အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀) ဧကရာဇ်၏ ကိုယ်ကိုကိုယ် အပြစ်တင်သည့် အမိန့်တော်နှင့် ကျောက်ကောင်း၏ "ဓာတုဗေဒအင်းစာ"
ရှန်းယန်မြို့၏ နွေရာသီမှာ အပူချိန်လွန်ကဲလှသဖြင့် လူတို့ကို ကြီးမားသော ပေါင်းအိုးကြီးထဲ ရောက်နေသကဲ့သို့ ခံစားစေရလေသည်။ စူးစိုက်မြည်နေသော တီကျူးသံများသည် မွန်းကျပ်နေသည့် လေထုကိုပင် ဖောက်ထွင်းသွားနိုင်မလား ထင်ရ၏။
ချီလင်ခန်းမ၏ နံဘေးခန်းတစ်ခုအတွင်း၌ ကြီးမားသော ရေခဲသေတ္တာအချို့ကို ထားရှိသော်လည်း ၎င်းတို့မှ ထွက်ပေါ်လာသည့် အေးမြမှုမှာ အပြင်ဘက်မှ တိုးဝင်လာသော အပူလှိုင်းများကြောင့် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ (ရေခဲတုံးတွေထည့်ထားတဲ့ သေတ္တာတွေပါ)
ယင်ကျိန်းသည် အာဏာကို ကိုယ်စားပြုသော နဂါးပလ္လင်ပေါ်တွင် မထိုင်ဘဲ ဝါးဖြင့် ပြုလုပ်ထားသော ကုလားထိုင်တွင် ပေါ့ပေါ့ပါးပါး လှဲလျောင်းနေ၏။ သူသည် အလွန်ပါးလွှာသော လင်နင်ချည် အင်္ကျီကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သစ်ကြားသီးနှစ်လုံးကို ကိုင်ကာ ဖြည်းညင်းစွာ လှည့်ပတ်နေလေသည်။
"ရှူသွင်း... ရှူထုတ်..."
ယင်ကျိန်းသည် မျက်လုံးများကို မှိတ်ထားပြီး သူ၏ စိတ်ထဲမှ ရှောင်ဂျီ၏ လမ်းညွှန်မှုအတိုင်း "ဝမ်းဗိုက်ဖြင့် အသက်ရှူခြင်း" ကို လေ့ကျင့်နေ၏။ ဤသည်မှာ သူအသစ်လေ့လာထားသော ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတစ်ခု ဖြစ်ပြီး အဆုတ်စွမ်းရည် တိုးတက်စေကာ သွေးထဲသို့ အောက်ဆီဂျင် ပိုမိုရောက်ရှိစေပြီး သူ့ကို အလွန်ကြောက်ရွံ့စေသော "လေဖြတ်ခြင်း" ကို ကာကွယ်ပေးသည်ဟု ဆိုသည်။
"အရှင်မင်းကြီး..."
ကျောက်ကောင်းသည် အရောင်ရင့်ပြီး နောက်ကျိနေသော ဆေးရည်တစ်ပန်းကန်ကို ကိုင်ကာ တိုးတိုးလေး လျှောက်ဝင်လာသည်။ ၎င်းမှာ ရှောင်ဝူချဲ့က ချင်ဟောင်ဆေးရည်ကို အခြေခံပြီး နှစ်သက်ဖွယ်ရာအရသာဖြစ်စေရန် နံနံပင်နှင့် ပူစီနံတို့ကို ရောစပ်ထားသည့် အပူရှပ်ရောဂါ ကာကွယ်ရေး ဟင်းချိုဖြစ်သည်။ အရသာမှာ ထူးဆန်းနေသေးသော်လည်း မြင်းဆီးကဲ့သို့တော့ မဟုတ်တော့ပေ။
"အဲ့ဒီမှာပဲ ထားခဲ့လိုက်..."
ယင်ကျိန်းက မျက်လုံးဖွင့်လိုက်သော်လည်း ဆေးကို ချက်ချင်းမသောက်ဘဲ စားပွဲပေါ်တွင် အသစ်ရေးသားထားသော အမိန့်တော်ကို လက်ညှိုးညွှန်လိုက်၏။
"ကျောက်ကောင်း... ငါ့ရဲ့ ကိုယ်ကိုကိုယ် အပြစ်တင်သည့် အမိန့်တော်ကို လာကြည့်စမ်း၊ ဘယ်လိုရေးထားသလဲ..."
ကျောက်ကောင်းမှာ အလွန်လန့်သွားသဖြင့် ဆေးပန်းကန်ပင် လွတ်ကျမတတ် ဖြစ်သွားလေသည်။
"အရှင်မင်းကြီး... အရှင်က ရှေးယခင်က မရှိခဲ့ဖူးသော အကြီးမြတ်ဆုံးသော ဧကရာဇ်ဖြစ်ပြီး အောင်မြင်မှုများမှာလည်း ရှေးခေတ်ဘုရင်များထက်ပင် သာလွန်နေပါပြီ... အရှင်က မည်သည့်အမှားကို ကျူးလွန်မိလို့ပါလဲ... ဒါ... ဒီလိုကိုယ်ကိုကိုယ် အပြစ်တင်သည့် အမိန့်တော်မျိုးမှာ မဖြစ်သင့်ပါချေ..."
ကျောက်ကောင်းမှာ တဒိုင်းဒိုင်းမြည်အောင် ဦးခိုက်လျက် ဒူးထောက်လိုက်သည်။ ချင်အင်ပါယာတွင် ဧကရာဇ်က ကိုယ်ကိုကိုယ် အပြစ်တင်သည့် အမိန့်တော် ထုတ်ပြန်သည်ဆိုသည်မှာ ကောင်းကင်ဘုံ၏ အမျက်ဒေါသ သို့မဟုတ် ကြီးမားသော ဘေးအန္တရာယ်တစ်ခုခု ကျရောက်တော့မည်ဟု အဓိပ္ပာယ်သက်ရောက်လေ့ရှိသည်။
"ထစမ်း... ငါက ကြည့်ခိုင်းတာ ငိုပြခိုင်းတာ မဟုတ်ဘူး..."
ယင်ကျိန်းသည် သစ်ကြားသီးကို တည်ငြိမ်စွာ လှည့်နေရင်းက ပြောလိုက်၏။
"ကိုယ်ကိုကိုယ် အပြစ်တင်တဲ့ အမိန့်တော်တိုင်းက ငိုယိုပြီး တောင်းပန်နေရမယ်လို့ ဘယ်သူပြောသလဲ..."
ကျောက်ကောင်းသည် ကြောက်ရွံ့စွာဖြင့် ထလိုက်ပြီး ပိုးထည်စာလိပ်ကို သွားကြည့်လိုက်၏။
၎င်း၏ အပေါ်ဆုံးတွင် ခိုင်မာအားကောင်းသော ရှောင်ကျွမ်း စာလုံးများဖြင့် ရေးသားထားသည်မှာ-
"ကောင်းကင်ဘုံ၏ လမ်းစဉ်မှာ ဝေးကွာပြီး လူတို့၏ လမ်းစဉ်မှာ နီးကပ်သည်ဟု ငါကြားဖူးသည်။ ယခင်က ငါသည် ထာဝရသက်ရှည်ခြင်းကို ရှာဖွေခဲ့ရာ လွီရှင်း၏ တပည့်များက မိုးကြိုးကို ခေါ်ဆောင်နိုင်သည်ဟု လိမ်လည်ပြောဆိုခဲ့သဖြင့် အာဖန်းနန်းတော်ပင် မီးလောင်မတတ် ဖြစ်ခဲ့ရသည်။ ဤသည်မှာ ကောင်းကင်ဘုံ၏ အမျက်မဟုတ်ဘဲ ငါ၏ ဉာဏ်ပညာ လွဲမှားခြင်းသာဖြစ်သည်။"
"သို့သော် မိုးကြိုးသည် နတ်ဘုရားတို့၏ ပြစ်ဒဏ်မဟုတ်ဘဲ ယင်နှင့်ယန် စွမ်းအင်များသာ ဖြစ်သည်။ လွီရှင်းမှာ မိုက်မဲသော်လည်း သူ၏ ရည်မှန်းချက်မှာ ချီးကျူးဖွယ် ဖြစ်သည်။ ငါ ယခု နားလည်သွားပြီ ဖြစ်သည်။ ထာဝရသက်ရှည်ခြင်းကို ရှာဖွေ၍ မရနိုင်ဘဲ အမှန်တရားကိုမူ အရာဝတ္ထုတို့၏ သဘောသဘာဝကို စူးစမ်းခြင်းဖြင့်သာ ရရှိနိုင်မည် ဖြစ်သည်။"
"ယနေ့မှစ၍ အဂ္ဂိရတ်ဆရာများကို ဖျက်သိမ်းပြီး လက်မှုပညာရှင်များဖြင့် အစားထိုးမည်။ အဂ္ဂိရတ်ခန်းမကို 'သိပ္ပံအကယ်ဒမီ' ဟု အမည်ပြောင်းမည် ဖြစ်ပြီး ကြည့်မှန်ခန်းမကို 'နက္ခတ္တဗေဒဌာန' ဟု ပြောင်းလဲမည်။ ကောင်းကင်နှင့် မြေကြီး၏ သဘောသဘာဝကို နားလည်ပြီး လူတို့အတွက် အကျိုးရှိသည့် ကိရိယာများကို တီထွင်နိုင်သူတိုင်းကို ဘွဲ့ထူးများ ပေးအပ်မည်။ နတ်ဘုရား သို့မဟုတ် နတ်ဆိုးဟု အယောင်ဆောင်ကာ အယူသီးမှုဖြင့် လူတို့ကို လှည့်စားသူမှန်သမျှကို ချက်ချင်း ကွပ်မျက်မည်။"
"ဤသည်ကို အမိန့်တော်အတိုင်း ဆောင်ရွက်စေ..."
ကျောက်ကောင်းက ဖတ်ပြီးသွားသောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
ဤသည်မှာ ကိုယ်ကိုကိုယ် အပြစ်တင်သည့် အမိန့်တော် မဟုတ်ဘဲ သိပ္ပံဆိုင်ရာ ကြေညာချက်တစ်ခုသာ ဖြစ်နေသည် မဟုတ်ပါလား။
အရှင်မင်းကြီးသည် လွီရှင်းက အိမ်ကို ဗုံးခွဲလိုက်သည့်ဖြစ်ရပ်ကို အကြောင်းပြုပြီး ငွေလိမ်စားနေသော အဂ္ဂိရတ်ဆရာများကို အမြစ်ဖြတ်လိုက်ခြင်းဖြစ်ပြီး နောက်ကွယ်တွင် အသစ်တည်ထောင်မည့် သိပ္ပံအကယ်ဒမီအတွက် လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည်။
"အရှင်မင်းကြီး... အလွန်ဉာဏ်ပညာကြီးမားလှပါတယ်..."
ကျောက်ကောင်းက ရိုးသားစွာ ချီးကျူးလိုက်၏။
"မိုးကြိုးပစ်ခြင်းကို 'ယင်နှင့်ယန် စွမ်းအင်' ဟု ဖော်ပြလိုက်ခြင်းဖြင့် ပြည်သူများမှာ မိုးကြိုးသည် ချင်အင်ပါယာကို အပြစ်ပေးခြင်းဖြစ်သည်ဟု ထင်မြင်တော့မည် မဟုတ်တော့ပါ..."
"ဟွန့်..."
ယင်ကျိန်းသည် အပူရှပ်ရောဂါ ကာကွယ်ရေး ဟင်းချိုကို မော့သောက်လိုက်သည်။
"သာမန်ပြည်သူတွေက ဘာနားလည်မှာလဲ၊ သူတို့က သူတို့မျက်စိနဲ့ မြင်တဲ့အရာကိုပဲ ယုံကြည်တာလေ"
"ငါ ဒါကို ရေးလိုက်တာက စောင့်ကြည့်နေတဲ့ ပြည်နယ်ခြောက်ခုက ပညာရှိတွေအတွက်ပဲ…ချင်ပြည်နယ်ရဲ့ လေတိုက်ပုံ ပြောင်းလဲသွားပြီဆိုတာ သူတို့ကို သိစေချင်တယ်…နောက်ဆိုရင် ငါ့ကို ဝေဖန်ဖို့ စာတွေမရေးဘဲ ဖန်လုံးနဲ့ သံကို ဘယ်လိုပြုလုပ်ရမလဲဆိုတာပဲ တွေးကြတော့"
"ဒါနဲ့ ကျောက်ကောင်း..."
ယင်ကျိန်းသည် စကားကို လှည့်လိုက်ပြီး မီးခိုးငွေ့များနှင့် အညစ်အကြေးများ စွန်းထင်းနေသော ကျောက်ကောင်း၏ မျက်နှာကို ကြည့်ကာ၊
"ငါ အလွတ်ကျက်ခိုင်းထားတဲ့ ဒြပ်စင်ဇယားကို ဘယ်လောက်အထိ ကျက်ပြီးပြီလဲ"
ကျောက်ကောင်း၏ မျက်နှာမှာ ချက်ချင်းပင် နွမ်းလျသွားပြီး အမိန့်တော်ကို ကြားရသည်ထက်ပင် ပို၍ စိတ်ပျက်သွားလေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး... ကျွန်တော်မျိုး ကျက်ပြီးပါပြီ ဒါပေမဲ့..."
"အလွတ်ရွတ်ပြစမ်း… ငါ နားထောင်ချင်တယ်”
ကျောက်ကောင်းသည် ကွပ်မျက်ခံရတော့မည့် အကျဉ်းသားကဲ့သို့ အသက်ကို ပြင်းပြင်းရှူကာ သူအတွက် အဓိပ္ပာယ်မရှိသော "အင်းစာများ" ကို စက်ရုပ်တစ်ရုပ်ကဲ့သို့ ရွတ်ဆိုလိုက်လေသည်။
"ဟိုက်ဒရိုဂျင်၊ ဟီလီယမ်၊ လစ်သီယမ်၊ ဘယ်ရီလီယမ်၊ ဘိုရွန်၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ ဖလူရင်း၊ နီယွန်၊ ဆိုဒီယမ်၊ မဂ္ဂနီစီယမ်၊ အလူမီနီယမ်၊ ဆီလီကွန်၊ ဖော့စဖရပ်စ်၊ ဆာလဖာ၊ ကလိုရင်း၊ အာဂွန်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်..."
သူသည် နှောင့်နှေးစွာနှင့် ထူးဆန်းသော အသံဖြင့် ရွတ်ဆိုနေပြီး သူ၏ ခါးသီးသော မျက်နှာအမူအရာနှင့် ပေါင်းစပ်လိုက်သောအခါ စုန်းပူးသည့် အင်းစာရွတ်နေသည့် အလွန်အစွမ်းထက်သော တာအိုဆရာတစ်ယောက်နှင့်ပင် တူနေတော့၏။
ယင်ကျိန်းသည် နားထောင်ရင်း သူ၏ ပါးစပ်ထောင့်များ တွန့်တက်လာသည်ကို မထိန်းနိုင်တော့ပေ။
"ရှောင်ဂျီ၊ သူက ဓာတုဗေဒ အင်းဆရာနဲ့ တူနေတယ် မဟုတ်လား”
[မှန်ပါတယ် အရှင်မင်းကြီး၊ ဒါပေမဲ့ အလွတ်ကျက်တာက ပထမအဆင့်ပဲ ရှိပါသေးတယ်။ နောက်တစ်ဆင့်မှာတော့ သူတို့ကို စမ်းသပ်ခန်းထဲမှာ အလုပ်ပေးရပါမယ်]
[ဓာတုဗေဒသည် စမ်းသပ်မှုဆိုင်ရာ သိပ္ပံပညာဖြစ်သည်။ အကြိမ်ကြိမ် ပူလောင်မှုနှင့် အက်ဆစ်ဓာတ်တို့နှင့် ထိတွေ့ပြီးမှသာ သူသည် ဤ "အင်းစာ" များ၏ အစွမ်းကို အမှန်တကယ် နားလည်လာလိမ့်မည် ဖြစ်သည်]
ယင်ကျိန်းသည် ခေါင်းညိတ်လိုက်ပြီး ကျောက်ကောင်း၏ ရွတ်ဆိုသံကို ဖြတ်တောက်လိုက်၏။
"တော်ပြီ မရွတ်နဲ့တော့… ငါ ခေါင်းကိုက်လာပြီ”
"ကျက်ထားရုံနဲ့ မရဘူး…ငါ ဒီနေ့ မင်းကို အလုပ်အသစ်တစ်ခု ပေးမယ်”
ယင်ကျိန်းသည် သူ၏ လက်ထဲမှ အဆီပြန်နေသော ဆပ်ပြာတုံးတစ်ခုကို ထုတ်လိုက်၏။ ၄င်းမှာ ရှောင်ဂျီ၏ လမ်းညွှန်မှုအောက်တွင် ဝက်ဆီနှင့် သစ်သားပြာတို့ကို အသုံးပြု၍ ပြုလုပ်ထားသော ပစ္စည်းဖြစ်သည်။ အရောင်မှာ ဝါကျင့်ကျင့်ဖြစ်ပြီး အနံ့လည်း သိပ်မကောင်းသော်လည်း ၎င်း၏ သန့်စင်နိုင်စွမ်းမှာမူ အံ့မခန်းပေ။
"ဒီအရာကို ဆပ်ပြာလို့ ခေါ်တယ် ငါ ရေချိုးတုန်းက စမ်းသုံးကြည့်တယ်၊ အညစ်အကြေးတွေကို ဖယ်ရှားရာမှာ အလွန်ကောင်းတယ်"
"ဒါပေမဲ့ ဒါက စမ်းသပ်ခန်းမှာပဲရတာ မင်းကို ဒါကို အမြောက်အမြား ထုတ်လုပ်စေချင်တယ်"
"မင်းကို ဆိုဒါပြာလို့ခေါ်တဲ့ အရာတစ်ခု လိုအပ်တယ် သွားတော့… မင်းရဲ့ တပည့်တွေကို ခေါ်ပြီး ဆားငန်မြေတွေဆီမှာ မြေကြီးတွေကို တူးပါ၊ ပြုတ်ပါ၊ ပြီးရင် ရေစစ်ပါ အဲ့ဒါ မလုပ်နိုင်ဘူးဆိုရင် ငါ မင်းကို အဲ့ဒီဒြပ်စင်ဇယားကို အခေါက်ပေါင်း တစ်သောင်း ပြန်ရေးခိုင်းမယ်"
ကျောက်ကောင်းသည် ချောမွတ်နေသော ဆပ်ပြာတုံးကို ကိုင်ရင်း လုံးဝ စိတ်ပျက်သွားလေသည်။
အဂ္ဂိရတ်ပညာမှ ဘိလပ်မြေ ထုတ်လုပ်ခြင်း၊ ဖန်မှန်ပြုလုပ်ခြင်းမှ ဆပ်ပြာထုတ်လုပ်ခြင်းအထိ၊ သူသည် ချင်အင်ပါယာ၏ "ဓာတုအင်ဂျင်နီယာမန်နေဂျာ" ဖြစ်သွားရလေပြီ။
"ကျွန်တော်မျိုး... အမိန့်တော်ကို နာခံပါမယ်”
အတောအတွင်း၌ ချီလင်ခန်းမ အပြင်ဘက်တွင်၊ လီစစ်သည် စင်္ကြံလမ်းပေါ်တွင် မျက်မှောင်ကြုတ်လျက် လမ်းလျှောက်နေ၏။ သူ၏ လျင်မြန်သော ခြေလှမ်းများမှာ သူ၏ စိုးရိမ်စိတ်ကို ဖော်ပြနေသည်။
"ဝန်ကြီးချုပ်..."
နောက်ဘက်မှ နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာသည်။
လီစစ်က နောက်လှည့်ကြည့်လိုက်ရာ ဖူစုသည် သူ၏ဆီသို့ လျင်မြန်စွာ လျှောက်လာသည်ကို တွေ့လိုက်ရ၏။ ဤသားတော်ကြီးမှာ ယခုအခါ အတိုကောက် အင်္ကျီကို ချွတ်ပြီး သူ၏ အဆင့်အတန်းနှင့် လိုက်လျောညီထွေရှိသော အင်္ကျီအနက်ရောင်ကို ဝတ်ဆင်ထားသော်လည်း သူ၏ အရိုးထဲမှ ထွက်ပေါ်လာသော စွမ်းရည်နှင့် ထက်မြက်မှုမှာ ဖုံးကွယ်၍မရနိုင်ပေ။
"အိမ်ရှေ့စံ..."
လီစစ်သည် လေးစားစွာ ဦးညွှတ်လိုက်ပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။
"ဝန်ကြီးချုပ် စိတ်ထဲမှာ တစ်ခုခုရှိနေသလိုပဲ၊ ဟုတ်ပါသလား..."
ဖူစုက ပြုံးလျက် မေးလိုက်သည်။
လီစစ်သည် သက်ပြင်းချလိုက်ပြီး အဝေးရှိ ချင်တရားဝင်လမ်းမကြီးကို လက်ညှိုးညွှန်လိုက်၏။
"အိမ်ရှေ့စံ…ကျွန်တော်မျိုး အလွန်အကျွံ တွေးနေတာ မဟုတ်ပါဘူး ရမှတ်စနစ်မှာ... ပြဿနာတစ်ခု ရှိနေလို့ပါ"
"ပြဿနာရှိတယ် ဟုတ်လား..."
ဖူစုမှာ အံ့အားသင့်သွားသည်။
"တရားဝင်လမ်းမကြီးက မြန်မြန်ဆန်ဆန် ပြီးနေတာ မဟုတ်ဘူးလား၊ စီမံကိန်းရဲ့ ပထမအပိုင်းက သတ်မှတ်ရက်ထက် ကြိုပြီး ပြီးစီးသွားတယ်လို့ ကြားမိပါတယ်"
"အဲ့ဒါက မြန်လွန်းနေလို့ပါပဲ"
လီစစ်သည် အသံကို တိုးလိုက်ပြီး အရေးတကြီး ပြောလိုက်သည်။
"အဲ့ဒီအကျဉ်းသားတွေက အိမ်ကို မြန်မြန်ပြန်နိုင်ဖို့အတွက် ရမှတ်တွေကို စုဆောင်းဖို့ အရူးအမူး အလုပ်လုပ်နေကြတာ သုံးနှစ်ကြာမယ့် စီမံကိန်းက ခြောက်လနဲ့ ပြီးသွားတယ်"
"ဒါပေမဲ့ မင်းသား ဒါကို စဉ်းစားကြည့်ဖူးပါသလား
လမ်းက ပြီးသွားတယ်၊ သူတို့က လွတ်လပ်သွားမယ် ဒါပေမဲ့ ပြီးရင် ဘာဆက်လုပ်မလဲ”
"အဲ့ဒါ အကျဉ်းသား တစ်သိန်းကျော်လေ! သူတို့အများစုက ရှေးဟောင်းပြည်နယ် ခြောက်ခုက ကျန်ရစ်သူတွေ ဒါမှမဟုတ် အလွန်အမင်း ဒုက္ခရောက်နေတဲ့ ရာဇဝတ်သားတွေ သူတို့ကို လွှတ်ပေးလိုက်ရင် အဲ့ဒီဝံပုလွေတစ်သိန်းက လူ့အဖွဲ့အစည်းထဲကို ရောက်လာလိမ့်မယ် ဘယ်သူက သူတို့ကို ထိန်းသိမ်းမှာလဲ …လယ်ယာလုပ်ဖို့ မြေပေးမလား…မြေကလည်း ဒီလောက်မရှိဘူး။ အလုပ်ပေးမလား။ အလုပ်အကိုင်တွေကလည်း မလုံလောက်ဘူး။"
"အဲ့ဒီအချိန်ကျရင် အလုပ်လက်မဲ့ တစ်သိန်းကျော်ဟာ ချင်အင်ပါယာရဲ့ အကြီးမားဆုံးသော လျှို့ဝှက်အန္တရာယ် ဖြစ်လာလိမ့်မယ် ချန်ရှန့်နဲ့ ဝူကွမ်လိုလူမျိုးတွေက သူတို့ကြားထဲမှာ လက်နက်စွဲကိုင်ပြီး တိုက်ပွဲဝင်ဖို့ လှုံ့ဆော်လိုက်မယ်ဆိုရင်..."
လီစစ်သည် စကားဆက်မပြောတော့သော်လည်း သူ၏ အဓိပ္ပာယ်မှာ ထင်ရှားလှသည်။
ဥပဒေကို အလေးထားသူတစ်ယောက်အနေဖြင့် သူသည် မထိန်းချုပ်နိုင်ခြင်းကို သဘာဝအတိုင်း ကြောက်ရွံ့သည်။ သူ၏အမြင်အရ အလုံခြုံဆုံးမှာ ဤလူတို့ကို ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် လမ်းခင်းသည့် နေရာများတွင် တစ်သက်လုံး ပိတ်လှောင်ထားခြင်း ဖြစ်သည်။
ဖူစုက တိတ်ဆိတ်သွားသည်။
လီစစ်၏ စကားမှာ မှန်ကန်ကြောင်း သူ ဝန်ခံရလိမ့်မည်။ ဤသည်မှာ ပြုပြင်ပြောင်းလဲရေး၏ နာကျင်မှုတစ်ခု ဖြစ်သည်။ ဟောင်းနွမ်းသော အစီအစဉ်မှာ ပျက်စီးသွားပြီး အသစ်မှာလည်း မတည်ငြိမ်သေးပေ။
"ဝန်ကြီးချုပ် ဘယ်လိုထင်သလဲ..."
ဖူစုက မေးလိုက်သည်။
"ကျွန်တော်မျိုးကတော့ ရမှတ်စနစ်ကို ခဏရပ်ဆိုင်းသင့်တယ်လို့ ထင်ပါတယ်၊"
လီစစ်က သူ၏ မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်များဖြင့် ပြောလိုက်၏။
"ဒါမှမဟုတ် ရမှတ်ကို ပိုပြီး တိုးမြှင့်သတ်မှတ်ပြီး သူတို့ကို... နောက်ထပ် နှစ်အနည်းငယ်လောက် အလုပ်ဆက်လုပ်ခိုင်းသင့်ပါတယ်။"
"လုံးဝ မဖြစ်နိုင်ဘူး"
ဖူစုက ပြတ်သားစွာ ငြင်းဆိုလိုက်သည်။
"လူတစ်ယောက်မှာ ရိုးသားမှုမရှိရင် ဘယ်လိုမှ မရပ်တည်နိုင်သလို၊ နိုင်ငံတစ်ခုမှာလည်း ရိုးသားမှုမရှိရင် ဘယ်လိုမှ မတောင့်တင်းနိုင်ဘူး… ဧကရာဇ်ရဲ့ ရွှေစကားကို ဒီလောက်လွယ်လွယ်နဲ့ ဘယ်လို ပြောင်းလဲလို့ရမလဲ… အခု ငါတို့ ကတိဖျက်လိုက်မယ်ဆိုရင် အဲ့ဒီအကျဉ်းသား တစ်သိန်းက အဲ့ဒီနေရာမှာတင် သူပုန်ထသွားလိမ့်မယ်"
"ဒါဆိုရင် မင်းသားက ဘာလုပ်ဖို့ အကြံပြုပါသလဲ… ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်ဖို့လား"
သူတို့နှစ်ယောက်မှာ အငြင်းပွားမှု ပြင်းထန်နေပြီး မည်သူမျှ နောက်မဆုတ်လိုကြပေ။
ထိုစဉ်တွင် ကျောက်ကောင်းက အမိန့်တော်ကို ကိုင်ကာ ထွက်လာလေသည်။
"အရှင်မင်းကြီး၏ အမိန့်တော် ဝန်ကြီးချုပ်နှင့် သားတော်ကြီးကို ညီလာခံသို့ လာရောက်ရန် ခေါ်ယူသည်"
နန်းခန်းအတွင်းတွင် ရေခဲသေတ္တာထဲရှိ ရေခဲများ၏ တစ်ဝက်ခန့်မှာ အရည်ပျော်သွားပြီဖြစ်သည်။
သူတို့၏ ငြင်းခုံမှုကို နားထောင်ပြီးနောက် ယင်ကျိန်းသည် သူ့အမြင်ကို ချက်ချင်း မပြောပေ။ သူသည် ဝါးကုလားထိုင်ပေါ်တွင် ဆက်လက်လှဲလျောင်းနေပြီး လက်ထဲရှိ သစ်ကြားသီးကို ဆော့ကစားကာ မျက်လုံးကို မှိတ်ပြီး နားနေ၏။
"ရှောင်ဂျီ မင်း ဘယ်လို ထင်သလဲ"
[အရှင်မင်းကြီး၊ ဒါဟာ 'ဖွဲ့စည်းပုံဆိုင်ရာ အလုပ်လက်မဲ့' အန္တရာယ်ရဲ့ ပုံစံတစ်ခုပါ]
[လီစစ်ရဲ့ စိုးရိမ်မှုက မှန်ပေမဲ့ သူရဲ့ ချဉ်းကပ်မှုက မှားယွင်းနေပါတယ်။ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းပါတယ်]
[အခု အရှင်မင်းကြီးရဲ့ လက်ထဲမှာ 'အလုပ်ကြမ်း ပြုပြင်ရေး' ကို ဖြတ်သန်းလာတဲ့ ကျွမ်းကျင်လုပ်သား တစ်သိန်း ရှိပါတယ်။ သူတို့က ဘိလပ်မြေဖုတ်နိုင်တယ်၊ လမ်းခင်းနိုင်တယ်၊ တံတားဆောက်နိုင်တယ်။ သူတို့က တန်ဖိုးမဖြတ်နိုင်တဲ့ 'စက်မှုလုပ်သားတွေ' ပါ]
[သူတို့ကို ဘာလို့ အိမ်ပြန်ပြီး လယ်လုပ်ခိုင်းမလဲ။ ဘာလို့... မြို့သစ်တွေ ဆောက်ခိုင်းမလဲ]
ယင်ကျိန်းက မျက်လုံးဖွင့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"လီစစ် မင်းရဲ့ အမြင်က သေးငယ်လွန်းပါသေးတယ်"
ယင်ကျိန်းက ထိုင်လိုက်ပြီး မြေပုံပေါ်ရှိ တောင်ဘက်သို့ လက်ညှိုးညွှန်လိုက်၏။
"လမ်းပြီးသွားရင် အလုပ်မရှိတော့ဘူးလို့ ဘယ်သူပြောသလဲ”
"တရားဝင်လမ်းမကြီး ပြီးသွားရင် နန်းတွင်းလမ်းမကြီး ရှိသေးတယ်…အဲ့ဒါပြီးရင် လင်ချူးတူးမြောင်း ရှိသေးတယ်.. အဲ့ဒါပြီးရင် အာဖန်းနန်းတော်၊ ပြီးတော့ ရှန်းယန်မြို့ရဲ့ မိလ္လာစနစ် ပြုပြင်မှု ရှိသေးတယ်"
"ငါ့ရဲ့ မဟာချင်အင်ပါယာမှာ ပြန်လည်တည်ဆောက်ဖို့ အများကြီး လိုအပ်နေတာ၊ ဘယ်နေရာမှာ လူအား မလိုဘူးဆိုတာရှိသလဲ”
"ဒါပေမဲ့..."
လီစစ်က အငြင်းပွားချင်သေးသည်။
"နန်းတော်မှာ လူအများကြီးကို ထောက်ပံ့ဖို့ ငွေမရှိပါဘူး နိုင်ငံတော်ကြွေးမြီ အများစုကလည်း သုံးပြီးသွားပြီ..."
"နန်းတော်က ထောက်ပံ့ပေးရမယ်လို့ ဘယ်သူပြောသလဲ"
ယင်ကျိန်းသည် အရင်းရှင်တစ်ယောက်၏ အပြုံးဖြင့် ရယ်မောလိုက်သည်။
"သူတို့ဘာသာသူတို့ ထောက်ပံ့ကြပါစေ"
ယင်ကျိန်းသည် ဖူစုကို ကြည့်လိုက်၏။
"ဖူစု မင်းရဲ့ အရင်ကအထည်ချုပ်စက်ရုံက အောင်မြင်ခဲ့ပါတယ်… အခု ငါ မင်းကို ပိုကြီးမားတဲ့ စီမံကိန်းတစ်ခု ပေးမယ်။"
"ငါ မဟာချင် အခြေခံအဆောက်အအုံအုပ်စုကို တည်ထောင်ဖို့ ရည်ရွယ်ထားတယ်"
"ဒီအကျဉ်းသားတစ်သိန်းကို အဲ့ဒီနေရာမှာတင် ပြန်လည်ဖွဲ့စည်းလိုက်ပါ။ အိမ်ပြန်ချင်သူတွေကို ခရီးစရိတ်ပေးပြီး လွှတ်ပေးလိုက်ပါ…ကျန်ရစ်ချင်သူတွေကို အကျဉ်းသားကနေ ဝန်ထမ်းအဖြစ် ပြောင်းလဲပေးလိုက်ပါ။"
"သူတို့ကို လစာပေးပါ.. အိပ်ဆောင်တွေ ဆောက်ပေးပါ…ဆောက်လုပ်ရေး စီမံကိန်းတွေကို သူတို့ကို တာဝန်ယူခိုင်းပါ"
"ဘယ်သူ့ရဲ့ စီမံကိန်းကို ယူမှာလဲ..."
ဖူစု၏ မျက်လုံးများက တောက်ပလာသည်။
"ပြည်နယ်ခြောက်ခုက မင်းမျိုးမင်းနွယ်တွေရဲ့ စီမံကိန်းကို ယူကြမယ်"
ယင်ကျိန်းသည် အာဖန်းနန်းတော် ဘေးရှိ ဆူညံနေသော "ပညာရှိ မိသားစုများ" ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို လက်ညှိုးညွှန်လိုက်၏။
"မြေဝယ်ထားတဲ့ မင်းမျိုးမင်းနွယ်တွေက သူတို့အိမ်ဆောက်ဖို့ လူရှာမရလို့ ပူနေကြတာ… ငါတို့ရဲ့ လုပ်သားတွေက ကျွမ်းကျင်တယ်၊ စည်းကမ်းရှိတယ်၊ မြန်ဆန်တယ်… ဒီအလုပ်ကိုလုပ်ဖို့ လူတိုင်း စိတ်အားထက်သန်နေမှာ မဟုတ်ဘူးလား”
"နောက်ပြီးတော့..."
ယင်ကျိန်းသည် မြေပုံပေါ်ရှိ ချူပြည်နယ်ကို လက်ညှိုးညွှန်လိုက်၏။
"လီစစ်..ဒီလူတွေ ပုန်ကန်လိမ့်မယ်လို့ မင်း စိုးရိမ်နေတာ မဟုတ်လား”
"ငါ ရမှတ်စနစ်နဲ့ အခြေခံအဆောက်အအုံအဖွဲ့ပုံစံကို ချူပြည်နယ်ဆီ တိုးချဲ့ဖို့ ရည်ရွယ်ထားတယ်"
"ချူပြည်နယ်မှာ ရွှံ့နွံတွေ များတယ်၊ သွားလာရေး မလွယ်ကူဘူး၊ ပြည်သူတွေကလည်း ရဲရင့်ကြတယ်…မင်း အဲ့ဒီကိုသွားပြီး လမ်းတွေ၊ တံတားတွေနဲ့ ရေပေးဝေရေး စီမံကိန်းတွေကို ဆောက်ရမယ်..”
"ချူပြည်နယ်မှာရှိတဲ့ အလုပ်လက်မဲ့ လူအားတွေကို ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆီ ခေါ်လာပါ… သူတို့ကို အစာနဲ့ ငွေပေးပါ…သူတို့ အိမ်ဆောက်ပြီး အိမ်ထောင်ပြုဖို့ ငွေရှာရတာနဲ့ အလုပ်များနေရင် ဘယ်သူက ပုန်ကန်ဖို့ အချိန်ရှိတော့မလဲ"
လီစစ်မှာ အံ့အားသင့်သွားသည်။
“ဒီ... ဒါက နိုင်ငံအုပ်ချုပ်တာကို စီးပွားရေးလုပ်တာဖြစ်သွားတာလား”
“ဖြစ်လာနိုင်တဲ့ သူပုန်တွေကို ချင်အင်ပါယာရဲ့ ဆောက်လုပ်ရေးအဖွဲ့အဖြစ် ပြောင်းလဲလိုက်တာလား”
"အရှင်မင်းကြီး... ဒီနည်းလမ်းက... မကြားဖူးပါဘူး"
လီစစ်က သူ့ကိုယ်သူ ရေရွတ်လိုက်၏။
"ဒါပေမဲ့ ဒီအတိုင်းအတာကို ထိန်းချုပ်ဖို့ အလွန်ခက်ခဲပါတယ်…ချူပြည်နယ်က အလွန်ကျယ်ပြောတယ်၊ စံနှုန်းတွေ တစ်နေရာနဲ့ တစ်နေရာ မတူရင် လစာပေးတာတွေ ရှုပ်ကုန်မယ်၊ ပစ္စည်းတွေ မှားသုံးရင် ပိုတောင် ရှုပ်ထွေးသွားဦးမယ်"
"မင်း အချက်ကျကျ ပြောလိုက်တာပဲ။"
ယင်ကျိန်းက သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။
သူ ထရပ်လိုက်ပြီး စာအုပ်စင်ဆီသွားကာ ထူးဆန်းသော ပေတံတစ်ခုကို ထုတ်လိုက်သည်။
၎င်းမှာ ကြေးဝါဖြင့် ပြုလုပ်ထားသော ချင်အင်ပါယာ စံပေတံဖြစ်ပြီး ပုံစံမှာ အတိုင်းအတာတိုင်း ကိရိယာတစ်ခုနှင့် တူသည်။
"ဒီနေ့ ငါပြောမယ့် ဒုတိယအချက်က ဒါပဲ”
"အလေးချိန်နဲ့ တိုင်းတာမှုတွေကို စံသတ်မှတ်မယ်”
လီစစ်က နားမလည်စွာ မေးလိုက်သည်။
"အရှင်မင်းကြီး အလေးချိန်နဲ့ တိုင်းတာမှုတွေကို အကြာကြီးကတည်းက စံသတ်မှတ်ပြီးပြီ မဟုတ်လား လှည်းတွေက အကျယ်တူတယ် စာအရေးအသားလည်း စံသတ်မှတ်ပြီးပြီ..."
"မလုံလောက်သေးဘူး"
ယင်ကျိန်း ခေါင်းခါလိုက်၏။
"အရင်က စည်းလုံးညီညွတ်မှုက အခွန်ကောက်ဖို့အတွက်ပဲ… သူတို့က ခန့်မှန်းခြေတူရင် တစ်ပေ ပိုရှည်တာ၊ တိုတာက ပြဿနာမရှိဘူး..”
"ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး”
ယင်ကျိန်းသည် မိုဟစ်မိသားစု၏ ထုတ်ကုန်အသစ်ဖြစ်သော ဝက်အူတစ်ခုကို ကောက်ကိုင်လိုက်သည်။
"ဒါတွေက မိုဟစ်မိသားစု အသစ်လုပ်ထားတဲ့ ဝက်အူတွေ… လှည်းဘီးတွေကို တပ်ဖို့ သုံးတာ"
"ရှန်းယန်မှာလုပ်တဲ့ ဝက်အူက ချူပြည်နယ်မှာလုပ်တဲ့ အခွံထဲကို မဝင်ဘူးဆိုရင်၊ ငါ့လှည်းက လမ်းမှာ ပျက်သွားရင် ပြန်ပြင်ဖို့ ရှန်းယန်ကိုပဲ ပြန်ဆွဲသွားရမှာလား”
"ဒါက စက်မှုလုပ်ငန်း စံနှုန်းပဲ”
"ငါလိုချင်တာက စည်းလုံးညီညွတ်မှုတင် မဟုတ်ဘဲ တိကျမှုပဲ”
"လီစစ် မင်းကို မဟာချင် စံသတ်မှတ်ရေးဗျူရိုရဲ့ ဒါရိုက်တာအဖြစ် ခန့်အပ်လိုက်တယ်… မင်း မဟာချင်ရဲ့ အလေးချိန်နဲ့ တိုင်းတာမှုတွေကို ပြန်သတ်မှတ်ရမယ်"
*အနည်းဆုံး ကွာခြားချက်ဖြစ်တဲ့ ဆံပင်တစ်မျှင်စာလောက်ကိုတောင် ငါ့ရဲ့ စည်းမျဉ်းတွေနဲ့ တိုင်းတာရမယ်”
"ယနေ့မှစ၍ မဟာချင်ရဲ့ အလုပ်ရုံတွေမှာ ထုတ်လုပ်တဲ့ ပစ္စည်းအားလုံးဟာ အပြန်အလှန် အသုံးပြုနိုင်ရမယ်။ အကယ်၍ တစ်ယောက်ယောက်ရဲ့ အစိတ်အပိုင်းတွေက တပ်ဆင်လို့ မရဘူးဆိုရင်၊ သူ့ရဲ့ ခေါင်းကလည်း စံနှုန်းနဲ့ မကိုက်ညီလားဆိုတာကို ဒီပေတံနဲ့ တိုင်းပြမယ်"
လီစစ်သည် ရှုပ်ထွေးသော ကြေးပေတံကို ကိုင်ရင်း သူ၏ လက်ထဲတွင် လေးလံမှုကို ခံစားလိုက်ရသည်။
သူ ရုတ်တရက် နားလည်သွားသည်။ အရှင်မင်းကြီးသည် ဤကျယ်ပြောသော အင်ပါယာကို ထိန်းချုပ်ရန်အတွက် ဥပဒေထက် ပိုမိုတင်းကျပ်ပြီး သိမ်မွေ့သော အရာတစ်ခုကို အသုံးပြုနေသည်။
ဥပဒေက လူတို့၏ စိတ်နှလုံးကို ချည်နှောင်ပြီး၊ စံနှုန်းများက အရာဝတ္ထုအားလုံးကို ချည်နှောင်သည်။
"ကျွန်တော်မျိုး... အမိန့်တော်ကို နာခံပါမယ်"
ချီလင်ခန်းမမှ ထွက်လာသောအခါ အပြင်ဘက်၏ အပူချိန်မှာ ပြင်းထန်ဆဲပင် ဖြစ်သည်။ သို့သော် လီစစ်မှာ စိတ်ထဲတွင် အေးမြပြီး ကြည်လင်နေသည်ကို ခံစားရ၏။
သူသည် ဘေးရှိ ဖူစုကိုကြည့်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
"မင်းသား ကျွန်တော်မျိုး တစ်သက်လုံး ဥပဒေကိုပဲ လေ့လာခဲ့တာ..အိုမင်းတဲ့ အချိန်မှာ ပေတံတွေကို ပြုပြင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး"
ဖူစုသည် အဝေးရှိ ဆူညံနေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများ တောက်ပနေ၏။
"ဝန်ကြီးချုပ်…ပေတံဆိုတာလည်း ဥပဒေပဲ။ ဒါ့အပြင် သူက ဓားထက် ပိုထိရောက်တဲ့ ဥပဒေပါ"
"ဒီမဟာချင်အင်ပါယာက နောက်ဆုံးမှာတော့ ပုံစံပြောင်းသွားလိမ့်မယ်"
အတောအတွင်း၌ ရှောင်ဖူ စမ်းသပ်ခန်းတွင် ကျောက်ကောင်းမှာ ဆူပွက်နေသော ဆီနှင့် သစ်သားပြာအိုးကို ငေးကြည့်နေ၏။
"ဟိုက်ဒရိုဂျင်၊ ဟီလီယမ်၊ လစ်သီယမ်၊ ဘယ်ရီလီယမ်၊ ဘိုရွန်... ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ ဖလူရင်း၊ နီယွန်..."
သူသည် အိုးထဲသို့ ဆားလက်တစ်ဆုပ် ခတ်ထည့်ရင်း အင်းစာကို ရွတ်နေသည်။
အံ့ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
အိုးထဲရှိ အရည်မှာ အလွှာလိုက် ကွဲသွားပြီး အပေါ်တွင် ထူထဲသော အဖြူရောင် အစိုင်အခဲများ ဖြစ်ပေါ်လာ၏။
"ရပြီလား"
ကျောက်ကောင်းက တုန်ရီစွာဖြင့် တစ်စိပ်ကို ခပ်ထုတ်လိုက်ပြီး အနည်းငယ် အေးသွားသောအခါ လက်ထဲတွင် ပွတ်တိုက်ကြည့်လိုက်၏။ ၎င်းမှာ ချောမွတ်နေပြီး အမြှုပ်များ ထွက်လာသည်။
သူသည် ဆီများနှင့် အညစ်အကြေးများ ပေကျံနေသော သူ၏ လက်ကို ဆေးကြောလိုက်၏။
ရေဖြင့် ဆေးကြောပြီးနောက်၊ ဘယ်တုန်းကမှ သေချာမဆေးကြောဖူးသော ထိုလက်မှာ ဖြူစင်သွားပြီး ဝက်ဆီ၏ အနံ့အသက် အနည်းငယ်ပင် ကျန်ရှိနေသေးသည်။
"အံ့ဖွယ်... ဒါက အံ့ဖွယ်ပဲ"
ကျောက်ကောင်းမှာ စိတ်လှုပ်ရှားသဖြင့် မျက်ရည်ပင် ဝဲလာလေသည်။
သူသည် မိုးကြိုးကို မခေါ်ဆောင်နိုင်သော်လည်း ကမ္ဘာ့ပထမဆုံး အမြောက်အမြား ထုတ်လုပ်သော ဆပ်ပြာကို ဖန်တီးနိုင်ခဲ့သည်။
"ဒီအရာကို သန့်ရှင်းမှုကို နှစ်သက်တဲ့ သူဌေးကတော်တွေကို ရောင်းလိုက်မယ်ဆိုရင်..."
ကျောက်ကောင်း၏ လိမ်မာသော ကုန်သည်စိတ်မှာ ပြင်းပြင်းထန်ထန် တောက်လောင်လာသည်။
"ဒီအရာကို ဘာလို့ အမည်ပေးရမလဲ'ရှူယွင်ရုန်က စက္ကူဆိုတော့၊ ဒီအရာကို... ပိုင်ယုရှန်းလို့ ခေါ်ကြမယ်"
"အရှင်မင်းကြီး ပြောတာ မှန်တယ်၊ ဓာတုဗေဒ... ဒါက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ"
ကျောက်ကောင်းသည် သူ၏ ကြွယ်ဝချမ်းသာရေး အိပ်မက်ထဲတွင် နစ်မြုပ်နေစဉ်၊ ခိုတစ်ကောင်သည် အာဖန်းနန်းတော်ထဲသို့ ပျံသန်းဝင်ရောက်လာ၏။
တောင်ဘက်မှ အရေးပေါ် အစီရင်ခံစာဖြစ်သည်။
လျူပန်နှင့် ဟန်ရှင်းတို့၏ "ချင်ဟောင်ဆေးရည်" နှင့် "သကြားအုပ်ထားသော ကျည်ဆန်" နည်းဗျူဟာများသည် ဘိုင်ယွဲ့ဒေသတွင် နောက်ဆုံးတော့ အပေါက်တစ်ခု ဖောက်နိုင်ခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင်၊ ယင်ကျိန်းအတွက် ပိုမိုခက်ခဲသော ပြဿနာသစ်တစ်ခု ပေါ်ပေါက်လာသည်။
တောင်ဘက်တွင် ရေမရှားပါးသော်လည်း ကောင်းမွန်သော ရေမရှိပေ။
လင်ချူးတူးမြောင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မသန့်ရှင်းသော သောက်သုံးရေကြောင့် ဝမ်းလျှောရောဂါ ဖြစ်ပွားနေသည်။
ဤတစ်ခါတော့ ကြက်သွန်ဖြူနဲ့ ချင်ဟောင်ဆေးရည်လောက်နဲ့တင် မလုံလောက်တော့နိုင်ပေ။
ယင်ကျိန်းသည် မြေပုံရှေ့တွင် ရပ်နေပြီး အင်ပါယာ၏ အသက်သွေးကြောဖြစ်သော လင်ချူးတူးမြောင်းကို စူးစိုက်ကြည့်နေ၏။
"ငါ့ရဲ့ မဟာချင် ဆေးပညာအကယ်ဒမီကို အရှိန်မြှင့်တင်ဖို့ လိုအပ်နေပြီ”
"လူသားခန္ဓာဗေဒ... အဲ့ဒါက တားမြစ်ထားတဲ့ ဘာသာရပ်ပဲ"
"ဒါပေမဲ့ ငါ့ရဲ့ အသက်ကို ကယ်ဖို့အတွက် မိုးကြိုးကို ခေါ်ဖို့တောင် ဝန်မလေးဘူးဆိုရင်၊ အလောင်းအနည်းငယ်လောက်ကို ငါ ဘာလို့ ကြောက်နေရမှာလဲ။"