အခန်း ၁၄၈
Vol. 14 Ch. 148 - final
148 01
အပိုင်း (၁၄၈)
ထိုအချိန်တွင် မုရှောင်းနွမ်က တအံ့တဩပင် ဖြစ်နေသည်။
ငါ့ယောက်ျားက တော်လိုက်တာ ပထမနေရာကိုလည်း နိုင်တယ်။ စံအိမ်က တိရစ္ဆာန်တွေကလည်း လာပြီး ဂုဏ်ပြကြတယ်။
စံအိမ်ကြီး တစ်ခုလုံးက ဆူပွက်နေမှာပဲ။
“အားလုံးပဲ”
ထိုအချိန်တွင် ချန်းရန်က အကျွင်းမဲ့စီနီယာတွင် ရပ်လိုက်ပြီးနောက် အားလုံးကို ခြုံကြည့်သည်။
“ဒီနေ့ ကားပြိုင်တာ အပြင် ငါက မင်းတို့အားလုံးကို သတင်းကြီး တစ်ခု ဝေမျှချင်တာ ရှိတယ်”
“ဘာသတင်းကြီးလဲ။ ဒါက ဆရာသခင်ချန်း ပထမဆုရတာထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလို့လား”
“ဆရာသခင်ချန်း ငါတို့ကို ပြောပါအုံး ငါတို့ ရေးမှတ်ထားချင်လို့”
ထိုအချိန်တွင် အားလုံးကလည်း အော်ဟစ်အားပေးနေကြသည်။ အချို့သော မီဒီယာဆိုလျှင် စတင်ကာ တိုက်ရိုက်ထုတ်လွှင့်နေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် မုရှောင်းနွမ်က ကားထဲတွင် ပုန်းနေပြီးတိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်သည်။
“ညီအစ်မတို့ ငါ အရမ်းစိတ်လှုပ်ရှားတာပဲ။ ငါ့ယောက်ျားက ဒီနေ့ ကားပြိုင်ပွဲမှာ နိုင်သွားကာ အခု အားလုံးပဲ သူ့ကို ဂုဏ်ပြုလို့ရပြီနော်”
“ငါ့ယောက်ျားက အရမ်းတော်တယ်မလား”
မုရှောင်းနွမ်က ကားထဲတွင်ပင် တိုက်ရိုက်ထုတ်လွှင့်သည်။ ကွန်မန့်များကလည်း စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ ကျော်ကြားမှုကလည်း စတင်ကာ တက်သည်။
“ဆရာသခင်ချန်း ကျေးဇူးပြုပြီး ကြေညာပေးပါအုံး”
“ဟုတ်တယ် ဟုတ်တယ် မြန်မြန်လေး ပြောပါအုံး ဘာပြင်ဆင်စရာ ပွဲများလဲ”
အပြင်ဖက်မှ လူများအားလုံးက မစောင့်နိုင်ကြတော့ပေ။
“ဒါဆိုရင် ငါမင်းတို့ကို တန်းလန်းကြီး မထားတော့ဘူး”
ချန်းရန်က ရယ်သည်။ အားလုံးကို ကြည့်သည်။
“အားလုံးပဲ ကျေးဇူးပြုပြီး ကြည့်ကြပါ”
ထိုအချိန်တွင် စံအိမ်ကြီးတစ်ခုလုံးတွင် နတ်ဘုရားအဆင့် စားကျက်ကြီးမှ အမျိုးမျိုးသော တိရစ္ဆာန်များအားလုံးနှင့် ပြည့်နှက်နေသည်။ ထို့အပြင် တစ်ကောင်ချင်းစီတိုင်း၏ ကိုယ်ပေါ်တွင် အထူးအလင်း effect များရှိနေသည်။ သူတို့၏ ကျောပေါ်တွင်လည်း နှင်းဆီးပန်းပွင့်ကြီးများ သယ်လာသည်။
“ဒါက ဘာလဲ”
“မသိဘူးလေ ဒါပေမဲ့ တစ်ခုခု စီစဉ်ထားသလိုပဲ”
ထိုအကောင်လေးများက ပတ်ပြေးနေသည်။ ထို့နောက် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင်ပင် သူ၏ကိုယ်ပေါ်မှ အလင်းရောင်များက ပေါင်းစပ်သွားကာ တိုက်ရိုက်ပင် စာတစ်ကြောင်း ပေါ်လာသည်။
“ရှောင်းနွမ် ငါ့ကို လက်ထပ်ပါ”
ထိုစကားလုံးများက ယခုလို ညနက်ပိုင်း ကားမီးရောင်အောက်တွင် မျက်စိဖမ်းစားလွန်းသည်။
စွစ်
148 02
ထိုအခိုက်အတန့်တွင် အားလုံးက တိတ်ဆိတ်သွားသည်။ မည်သည့် အသံမှ မထွက်တော့ပေ။
“ဝိုး”
သိပ်မကြာခင်မှာတင် အားလုံးက အုပ်အော်သောင်းနင်းဖြစ်သွားကာ အော်ဟစ်ကြသည်။
“အိုး ဆရာသခင်ချန်းက ဒါ…ဒါ ဖွင့်ပြောတာလား”
“ဘုရားရေ ငါ အားကျလွန်းလို့ ငိုနေပြီ”
“အရမ်းကို ရင်ထဲထိတာပဲ နေရာမှာတင် ခွင့်တောင်းပစ်တာနော် မြန်မြန်လေး မြန်မြန်လေး မှတ်တမ်းတင်ကြ”
ထိုအချိန်တွင် ချန်းရန်က စင်ပေါ်တွင် ဖြစ်သည်။ သူက အားလုံးကို အပြုံးနှင့်ကြည့်သည်။
“ငါ ဒီနေ့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အားလုံးကို သတင်းကောင်းပြောချင်တာက ငါ ရှောင်းနွမ်ကို လက်ထပ်ခွင့် တောင်းချင်တာပဲ”
ထိုအချိန်တွင် ကားထဲမှ မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ထားရင်းမှ ကြောင်အနေသည်။
“ဘာပြော ဘာပြောတယ်။ ငါ့ယောက်ျားက ငါ့ကို အပြင်မှ လက်ထပ်ခွင့်တောင်းတယ် ဟုတ်လား”
“တကယ်လား ငါမယုံဘူးနော်”
မူရှောင်နွမ်ကလည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကွန်မန့်များကို မြင်လိုက်သည်။ သူမက အစပိုင်းတွင် မယုံကြည်နိုင်သေးပေ။ သို့သော် သိပ်မကြာခင်မှာတင် အမှန်တကယ် ဖြစ်နေကြောင်း သိလိုက်သည်။
ဒါ…ဒါက တကယ်ပဲလား။
မုရှောင်းနွမ်ကပင် အသက်ရှူမြန်သွားသည်။ သူမသည် မယုံကြည်နိုင်တော့ပေ။ ထို့နောက် ကားပြတင်းပေါက် အပြင်ဖက်သို့ ကြည့်သည်။ လူတိုင်း၏ မျက်လုံးက ဒီနေရာကို ကြည့်လာသည်။
ဘမ်း
မုရှောင်းနွမ်က ချက်ချင်းဆိုသလို ကားတံခါးကို ဖွင့်လိုက်သည်။ ထိုအချိန်ကိုက်တွင်ပင် ချန်းရန်က အပြုံးမျက်နှာနှင့်အတူ ကြည့်လာသည်။
“ယောက်ျား တကယ်”
မုရှောင်းနွမ်က ချန်းရန်ကို တအံ့တဩကြည့်သည်။
“ရှောင်းနွမ်”
ချန်းရန်က မုရှောင်းနွမ်ဖက်သို့ လက်ကမ်းလာရင်း လက်ကို လှမ်းကိုင်သည်။ ထိုသို့ဖြင့်အားလုံးကို မျက်နှာမူရင်း သူ ဂရုတစိုက် စီစဉ်ထားသော ခမ်းနားကြီးကျယ်သော မြင်ကွင်းအား မုရှောင်းနွမ်က မြင်လိုက်ရသည်။
“ရှောင်းနွမ် မင်းငါ့ကို လက်ထပ်ဖို့ဆန္ဒရှိလား”
ချန်းရန်က မုရှောင်းနွမ်ကို အလိုလိုက်သောအကြည့်ဖြင့် ချစ်မြတ်နိုးစွာ ကြည့်ရင်း ပြောသည်။
“ငါ”
မုရှောင်းနွမ်ကလည်း သူမ ချက်ချင်းပင် ငိုချင်သလို ခံစားလာရသည်။ သူမ၏ လှပသော မျက်လုံးကလည်း ချန်းရန် ဂရုတစိုက် ပြင်ဆင်ထားသော မြင်ကွင်းကို ကြည့်သည်။ သူမရှေ့မှ အမျိုးသားက ပန်းစည်းကိုလည်း ကိုင်ထားသည်။ ထိုပန်းစည်းကို မန်ထုံက ဂရုတစိုက် သယ်လာခြင်း ဖြစ်သည်။ ပန်းများအပြင် လက်စွပ်ဗူးလည်း ရှိသည်။ ဖွင့်လိုက်သောအခါ အတွင်းတွင် လူအများ၏ မျက်လုံးကိုပင် ကြိမ်းစေလောက်သည့် ကြီးမားသော စိန်လက်စွပ်ကွင်းကြီးကို မြင်ရသည်။
“ကြီးလိုက်တာ”
148 03
ကြီးမားသော စိန်လက်စွပ်ကို မြင်သောအခါ အားလုံးကပင် အံ့ဩသွားကြသည်။ ထိုစိန်လက်စွပ်က ခိုဥ အရွယ်အစားခန့်အထိ ကြီးသည်။
“မကြိုက်ဘူးလား”
ချန်းရန်၏ မျက်ခုံးကပင် ပင့်တက်သွားကာ ပြုံးရင်း နောက်သည်။
“ငါ”
မုရှောင်းနွမ်က ပျော်ရွှင်စွာ ငိုသည်။ အရှေ့မှ အမျိုးသားကို ကြည့်နေရင်း မျက်ရည်များ ပြည့်လာသည်။
“ငါကြိုက်တယ် ဝူး ငါကြိုက်တယ် ငါကြိုက်တယ် ငါလက်ခံတယ်”
“ဒါဆိုရင် ငါမင်းကို ကူညီပြီး ဝတ်ပေးမယ်”
ချန်းရန်ကလည်း ကျေနပ်စွာ ပြုံးပြီး မုရှောင်းနွမ်၏လက်ကို ယူကာ ထိုခိုဥစိန်လက်စွပ်ကွင်းကို ဝတ်ပေးသည်။
“ယောက်ျား ငါနင့်ကို ချစ်တယ်”
မုရှောင်းနွမ်က မျက်ရည်ကျနေပြီ ဖြစ်သည်။ ချန်းရန်က သူမကို လက်စွပ်ဝတ်ပေးသည့် အခိုက်အတန့်တွင်ပင် သူမ အရပ်ရှည်များဖြင့် ခြေဖျားထောက်ကာ မှီကပ်လိုက်သည်။ ထို့နောက် ပျော်ရွှင်မှုများ လျှံကျနေသော အသံများက ထွက်လာသည်။
“အိုး လှတယ် လှတယ်”
“အားကျလိုက်တာ”
“အရမ်းပျော်တယ်”
“ဆရာသခင်ချန်းနဲ့ ရှောင်းနွမ်က ကောင်းကင်ပေါ်က စုံဖက်တဲ့ စုံတွဲပဲ”
ထိုသို့ဖြင့် အော်ဟစ်အားပေးသံများက ဆူနာမီမုန်တိုင်းအလား ကြီးကျယ်သွားသည်။ လူတိုင်းနီးပါးက အော်ဟစ်ကာ ကောင်းချီးပေးကြသည်။ မရေမတွက်နိုင်သော ပန်းများကိုလည်း ကြဲချ၏။
ချန်းရန်က မုရှောင်းနွမ်အတွက် ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲကို ပြင်ဆင်ပေးသည်။ တည်နေရာကလည်း ထောင်ယန်ရွာတွင် ဖြစ်သည်။ ချန်းရန်၏ စံအိမ်ကြီးတွင် ဖြစ်သည်။ စံအိမ်ကြီးတစ်ခုလုံးက နဂိုကတည်းက နတ်ဘုံနတ်နန်းကဲ့သို့ တောက်ပ လှပပြီးသားဖြစ်သည်။ ဒီအချိန်တွင်မူ ပန်းချီလောကအဖြစ်ပင် ပြောင်းလဲသွားသည်။ အလွန်အမင်းကို လှပပြီး လူတိုင်းကပင် သဘောကျနေကြသည်။
ယခုမှ စတင်ပြီး ထိုစံအိမ်ကြီးက ချန်းရန်နှင့်မုရှောင်းနွမ်တို့၏ လက်ထပ်ပြီးကာစ ဟန်းနီးမွန်းအိမ်ကြီး ဖြစ်သွားလေပြီ။
လူနှစ်ယောက်၏ မင်္ဂလာပွဲကိုလည်း သုံးလနေလျှင် ခမ်းနားကြီးကျယ်စွာ ကျင်းပမည် ဖြစ်သည်။ ထိုအချိန်ကာလ အတောအတွင်းတွင် သူတို့နှစ်ယောက်က တောက်ပပြီး ရင်းနှီးလာကြသည်။
“ယောက်ျား ယောက်ျား ငါ ယောက်ျားအတွက် လိုက်ဖက်မယ့် ပုံစံဖြစ်လာတယ်လို့ ခံစားရတယ်”
“ဆိုတော့ ငါတို့က ဒီဖက်မှာ တော်တော်လေးကို လိုက်ဖက်တာပဲ”
ချန်းရန်နှင့် မုရှောင်းနွမ်တို့ကလည်း အကွာအဝေးခြားရာတွင် အနှုတ်လက္ခဏာပြသည်အထိ နီးကပ်နေကြပြီး လုံးဝကို နစ်မြုပ်နေကြသည်။
“ယောက်ျား ငါ့မှာ သတင်းကောင်းရှိတယ်”
သိပ်မကြာခင်မှာတင် မုရှောင်းနွမ်က သူမက ကိုယ်ဝန်ရှိနေကြောင်း သိလိုက်သည်။ ထို့ကြောင့် မင်္ဂလာပွဲနေ့တွင်ပင် မုရှောင်းနွမ်၏ ဗိုက်က သိသာလာသည်။
148 04
ကိုးလခန့်ကြာပြီးနောက်
ဝူး ဝူး ဝူး
ငိုသံများစွာ ထွက်လာပြီးနောက် အမြွှာကလေးနှစ်ယောက်က ဒီလောကထဲသို့ လုံခြုံစွာ ဝင်ရောက်လာလေသည်။
“ယောကျ်ား ဒီကလေးတွေအတွက် နာမည်တွေးမိလား”
မုရှောင်းနွမ်က ဆေးရုံကုတင်ပေါ်တွင် လဲနေပြီး အားနည်းနေသော ပုံစံမျိုးလေးနှင့် ဖြစ်နေသည်။ သို့သော် မိခင်တစ်ယောက်ဖြစ်ရသည့် ပျော်ရွှင်မှုကိုလည်း မဖုံးကွယ်ထားနိုင်ပေ။
“ယောကျ်ားလေးကို ချန်းနွမ်ယန်နဲ့ မိန်းကလေးကို မုရှီရွှယ်လို့ ခေါ်ရအောင်”
ချန်းရန်က ရယ်ပြီး ပြောသည်။
“သားလေးအတွက်ကတော့ သူ့ကို နေရောင်လို နွေးထွေးပြီးညင်သာတဲ့ ခပ်ထွားထွားကောင်လေးတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်တယ်။ သမီးလေးအတွက်ကတော့ မင်းလိုမျိုးလှပပြီး ချစ်စရာကောင်းရမယ်။ နှင်းဖြူလေးလိုမျိုး ပစ်ချက်ကင်းစွာနဲ့ နည်းနည်းလေးလည်း ဆိုးသွမ်းမှာပေါ့”
******