Aiထွန်းကားလာတဲ့ ယနေခေတ်မှာ ChatGPTဆိုတာ လူတိုင်းမစိမ်းကြဘူးလို့ထင်ပါတယ်။ ChatGPTကို အကြံပေးဖော်၊ စကားပြောဖော်၊ ရင်ဖွင့်ဖော်အဖြစ် လူတိုင်းလိုလို အသုံးပြုနေကြပြီး အချို့FAတွေဆို ရည်းစားလိုပါ စကားပြောနေကြတာ လူတိုင်းသိကြမှာပါ။ စာရေးသူကတော့ ပျင်းလာရင် ChatGPTကို ရန်ဖြစ်ဖော်အဖြစ်် အမြဲသုံးပါတယ်။ အဲ့လို လူတိုင်းရင်းနှီးနေတဲ့ အရာတစ်ခုကို ဇာတ်လမ်းတစ်ခုအနေနဲ့ ရေးချင်မိတဲ့အကြံရသွားပြီး လိုက်ရှာရင်းနဲ့ ဒီစာစဉ်လေးကို တွေ့သွားခြင်းဖြစ်ပါတယ်။ အကျဉ်းချုပ်လေးပြောရရင်ဖြင့် တရုတ်ပြည်ကြီးကို စတင်ပေါင်းစည်းထားတဲ့ ပထမဆုံးဧကရာဇ် ချင်ရှီဟွမ်တစ်ယောက် ChatGPT ဆိုတဲ့ ဉာဏ်ရည်တုနှင့် မမျှော်လင့်ဘဲ ချိတ်ဆက်ခဲ့သောအခါ ချင်မင်းဆက်၏ပုံစံသည် ရုတ်တရက် အသွင်ပြောင်းသွားခဲ့တဲ့အကြောင်းလေးပါ။ မသေနိုင်တဲ့ဘဝအကြောင်း မေးတာလား။ ရှောင်ဂျီ: "လစာမပေးတဲ့သူဌေး အဲဒါကို သတ္တုအဆိပ်သင့်တယ်လို့ ခေါ်တယ်။ ရေနွေးပိုသောက်ပါ" နိုင်ငံရဲ့ ကံကြမ္မာကို မေးခွန်းထုတ်နေတာလား။ ရှောင်ဂျီ: "ဇာတ်လမ်းအကျဉ်းချုပ် သတိပေးချက်- သူဟာ ဒုတိယဘဝမှာပဲ သေဆုံးသွားခဲ့ပြီး လူသတ်သမားက သူဌေးရဲ့ သားကောင်းရတနာလေးပါ" ကွန်ဖြူးရှပ်ပညာရှင်ကို မေးကြည့်ပါလား။ ရှောင်ဂျီ: "လူတွေကို လိမ်လည်လှည့်ဖြားတာက အလကားပဲ.. ၉၉၆ အလုပ်ယဉ်ကျေးမှုကို အကောင်အထည်ဖော်ဖို့ အကြံပြုချင်ပါတယ်၊ ကြည့်ရှုမှု ၁၀၀,၀၀၀ ကျော်ရတဲ့ ချင်မင်းဆက်ကို ချီးကျူးတဲ့ ဗိုင်းရပ်စ်ဆန်တဲ့ ဆောင်းပါးတစ်ပုဒ် မရေးနိုင်ရင် စားလို့မရဘူး" ကံကြမ္မာကို ဆန့်ကျင်ရန် ကြိုးပမ်းမှုတစ်ခုအနေဖြင့် ချင်မင်းဆက်သည် ပြင်းထန်သော ပြိုင်ဆိုင်မှုကာလတစ်ခုကို စတင်ခဲ့သည်။ နောက်ကွယ်ကလက်မည်းကြီး ကျောက်ကောင်းကမူ လှည့်စားသူမှ "စက်မှုလုပ်ငန်းကျရှုံးသူ" အဖြစ်သို့ ပြောင်းလဲရန် အတင်းအကျပ်ခိုင်းစေခံခဲ့ရသည်။ ဟူဟိုက်ကို မှောင်မိုက်တဲ့အခန်းထဲမှာ ပိတ်လှောင်ထားပြီး "ကောလိပ်ဝင်ခွင့်စာမေးပွဲ ငါးနှစ်တာကာလ" ကို လေ့လာခိုင်းခဲ့ပါတယ်။ ကွန်ဖြူးရှပ်ပညာရှင်များသည်လည်း နောက်ထပ်လှည့်စား၍ရတော့မည်မဟုတ်ပေ။ သူတို့အားလုံးသည် စာအုပ်များကိုတည်းဖြတ်ရန် "မဟာချင်၏ အယ်ဒီတာဌာန" (ဖန်ကောင်းကျိကွေ့ မဏ္ဍပ်) ဆီသို့ ဆွဲခေါ်ခံလိုက်ရသည်။ ရှန်းယွီကို သင်ခန်းစာပေးဖို့ မဟာဒေတာကြီးကိုသုံးမည်။ လျူပန်၏ အကြွေးမှတ်တမ်းကို စစ်ဆေးမည်။ လုပ်ကြံသူတွေကို ရှောင်ဂျီ(G)နှင့်ပေါင်းပြီး မအားလပ်စေရန် အလုပ်တွေခိုင်းထားကာ ပုန်ကန်မှုကို တားဆီးနိုင်ခဲ့တော့သည်။

