← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း (၁၁၈)

တိုက်ခိုက်မှု ဖြစ်စဉ်

"ဆရာမကျိုး... ဆရာမက တပည့်ပေါင်းများစွာကို ပြုစုပျိုးထောင်ပေးခဲ့တာပါ... အမြဲတမ်း ဝန်ထမ်း မ ဟုတ်ပေမဲ့ ကျွန်တော့်နှလုံးသားထဲမှာတော့ ဆရာမက တကယ်ကို အမွန်မြတ်ဆုံးပါပဲ... အဲဒီတုန်းက ဆရာမမှာ ဘာအတ္တမှ မရှိခဲ့သလို အပိုကြေးတွေလည်း မတောင်းခဲ့ဘဲ ကျွန်တော့်ကို လောကကြီးထဲ ရောက်အောင် လမ်းပြပေးခဲ့တာပါ... "

"ဆရာမက အမြဲတမ်း ဝန်ထမ်း မဟုတ်ခဲ့တဲ့အတွက် အခုကစပြီး ဆရာမတို့ရဲ့ တာဝန်ကို ကျွန်တော် ယူ ပါ့မယ်... မုကျား မူလတန်းကျောင်းမှာ နှစ်ပေါင်း (၂၀) ကျော် စာပြခဲ့တဲ့သူတွေဟာ ငါးရံ့နက် နည်းပညာ ကုမ္ပဏီ ကနေ တစ်လကို ပင်စင်လစာ ငါးထောင် ရရှိပါ့မယ်... (၁၀) နှစ်ကျော် စာသင်ပြပေးခဲ့သူတွေက သုံးထောင်နဲ့ ငါးနှစ်ကျော် စာပြခဲ့သူတွေက တစ်ထောင် ရရှိပါ့မယ်... ငါးရံ့နက် နည်းပညာကုမ္ပဏီ ဒေဝါလီမခံသရွေ့ ဒီကတိဟာ အတည်ဖြစ်နေမှာပါ..."

ကောင်းယွမ် စကားပြောပြီးသည့်အခါ သူ၏ရှေ့မှ ဆရာမကို ကြည့်ရင်း မျက်ဝန်းများ ရုတ်တရက် နီရဲ လာခဲ့လေတော့သည်။

"ကောင်းယွမ်... မင်း တကယ်ကို အတော်လေး လုပ်ပေးနိုင်ခဲ့ပါပြီ... တကယ်တော့ ဒီလိုတွေအထိ လုပ်ပေးဖို့ မလိုပါဘူး..."

"ဆရာမကျိုး... ဆရာမသာ မနက်ဖြန် ဒီမှာ ရှိနေသေးရင် ပထမလအတွက် ပင်စင်လစာကို ကျွန်တော် ကိုယ်တိုင် လက်ရောက် ပေးပါ့မယ်... ပြီးတော့ အသက် (၆၅) နှစ်ကျော်တဲ့ သူတိုင်းလည်း ငါးရံ့နက် နည်းပညာကုမ္ပဏီ ကနေ တစ်လကို ပင်စင်လစာ တစ်ထောင် ရရှိပါ့မယ်..."

ဤစကားကို ကြားလိုက်ရသည့်အခါ ရွာလူကြီးသည် ကောင်းယွမ်၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက် လေ၏။ သူ၏ နှုတ်ခမ်းများမှာ တုန်ယင်နေသော်လည်​ေ စကားတစ်ခွန်းသာ ပြောနိုင်ရှာတော့သည်။

"ကောင်းတယ်... ကောင်းတယ်..."

လင်းမေသည်လည်း အထင်ကြီး လေးစားသော အကြည့်များဖြင့် ဘေးမှ ကြည့်နေခဲ့ပေသည်။ ဤသူမှာ သူမ ငယ်စဉ်ကတည်းက အားကျခဲ့ရသော အိမ်နီးချင်း အစ်ကိုကြီး ကောင်းယွမ်ပင် ဖြစ်၏။

"ဥက္ကဋ္ဌကောင်း... အခမ်းအနား စတော့မယ်... အားလုံးကို စကားနည်းနည်းလောက် ပြောပေးပါဦး..."

ကျေးရွာ အတွင်းရေးမှူးသစ်မှာ လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပေသည်။ ကောင်းယွမ် ရွာသို့ ပြန်မ လာသည်မှာ ကြာပြီဖြစ်သဖြင့် သူ့အား သိပ်ရင်းနှီးချင်းမရှိပေ။

"ခင်ဗျားက... ဘယ်သူလဲ..."

"ဥက္ကဋ္ဌကောင်း... တာချင်းတောင်ပေါ်မှာ သစ်သီးပင်တွေ စိုက်တဲ့ အဘိုးကြီးဝူ ကို မှတ်မိသေးလား..."

"ဪ... ခင်ဗျားလား... ကျွန်တော် ငယ်ငယ်က ခင်ဗျားတို့ ခြံထဲက အသီးတွေကို အများကြီး ခိုးစားခဲ့ဖူး တယ်..."

"မဟုတ်ဘူး... အဲဒါ ကျွန်တော့်အဖေပါ..."

"ဪ... မှတ်မိပြီ... ခင်ဗျားဆီမှာ ခွေးကြီးတစ်ကောင် ရှိတယ်... တစ်ခါက ကျွန်တော့်နောက်ကို လိုက် ဆွဲလို့ အဘိုးကြီးဝူသာ မတားရင် ကျွန်တော် အကိုက်ခံရမှာ သေချာတယ်..."

ဝူကျန့်မိန်မှာ အနည်းငယ် အားနာသွားခဲ့ရလေသည်။

"ဟုတ်ပါတယ်... အဲဒီတုန်းက ကျွန်တော်က အချိန်ဖြုန်းနေခဲ့တာပါ... နောက်ပိုင်းကျတော့ အဖေက အဲဒီ ခွေးကို ရောင်းပစ်လိုက်ပါတယ်..."

ကောင်းယွမ် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်လေ၏။

"ဦးလေးဝူ... ခင်ဗျားက မုကျားရွာရဲ့ ပိုင်ရှင်ပဲလေ... ခင်ဗျားပဲ စကားပြောသင့်တာပေါ့..."

"အဲလို လုပ်လို့ မရပါဘူး... ဒီနေ့ အပြင်လူတွေ အများကြီး ရောက်နေကြတယ်... အဲဒီထဲမှာ အတော် များများက ဥက္ကဋ္ဌရဲ့ ဖန်တွေပါလို့ ပြောနေကြတယ်..."

ထိုအခါမှသာ ကောင်းယွမ်သည် အခမ်းအနားသို့ ရောက်ရှိနေသူဦးရေမှာ ရွာသားများထက် များစွာ သာလွန်နေသည်ကို သတိပြုမိလိုက်တော့သည်။ သူသည် သဘာဝအရ မျက်မှောင်ကြုတ်မိသွား၏။

"ဦးလေးဝူ... ဒီလူတွေ အကုန်လုံးကို ဦးလေး သိလား... ဘာလို့ သူတို့ထဲမှာ နိုင်ငံခြားသားတွေ ပါနေရတာ လဲ..."

"သူတို့က နိုင်ငံခြားသားတွေ မဟုတ်ပါဘူး... တိုင်းရင်းသား လူနည်းစုတွေပါ... အားလုံးက ကျွန်တော်တို့ ရှနိုင်ငံသားတွေပါပဲ... ဥက္ကဋ္ဌကောင်း... ဥက္ကဋ္ဌ အလုပ်များနေမှန်း သိပါတယ်... ဒါပေမဲ့ ရောက်တုန်း ရောက်ခိုက် စကားနည်းနည်းလောက် ပြောပေးပါဦး..."

ကောင်းယွမ်သည် စင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားခဲ့လေသည်။

အခမ်းအနားတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။

ကောင်းယွမ်သည် မိုက်ခရိုဖုန်းကို ကိုင်လိုက်ပြီး...၊

"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော် ကောင်းယွမ်ပါ... မုကျားရွာသား တစ်ယောက်ပါပဲ... ကျွန်တော်တို့ရဲ့ မုကျား ကျေးရွာသစ်ဟာ ဒီနေ့မှာ တရားဝင် ပြီးစီးသွားခဲ့ပါပြီ..."

သူ စကားပြောနေစဉ်မှာပင်...။

လူလေးငါးဦးခန့် လူအုပ်ကြားမှ တိုးဝှေ့ထွက်လာသည်ကို ကောင်းယွမ် မြင်လိုက်ရ၏။ လုံခြုံရေးစက်ရုပ် များ ဖြစ်ကြသော အန်းကျိုနှင့် အန်းရှီတို့မှာ ဘေးနှစ်ဖက်မှ လူအုပ်အတွင်းသို့ ဝင်ရောက်သွားကြပြီး ထို လူများကို တားဆီးရန် အသင့်ပြင်လိုက်ကြလေသည်။

ထိုစဉ် တစ်စုံတစ်ယောက်က လက်ထဲမှ ပုလင်းတစ်လုံးကို မြှောက်လိုက်သည်ကို ကောင်းယွမ် မြင် လိုက်ရ၏။ အခြားလက်တစ်ဖက်တွင်မူ မီးခြစ်ကို ကိုင်ထားလျက်ရှိပေသည်။

သူ၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားရ၏။

*တစ်ခုခု ဖြစ်တော့မယ်...*

ချက်ချင်းပင် အန်းကျို၏ ဦးနှောက်လှိုင်းများကတစ်ဆင့် ကောင်းချိုး ပေးအပ်ထားသော အမှောင်ဒြပ်ထု သေတ္တာကို အသက်သွင်းရန် ညွှန်ကြားလိုက်လေသည်။

ထို့နောက် သူ၏ ဘေးပတ်ဝန်းကျင်တွင် ပုန်းကွယ်နေသော လက်နက်တပ်ဆင်ထားသော ကင်းထောက် ဒရုန်း နှင့် ဦးနှောက်လှိုင်းဖြင့် ချိတ်ဆက်ကာ ပုံမှန်မဟုတ်သော အပြုအမူ ရှိသူများကို အလိုအလျောက် ပစ်မှတ်ထားရန် လုပ်ဆောင်လိုက်လေတော့၏။

"ဝူး... "

အလင်းကာရံ တစ်ခု ကျဆင်းလာပြီး မီတာ (၁၀၀) ပတ်လည် ဧရိယာကို လွှမ်းခြုံသွားခဲ့ကာ အထဲရှိ အချိန်များမှာ နှေးကွေးသွားခဲ့လေသည်။ ကောင်းယွမ် တစ်ဦးတည်းသာ သက်ရောက်မှု မရှိဘဲ ကျန်ရှိနေ ခဲ့ခြင်းဖြစ်လေ၏။ သူသည် ပုလင်းကို ကိုင်ထားသော လူရှိရာသို့ အမြန် ပြေးသွားလိုက်လေသည်။

သူ ပြေးသွားချိန်တွင် ထိုလူ၏ လှုပ်ရှားမှုများမှာ (၁၈) ဆခန့် နှေးကွေးနေသကဲ့သို့ ခံစားရပေသည်။ ထိုလူ မှာ မီးခြစ်ကို နှိပ်ကာ ပုလင်းနှင့် နီးကပ်အောင် လုပ်နေဆဲသာ ရှိသေး၏။ ကောင်းယွမ်သည် ထိုပုလင်းကို လုယူကာ အဝေးသို့ လွှင့်ပစ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် အန်းကျိုသည်လည်း အခြားလူများကို တားဆီးနေခဲ့ပေ၏။ အလိုအလျောက် ကင်းထောက်စနစ်က ပုံမှန်မဟုတ်သော သူအားလုံးကို ပစ်မှတ်ထားပြီး ဖြစ်သဖြင့် လေဆာများ စတင် ပစ်ခတ်လေတော့သည်။

ကောင်းယွမ်သည် သူ တားဆီးနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။ အန်းကျိုသည် မီးခြစ်ကို လုယူကာ လူတစ်ဦးကို လဲကျအောင် လုပ်လိုက်ချိန်တွင် ထိုလူ၏ လက်ထဲမှ ပုလင်းတွင် တပ်ဆင်ထားသော မီးစာသည် လူအုပ်ထဲရှိ အဘိုးအို တစ်ဦး၏ လက်ထဲမှ စီးကရက်နှင့် မ တော်တဆ ထိမိသွားခဲ့လေသည်။

ခဏအကြာတွင်... ၊

"ဘုန်း... "

ပုလင်းမှာ ပေါက်ကွဲသွားပြီး မီးတောက်များ နေရာအနှံ့သို့ မိုးရွာသကဲ့သို့ ကျဆင်းလာခဲ့လေတော့ သည်...။

ကောင်းယွမ်၏ စိတ်ထဲ၌ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရ၏။ ၎င်းမှာ ဓာတ်ဆီများ ဖြည့်ထားသော လက် လုပ် မိုတိုဗော့် ကော့တေး တစ်လုံး ဖြစ်ပေသည်။

၎င်းမှာ လူအုပ်ကြားထဲတွင် ပေါက်ကွဲသွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ မီးတောက်များ အတွင်းသို့ ချက်ချင်း ရောက်ရှိသွားကြတော့သည်။

ကောင်းယွမ်သည် လူများကို စတင် ကယ်ဆယ်လေတော့သည်။ လင်းမေမှာ လူအုပ်ထဲတွင် ရှိနေခဲ့ပြီး သူမသည်လည်း မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေ၏။ ကောင်းယွမ်သည် သူမ၏ မီးလောင် နေသော အဝတ်များကို ဆွဲဖြတ်ကာ သူမကို စင်ပေါ်သို့ ပွေ့ချီ တင်လိုက်လေသည်။

ထို့နောက် ကောင်းယွမ်သည် အခြားလူများကို ဆက်လက် ကယ်ဆယ်ရန် ကြိုးစားတော့သည်။

ဤလူများသည် ကြိုတင် ပြင်ဆင်လာကြခြင်း ဖြစ်ပြီး ဓာတ်ဆီအတွင်းသို့ အဖြူရောင်ဖော့စဖရပ်နှင့် အခြားသော ဓာတုပစ္စည်းများကို ထည့်သွင်းထားကြသည်။ ၎င်းမှာ တစ်ခါ ပေါက်ကွဲပြီး လူ့ခန္ဓာကိုယ်နှင့် ထိတွေ့မိပါက မီးငြှိမ်းသတ်ရန် အလွန် ခက်ခဲလှပေသည်။

အရေပြားပေါ်တွင် လောင်ကျွမ်းပြီးနောက် အဆိပ်ပြင်းသော ဓာတုပစ္စည်းများ ကျန်ရှိနေခဲ့မည် ဖြစ်ပြီး ထိုအရာများမှာ မီးလောင်ဒဏ်ရာများမှတစ်ဆင့် သွေးကြောအတွင်းသို့ စီးဝင်ကာ ဒဏ်ရာရသူများကို သွေးဆိပ်တက်စေနိုင်ပေသည်။

သူနှင့်အတူ ပါလာသော လက်နက်တပ်ဆင်ထားသော ကင်းထောက်ဒရုန်း မှာ မလုံလောက်ခဲ့ပေ။

၎င်းသည် သေနတ်များနှင့် အခြားသော လက်နက်များကိုသာ ခွဲခြားနိုင်သော်လည်း လက်လုပ် မိုတိုဗော့် ကော့တေးများကိုမူ ခွဲခြားနိုင်ခြင်း မရှိခဲ့ပေ။ လုံခြုံရေး ကင်းထောက်ကိရိယာမှာ မီးစတင် လောင်ကျွမ်း ချိန်မှသာ တုံ့ပြန်နိုင်ခဲ့ပြီး မီးတောက်ထဲ ရောက်နေသော တိုက်ခိုက်သူကို လေဆာဖြင့် ပစ်သတ်လိုက်လေ တော့သည်။

...

ဤတိုက်ခိုက်မှုတွင် တိုက်ခိုက်သူ စုစုပေါင်း ငါးဦး ပါဝင်လေသည်။ ၎င်းတို့အနက် လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ဦးမှာမူ မီးလောင်၍ သေဆုံးသွားခဲ့လေသည်။ ဘေးပတ်ဝန်းကျင်ရှိ လူစုစုပေါင်း (၂၁) ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြလေသည်။

မုကျား မူလတန်းကျောင်းအုပ်ကြီးဟောင်းမှာမူ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာနှင့် အလွန်နီးကပ်နေ ခဲ့သဖြင့်... သူ ရရှိထားသော ဒဏ်ရာများဖြင့်ပင် ကွယ်လွန်သွားခဲ့ရရှာလေသည်။

ကောင်းယွမ်သည် ဒဏ်ရာရသူများကို အသက်ဆက်ဆေးရည် တိုက်ကျွေးခဲ့ပြီး ဖြစ်သည်။ ဤ အသက် ဆက်ဆေးရည် မှာ ခန္ဓာကိုယ်အတွင်းရှိ တစ်သျှူးအမျိုးမျိုးကို ပြန်လည် ပြုပြင်ပေးနိုင်သဖြင့် မီးလောင် ဒဏ်ရာများအတွက် အလွန်ပင် ထိရောက်မှု ရှိပေသည်။

ပျော်ရွှင်စရာ အခမ်းအနားတစ်ခု ဖြစ်သင့်သော်လည်း ဤမမျှော်လင့်ထားသော ဖြစ်ရပ်ကြောင့် မုကျား ကျေးရွာသစ် တစ်ခုလုံးတွင် မှောင်ရိပ်များ ဖုံးလွှမ်းသွားခဲ့ရလေပြီဖြစ်တော့၏။

ကျောင်းအုပ်ကြီးဟောင်း၏ သားသမီးများ ငိုကြွေးနေကြသည်ကို မြင်ရသည့်အခါ ကောင်းယွမ်၏ ရင်ထဲ၌ နာကျင်ခံစားရပေသည်။

၎င်းတို့မှာ ခေတ္တခဏအတွင်းမှာပင် အတူတူ ရယ်မော စကားပြောနေခဲ့ကြသော်လည်း ယခုမူ သေခြင်း တရားက ၎င်းတို့ကို ခွဲခွာပေးလိုက်ပြီ ဖြစ်၏။

ဤဖြစ်ရပ်ကို ကြိုးကိုင်ခဲ့သူ မည်သူမဆို ထိုက်တန်သော ပြစ်ဒဏ်ကို ပြန်လည် ပေးဆပ်ရပေမည်။

ကောင်းယွမ်သည် လုံခြုံရေး ဝန်ထမ်းအချို့နှင့်အတူ လင်းဟိုင်ခရိုင် ရဲစခန်းသို့ ရောက်ရှိလာခဲ့ပြီး တရားခံများကို ကိုယ်တိုင် စစ်မေးရန် ပြင်ဆင်လိုက်၏။

ဤဖြစ်ရပ်မှာ အလွန်ပင် ကြီးလေးလှသဖြင့် ဖြစ်ပွားပြီး နှစ်နာရီအတွင်းမှာပင် လင်းကျိုး ရဲတပ်ဖွဲ့က တာဝန်ယူလိုက်ပြီး ပြည်နယ်အဆင့် ဌာနမှ ကျွမ်းကျင်သူများကိုလည်း စေလွှတ်ထားပြီ ဖြစ်ပေသည်။

ထိုအချိန်တွင် လင်းဟိုင် ရဲတပ်ဖွဲ့မှာ တာဝန်လွှဲပြောင်းပေးရန် စောင့်ဆိုင်းနေစဉ် ကောင်းယွမ် ရောက်ရှိ လာခဲ့ခြင်း ဖြစ်၏။ စကားအနည်းငယ် ပြောဆိုပြီးနောက် ခေါင်းဆောင်ဖြစ်သူသည် ကောင်းယွမ်ကို တရားခံ နှင့် တွေ့ဆုံခွင့် ပေးလိုက်လေသည်။

စုံစမ်းစစ်ဆေးရေး နယ်မြေအတွင်း၌ ကောင်းယွမ်သည် ယာယီ ထိန်းသိမ်းခံထားရသော တရားခံနှင့် တွေ့ဆုံခဲ့လေ၏။ ကောင်းယွမ်သည် အန်းကျိုနှင့် အန်းရှီတို့ကိုသာ အတွင်းသို့ လွှတ်လိုက်ပြီး သူ ကိုယ် တိုင်မှာမူ အပြင်တွင် စောင့်ဆိုင်းနေခဲ့လေသည်။

ဆယ်မိနစ်ခန့်အကြာတွင် အန်းကျိုနှင့် အန်းရှီတို့ ပြန်ထွက်လာခဲ့ကြလေသည်။

၎င်းတို့မှာ လုံခြုံရေးစက်ရုပ်များ ဖြစ်ကြသဖြင့် စစ်ဆေးမေးမြန်းရာတွင် ဆရာကြီးများ ဖြစ်ကြပေ သည်။ အတွင်းသို့ ရောက်သည်နှင့် မေးခွန်းများကို တိုက်ရိုက် မေးမြန်းကြပြီး ဦးနှောက်လှိုင်းများကို ဖမ်းယူကာ ခွဲခြမ်းစိတ်ဖြာကြခြင်း ဖြစ်ပေ၏။ လူသားများမှာ လိမ်ညာနိုင်သော်လည်း ၎င်းတို့၏ အတွေး များကိုမူ မထိန်းချုပ်နိုင်ကြပေ။

"ဘယ်သူလုပ်တာလဲဆိုတာ သိပြီလား..."

"သခင်... ကျွန်တော်တို့ သိပါပြီ..."

"ကောင်းပြီ... ပြန်ကြစို့..."

အဖြေကို သိရှိပြီးပြီ ဖြစ်ရာ ကောင်းယွမ်သည် အန်းကျိုနှင့် ဦးနှောက်လှိုင်းဖြင့်သာ ချိတ်ဆက်လိုက်ရုံဖြင့် အန်းကျို ရရှိထားသော သတင်းအချက်အလက်များကို ကောင်းယွမ်ထံသို့ ပေးပို့နိုင်ပြီ ဖြစ်ပေ၏။

...

မုကျားရွာသို့ ပြန်ရောက်သည့်အခါ ငါးရံ့နက် နည်းပညာစက်မှုဇုန်တွင် ကျန်းပိုင်ရီသည်လည်း ပြန်လည် ရောက်ရှိနေခဲ့လေပြီ။ သူ ရောက်လာသည်နှင့် ဤမတော်တဆ ဖြစ်ရပ်ကို ကြားသိခဲ့ရခြင်း ဖြစ်၏။

ကောင်းယွမ် ပြန်ရောက်လာသည်ကို မြင်သည့်အခါ သူသည် စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

"လောင်ကောင်း... မင်း အဆင်ပြေရဲ့လား..."

"အဆင်ပြေပါတယ်..."

ကောင်းယွမ်၏ မျက်နှာမှာ ပြာနှမ်းနေခဲ့ပေ၏။

"ကျန်းပိုင်ရီ... ငါးရံ့နက် နည်းပညာကုမ္ပဏီ နာမည်နဲ့ ဝေ့ပေါ်မှာ စာတစ်စောင် တင်လိုက်စမ်း..."

"ဟင်... ဘာတင်ရမှာလဲ..."

"မနက်ဖြန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အခြေစိုက်စခန်း မီးလောင်လိမ့်မယ်... အမေရိကန်မှာ ရှိတဲ့ ငါးရံ့နက် ကုမ္ပဏီ ဝန်ထမ်းတွေ အနေနဲ့ လာမယ့် (၂၄) နာရီအတွင်း ဒီအဆောက်အအုံရဲ့ ဘေးပတ် ဝန်းကျင်ကို မသွားကြဖို့ သတိပေးလိုက်တယ်..."

"ဗျာ..."

ကျန်းပိုင်ရီ နားမလည် ဖြစ်သွားရလေ၏။

"ငါ သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံကို မီးရှို့ပစ်တော့မယ်..."

"မဟုတ်မှလွဲရော... ဒီနေ့ ဖြစ်ရပ်က အမေရိကန်က လုပ်တာလား..."

"မဟုတ်ဘူး..."

All Chapters