← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း (၁၁၉)

ကောင်းယွမ် သေကိုသေရမယ်

"ဒါဆိုရင် မင်း ဘာတွေလုပ်နေတာလဲ..."

"သူတို့က ခိုင်းစေတဲ့သူတွေပဲ... လက်တွေ့လုပ်ဆောင်တဲ့သူတွေကတော့ အစွန်းရောက်အဖွဲ့အစည်း တစ်ခုနဲ့ ပူးပေါင်းနေတဲ့ ပြည်တွင်းက အမေရိကန်လိုလားတဲ့ ပညာရှင်တွေပဲ..."

"ဒီအဖွဲ့အစည်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား..."

"အမေရိကန်ရဲ့ ထောက်ပံ့မှုကြောင့် အသက်ဆက်နေရုံလေးပဲ ကျန်တော့တာပါ..."

ကောင်းယွမ်က ပြောပြလိုက်လေ၏။ ကျန်းပိုင်ရီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။

"သက်သေရော ရှိလို့လား..."

ကောင်းယွမ်သည် ခေါင်းကို မော့လိုက်၏။ ကောင်းချိုးနှင့် တွေ့ဆုံပြီးကတည်းက ကောင်းချိုးသည် သူ့ အတွက် စိုးမိုးအုပ်ချုပ်ရေး လမ်းစဉ်တစ်ခုကို ချမှတ်ပေးထားကြောင်း သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ ကမ္ဘာနှစ်ခုကို ပေါင်းစည်းလိုပါက ဤဂြိုဟ်၏ အရှင်သခင် ဖြစ်လာရန်သာ ရှိတော့ပေ သည်။

အချိန်နှင့်အာကာသတံခါးကို ဖွင့်လိုက်သည့် အချိန်မှစ၍ သူသည် ဤလမ်းကို လျှောက်လှမ်းရန် ကံပါ လာခဲ့ခြင်း ဖြစ်၏။ သူ့အတွက် အခြား ရွေးချယ်စရာ မရှိပေ။ သူ၏ အင်အား တိုးတက်လာသည်နှင့်အမျှ ရန်သူနှင့် မိတ်ဆွေများမှာလည်း တိုးပွားလာခဲ့ပေသည်။

သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသူ မည်သူ့ကိုမဆို သူ ကျော်ဖြတ်သွားရပေမည်။

"ငါ့မှာ သက်သေ မလိုဘူး... သူလုပ်တာလို့ ငါပြောရင် သူလုပ်တာပဲ... ငါ ကလဲ့စားချေချင်တယ်လို့ ပြော ရင် ကလဲ့စားချေရမှာပဲ..."

ကျန်းပိုင်ရီက လက်မထောင်ပြလိုက်၏။

"တကယ်ကို လန်းတယ်..."

...

အမေရိကန်၏ ခေါင်းဆောင်သစ်မှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စိတ်ဓာတ်ကျဆင်းနေခဲ့ပြီး လူထုရှေ့သို့ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ သူမသည် အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးအတွင်းရှိ အဖွဲ့အစည်း အသီးသီးကို နှစ်သိမ့်ရန်အတွက်သာ အချိန်ကုန်နေခဲ့ရလေသည်။

အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးအတွင်း၌လည်း အုပ်စုများ ကွဲပြားလျက် ရှိနေ၏။ ၎င်းတို့မှာ ဂျူးလူမျိုးများ ဦးဆောင်သည့် ဘဏ္ဍာရေးနှင့် မီဒီယာအုပ်စု၊ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အုပ်စု၊ အသစ်ထွက်ပေါ်လာသည့် နိုင်ငံစုံ စီးပွားရေးလုပ်ငန်းစုနှင့် ရိုးရာ စက်မှုနှင့် သတ္တုတွင်း အုပ်စုတို့ ဖြစ်ကြ ပေသည်။

ကောင်းယွမ်၏ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးအတွင်းရှိ လူတိုင်းနီးပါးကို ပြစ်မှားထားမိပြီး ဖြစ်၏။ ကောင်းယွမ်သည် အမေရိကန်၏ လေယာဉ်တင်သင်္ဘောများ ကို ဖျက်ဆီးခဲ့သဖြင့် ဘဏ္ဍာရေး မီဒီယာအုပ်စုမှာ စတော့ဈေးကွက် ပြိုလဲမှုနှင့် ကြုံတွေ့ခဲ့ရသလို ၎င်းတို့ ၏ အခြေစိုက်စခန်းဖြစ်သော ပြန်လည်ထူထောင်ရေးဝါဒီများမှာလည်း မကြုံစဖူး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပေသည်။ ထို့ကြောင့် ၎င်းတို့မှာ ကောင်းယွမ်နှင့် လုံးဝ ပြေလည်နိုင်ခြင်း မရှိတော့ပေ။

စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အုပ်စုမှာမူ ဤဖြစ်ရပ်တွင် ကြီးမားသော ထိုးနှက်ချက်ကို ခံစားခဲ့ ရပြီး ၎င်းတို့၏ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်နေခဲ့၏။ ၎င်းတို့သည် ကောင်းယွမ်ကို အဆုံး ထိ တိုက်ခိုက်သွားကြမည်မှာ သေချာလှပေသည်။

ကောင်းယွမ်နှင့် ပူးပေါင်းနိုင်ခြေ အရှိဆုံးသူများမှာ အသစ်ထွက်ပေါ်လာသည့် နိုင်ငံစုံ စီးပွားရေးလုပ်ငန်း စုများ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် ကွန်ပျူတာ၊ မော်တော်ကားနှင့် ဆေးဝါးလုပ်ငန်းများ ပါဝင်လေသည်။ ထိုကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမှ အကျိုးအမြတ် အပြည့်အဝ ရရှိနေသူများ ဖြစ်ကြ ပေတော့သည်။

ကွန်ပျူတာနှင့် ဖုန်းထုတ်လုပ်သူများမှာ ယခုထက်တိုင် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ချစ်ပ်ပြားများကို အသုံးပြုနေကြရဆဲ ဖြစ်လေသည်။

အကယ်၍ ကောင်းယွမ်သာ လက်ပတ်ဖုန်းများကို ရောင်းချပြီး အက်ပဲလ်ဖုန်းနှင့် အခြားသော ကွန်ပျူ တာ ထုတ်ကုန်များကို ပစ်မှတ်မထားခဲ့ပါက ၎င်းတို့သည် ကောင်းယွမ်နှင့် သဘောထားကွဲလွဲခြင်းရှိမည် မဟုတ်ပေ။ အကယ်၍ ကွဲလွဲခဲ့လျှင်ပင် ကောင်းယွမ်ထံမှ နည်းပညာများကို ရယူရန်အတွက်သာ ဖြစ်ပေ လိမ့်မည်။

အမေရိကန်၏ ရိုးရာ စက်မှုနှင့် သတ္တုတွင်း အုပ်စုမှာမူ လွန်ခဲ့သော နှစ်များအတွင်း ဆုတ်ယုတ်လာခဲ့ပြီး ၎င်းတို့၏ အသံမှာလည်း တိုးမှိန်လာခဲ့သည်။ သို့သော် ဆိုဗီယက်ယူနီယံက အထူးစစ်ဆင်ရေးကို စတင်ခဲ့ ပြီးနောက်တွင်မူ ရိုးရာစွမ်းအင်ကဏ္ဍမှာ ပြန်လည် မြင့်တက်လာခဲ့ပြီး ၎င်းတို့၏ ဩဇာအာဏာမှာလည်း ကြီးထွားလာခဲ့လေသည်။

ထိုအုပ်စုသည် ကောင်းယွမ်နှင့် ပတ်သက်၍ တိုက်ရိုက် အကျိုးစီးပွား မရှိသော်လည်း အပူချိန်ထိန်း အဝတ်အစားတွင် ပေါင်းစပ်စွမ်းအင်နှင့် စူပါဘက်ထရီ နည်းပညာသစ်ကို အသုံးပြုထားကြောင်း ကောလဟာလများ ထွက်ပေါ်နေခဲ့လေသည်။

ထို့ပြင် ကောင်းယွမ်သည် ထိုနည်းပညာ နှစ်ခုလုံးကို မျှဝေခဲ့ပြီး ဖြစ်၏။ ဤသည်က ရိုးရာစွမ်းအင် ကုမ္ပဏီများအတွက် အဓိက ပြဿနာပင် ဖြစ်သည်။ ထို့ကြောင့် ရိုးရာ စက်မှုနှင့် သတ္တုတွင်း အုပ်စု သည်လည်း ကောင်းယွမ်ကို ရင်ဆိုင်ရပေမည်။

ခေါင်းဆောင်သစ်မှာ မိမိကိုယ်ကိုယ် ရန်သူများ ဝိုင်းရံခံနေရသကဲ့သို့ ခံစားနေရလေ၏။ သူမသည် မည် သည့် စစ်ပွဲတွင်မျှ အောင်နိုင်ခြင်း မရှိဘဲ အလယ်တွင် ညပ်နေခဲ့ရလေသည်။

သူမသည် အပြင်ဘက်တွင် ကောင်းယွမ်ကို မအောင်နိုင်သလို အတွင်းပိုင်းတွင်လည်း ပြည်သူများကို မဖျောင်းဖျနိုင်ဘဲ ရှိနေခဲ့တော့သည်။ ထို့ပြင် အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးကလည်း သူမကို ရာထူးမှ ဆင်းပေးရန် ဖိအားပေးနေကြပေသည်။ သူမအတွက် တကယ်ပင် ခက်ခဲလှပေသည်။

ယခုမှာ အတွင်းရေး အစည်းအဝေးတစ်ခု ဖြစ်ပေသည်။

"ကျွန်မတို့ အခု ကောင်းယွမ်ကို မနိုင်သေးဘူး... သူ့ရဲ့ စစ်သင်္ဘောတွေကို ငါတို့ရဲ့ ဒုံးကျည်တွေနဲ့ မမှီနိုင် ဘူး... ဒါပေမဲ့ သူကတော့ ငါတို့ဆီက ဘာကိုမဆို အလွယ်တကူ ဖျက်ဆီးနိုင်တယ်...ရှင်တို့နဲ့ ကျွန်မကိုပါ အပါအဝင်ပေါ့..."

"ခေါင်းဆောင်ကြီး... ဒါဟာ ကြောက်နေတာပဲ... ငါတို့ဆီမှာ လေယာဉ်တင်သင်္ဘော မရှိတော့တာနဲ့ပဲ စစ်မတိုက်နိုင်တော့ဘူးလို့ ဆိုလိုတာလား..."

၎င်းမှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အုပ်စုမှ ကိုယ်စားလှယ်၏ ပြောစကား ဖြစ်၏။

"ဒါပေမဲ့ ကောင်းယွမ်က ရှနိုင်ငံမှာ… အဝေးကြီးမှာ ရှိနေတာလေ... ငါတို့က သူ့ကို ဘယ်လို တိုက်လို့ ရမှာလဲ..."

"အောင်နိုင်သူတွေကတော့... ဘယ်နည်းလမ်းကိုမဆို သုံးမှာပဲ... အဲဒီတုန်းက တုန်းဝမ်ဟာ ဗိုလ်ချုပ် တစ်ဦးကို လုပ်ကြံနိုင်ခဲ့ရင် ငါတို့ကရော ဘာလို့ ကောင်းယွမ်ကို လုပ်ကြံလို့ မရရမှာလဲ..."

"ပြီးခဲ့တဲ့ အခေါက်ကလည်း အဲဒီလို လုပ်ခဲ့လို့ပဲ ကောင်းယွမ်က ဝင်တိုက်သွားတာ မဟုတ်ဘူးလား..."

စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အုပ်စုမှ ကိုယ်စားလှယ်က ခေါင်းခါလိုက်လေ၏။

"ငါတို့ လျှို့ဝှက်နည်းလမ်းတွေကို သုံးလို့ရတာပဲ... ငါ သူရဲကောင်း သုံးဖွဲ့ကို စေလွှတ်ထားပြီးပြီ..."

"ဘာ..."

ခေါင်းဆောင်သစ်မှာ ထိုသူရဲကောင်း သုံးဖွဲ့က ဘာလုပ်နေကြသည်ကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ ထိုစဉ်မှာပင် နိုင်ငံခြားရေးဝန်ကြီး ဝင်ရောက်လာခဲ့လေ၏။

သူသည် အလွန်ပင် စိုးရိမ်ပူပန်နေသော ပုံစံဖြင့်... ၊

"ခေါင်းဆောင်ကြီး... တစ်ခုခု ဖြစ်ပြီ..."

"ဘာဖြစ်တာလဲ..."

"ငါးရံ့နက် နည်းပညာကုမ္ပဏီက သတင်းတစ်ခု ပို့လိုက်တယ်... မနက်ဖြန် ကျွန်တော်တို့ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံ မီးလောင်လိမ့်မယ်တဲ့..."

"ဘာကို ဆိုလိုတာလဲ..."

ခေါင်းဆောင်သစ်မှာ ယခုထက်တိုင် တွေးမရသေးဘဲ ရှိနေခဲ့သည်။ ထိုစဉ်မှာပင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အုပ်စုမှ ကိုယ်စားလှယ်က သူ၏လက်ထဲမှ ခွက်ကို ရိုက်ခွဲလိုက်လေသည်။

"ဒါဟာ ခြိမ်းခြောက်တာပဲ... ကောင်းယွမ်က ငွေညှစ်နေတာ..."

"သူ ဘာကို လိုချင်တာလဲ..."

ခေါင်းဆောင်သစ်မှာ ဇဝေဇဝါ ဖြစ်နေခဲ့၏။ ထိုအချိန်၌ နိုင်ငံခြားရေးဝန်ကြီးက သူမ၏ နားနားသို့ ကပ် ကာ တိုးညင်းစွာ ပြောလိုက်လေသည်။

"ငါးရံ့နက် ကုမ္ပဏီရဲ့ အဓိက နေရာဖြစ်တဲ့ မုကျား ကျေးရွာသစ်မှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်… တစ်ဦး သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရှနိုင်ငံက သတင်းပို့ထားပါတယ်..."

ခေါင်းဆောင်သစ်မှာ ခေတ္တမျှ တွေဝေသွားပြီးနောက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ကိုယ်စား လှယ်ဘက်သို့ လှည့်ကာ မေးလိုက်လေ၏။

"ရှင်... ကောင်းယွမ်ကို သွားတိုက်ခဲ့တာလား..."

"ဟုတ်ပါတယ်... ကျွန်တော့်ရဲ့ ခေါင်းဆောင်ကြီး... ကောင်းယွမ် သေသွားသရွေ့ အရာအားလုံးက ပြီးဆုံး သွားမှာဖြစ်ပြီး ငါတို့ရဲ့ ပျော်ရွှင်စရာ နေ့ရက်တွေဆီ ပြန်ရောက်သွားမှာပါ..."

"ပေါက်ကရတွေ... ကောင်းယွမ်က မသေသေးဘူးလေ..."

"မသေသေးရင်လည်း ဘာဖြစ်လဲ... ငါတို့ လုပ်တာဆိုတဲ့ သက်သေမှ မရှိတာ... ဒီဖြစ်ရပ်အတွက် အဖွဲ့ အစည်း တစ်ခုခုက တာဝန်ယူကြောင်း ငါ ကြေညာခိုင်းလိုက်မယ်..."

ခေါင်းဆောင်သစ်မှာ သူမ၏ နဖူးကို ပွတ်လိုက်ရင်း သက်ပြင်းချလိုက်မိလေ၏။

"ကောင်းယွမ်က ငါတို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံကို မီးရှို့ဖို့ လာနေပြီ... ငါ ဘာလုပ် ရမလဲ... ခုနက လူကြီးမင်း ပြောသလိုပဲ ကောင်းယွမ်က ငွေညှစ်နေတာ... သူ ဘာကို ခြိမ်းခြောက်နေတာ လဲဆိုတာ အခုမှ ကျွန်မ သိတော့တယ်... ကောင်းယွမ်က ကျွန်မကို ကြိုးကိုင်သူကို ထုတ်ပေးဖို့ ပြောနေ တာပဲ...တကယ်လို့ ကျွန်မကသာ မပေးရင် သူက ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံကို မီးရှို့ လိမ့်မယ်..."

ထိုစဉ် ဘဏ္ဍာရေး သူဌေးကြီး ဆင်းလပ်စ်လော့စ် က ပြောလိုက်၏။

"တကယ်လို့ ကောင်းယွမ်ကသာ ဒါကို တကယ် လုပ်ခဲ့ရင် သူဟာ တစ်ကမ္ဘာလုံးရဲ့ ရန်သူ ဖြစ်လာလိမ့် မယ်... ငါတို့ မီဒီယာတွေကနေ ကောင်းယွမ်ဟာ အကြမ်းဖက်သမား တစ်ယောက် ဖြစ်တယ်ဆိုတာကို အခုပဲ ကြေညာလို့ ရတာပဲ... ဒါ့ပြင် သူက ဩဇာကြီးမားနေတော့ ရှနိုင်ငံမှာ သူ့ကို မကြည်ဖြူတဲ့သူတွေ အများကြီး ရှိမှာပဲ...အဲဒီလူတွေနဲ့ ငါတို့ ပူးပေါင်းလို့ ရနိုင်တာပေါ့..."

"လူတစ်ယောက်ကို သတ်ဖို့ဆိုရင် လက်နက်တင်မကဘဲ လူထုရဲ့ အမြင်ကိုလည်း အသုံးပြုလို့ ရတာပဲ..."

ခေါင်းဆောင်သစ်မှာ လုံးဝကို မှင်သက်နေမိလေတော့သည်။

"အားလုံးပဲ... ကောင်းယွမ်က ငါတို့ရဲ့ လေယာဉ်တင်သင်္ဘောကိုတောင် ဖျက်ဆီးဝံ့တာပဲ... အဆောက် အအုံ တစ်ခုကို မီးရှို့တာကတော့ သူ့အတွက် ဘာမှ မခက်ခဲဘူး... တကယ်တော့ ငါတို့တွေ ကောင်းယွမ်နဲ့ အတူတူ စီးပွားရှာကြရင် ပိုမကောင်းဘူးလား..."

ခေါင်းဆောင်သစ်မှာ စိတ်ပျက်နေမိပေသည်။

"သူက ဘယ်လို စီးပွားရှာမှာလဲ... သူကသာ ပေါင်းစပ်စွမ်းအင်နဲ့ ဘက်ထရီ နည်းပညာသစ်ကို လူသိရှင် ကြား ထုတ်ပြန်လိုက်ရင် ဘယ်သယံဇာတကိုမှ ရောင်းလို့ ရတော့မှာ မဟုတ်ဘူး..."

"ဟုတ်တယ်... ငါတို့ရဲ့ အက်ပဲလ်ဖုန်း အရောင်းရငွေတွေက (၃၀) ရာခိုင်နှုန်းတောင် ကျဆင်းသွားပြီ... လက်ပတ်ဖုန်းတွေကိုသာ အကြီးအကျယ် ဖြန့်ချီလိုက်ရင် ငါတို့ ဖုန်းတွေက ဆက်ပြီး ကျဆင်းနေဦးမှာ ပဲ... ကွန်ပျူတာတွေလည်း အတူတူပဲ... လက်ပတ်ဖုန်း ရှိရင် ဘယ်အချိန်၊ ဘယ်နေရာမှာမဆို မျက်နှာ ပြင် အကြီးကြီးနဲ့ အလုပ်လုပ်လို့ ရနေပြီလေ... ငါးရံ့နက် နည်းပညာကုမ္ပဏီက ငါတို့ရဲ့ လမ်းတွေကို တဖြည်းဖြည်း ပိတ်ပစ်နေတာ... ငါတို့မှာ သွားစရာ လမ်းမရှိတော့တဲ့အထိပဲ..."

"ကောင်းယွမ် သေကိုသေရမယ်..."

"ခေါင်းဆောင်ကြီး... ကောင်းယွမ် မရှိတဲ့ ကမ္ဘာကြီးက ပိုပြီး ကောင်းမွန်တဲ့ ကမ္ဘာကြီး ဖြစ်လာမှာပါ..."

ခေါင်းဆောင်သစ်မှာ ကူကယ်ရာမဲ့စွာ ကြည့်နေမိလေ၏။

*ဒီအရင်းရှင်တွေက သေမှာကို မကြောက်ကြဘူးလား...ဘာလို့ ကောင်းယွမ်ကိုမှ သွားပြီး ရန်စရတာ လဲ...*

"လူကြီးမင်းတို့... ရှင်တို့ ပြောတာတွေကို ကျွန်မ နားလည်ပါတယ်... ဒါပေမဲ့ ကျွန်မမှာ မေးခွန်းတစ်ခုပဲ ရှိတယ်... အကယ်၍ ကောင်းယွမ်က ရှင်တို့ကိုသာ ခေါင်းဖြတ် တိုက်ခိုက်လာရင် ဘယ်လို ပြန်တုံ့ပြန် မှာလဲ..."

"သူ ငါတို့ကို မသတ်ခင်မှာ ငါတို့က သူ့ကို အရင် သတ်နိုင်ရင် ဘေးကင်းမှာပါ..."

ဤအရင်းရှင်များ အားလုံးမှာ နောက်ကွယ်တွင် ပုန်းကွယ်နေကြသူများ ဖြစ်ကြပေသည်။ အကယ်၍ ကောင်းယွမ်ကသာ ကလဲ့စားချေလိုပါက ခေါင်းဆောင်သစ်မှာသာ အခက်တွေ့ရမည် ဖြစ်ပြီး ၎င်းတို့နှင့် မူ ဘာမျှမဆိုင်ပေ။

၎င်းတို့ကတော့ သူမ၏ နေရာတွင် အခြားသူတစ်ဦးကို အစားထိုးလိုက်ရုံသာ ရှိပေသည်။

All Chapters