်ချန်းရဲ့ ကားကို မမြင်ရတော့သလို ခံစားလိုက်ရတာလဲ”
“မြန်မြန် မြန်မြန် ဆရာသခင်ချန်းရဲ့ တောက်လျှောက်သွားနေတာ။ သူက အခု လျှပ်စီးလက်သလို ပျောက်သွားပြီလေ”
146 04
မရေမတွက်နိုင်သော သတင်းထောက်များနှင့် မီဒီယာများက ရူးသွပ်စွာ အော်ဟစ်ရိုက်ကူးနေကြပြီး ချန်းရန်အတွက် ရိုက်ချက်များ ပေးကြသည်။
အခြားတစ်ဖက်တွင် ချန်းရန်က ကားကို တည်ငြိမ်သော မျက်နှာနှင့် ကျွမ်းကျင်စွာ မောင်းလိုက်သည်။ သို့သော် နံဘေးမှ မုရှောင်းနွမ်ကမူ ထပ်ခါတလဲလဲ အော်နေသည်။
“အာ ယောက်ျား ယောက်ျား ယောက်ျား ဖြည်းဖြည်း ဖြည်းဖြည်း ဖြည်းဖြည်း ငါ မရတော့ဘူး”
ထိုမျှမြန်ဆန်သောအရှိန်နှုန်းတွင် မုရှောင်းနွမ်က သေအောင် ကြောက်သွားပြီး မျက်နှာက ဖြူစုတ်သွားသည်။ ကွေ့လိုက်ချိန်တိုင်းလိုလို အန်တော့မည်ဟု ခံစားနေရသည်။
“ငါ အရှိန်မြင့်တော့မှာ”
ထို့နောက် တစ်ကွေ့တွင် ချန်းရန်ကလည်း အရှိန်ကို ထပ်မြင့်လိုက်ပြီး ကားက လေထဲသို့ မြောက်တက် မတတ်ပင် မြင့်သွားသည်။
“အား”
အော်ဟစ်သံများက ထွက်ပေါ်လာသည်။ မုရှောင်းနွမ်ကလည်း သူမ၏ ဖုန်းက ချန်းရန်၏ခြေထောက်နားသို့ ပြုတ်ကျသွားကြောင်းပင် မသိပေ။
ဘမ်း
ကားက လေထဲမှ ပြန်ကျသည်။ နှစ်ကြိမ်ခန့်ပင် ခုန်သွားသည်။ မုရှောင်းနွမ်က အံ့ဩနေသေးသည်။
“ကောင်းပြီ နောက်တစ်ဆင့်က တစ်ဖြောင့်တည်း သွားမှာ အဆုံးသတ်နားအထိ တောက် လျှောက် အမြန် မောင်းတော့မှာ”
ချန်းရန်က လေကို အသာမှုတ်ထုတ်လိုက်ပြီး မုရှောင်းနွမ်ကို စိုက်ကြည့်သည်။
“မင်း လှုပ်နိုင်သေးလား ငါ့ကို တစ်ခု ကူညီ”
ချန်းရန်က မျက်လုံးဖြင့် ဟန်အမူအရာ ပြပြီးနောက် အောက်သို့ ငုံ့ကြည့်သည်။
******