အခန်း ၁၄၇
Vol. 14 Ch. 147
147 01
အပိုင်း (၁၄၇)
“ဟင်”
မုရှောင်းနွမ်ကလည်း ကား၏ အရှိန်နှုန်းကြောင့် နည်းနည်း ခေါင်းမူးနေခြင်းဖြစ်သည်။ ချန်းရန်၏ ပြောစကားကို ကြားပြီးနောက် နည်းနည်း စိတ်ရှုပ်သွားသည်။
“ယောက်ျားက ဘာကို ဆိုလိုတာလဲ ဘာလုပ်ရမှာလဲ”
“မြန်မြန်”
ချန်းရန်က အတင်းပြောသည်။
“ဒီအခွင့်အရေးက ရှားတယ်။ ငါတို့ အဆုံးသတ်နားကို ရောက်တော့မှာ ငါမင်းကို လိုတယ်”
“အိုး ဒါ”
မုရှောင်းနွမ်၏ မျက်လုံးက ထိတ်လန့်မှုနှင့်မ သက်မသာဖြစ်မှုများ ပေါ်လာသည်။
မဖြစ်နိုင်တာ မဖြစ်နိုင်တာ ယောက်ျားက ဒီလောက်ထိ အပျော်ကြိုက်တာလား။
“ငါတို့ တကယ်ပဲ ဒီနေရာ ဒီနေရာမှာလား”
မုရှောင်းနွမ်က ရှက်ရွံ့စွာ မေးသည်။
“မဟုတ်ရင် ဘာဖြစ်ရမှာလဲ”
ချန်းရန်က ဆွံ့အစွာမေးသည်။
“မင်း နည်းနည်း မလှုပ်နိုင်တော့လို့လား”
“ငါ နည်းနည်းသော လက်ဆန့်ထုတ်လို့ မရဘူးထင်တယ်”
မုရှောင်းနွမ်က မျက်နှာလေး မဲ့ကာ ပြောသည်။ အကြောင်းမူကား သူမ၏ခြေထောက်က နည်းနည်း ရှည်သည်။ ထို့ကြောင့် ဆန့်ထုတ်ရင်ပင် ခက်နေသည်။
“ငါ ကူညီမယ်”
ချန်းရန်ကလည်း ကားကိုလက်တစ်ဖက်တည်းနှင့် မောင်းနေပြီး အခြားလက်တစ်ဖက်ဖြင့် ထိုကောင်မလေး၏ ခန္ဓာကိုယ်ကို ကူညီကာ ချိန်ညှိပေးလိုက်သည်။ ထို့နောက် ခေါင်းကို ဖိချသည်။
“မြန်မြန်”
“အာ”
မုရှောင်းနွမ်က မှောက်ချလိုက်သည်။ မျက်နှာကလည်း ရဲသွားပြီး နှုတ်ခမ်းကိုလည်း စူထားသေးသည်။ ချန်းရန်ကလည်း နည်းနည်း လွန်ကဲသည်ဟု ခံစားရသည်။ သို့ရာတွင် သူမက ဂရုတစိုက် တွေးတောကြည့်ပြီးနောက်တွင် ထိုအခြေအနေကို စိတ်လှုပ်ရှားလာသည်။ တစ်စုံတစ်ယောက်ကသာ အပြင်ဖက်မှ ကြည့်နေမည်ဆိုလျှင် အံ့ဩသွားလောက်သည်။
ဘေးခုံကလူ ဘယ်ရောက်သွားတာလဲ။ လက်စသတ်တော့ ယာဉ်မောင်းသူ နေရာမှာ ခေါင်းငုံ့ပြီး ငုံ့နေတာကိုး။
147 02
သူ ဘာလုပ်တာလဲ။
“ဘာလုပ်တာလဲ”
ထိုအခိုက်အတန့်တွင် ချန်းရန်က အော်သည်။ သူသည် ထိန်းချုပ်မှု လွတ်ကင်းလုနီးပါး ဖြစ်သွားသည်။
“မလုပ်နဲ့ ငါ ကားမောင်းနေတာ”
“နင်က ကားမောင်းလေ ငါက ငါ့ဘာသာငါ မောင်းမှာ”
ထိုကောင်မလေးက တစ်ခါတစ်ရံတွင် တော်တော်လေး တက်ကြွသည်။ သူမက ခေါင်းကိုပင် မော့ကာ ဆိုးသွမ်းသော မျက်လုံးမျိုးဖြင့် တဖြတ်ဖြတ် ခတ်ပြလာကာ လူအများကို စိတ်လှုပ်ရှားစေသည်။
“ဒီမှင်စာမလေး”
ရုတ်တရပ် အသံတစ်သံ ထွက်လာသည်။
“ဟေး”
ချန်းရန်က နည်းနည်း စိတ်လှုပ်ရှားလာသည်။
“ငါတို့ အဆုံးသတ်နားကို ရောက်တော့မှာနော်”
“ဟာ အံ့ဩစရာပဲ ဆရာသခင်ချန်းရဲ့ ကားမောင်းစွမ်းရည်က ပြောင်မြောက်ပါပေတယ်။ သူက ပြိုင်ဖက်ကို ဆယ့်ရှစ်လှမ်းလောက်တောင် ခြားပြီး ချန်ခဲ့တာ အိုး မဟုတ်သေးဘူး ဆယ့်ရှစ်တောင်လောက်ပေါ့”
“ဒါပေမဲ့ ငါတို့ နည်းနည်း ထူးဆန်းနေတာ ဆရာသခင်ချန်းရဲ့ကားက ဘာလို့ ကောက်နေတာလဲ။ ပြဿနာ ရှိတာလား တစ်ဖြောင့်တည်း လာရမှာ မဟုတ်ဘူးလား”
“အင်း ဆရာသခင်းချန်းရဲ့ လက်က တုန်နေလို့ ဖြစ်မှာပေါ့”
တိုက်ရိုက်ထုတ်လွှင့်မှု၏ ဒရုန်းပေါင်းများစွာက ထိုပုံရိပ်ကို အမိအရ ရိုက်ကူးနေသည်။ ချန်းရန်၏ ကားက အရှေ့သို့ အပြေးသွားသည်။ အခြားသော ကားများကို နောက်တွင် ချန်ရစ်ခဲ့ပြီ ဖြစ်သည်။ သို့သော် နောက်ဆုံး အခိုက်အတန့်တွင်မှာမှ ရုတ်တရပ် မူးနေသူကဲ့သို့ ကောက်ကွေးနေကာ ဘယ်ညာ ယမ်းနေသည်။
“အင်း”
သိပ်မကြာခင်မှာတင် ချန်းရန်၏ကားက နောက်ဆုံး အဆုံးသတ်နားသို့ ကျော်ဖြတ်လိုက်သည်။ သူက ဘရိတ်ကို နင်းပြီးနောက် လှပသော ကောက်ကြောင်းတစ်ခုနှင့်အတူ အဆုံးသတ်လိုက်သည်။ ချန်းရန်က ကားပြိုင်ပွဲကို အဆုံးသတ်ပြီးနောက် စိတ်အေးစွာ သက်ပြင်းချသည်။ ထိုနောက်ဆုံး အခိုက်အတန့် တစ်ဖြောင့်တည်း အကွာအဝေးက သူ့အတွက် အခက်ခဲဆုံးဖြစ်ခဲ့သည်။
ကားမှောက်တော့မလို့။
အိုး…
သို့ရာတွင် အရေးပေါ် အခြေအနေဖြင့် ဘရိတ်ကို အုပ်လိုက်သောကြောင့် မုရှောင်းနွမ်၏ ခါးကလည်း ကားအရှေ့မှ ကိရိယာတစ်ခုဖြင့် တိုက်မိသွားသည်။ သူမက တဖြည်းဖြည်း ထရပ်ပြီးနောက် တစ်ရှူးကိုပင် ယူကာ နှုတ်ခမ်းထောင့်ကို သုတ်လိုက်သေးသည်။ ထို့နောက် ခေါင်းကို အုပ်ကာ ပြောသည်။
147 03
“နာလိုက်တာ ယောက်ျား ဘာလို့ ကြိုမပြောတာလဲ။ ငါတို့ရောက်တောင် ရောက်နေပြီကို ငါ မသိဘူး”
“မင်း…”
ချန်းရန်ကလည်း မီးတောက်တောင်ကို ကျော်ဖြတ် လျှောက်ပြီး လာသကဲ့သို့ ထိုကောင်မလေး၏ ခေါင်းကို မပျော်မရွှင် ဖြစ်သလို ပုတ်လိုက်သည်။
“အခု ဘာလုပ်တာလဲ”
“နင့်ကြောင့်လေ”
မုရှောင်းနွမ်က နှာခေါင်းအသာရှုံ့ပြီး ချန်းရန် ပုတ်ထားသော ခေါင်းကို ပြန်ပွတ်သည်။ ထို့နောက် ထိုနေရာက နည်းနည်း ယောင်သွားသလို ခံစားရသည်။
“ငါ မင်းကို ခေါင်းငုံ့ခိုင်းတာက ဖုန်းကောက်ခိုင်းကာ”
ချန်းရန်က ရယ်သည်။
“ကြည့် ဖုန်း ပြုတ်ကျနေတယ်။ ငါ မင်းကို ကောက်ခိုင်းတာကို ဘာလုပ်တာလဲ”
“နင်”
မုရှောင်းနွမ်၏ မျက်လုံးက ပြူးကျယ်သွားသည်။
ဆိုတော့ အဓိပ္ပာယ် ကောက်မှားသွားတာပေါ့။
ထိုအချိန်တွင် မုရှောင်းနွမ်၏ မျက်နှာက ရဲတက်သွားသည်။ ပြုတ်ထားသော ပုဇွန်နှင့်ပင် တူသည်။
“မုန်းလိုက်တာ”
မုရှောင်းနွမ်ကလည်း အမှန်တကယ်ပင် ရှက်ရွံ့သွားပြီး ချန်းရန်၏ ရင်ဘတ်ကို ထုသည်။
“နင် ငါ့ကို အနိုင်ကျင့်ပြန်ပြီ”
“ဟားဟား ဟား”
ချန်းရန်က အရယ်မရပ်တော့ပေ။ လွန်ခဲ့သော နှစ်ရက်ခန့်က မြို့ရှိဟိုတယ်တွင် ပထမတစ်ကိုက် ကိုက်ပြီးချိန်ကတည်းက သူနှင့် ထိုကောင်မလေးတို့၏ ဆက်ဆံရေးက ပိုပြီးနီးကပ်သွားသည်။ ရှက်ရွံ့ဖွယ်ကိစ္စများကလည်း အမျိုးမျိုးသော အခြေအနေတိုင်းလိုလို ဖြစ်ပျက်နေတတ်သည်။ ဖြစ်နိုင်သည်မှာ…
ယခင်ကဆိုလျှင် ဝင်ပေါက်မှ စတင်၍ ဧည့်ခန်း၊ ထမင်းစား စားပွဲ၊ ဆိုဖာ၊ ကြမ်းပြင်၊ အိပ်ခန်းနှင့် ရေချိုးခန်းမှ အိမ်သာဖက်၊ ထို့နောက် ရေပန်းအထိ တောက်လျှောက်ဆိုလျှင် ယခုမူ ကားထဲမှ ယာဉ်မောင်းခုံနေရာကလည်း အတော်လေး အဆင်ပြေကြောင်း သိလိုက်သည်။
ဘွန်း…
ထိုအချိန်တွင် တောင်ထိပ်ပေါ်မှ အမျိုးမျိုးသော ကားအင်ဂျင်သံများကို ကြားရသည်။ ဝေးရာမှ နီးလာ၏။ ချောင်ကျန်းက အရင်ရောက်သည်။ ထို့နောက် ဆရာသခင်ချန်း၏ကားက စက်ပင် သတ်ထားကြောင်း သိလိုက်သည်။
“သေစမ်း ဒါက တော်တော်လေးကို ပုံမှန်မဟုတ်တာပဲ။ ဘာလို့ ဒီလောက်ထိ မြန်နေတာလဲ”
147 04
ချောင်းကျန်းကလည်း ထပ်ပြီးစိတ်ဓာတ်ကျသွားသည်။ သူက ကားပေါ်မှ ဆင်းလိုက်သည်။ ထိုအခါမှသာ ဆရာသခင်ချန်းက ကားထဲတွင်သာ ရှိနေသေးကြောင်း တွေ့ရသည်။
“ယောက်ျား မဆင်းဘူးလား”
မုရှောင်းနွမ်က သိချင်စိတ်ပြင်းပြစွာ မေးသည်။ ယေဘုယျ ကျကျပြောရသော် ဂိမ်းက ပြီးသွားသည်နှင့် ပိုင်ရှင်အနေနှင့် ချန်းရန်ကလည်း အရင်ဦးဆုံးဆင်းပြီး သူ၏ ခံစားချက်ကို ဖော်ပြကာ အင်တာဗျူးကို လက်ခံသင့်သည်။
“ငါ အခုဆင်းမှာ ဒါပေမဲ့ မင်းကတော့ ကားထဲမှာ နေရမယ်”
ချန်းရန်က လျှို့ဝှက်ဆန်းကျယ်စွာ ပြောသည်။
“အားလုံးကလည်း စိတ်လှုပ်ရှားနေကြလိမ့်မယ် ဆိုတော့ အံ့အားသင့်စရာတွေက လာပြီး ငါ့ကို ဂုဏ်ပြုကြမှာလေ။ အခြေအနေက နည်းနည်း ဝရုန်းသုန်းကား ဖြစ်နေမှာ။ မင်း ကားထဲမှာပဲ ထိုင်နေနော်။ ငါ အချိန်ကျမှ လှမ်းခေါ်လိုက်မယ် မင်းထွက်လာခဲ့”
“အိုး ရတယ်။ ပြဿနာ မရှိဘူး”
မုရှောင်းနွမ်က ပျော်ရွှင်စွာ သဘောတူသည်။ သို့သော် စိတ်ထဲတွင်လည်း နည်းနည်း စိတ်ရှုပ်နေသေးသည်။
ဒါက ဘာကို ဆိုလိုတာလဲ ဘာကို အံ့အားသင့်စရာလဲ။
ချန်းရန်က ကားထဲမှ ထွက်သည့်အချိန်တွင် အနောက်မှ ကားများအားလုံးက ဖြည်းဖြည်းချင်း ရောက်လာသည်။ ကားမီးများအားလုံးက လင်းလက်နေပြီး ထောင်ယန်တောင်ထိပ်ကလည်း နေ့အလင်းအလား တောက်ပသည်။
“မြန်မြန် မြန်မြန် ဆရာသခင်ချန်းကို အင်တာဗျူး”
မရေမတွက်နိုင်တော့ မီဒီယာများကလည်း ပြုံတိုးကာ ဝင်ရောက်လာကြသည်။ ရှောင်းချူရန်ကပင် အံ့ဩသွားသည်။ သူမသည်လည်း အစ်ကိုချန်း၏ ကားမောင်းစွမ်းရည်က ထိုမျှအထိ မှင်သက်ဖွယ်ကောင်းမည်ဟု မထင်ထားမိပေ။ ကြည့်ရှုပြီးနောက် သူမကိုယ်တိုင်ကပင် ရင်ဖိုလာသလို ခံစားရသည်။ ဖော်ပြရန် ခက်ခဲသော လေးစားမှုနှင့် စိတ်လှုပ်ရှားမှုလည်း ရှိသည်။
“ဆရာသခင်ချန်း”
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ကားနားတွင် ရပ်နေသော ချန်းရန်ကို မြင်လိုက်ပြီး အလျှင်စလိုသွားကာ အင်တာဗျူးရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရပ် အသံတစ်သံကို ကြားရသည်။ ထိုအသံက မည်သည့်အချိန်ကမှန်း မသိ တောင်ခြေမှ ပြေးတက်လာသော သိုးအုပ်ကြီးဖြစ်သည်။ သို့သော် ဒါက ပြဿနာ မဟုတ်ပေ။ သို့သော် ထိုခေါင်းပေါ်မှ ရောင်စုံအဝတ်များ ပတ်ထားသော သိုးအုပ်ကို မြင်လိုက်ပြီးနောက် အားလုံးက အံ့ဩသွားကြသည်။ ကားမီးရောင်များ၏ အလင်းရောင်အောက်တွင် မျက်စိကြိမ်းမတတ် တောက်ပပြီး ပွဲတော်နှင့်ပင် တူသည်။
“ဝိုး”
ကားတံခါးကို မှီထားသော မုရှောင်းနွမ်က ထိုမြင်ကွင်းကို မြင်လိုက်ပြီး မျက်လုံးက တောက်ပသွားသည်။ သူမက တအံ့တဩပြောသည်။
“ငါ့ယောက်ျားက ပြိုင်ပွဲ နိုင်သွားတာ စံအိမ်က သိုးတွေကတောင်မှ လာပြီး ဂုဏ်ပြုတာလား”
******