အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) တစ်သက်မှာ တစ်ခါသာ ကြုံရမည့် အခွင့်အရေး
ဆောင်းပါး၏ မှတ်ချက်ကဏ္ဍတွင် အင်တာနက် အသုံးပြုသူ အများအပြားမှာ စိတ်လှုပ်ရှားစွာ ရေးသား နေခဲ့ကြလေတော့သည်။ ဤကမ္ဘာကြီးသည် အလွန်မြန်ဆန်စွာ ပြောင်းလဲနေသည်ဟုသာ ဆိုရပေမည်။
[ငါးရံ့နက် နည်းပညာကုမ္ပဏီက ဒီလောက်အထိ အစွမ်းထက်တာလား... တကယ်လို့တောင် မယုံနိုင် သေးဘူး...]
[ကောင်းယွမ်က ကမ္ဘာကြီးကို အုပ်စိုးတော့မှာလား...]
[အပြင်ကမ္ဘာမှာ ဘာတွေပဲဖြစ်ဖြစ်... ငါတို့ရဲ့ မိခင်နိုင်ငံတော်ကြီး ပြန်လည် စည်းလုံးသွားဖို့ကသာ အရေး ကြီးဆုံးပဲ...]
ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုဆီသို့ ဦးတည်သွားနေသော ကောင်းယွမ်သည် သူ၏ လုပ်ရပ်များကြောင့် ကမ္ဘာကြီးအပေါ် မည်မျှအထိ နက်ရှိုင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို မသိနိုင်ခဲ့ပေ။
ထိုအချိန်၌ ရှနိုင်ငံ၏ အုပ်ချုပ်ရေးဗဟိုဌာနတွင် အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပနေခဲ့လေသည်။
ကျိုးကျန်းလီသည် အဓိကနေရာတွင် ထိုင်နေသော်လည်း သူ၏ မျက်မှောင်များမှာ ကြုတ်နေခဲ့၏။
အခြေအနေများမှာ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အပြောင်းအလဲတိုင်းတွင် အန္တရာယ်နှင့် အကျိုးအမြတ်မှာ ဒွန်တွဲနေတတ်ပေသည်ပင်။
"အားလုံးပဲ... အမေရိကန်ရဲ့ စစ်အင်အား ဖျက်သိမ်းခံလိုက်ရတာကို သိကြမှာပါ... ငါတို့ရဲ့ ဂြိုဟ်တုတွေ ကနေတစ်ဆင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိခဲ့တယ်... စစ်သင်္ဘောတစ်စင်းက အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော အားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ... အခု ငါတို့က လမ်းဆုံလမ်းခွကို ရောက်နေ ပြီ... နောက်ထပ် ဘာဆက်လုပ်သင့်သလဲ..."
"အရာရှိကျိုး... ဒီစစ်သင်္ဘောက ငါးရံ့နက် နည်းပညာကုမ္ပဏီကပိုင်တာ သေချာလား..."
ကျိုးကျန်းလီက ခေါင်းခါပြလိုက်လေ၏။
"အတည်ပြုချက်တော့ မရသေးဘူး... ဒါပေမဲ့ သေချာသလောက် ရှိနေပါပြီ..."
ထိုအချိန်တွင် ရှနိုင်ငံ စစ်တပ်၏ ဒုတိယ စစ်သေနာပတိချုပ် လီကော်ချန်က စကားပြောလာခဲ့လေသည်။
"အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းသွားတဲ့အတွက် နေရာအတော်များများမှာ အင်အားလစ်လပ် သွားလိမ့် မယ်... အရေးကြီးတဲ့ နေရာတွေမှာလည်း စစ်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်... ငါတို့ ကြိုတင်ပြင် ဆင်မှုတွေ လုပ်ထားသင့်တယ်... ဒါ့ပြင် ထိုင်ဝမ်ကျွန်းကိုလည်း ချက်ချင်း ပြန်လည် သိမ်းပိုက်ရပါ မယ်..."
"ဘဏ္ဍာရေးဆိုင်ရာ ဂယက်ရိုက်မှုတွေနဲ့ စစ်ပွဲတွေကတော့ ရှောင်လွှဲလို့ မရနိုင်ဘူး... ငါတို့ဆီမှာ အမေရိကန် ဒေါ်လာ အမြောက်အမြား ရှိနေသေးတယ်... အမေရိကန် ဒေါ်လာကလည်း မကြာခင် ပြိုလဲ တော့မယ်လို့ ခန့်မှန်းရတယ်... အမေရိကန်က အခု အားလုံးကို ဖွင့်ပေးထားပြီဖြစ်လို့ အမေရိကန်ရဲ့ အစားအစာ၊ ရေနံနဲ့ သယံဇာတတွေကို အရှိန်အဟုန်နဲ့ ဝယ်ယူဖို့ ငါ အကြံပြုချင်တယ်... လက်ထဲက အမေရိကန် ဒေါ်လာတွေကို နှစ်လအတွင်း ကုန်အောင် သုံးပစ်ရပါမယ်..."
ကျိုးကျန်းလီက ခေါင်းညိတ်လိုက်လေသည်။
"ဆရာ... အခြေအနေတွေ ဆိုးရွားလာရင် ငါတို့ရဲ့ စစ်သင်္ဘောတွေကို ကမ္ဘာတစ်ဝန်းက အပူပိုင်းဒေသ တွေဆီ စေလွှတ်ထားသင့်သလား... ဒါ့အပြင် အချို့နေရာတွေက ငါတို့ နိုင်ငံသားတွေကို ပြန်လည် ခေါ် ယူဖို့ ပြင်ဆင်ထားသင့်သလား..."
ကျိုးကျန်းလီ မျက်မှောင်ကြုတ်မိသွားလေ၏။ လုပ်ဆောင်ရမည့် ကိစ္စများမှာ များပြားလွန်းလှပေသည်။
"အခု နောက်ထပ် အရေးကြီးတဲ့ ပြဿနာတစ်ခု ရှိသေးတယ်..."
ကျိုးကျန်းလီက အောက်သို့ ငုံ့ကြည့်ကာ ပြောလိုက်သော်လည်း အားလုံးကမူ အမှန်တရားကို သိနေကြ ပြီး မည်သူမျှ ထုတ်မပြောကြပေ။ ရှေ့ဆက်မည့် ကိစ္စရပ်တိုင်းတွင် ကောင်းယွမ်၏ သဘောထားမှာ အလွန်ပင် အရေးကြီးလှပေသည်။
"ကောင်းယွမ်ရဲ့ နောက်ထပ်ခြေလှမ်းက ဘာလဲ... ဒါက အဆုံးသတ်လား... ဒါမှမဟုတ် နောက် ထပ် စီမံကိန်းတွေ ရှိနေသေးသလား..."
ဤမေးခွန်း၏ အဖြေကို မည်သူမျှ မသိနိုင်ကြပေ။
ကျိုးကျန်းလီက တစ်ယောက်ကို ခေါ်လိုက်လေသည်။
"ဒါရိုက်တာချင်... မင်း လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကောင်းယွမ်နဲ့ တွေ့ခဲ့တာမလား... ပြောပါဦး... သူ့အပေါ် မင်းရဲ့ အမြင်က ဘယ်လိုရှိသလဲ..."
ချင်ထျဲ့ကျွင်းက ခဏမျှ စဉ်းစားလိုက်၏။
"ကောင်းယွမ်မှာ ကြီးမားတဲ့ ရည်မှန်းချက် ရှိတယ်လို့ ငါ မထင်ဘူး... ငါ သူနဲ့အကြိမ်ပေါင်းများစွာ တွေ့ခဲ့ ဖူးတယ်... သူက ပေါင်းစပ်စွမ်းအင် နည်းပညာ၊ ဘက်ထရီ နည်းပညာသစ်နဲ့ အုပ်ဆေး နည်းပညာအသစ် တွေကို နိုင်ငံတော်ကို ပေးအပ်ခဲ့တယ်... ငါးရံ့နက် နည်းပညာအဖွဲ့က အခု သိပ္ပံအကယ်ဒမီမှာ အချက်အ လက်တွေ လွှဲပြောင်းပေးနေတယ်... "
"အကယ်၍ ကောင်းယွမ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေရင် ဒီနည်းပညာတွေကို လက်ထဲမှာ ထားပြီး ပိုပြီး အသာစီးယူနိုင်တာပေါ့... ဒါကြောင့် အမေရိကန်ကို လက်နက်ဖြုတ်သိမ်းလိုက်တာက စီးပွားရေးအရ ဆုံးဖြတ်ချက်တစ်ခုလို့ပဲ ငါထင်တယ်..."
ထိုအခါ တစ်ဦးက ဝင်ပြောလိုက်၏။
"ခေတ်ကာလတွေက ပြောင်းလဲသွားပြီ... ကောင်းယွမ်က အရင်က စီးပွားရေးသမား တစ်ယောက် ဖြစ် ခဲ့ပေမဲ့ အခု စစ်သင်္ဘောတွေ ရှိနေမှတော့ စီးပွားရေးသမား တစ်ယောက်အနေနဲ့ပဲ ကျေနပ်နေပါဦးမ လား... "
"ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်... ကောင်းယွမ်က ဒီစစ်သင်္ဘောတွေကို ဘယ်ကရတာလဲ... သက်ဆိုင်ရာ ဌာနတွေက ဘာသတင်းအချက်အလက်မှ မရထားဘူးလား..."
လုံခြုံရေးဌာန ညွှန်ကြားရေးမှူး လီတာ့ကုန်းက ချက်ချင်းပင် ပြောလိုက်လေသည်။
"ငါတို့ ကောင်းယွမ်ကို စုံစမ်းခဲ့ပြီးပါပြီ... ဒါရိုက်တာချင်နဲ့လည်း ဆွေးနွေးခဲ့တယ်... ကောင်းယွမ်ရဲ့ ဇာတိ အိမ် နောက်ဖေးခြံထဲမှာ ဂြိုဟ်သားတွေရဲ့ အကြွင်းအကျန်တွေ ရှိနေမယ်လို့ ငါတို့ သံသယရှိတယ်... အဲ့ နေရာမှာ ဉာဏ်ရည်တု ထုတ်လုပ်ရေး အခြေစိုက်စခန်းတောင် ရှိနေနိုင်တယ်... ကောင်းယွမ်ရဲ့ အရင်က လှုပ်ရှားမှုတွေက ပုံမှန်ပါပဲ... သူ ဒေဝါလီခံပြီး ဇာတိရွာကို ပြန်သွားပြီးနောက်ပိုင်းမှသာ ထူးခြားမှုတွေ ဖြစ်လာခဲ့တာ..."
"တည်းဖြတ်စက်၊ အပူချိန်ထိန်းအဝတ်အစား၊ လက်ပတ်ဖုန်း... ဒါတွေ အားလုံးက အဲ့နောက်ပိုင်းမှ ဖြစ်လာတာပဲ... အဲ့ဒါအပြင် ငါတို့ ကောင်းယွမ်ရဲ့ နည်းပညာအဖွဲ့ကို စုံစမ်းကြည့်တော့ အိမ်ထောင် စုစာရင်း စနစ်မှာ သူတို့ကို လုံးဝ ရှာမတွေ့ဘူး... "
"လူတစ်ယောက် နှစ်ယောက်ဆိုရင်တော့ လွဲချော်တာ ဖြစ်နိုင်ပေမဲ့ ရာနဲ့ချီတဲ့လူတွေ ရှာမတွေ့ဘူးဆို ရင်တော့ ဒါက တစ်ခုပဲ ဖြစ်နိုင်တယ်... ကောင်းယွမ်ရဲ့ အဖွဲ့က ရှနိုင်ငံက မဟုတ်ဘူးဆိုတာပဲ... ဒါပေမဲ့ လူအများကြီး ခိုးဝင်လာဖို့ကလည်း မဖြစ်နိုင်ဘူး... ဒါကြောင့် အဲ့ဒီနည်းပညာအဖွဲ့တွေဟာ စက်ရုပ်တွေ ဖြစ်နိုင်တယ်လို့ ဒါရိုက်တာချင်က သံသယရှိခဲ့တာပဲ..."
ချင်ထျဲ့ကျွင်းက ခေါင်းညိတ်လိုက်၏။
"ငါ ကောင်းယွမ်ကို စမ်းသပ်ကြည့်ခဲ့တယ်... သူ့ရဲ့ နည်းပညာအဖွဲ့က ဉာဏ်ရည်တု စက်ရုပ်တွေနဲ့ ဖွဲ့စည်းထားတာကို အတည်ပြုနိုင်ခဲ့တယ်... ဒါပေမဲ့ သူတို့ရဲ့ ဉာဏ်ရည်က အလွန်မြင့်မားလွန်းလို့ အားနည်းချက်ကို ရှာဖို့ မလွယ်ဘူး... "
"ဒါပေမဲ့လည်း ဒါရိုက်တာလီက အချို့သော သက်သေတွေကိုတော့ တွေ့ရှိခဲ့တယ်... မှတ်တမ်း မရှိတာ က တစ်ပိုင်းပေါ့... ကောင်းယွမ်ရဲ့ နည်းပညာအဖွဲ့က လူတွေမှာ ကြီးမားတဲ့ အားနည်းချက် တစ်ခုရှိတယ် ... ငါတို့ ကျားရီကို စောင့်ကြည့်ခဲ့တဲ့အခါမှာ သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်က (၃၆) ဒသမ (၂) ဒီဂရီ ဆဲလ်စီး ယပ်စ်မှာပဲ ပုံသေ ရှိနေတယ်... ဘာမှ ပြောင်းလဲမှု မရှိဘူး... "
"သိပ္ပံအကယ်ဒမီကို လာရောက် ဆက်သွယ်တဲ့ နည်းပညာရှင်တွေကိုလည်း ငါတို့ စောင့်ကြည့်ခဲ့တယ်... သူတို့ရဲ့ အပူချိန်တင်မကဘဲ နှလုံးခုန်နှုန်းကလည်း တစ်မိနစ်ကို (၈၈) ကြိမ်ပဲ အမြဲတမ်း ခုန်နေခဲ့တယ်..."
"ဒီအချက်ကိုတော့ ကျုံးအဘိုးကြီးက သက်သေပြနိုင်လိမ့်မယ်... လူသားတွေမှာ စိတ်လှုပ်ရှားမှုတွေ ရှိ တတ်ပြီး အိပ်နေချိန် ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်နေချိန်မှာ နှလုံးခုန်နှုန်းက ပုံသေ မရှိနိုင်ဘူး... ဒါ ကြောင့် ကောင်းယွမ်ရဲ့ နည်းပညာအဖွဲ့က လူသားပုံစံ စက်ရုပ်တွေ ဖြစ်တယ်ဆိုတာ ငါ အတည်ပြုနိုင် ခဲ့တယ်..."
ကျိုးကျန်းလီက ဤအချက်ကို သိရှိထားသော်လည်း အစည်းအဝေး တက်ရောက်လာသူ အတော် များများမှာမူ မသိရှိကြသေးပေ။ ထို့ကြောင့် ချင်ထျဲ့ကျွင်း စကားပြောပြီးသည့်နောက်တွင် အားလုံးမှာ အံ့အားသင့်သွားခဲ့ကြလေတော့သည်။
"ဒါရိုက်တာချင်... ကောင်းယွမ်က ဉာဏ်ရည်တု စက်ရုပ်တွေကို ထုတ်လုပ်နေနိုင်တာလား..."
"ဟုတ်တယ်... ငါ ခန့်မှန်းကြည့်တာတော့ သူ တကယ်ပဲ ဂြိုဟ်သား အခြေစိုက်စခန်းတစ်ခုကို ရှာတွေ့ခဲ့ တာ ဖြစ်နိုင်တယ်... အထဲက ဂြိုဟ်သားတွေက တစ်စုံတစ်ရာကြောင့် ပျောက်ကွယ်သွားပေမဲ့ စက် ကိရိယာတွေကတော့ အသုံးဝင်နေဆဲ ဖြစ်လိမ့်မယ်... "
"ကောင်းယွမ်က ဒီစက်တွေနဲ့ ဉာဏ်ရည်တု စက်ရုပ်တွေကို ဖန်တီးပြီး ထိုစက်ရုပ်တွေနဲ့ ဂြိုဟ်သား မှတ် တမ်းတွေကို အသုံးပြုပြီးတော့ အဆင့်မြင့် နည်းပညာတွေကို ထုတ်ဖော်နေတာ ဖြစ်နိုင်တယ်... အခု စစ်သင်္ဘောကလည်း ဂြိုဟ်သားတွေရဲ့ စစ်သင်္ဘော ဖြစ်နိုင်ပြီး အရင်က ပျက်စီးနေခဲ့ရာကနေ အခု ကောင်းယွမ်က ပြုပြင်လိုက်တာ ဖြစ်နိုင်တယ်..."
လီကော်ချန်းက ချင်ထျဲ့ကျွင်းကို ကြည့်ကာ မေးလိုက်၏။
"မင်း ကောင်းယွမ်မှာ ပြဿနာရှိမှန်း သိနေတာပဲ... ဘာလို့ အဲ့ဒီဂြိုဟ်သား အကြွင်းအကျန်တွေကို မသိမ်းပိုက်ခဲ့တာလဲ..."
ချင်ထျဲ့ကျွင်းက ခါးသီးစွာ ပြုံးလိုက်လေသည်။
"ဒါရိုက်တာလီ... ပထမအချက်ကတော့ ဒါက ခန့်မှန်းချက်သက်သက်ပဲ ဖြစ်တယ်... ဒုတိယအချက်က တော့ အကယ်၍ ဒါက အမှန်ဖြစ်နေရင်တောင် ကောင်းယွမ်က သိမ်းပိုက်ခွင့် ပေးပါ့မလား... အခု မင်း သွားသိမ်းကြည့်ချင်လား..."
"အခုလား..."
တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့လေသည်။ ယခုအချိန်တွင် သွားရောက် သိမ်းပိုက်ရန်မှာ မည်သို့မျှ မဖြစ် နိုင်တော့ပေ။
ကျိုးကျန်းလီက လက်ယမ်းပြလိုက်၏။
"သိမ်းပိုက်မယ့် ကိစ္စကို ထားလိုက်ပါတော့... ဒါရိုက်တာချင်... ကောင်းယွမ်က ယုံကြည်ရတဲ့သူလို့ မင်း ထင်သလား..."
"သူ အရင်က စက်မှုဇုန် တည်ထောင်ခဲ့တာနဲ့ အခု နည်းပညာတွေကို ထုတ်ဖော်ပြသခဲ့တာကို ကြည့်ရင် သူက နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ် အပြည့်ရှိတယ်လို့ ယူဆရတယ်... သူက နိုင်ငံတော် အတွက် ခြိမ်းခြောက်မှု မရှိနိုင်ဘူး... ဒါကြောင့် ငါတို့ဘက်က ဆက်သွယ်မှုတွေကို ပိုကောင်းအောင် လုပ်နေမယ်ဆိုရင် ကောင်းယွမ်နဲ့ ငါးရံ့နက် ကုမ္ပဏီက ရှနိုင်ငံအတွက်ပဲ ဖြစ်နေပါလိမ့်မယ်..."
ကျိုးကျန်းလီ သက်ပြင်းချနိုင်သွားခဲ့လေသည်။
"အဲဒါဆိုရင်တော့ ငါတို့ ဘာမှ ပူစရာ မရှိတော့ဘူး... ဒါက တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အခွင့် အရေးပဲ... ထိုင်ဝမ်ကျွန်းကို ပြန်သိမ်းကြမယ်... အရှေ့တောင်အာရှ နိုင်ငံတွေကို ရှမန်ကျွန်းကို ဖိတ်ခေါ် ပြီး အရှေ့တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပမယ်... ငါတို့ရဲ့ ပိုင်နက်ရေပြင်တွေကို သတ်မှတ်မယ်... ငါတို့ရဲ့ စစ်သင်္ဘောတွေကိုလည်း ကမ္ဘာအနှံ့ စေလွှတ်ပြီး ငါတို့ရဲ့ ရပိုင်ခွင့်တွေကို ကြေညာရမယ်..."
"ဟုတ်ကဲ့ပါ..."
ကမ္ဘာကြီး၏ ပြောင်းလဲမှုများအကြားတွင် ကောင်းယွမ်မှာမူ အာကာသ၏ ရှုခင်းများကို ကြည့်ရှု ခံစား နေခဲ့လေသည်။ အဆုံးမဲ့ အမှောင်နေသော စကြဝဠာကြီးထဲတွင် ခရီးနှင်နေချိန်မှသာ လူသားတစ်ဦး၏ သေးငယ်မှုကို ခံစားမိရပေသည်။ စစ်သင်္ဘောကြီးမှာ ကမ္ဘာပေါ်တွင် အလွန်ကြီးမားသော်လည်း စကြာ ဝဠာကြီးထဲတွင်မူ ဖုန်မှုန့်တစ်စမျှသာ ဖြစ်ပေတော့သည်။