← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း (၁၁၆)

နည်းပညာနတ်ဘုရား ဖြစ်လာခြင်း။

အချက်အလက်များကို ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် ရုတ်တရက် မော့ကြည့်ကာ မေးလိုက်လေ သည်။

"တကယ်လို့သာ အဲဒီလိုဆိုရင်... ခင်ဗျားက ဘာလို့ ကျွန်တော့်ကို လေနဲ့ရေ ထောက်ပံ့ပေးဖို့ ပြောခဲ့ရတာ လဲ..."

"ယဉ်ကျေးမှုတစ်ခုရဲ့ အခိုင်မာဆုံး အခြေခံအုတ်မြစ်ဆိုတာ ဉာဏ်ရည်မြင့် စက်ပစ္စည်းတွေ မဟုတ် ဘူးကွ… ဉာဏ်ရည်ရှိတဲ့ သက်ရှိတွေပဲ ဖြစ်ရမယ်... ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုက အလုပ်သမား တွေဟာ ဒီကမ္ဘာပေါ်မှာ အလုပ်အကြိုးစားဆုံးနဲ့ စိတ်ဓာတ် အတက်ကြွဆုံး လူတွေပဲ... သူတို့က မျှော်လင့်ချက်ရဲ့ မီးပွားလေးတွေမို့လို့... သူတို့ကို ကာကွယ်ဖို့ ငါ အစွမ်းကုန် ကြိုးစားသွားမှာ..."

"ပြီးတော့..."

"ပြီးတော့ ဘာဖြစ်သေးလဲ..."

ကောင်းယွမ်က မေးလိုက်လေ၏။

"အကယ်၍ ဉာဏ်ရည်မြင့် စက်ပစ္စည်းတွေ အားလုံး အလုပ်မလုပ်တော့တဲ့ အခြေအနေမျိုးကို ရောက် လာခဲ့ရင်... ငါတို့က ဒီလူတွေကိုပဲ အားကိုးရတော့မှာလေ..."

*အားလုံးက အလုပ်မလုပ်တော့ဘူး ဟုတ်လား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...*

ကောင်းယွမ်သည် ထိုစကားကို မယုံကြည်ပေ။

ကောင်းချိုးက ကောင်းယွမ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

"ဘာမဆို ဖြစ်နိုင်တာပဲ... လူသားရဲ့ ဦးနှောက်တောင်မှ အလုပ်မှားယွင်းပြီး သူငယ်ပြန်တာမျိုး ဖြစ်နိုင် သေးတာပဲ... စက်ပစ္စည်းတွေက လူသားဦးနှောက်လောက် ဆန်းကြယ်မှု မရှိပါဘူး..."

ကောင်းချိုးတွင် အခြားသော စီမံကိန်းတစ်ခု ရှိနေရမည်ဟု ကောင်းယွမ် ခံစားလိုက်ရသော်လည်း ထိုသူ က သူ့အား ပြောပြလိုပုံ မရပေ။ သူသည် အဖြေတစ်ခု ရရှိရန်အတွက်သာ ဤနေရာသို့ အပြေးအလွှား လာခဲ့ခြင်း ဖြစ်ပေ၏။

ယခုမူ သူ အဖြေရရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ထွက်ခွာရန် အချိန်တန်ပြီ ဖြစ်၏။

ကောင်းယွမ်သည် လက်ရှိကမ္ဘာတွင် လှိုင်းတံပိုးကြီးတစ်ခုကို ဖန်တီးခဲ့ပြီးပြီ ဖြစ်ချေသည်။ ကမ္ဘာကြီး မည်သည့်ဆီသို့ ဦးတည်သွားမည်နည်း ဆိုသည်မှာ သူ၏ အတွေးပေါ်တွင်သာ မူတည်နေသော်လည်း ကောင်းချိုးနှင့် တွေ့ပြီးသည့် နောက်မှသာ သူ၏ ဆုံးဖြတ်ချက်မှာ ခိုင်မာသွားခဲ့ခြင်း ဖြစ်သည်။

သူ မတ်တတ်ရပ်လိုက်၏။

"အဘိုးကြီး... ခင်ဗျားကို ကျွန်တော် ဘယ်လို ခေါ်ရမလဲ... အဖေလား ဒါမှမဟုတ် အဘိုးလား..."

"ဒါက နာမည်ဝှက်တစ်ခု သက်သက်ပါပဲ... မင်း နှစ်သက်သလို ခေါ်နိုင်ပါတယ်..."

"နောင်ဆိုရင် ခင်ဗျားကို စစ်သေနာပတိချုပ်ကြီး လို့ပဲ ကျွန်တော် ခေါ်တော့မယ်..."

ထိုသို့ ခေါ်လိုက်သည်ကို ကြားသောအခါ ကောင်းချိုး၏ နှုတ်ခမ်းများမှာ တုန်ယင်သွားသော်လည်း တိတ်ဆိတ်လျက်ရှိနေခဲ့လေသည်။

"စစ်သေနာပတိချုပ်ကြီး... ကျွန်တော် အခု သွားပါတော့မယ်... ကျွန်တော့်ကို ထွက်ပေါက်အထိ လိုက်ပို့ ပေးလို့ရမလား... ကျွန်တော့်ဘာသာကျွန်တော်ဆိုရင်တော့ လမ်းပျောက်နေလိမ့်မယ်... ဒါနဲ့... ကျွန်တော် လာနေတာကို ခင်ဗျား ဘယ်လို သိတာလဲ..."

"ဒီလမ်းကြားထဲမှာ တီကောင်တစ်ကောင် ပိုလာရင်တောင် ငါ သိတယ်... လူတစ်ယောက် လာတာကို ဘာလို့ မသိဘဲ နေပါ့မလဲ... သွားတော့... နောက်ထပ် သုံးနှစ်အတွင်း ငါ့ဆီကို လာမတွေ့နဲ့ဦး... သုံးနှစ် ကြာတဲ့အခါကျရင်တော့ လူပေါင်း တစ်ဘီလီယံအတွက် လုံလောက်တဲ့ ရေ၊ လေ... ဒါမှမဟုတ် အစား အစာတွေကို ငါ အလိုရှိတယ်..."

*သုံးနှစ်... ဘာကြောင့် သုံးနှစ် ဖြစ်ရတာလဲ…*

ကောင်းယွမ် ခေါင်းညိတ်လိုက်လေ၏။

"စစ်သေနာပတိချုပ်ကြီး... ဒါဆိုရင် အတည်ပဲနော်... သုံးနှစ်ကြာတဲ့အခါ ခင်ဗျားအတွက် မြေးအစစ် တစ်ယောက်ကို ကျွန်တော် ခေါ်လာခဲ့မယ်..."

"မင်း မသွားခင်မှာ ငါ လက်ဆောင်တစ်ခု ပေးလိုက်ဦးမယ်..."

"ဘာလဲ..."

"အချိန်နှင့်အာကာသတံခါး ရဲ့ နောက်ထပ် လုပ်ဆောင်ချက် တစ်ခုပေါ့..."

*အယ်... အချိန်နှင့်အာကာသတံခါးမှာ ကမ္ဘာနှစ်ခုကြား ကူးလူးတာအပြင် တခြား လုပ်ဆောင်ချက် ရှိ သေးလို့လား...*

ကောင်းယွမ် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။

"အချိန်နှင့်အာကာသတံခါး ဆိုတာ ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးထားတဲ့ ဟင်းလင်းပြင်လှိုဏ်ခေါင်း တစ်ခုပဲ... ဒါပေမဲ့ သုံးဖက်မြင် ကမ္ဘာက ရုပ်ဝတ္ထုဆိုင်ရာ လှိုဏ်ခေါင်းမျိုး မဟုတ်ဘဲ အချိန်နှင့်အာကာသ ဟင်းလင်းပြင်လှိုဏ်ခေါင်း လို့ ပြောရမယ်... ဒါဟာ လေးဖက်မြင် ကမ္ဘာရဲ့ အစိတ်အပိုင်း တစ်ခုပဲ... "

"လေးဖက်မြင် အာကာသထဲမှာ အချိန်ဆိုတာ ထိန်းချုပ်လို့ရတဲ့ ကိန်းသေတစ်ခု ဖြစ်တယ်... ဒါကြောင့် အချိန်နှင့်အာကာသတံခါး ဟာ သီအိုရီအရ အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်တယ်..."

*ဘာကို ဆိုလိုတာလဲ... အချိန်ကို ထိန်းချုပ်တာ ဟုတ်လား...*

ကောင်းယွမ်သည် ကောင်းကောင်း နားမလည်ပေ။ အချိန်ကို မြန်အောင် သို့မဟုတ် နှေးအောင် လုပ်၍ ရသော်လည်း ပြန်လှည့်၍ မရကြောင်း ကောင်းကန့် ပြောခဲ့သည်ကို သူ မှတ်မိနေသေးသည်။

"သီအိုရီအရ လေးဖက်မြင် ကမ္ဘာရဲ့ ဘယ်အမှတ်ကိုမဆို သုံးဖက်မြင် ကမ္ဘာအဖြစ် ချဲ့ကားနိုင်တယ်... ဒါပေမဲ့ ကမ္ဘာတိုင်းဟာ အမှောင်စွမ်းအင် ရဲ့ ထောက်ပံ့မှုကို လိုအပ်တယ်... မင်းမှာ အမှောင်စွမ်းအင် လုံလောက်မှု မရှိပေမဲ့ ငါက ဒီအချိန်နှင့်အာကာသ ဗဟိုချက်ကို ပြုစုပျိုးထောင်ဖို့အတွက် အမှောင် ဒြပ်ထု အမြောက်အမြားကို စုဆောင်းခဲ့ပြီးပြီ... "

"အမှောင်ဒြပ်ထု ဟာ အမှောင်စွမ်းအင်ကို ထုတ်လွှတ်ပေးနိုင်တယ်... ဒါကတော့ အမှောင်ဒြပ်ထု ဓာတ် ပေါင်းဖို ပဲ... အခု ဒါကို မင်းကို ပေးလိုက်မယ်..."

*အမှောင်ဒြပ်ထု ဆိုတာ ဘာလဲ...*

ကောင်းယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေ၏။

"အမှောင်ဒြပ်ထု ဆိုတာ အလွန်အားပျော့ပြီး အပြန်အလှန် သက်ရောက်မှုရှိတဲ့ ဧရာမ အမှုန်တွေနဲ့ ဖွဲ့စည်းထားပြီး မမြင်နိုင်တဲ့ ဒြပ်ထုတွေပဲ ဖြစ်တယ်..."

"ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ... ဒါကို ဘယ်လို သုံးရမလဲ..."

ကောင်းယွမ်သည် နားမလည်သောကြောင့် ဆက်၍ နားမထောင်လိုတော့ပေ။ အမှောင်ဒြပ်ထု ဆိုသည် မှာ အဘယ်နည်းကို သူ ဂရုမစိုက်ပေ။ အသုံးပြုပုံ သိလျှင်ပင် လုံလောက်လှပြီ ဖြစ်၏။ ဝိုင်ဖိုင် သုံးရန် အတွက် ဝိုင်ဖိုင် မည်သို့ အလုပ်လုပ်သည်ကို သိရန် လိုအပ်ပါသလော။

"အသုံးပြုတဲ့အခါ ဒီခလုတ်ကို ဖွင့်လိုက်ပါ... ခလုတ်ပွင့်သွားတာနဲ့ အမှောင်စွမ်းအင်တွေ ထွက်ပေါ်လာ လိမ့်မယ်... အဲဒီအချိန်မှာ အချိန်နှင့်အာကာသတံခါး ကို အသက်သွင်းလိုက်ရုံပဲ... အမှောင်စွမ်းအင်ရဲ့ အကူအညီနဲ့ အချိန်နှင့်အာကာသတံခါး ဟာ မင်းရဲ့ ကမ္ဘာနဲ့ ထပ်တူကျနေတဲ့ စိတ်ကူးယဉ် သုံးဖက်မြင် ကမ္ဘာ တစ်ခုကို ဖန်တီးပေးလိမ့်မယ်... အဲ့ဒီစိတ်ကူးယဉ် သုံးဖက်မြင်ကမ္ဘာ အတွင်းမှာ အမှောင်စွမ်းအင် ရဲ့ ပြင်းအားကို ထိန်းချုပ်ခြင်းအားဖြင့် အချိန်စီးဆင်းမှုကို မင်း ထိန်းချုပ်နိုင်လိမ့်မယ်..."

"ဒီမှာ ရှိတဲ့ အနီရောင် ခလုတ်က လွှမ်းမုံခြုံငုံတဲ့ ဧရိယာကို ထိန်းချုပ်တာ ဖြစ်ပြီး အစိမ်းရောင် ခလုတ်က အချိန်စီးဆင်းမှုနှုန်းကို ထိန်းချုပ်တာပဲ... အစိမ်းရောင် ခလုတ်မှာ အမှတ်အသား (၃၆) ခု ပါတယ်... အနှုတ်ကိန်းတွေက အချိန်ကို နှေးကွေးစေပြီး အပေါင်းကိန်းတွေက အချိန်ကို မြန်ဆန်စေတယ်... "

"အမြန်ဆုံးက (၁၈) ဆ ဖြစ်ပြီး အနှေးဆုံးကတော့ (၁၈) ပုံ (၁) ပုံပဲ... အနီရောင် ခလုတ်မှာလည်း အမှတ် အသား (၃၆) ခု ပါပြီး (၁) ဆိုတာက မီတာ (၁၀၀) ပတ်လည် ဧရိယာကို ကိုယ်စားပြုသလို (၃၆) ဆိုတာ က မီတာ (၃၆၀၀) ပတ်လည် ဧရိယာကို ကိုယ်စားပြုတယ်..."

ကောင်းယွမ်သည် ထိုအနက်ရောင် သေတ္တာလေးကို ကိုင်ကြည့်လိုက်ရင်း ဒါဟာ ဒဏ္ဍာရီပုံပြင်တွေထဲက နတ်ဘုရားတွေရဲ့ လက်နက်တစ်ခုလိုပဲဟု ခံစားလိုက်ရလေသည်။

သတ်မှတ်ထားသော ဧရိယာအတွင်း အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်ခြင်း ဖြစ်၏။

"စစ်သေနာပတိချုပ်ကြီး... အဲဒီ ဧရိယာထဲမှာ ကျွန်တော်ရော သက်ရောက်မှု ရှိလား..."

"မင်းက အချိန်နှင့်အာကာသတံခါး ရဲ့ ပေါင်းစပ်မှု ဖြစ်တဲ့အတွက် မင်းအပေါ်မှာ သက်ရောက်မှု မရှိဘူး... မင်းဟာ သုံးဖက်မြင် ကမ္ဘာက လူသားတစ်ဦး ဖြစ်တဲ့အတွက် မင်းရဲ့ ကမ္ဘာမှာ အချိန်စီးဆင်းမှုက အမြဲ တမ်း ပုံသေပဲ ရှိနေလိမ့်မယ်..."

"ဒါကို ကျွန်တော်က ဘာအတွက် သုံးရမှာလဲ..."

"နတ်ဘုရားတစ်ပါး ဖန်တီးဖို့ပေါ့... မင်းက ကမ္ဘာနှစ်ခုလုံးရဲ့ နည်းပညာနတ်ဘုရား ဖြစ်လာစေရမယ်... ဖြစ်နိုင်ရင်တော့ အနာဂတ်မှာ အချိန်နှင့်အာကာသတံခါး ကို ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးတဲ့ အချိန်နှင့် အာကာသ လှိုဏ်ခေါင်းအဖြစ် ချဲ့ကားနိုင်လိမ့်မယ်..."

ကောင်းယွမ်သည် သူ၏ စိတ်ကူးများထဲတွင် နစ်မျောနေခဲ့လေ၏။ အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်ပြီး ကမ္ဘာနှစ်ခုကြား ကူးလူးနိုင်ခြင်းမှာ တကယ်ပင် ဖြစ်နိုင်ခြေ ရှိပေသည်။

"စစ်သေနာပတိချုပ်ကြီး... ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါပြီ..."

"ကောင်းပြီ... အခုပဲ ပြန်တော့..."

"စစ်သေနာပတိချုပ်ကြီး... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ..."

"ငါ မသေနိုင်ပါဘူး..."

ကောင်းယွမ် ထွက်ခွာလာစဉ် နောက်သို့ ပြန်ကြည့်လိုက်ရာ ကျောက်အိမ်၏ အဝင်ဝတွင် ရပ်နေသော ကောင်းချိုးကို တွေ့လိုက်ရသည်မှာ သူ ငယ်စဉ်က ကျောင်းသွားတိုင်း လိုက်ပို့နေကျ ပုံစံအတိုင်းပင် ဖြစ်၏။

"ကျွန်တော် သွားတော့မယ်... "

ကောင်းချိုးက လက်ယမ်းပြလိုက်လေသည်...။

ကောင်းယွမ်သည် သတ္တုတွင်းအတွင်းမှ ခိုးထွက်လာခဲ့ပြီး ဗက်စတာနှင့် ဝေးရာသို့ ရောက်သောအခါ သူ၏ စက်ရုပ်ဝတ်စုံကို ဝတ်ဆင်လိုက်၏။ သူ ပျံတက်သွားချိန်တွင် စစ်သင်္ဘောမှာ ပြန်လည် ရောက်ရှိ လာပြီး ကောင်းယွမ်သည် စစ်သင်္ဘောပေါ်သို့ တက်ကာ ကမ္ဘာမြေဆီသို့ ဦးတည်လိုက်လေသည်။

ကမ္ဘာမြေပေါ်ရှိ ပေကျင်းမြို့၊ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနတွင် ဆူးမူယန်၏ ရှေ့၌ ကောင်းယွမ်၏ စစ်သင်္ဘော ပျံသန်းမှု လမ်းကြောင်းကို ပြသထားသော မျက်နှာပြင်တစ်ခု ရှိနေခဲ့ပေ သည်။

"ဒီကောင်းယွမ်က အရင်ဆုံး လကမ္ဘာရဲ့ တစ်ဖက်ခြမ်းကို သွားတယ်... ပြီးတော့ ပျောက်သွားတယ်... ပြန်ပေါ်လာတော့ ဆီးရီးစ်ကို ပျံသန်းသွားပြီး အင်္ဂါဂြိုဟ်ကို တစ်ပတ်ပတ်တယ်... အခုတော့ ပြန်လာ နေပြီ... သူ အတိအကျ ဘာလုပ်ချင်နေတာလဲ..."

"အထွေထွေအတွင်းရေးမှူးချုပ်... လကမ္ဘာရဲ့ တစ်ဖက်ခြမ်းမှာ တစ်ခုခု ရှိနေတာလား..."

"ဘာပဲရှိရှိ... အဓိက မေးခွန်းက ကောင်းယွမ် ဘာစီမံကိန်း ရှိနေသလဲ ဆိုတာပဲ... လကမ္ဘာ တစ်ဖက်ခြမ်း ကို သွားတဲ့ ကင်းလှည့်အဖွဲ့က ဘာတွေ တွေ့ခဲ့လဲ..."

"ဘာသတင်းမှ မရသေးပါဘူး... အကယ်၍ တစ်ခုခု တွေ့ခဲ့ရင် သတင်းက ရောက်လာမှာပါ..."

"ကောင်းပြီ... ကောင်းယွမ်ကို အနီးကပ် စောင့်ကြည့်ထား..."

...

ဤအချိန်တွင် ကောင်းယွမ်သည် လုံကျင်း အာကာသဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်လေ သည်။ စစ်သင်္ဘော ဆိုက်ကပ်ပြီးနောက် လုံကျင်းမြို့သို့ ပြန်လာကာ (၂၀၂၄) ကလပ်သို့ ရောက်ရှိလာခဲ့ လေသည်။

ဤတစ်ကြိမ်တွင် ဟွမ်ဖူရှန်းမှာ ကောင်းယွမ်ကို ထိုနေရာ၌ စောင့်ဆိုင်းနေခဲ့၏။

"ဘာဖြစ်လို့လဲ အစ်မကြီးရှန်း..."

"အတွင်းရေးမှူးချုပ်ချင် ကလပ်ကို လာသွားပါတယ်..."

"ချင်ဖန်းဆုန် လား... ချင်ကန်းရဲ့ သားပေါ့... သူ ဒီမှာ ဘာလာလုပ်တာလဲ..."

"ကျွန်မလည်း မသိဘူး... ဒါပေမဲ့ သူက နျူးလန်ရှန်း၊ လျူဇီယွီ၊ ချင်ကန်းတို့နဲ့အတူ (၂၈) ထပ်မှာ တစ်မ နက်လုံး နေသွားတယ်... သူ ပြန်ခါနီးကျမှ သူဌေး ရှိလားလို့ မေးတယ်... မရှိဘူးလို့ ပြောလိုက်တော့ သူ ပြန်သွားတယ်..."

ကောင်းယွမ် စဉ်းစားခန်း ဝင်သွားခဲ့ရ၏။ နျူးလန်ရှန်းသည်လည်း လူသားဖယ်ဒရေးရှင်း ကောင်စီဝင် တစ်ဦးဖြစ်ရာ ချင်ဖန်းဆုန်နှင့် နီးစပ်ခြင်းမှာ သဘာဝကျပေသည်။ လျူဇီယွီမှာမူ စီမံခန့်ခွဲရေး အထွေထွေ အုပ်ချုပ်မှုဌာနမှ အရာရှိ ဖြစ်သော်လည်း သတ္တုတွင်းဗျူရိုမှာ ယခုအခါ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေ အုပ်ချုပ်မှုဌာန၏ လက်အောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

စက်ကိရိယာဌာနမှာမူ အာဏာများ အသိမ်းခံထားရပြီး အမြဲတမ်း ကြားနေဝါဒကို ကျင့်သုံးခဲ့သူ ဖြစ်၏။ ယခုမူ ချင်ဖန်းဆုန်နှင့် တိတ်တဆိတ် တွေ့ဆုံနေခြင်းမှာ သိသိသာသာပင် ဘက်လိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ပါသလော။

"ငါ နားလည်ပါပြီ... ဒါနဲ့ နန်ဝူရော ဘယ်မှာလဲ..."

"နန်ဝူကတော့ စက်ရုပ်ကို သွားယူတယ် ထင်တယ်... သူဌေး ခိုင်းထားတာလို့ ပြောသွားတယ်..."

"အင်း... စက်ရုပ်ကို ရလာရင် ဂိုဒေါင်ထဲမှာ ထားလိုက်ပါ... ငါ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်..."

ကောင်းယွမ်သည် လက်ရှိကမ္ဘာသို့ ပြန်သွားတော့မည် ဖြစ်၏။ သူ ထိုနေရာတွင် ပြဿနာကြီးတစ်ခုကို ဖန်တီးခဲ့ပြီး ယခုအခါ တစ်ရက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ အားလုံးက သူ့အား စောင့်ဆိုင်းနေကြ ပေလိမ့်မည်။

*ငါ အခုပဲ ပြန်သွားပြီး ငါ့ရဲ့ သဘောထားကို အတိအလင်း ဖော်ပြရမယ်...*

All Chapters