← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) အဏုကြည့်မှန်ဘီလူးအောက်တွင်

မဟာချင် တော်ဝင်သိပ္ပံအကယ်ဒမီ၏ ဓာတ်ခွဲခန်းအတွင်း၌ဖြစ်သည်။

ဝမ်ကျန့်ကော်သည် ထူးဆန်းသော ပုံပန်းသဏ္ဌာန်ရှိသည့် ကိရိယာတစ်ခု၏ရှေ့တွင် ရပ်နေပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်စူးစိုက်နေကာ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလျက်ရှိ၏။

၎င်းမှာ အဏုကြည့်မှန်ဘီလူးပင်ဖြစ်သည်။

သို့သော် ယခင်က ဆယ်ဂဏန်းခန့်သာ ချဲ့ကြည့်နိုင်သော ရိုးရှင်းသည့် မှန်ဘီလူးများနှင့် မတူဘဲ ဤအဏုကြည့်မှန်ဘီလူးမှာ ဖန်သွေးခြင်းနည်းပညာများကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းဖြင့် သူ သုံးလတိတိ အချိန်ယူကာ ဖန်တီးထားခြင်း ဖြစ်လေသည်။

၎င်း၏ ချဲ့နိုင်စွမ်းမှာ အဆရှစ်ရာအထိ ရောက်ရှိနေပြီဖြစ်၏။

အဏုဇီဝသက်ရှိများ၏ ကမ္ဘာကြီးကို လေ့လာကြည့်ရှုရန် လုံလောက်နေပြီ ဖြစ်သည်။

"ဆရာဝမ် ဒါက မမြင်နိုင်သောအရာများကို မြင်နိုင်တယ်လို့ သင်ပြောခဲ့သော ကိရိယာလား..."

အိမ်ရှေ့စံမင်းသားသည် ဘေးတွင်ရပ်လျက် အဏုကြည့်မှန်ဘီလူးကို စူးစမ်းချင်စိတ်ဖြင့် အကဲခတ်နေသည်။

"မှန်ပါတယ်..."

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်သည်။

"ပြီးတော့ ဒီနေ့ အိမ်ရှေ့စံမင်းသားကို ကျွန်တော် ပြသပေးမည့်အရာက ကမ္ဘာကြီးနဲ့ပတ်သက်ပြီး မင်းသားရဲ့ နားလည်မှုကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်..."

"ငါ့ရဲ့ နားလည်မှုကို ပြောင်းလဲသွားစေနိုင်တယ်..."

အိမ်ရှေ့စံမင်းသားမှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

"အဲဒါက ဘာများလဲ..."

"ရေတစ်ပေါက်ပါ..."

ဝမ်ကျန့်ကော်က ပြောရင်း အနီးနားရှိ ကြည်လင်နေသော ရေတွင်းရေအချို့ ပါဝင်သည့် ဖန်ခွက်ကို ကောက်ယူလိုက်၏။

"အသန့်ရှင်းဆုံးလို့ ထင်ရတဲ့ ရေတစ်ပေါက်ပါ..."

"ဒီရေက အလွန်သန့်ရှင်းပုံရတယ်..."

အိမ်ရှေ့စံမင်းသားက ကိုင်းညွတ်၍ ကြည့်လိုက်သည်။

"အညစ်အကြေး တစ်ခုမှတောင်မရှိဘူး..."

"ကြည့်ရတာ သန့်ရှင်းနေတယ်ဆိုပေမယ့် တကယ်သန့်ရှင်းနေတာမျိုးတော့ မဟုတ်ပါဘူး..."

ဝမ်ကျန့်ကော်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။

“ဒီအဏုကြည့်မှန်ဘီလူးကနေ ကြည့်ပြီးသွားရင် မင်းသား သိလာပါလိမ့်မယ်..."

သူသည် ရေတစ်ပေါက်ကို မှန်ပြားငယ်တစ်ခုပေါ်သို့ ဂရုတစိုက် တင်လိုက်ပြီးနောက် အဏုကြည့်မှန်ဘီလူး၏ အောက်ဘက်မှန်ဘီလူးအိမ်အောက်တွင် နေရာချလိုက်သည်။

"လာပါ အိမ်ရှေ့စံမင်းသား အရင်ကြည့်ကြည့်ပါ..."

အိမ်ရှေ့စံမင်းသားက ရှေ့သို့တိုးကာ မျက်စိတေ့မှန်ဘီလူးတွင် သူ၏မျက်စိကို တေ့လိုက်၏။

အစပိုင်းတွင် သူသည် မှုန်ဝါးနေသော အလင်းနှင့် အရိပ်တို့ကိုသာ မြင်တွေ့ခဲ့ရသည်။

သို့သော် ဝမ်ကျန့်ကော်က မြင်ကွင်းအား ရှင်းလင်းလာစေရန် ကူညီချိန်ညှိပေးလိုက်သည်။

ထိုအခါ…

အိမ်ရှေ့စံမင်းသား၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ကြည်လင်နေပုံရသော ထိုရေတစ်ပေါက်ထဲတွင် အရေအတွက်မရေတွက်နိုင်သော၊ လှုပ်စိလှုပ်စိဖြစ်နေသည့် သက်ရှိကောင်လေးများကို သူ တကယ်ပင် မြင်တွေ့လိုက်ရသောကြောင့်ဖြစ်၏။

ထိုသက်ရှိကောင်လေးများသည် ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြသည်။ အချို့မှာ အဝိုင်းပုံဖြစ်ပြီး အချို့မှာ ဘဲဥပုံဖြစ်ကာ အချို့မှာ ရှည်လျားပြီး သေးသွယ်ကြ၏။ ၎င်းတို့သည် ရေထဲတွင် မရပ်မနား ကူးခတ်ကာ လူးလှိမ့်လိမ်ကောက်နေကြပြီး တက်ကြွမှုအပြည့်ရှိသော အသေးစားကမ္ဘာလေးတစ်ခုနှင့် တူနေလေသည်။

“ဒါ...ဒါတွေက ဘာတွေလဲ..."

အိမ်ရှေ့စံမင်းသားက ရုတ်တရက် ခေါင်းမော့လိုက်ရာ သူ၏မျက်နှာမှာ ဖြူလျော့နေသည်။

"ရေထဲမှာ ဘယ်လိုလုပ်ပြီး ပိုးကောင်တွေ ရှိနေရတာလဲ..."

"ပိုးကောင်တွေ ဟုတ်လား..."

ဝမ်ကျန့်ကော်က ရယ်မောလိုက်၏။

"အိမ်ရှေ့စံမင်းသား ဒါတွေက ပိုးကောင်တွေ မဟုတ်ပါဘူး... သူတို့ကို အဏုဇီဝသက်ရှိများလို့ ခေါ်ပါတယ်..."

"အဏုဇီဝသက်ရှိများ..."

"မှန်ပါတယ်..."

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်သည်။

"သူတို့က အသက်ရှိကြပေမယ့် ကျွန်တော်တို့ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင်ကို သေးငယ်လွန်းကြတယ်... အဏုကြည့်မှန်ဘီလူးနဲ့မှသာ သူတို့ တည်ရှိနေတာကို ကျွန်တော်တို့ မြင်နိုင်တာပါ..."

"ဒါ့အပြင် သူတို့က နေရာတိုင်းမှာ ရှိနေကြတယ်..."

"ရေတစ်ပေါက်တိုင်းမှာ ခုလို အဏုဇီဝသက်ရှိ ထောင်ပေါင်းများစွာ ရှိနေတယ်..."

"ရှူသွင်းလိုက်တဲ့ လေတစ်ချက်တိုင်းမှာလည်း အရေအတွက် မရေတွက်နိုင်တဲ့ အဏုဇီဝသက်ရှိတွေ ရှိနေတယ်..."

"ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာတောင် အဏုဇီဝသက်ရှိတွေ အပြည့်ပါပဲ..."

"ဘာ..."

အိမ်ရှေ့စံမင်းသား၏ မျက်နှာမှာ ပို၍ပင် ဖြူလျော့သွား၏။

"ဒါ... ဒါတွေက ငါတို့ရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ရှိနေတာလား..."

"မှန်ပါတယ်..."

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်သည်။

"အရေအတွက်ကလည်း အလွန်များပြားပါတယ်... ခန့်မှန်းချက်တွေအရ လူ့ခန္ဓာကိုယ်ထဲက အဏုဇီဝသက်ရှိ အရေအတွက်ဟာ လူ့ဆဲလ်အရေအတွက်ထက် ဆယ်ဆမက ပိုများပါတယ်..."

"ဒါက..."

အိမ်ရှေ့စံမင်းသားမှာ သူ၏ ဗိုက်ထဲတွင် ကမောက်ကမဖြစ်သွားသလို ခံစားလိုက်ရသည်။

"ဒါက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်..."

"ကြောက်ဖို့ကောင်းတယ်..."

ဝမ်ကျန့်ကော်က ခေါင်းခါလိုက်၏။

"မကြောက်ရပါဘူး... အဏုဇီဝသက်ရှိ အများစုက လူ့ခန္ဓာကိုယ်ကို အန္တရာယ်မပြုပါဘူး... တချို့ဆိုရင် အကျိုးတောင် ပြုပါသေးတယ်..."

"ဒါပေမယ့် တချို့အဏုဇီဝသက်ရှိတွေကတော့ လူတွေကို တကယ်ပဲ ဖျားနာစေနိုင်တယ်..."

"ဥပမာပြောရရင် ဒဏ်ရာတွေကို ကူးစက်စေပြီး ပြည်တည်စေတဲ့ ဘက်တီးရီးယားတွေပေါ့..."

"နောက်ဥပမာက အစားအစာတွေကို ပုပ်သိုးပျက်စီးစေတဲ့ ဘက်တီးရီးယားတွေပေါ့..."

"ရေတွင်းရေကို မသန့်မရှင်းဖြစ်စေတဲ့ ဘက်တီးရီးယားတွေလည်း ပါတာပေါ့..."

အိမ်ရှေ့စံမင်းသားမှာ နားထောင်ရင်း သူ၏ မျက်နှာအမူအရာမှာ ပိုမို၍ မှုန်ကုပ်လာလေသည်။

သူသည် နေ့စဉ် သောက်သုံးနေကျဖြစ်သော ရေတွင်းရေကိုတွေးမိသွား၏။

"အဲဒါဆိုရင်... ငါတို့ ပုံမှန်သောက်နေကျ ရေတွင်းရေကရော..."

အိမ်ရှေ့စံမင်းသား၏ အသံမှာ အနည်းငယ် တုန်ရီနေသည်။

"မှန်ပါတယ်..."

ဝမ်ကျန့်ကော်က တုံ့ဆိုင်းမှုမရှိဘဲ ဖြေကြားလိုက်၏။

“ရေတွင်းရေထဲမှာ အဏုဇီဝသက်ရှိတွေ အများကြီးရှိနေမှာ သေချာပါတယ်... အများစုက အန္တရာယ်မရှိဘူးဆိုပေမယ့် အရမ်းများလွန်းနေရင် ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ကြုံတွေ့ရရင် သူတို့က သင့်ကို ဖျားနာစေပါလိမ့်မယ်... ဒါပေမယ့် ရေကို ကျိုချက်လိုက်ခြင်းက အထောက်အကူဖြစ်စေပါတယ်... အပူချိန်ပြင်းပြင်းက အဏုဇီဝသက်ရှိ အများစုကို သေစေနိုင်တယ်လေ... ကျိုချက်ထားတဲ့ရေက အများကြီး ပိုပြီး ဘေးကင်းလုံခြုံပါတယ်..."

"ကျိုချက်တာ..."

အိမ်ရှေ့စံမင်းသားမှာ တွေးတောသွားသည်။

"ရေကို ပွက်ပွက်ဆူလာတဲ့အထိ အပူပေးတာကို ဆိုလိုတာလား..."

"မှန်ပါတယ်..."

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်သည်။

"အဲ့အချက်ကြောင့်ပဲ အရှင်မင်းကြီးက လူတိုင်းကို ကျိုချက်ထားတဲ့ရေ သောက်ဖို့ အရင်က တောင်းဆိုခဲ့တာပါ..."

"သြော်..."

အိမ်ရှေ့စံမင်းသားမှာ ရုတ်တရက် သဘောပေါက်သွား၏။

"ဒါကြောင့်ကိုး အရှင်မင်းကြီးက ကျိုချက်ထားတဲ့ရေသောက်ဖို့၊ လက်ကို မကြာခဏဆေးကြောဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့ အလေးအနက်ထား ပြောနေခဲ့တာ..."

"ဒါတွေအားလုံးက မမြင်နိုင်တဲ့ ဒီအဏုဇီဝသက်ရှိတွေကြောင့် ဖြစ်နေတာကိုး..."

"မှန်ပါတယ်..."

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်သည်။

"သူတို့ကို မမြင်နိုင်ဘူးဆိုပေမယ့် တကယ်တည်ရှိနေကြပါတယ်... ပြီးတော့ သူတို့ရဲ့ သက်ရောက်မှုကလည်း ကြီးမားလှပါတယ်..."

"ရောဂါအများစုက အဏုဇီဝသက်ရှိတွေကြောင့် ဖြစ်ရတာပါ..."

"ဒဏ်ရာတွေ ကူးစက်ခံရတာမျိုးတွေပေါ့..."

"ကပ်ရောဂါတွေလိုမျိုးပေါ့..."

"အစားအသောက် အဆိပ်သင့်တာမျိုးတွေလည်း ပါတာပေါ့..."

"ဒါကြောင့် ပြည်သူ့ကျန်းမာရေးက အထူးအရေးကြီးလှပါတယ်..."

"ကျိုချက်ထားတဲ့ရေကို သောက်ပြီး လက်ကို မကြာခဏ ဆေးကြောရုံတင်မကဘဲ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားဖို့၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့နဲ့ ကြွက်တွေ၊ အင်းဆက်တွေကို နှိမ်နင်းဖို့လည်း လိုအပ်ပါတယ်..."

"ဒါတွေအားလုံးက အဏုဇီဝသက်ရှိတွေ ပျံ့နှံ့မှုကို လျှော့ချဖို့အတွက်ပါပဲ..."

အိမ်ရှေ့စံမင်းသားမှာ နားထောင်ရင်း အလွန်တရာ တုန်လှုပ်သွားလေသည်။

မမြင်နိုင်သော ဤအဏုဇီဝသက်ရှိများ၏ ကမ္ဘာကြီးက ဤမျှအရေးကြီးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

၎င်းက လူသားများ၏ ကျန်းမာရေးနှင့် ဤမျှရင်းနှီးသော ဆက်စပ်မှုရှိနေသည်ကိုလည်း သူ မသိခဲ့ပေ။

"ဆရာဝမ် ငါ့ကို ဒီအဏုကြည့်မှန်ဘီလူးလေး ငှားလို့ရမလား..."

အိမ်ရှေ့စံမင်းသားက ရုတ်တရက် ပြောလိုက်၏။

"ငါ အခြားသူတွေကိုလည်း ဒီအဏုဇီဝသက်ရှိတွေရဲ့ ကမ္ဘာကြီးကို မြင်စေချင်လို့ပါ..."

"ရပါတယ်..."

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် အသုံးပြုတဲ့အခါ သတိထားပါ... အဏုကြည့်မှန်ဘီလူးက အရမ်းတိကျပြီး အလွယ်တကူ ပျက်စီးနိုင်ပါတယ်..."

"နားလည်ပါပြီ..."

အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်လေသည်။

နာရီဝက်ခန့်ကြာပြီးနောက် ရှန်းယန်နန်းတော်၊ ညီလာခံအတွင်း၌ ဖြစ်သည်။

ယနေ့ ညီလာခံမှာ ပုံမှန်နှင့် အနည်းငယ် ကွဲပြားခြားနားနေ၏။

ခန်းမကြီး၏ အလယ်ဗဟိုတွင် အဏုကြည့်မှန်ဘီလူးတစ်ခုကို တင်ထားလေသည်။

အဏုကြည့်မှန်ဘီလူး၏ ဘေးတွင် ရေအမျိုးအစား အမျိုးမျိုးပါဝင်သော ဖန်ခွက်အချို့ ရှိနေသည်။

ရေတွင်းရေ၊ မြစ်ရေ၊ မိုးရေနှင့် မှူးမတ်တစ်ဦး၏ အိမ်မှ ယူဆောင်လာသော ရေတွင်းရေချိုပင် ပါဝင်လေသည်။

"ငါ့ရဲ့ သစ္စာရှိပြည်သူတို့..."

ချင်ရှီဟွမ်က နဂါးပလ္လင်ပေါ်တွင် ထိုင်လျက် တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။

"ဒီနေ့ မင်းတို့ကို အရာတစ်ခု ပြသဖို့ ငါကိုယ်တော် ခေါ်လိုက်တာပါ..."

"ဘာများလဲ အရှင်မင်းကြီး..."

အမတ်အိုတစ်ဦးက မေးလိုက်၏။

"ရေတစ်ပေါက်ပါ..."

ချင်ရှီဟွမ်က ပြောလိုက်သည်။

"အသန့်ရှင်းဆုံးလို့ ထင်ရတဲ့ ရေတစ်ပေါက်ပါ..."

"ဖူစု ပြသလိုက်စမ်း..."

"မှန်လှပါ ခမည်းတော်..."

အိမ်ရှေ့စံမင်းသားသည် ရှေ့သို့ထွက်လာပြီး "ရေတွင်းရေချို" တစ်ပေါက်ကို ဂရုတစိုက် ယူကာ မှန်ပြားငယ်ပေါ်တွင် တင်လိုက်ပြီးနောက် အဏုကြည့်မှန်ဘီလူးအောက်သို့ ထည့်သွင်းလိုက်သည်။ (တစ်ပေါက်က တစ်စက်ကိုပြောတာပါ။ စာရေးသူ မြန်မာစကားကို လှည့်သုံးချင်လို့ပါ)

"အမတ်ကြီးတို့ ကျေးဇူးပြုပြီး ရှေ့ကိုထွက်လာကာ ကြည့်ရှုကြပါ..."

အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။

အမတ်များသည် အရှင်မင်းကြီးက သူတို့ကို မည်သည့်အရာကို ပြသချင်နေမှန်း နားမလည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သို့သော် စူးစမ်းလိုစိတ်ရှိသော အမတ်အချို့ကမူ ရှေ့သို့ထွက်လာကာ အဏုကြည့်မှန်ဘီလူးအတွင်းသို့ တစ်လှည့်စီ ကြည့်ရှုကြလေသည်။

ထိုအခါ…

"အား..."

ပထမဆုံးကြည့်ရှုသော အမတ်က ရုတ်တရက် ခေါင်းမော့လာပြီး သူ၏မျက်နှာမှာ သွေးဆုတ်နေကာ အန်တော့မည့်အလား ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်သည်။

"အထဲမှာ... အထဲမှာ ပိုးကောင်တွေ ရှိနေတယ်..."

"ပိုးကောင်တွေ ဟုတ်လား..."

အခြားအမတ်များမှာ ပို၍ပင် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာကြ၏။

သူတို့လည်း ရှေ့သို့ထွက်ကာ ကြည့်ရှုလိုက်ကြသည်။

ထို့နောက် တစ်ယောက်ပြီးတစ်ယောက် သူတို့၏ မျက်နှာများ ဖြူလျော့သွားကြသည်။

အချို့ဆိုလျှင် မထိန်းနိုင်တော့ဘဲ ထိုနေရာတွင်ပင် အန်ချလိုက်ကြ၏။

"ဘာ... ဘာတွေဖြစ်ကုန်တာလဲ..."

မှူးမတ်အိုတစ်ဦးက တုန်ရီသောအသံဖြင့် မေးလိုက်သည်။

"ဒီရေထဲမှာ... လှုပ်ရှားနေတဲ့ အကောင်သေးသေးလေးတွေ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ရှိနေရတာလဲ..."

"ဒီအရာတွေက အဏုဇီဝသက်ရှိတွေပါ..."

ဝမ်ကျန့်ကော်က ရှေ့သို့ထွက်လာကာ ရှင်းပြလိုက်၏။

"သူတို့က အသက်ရှိကြပေမယ့် ကျွန်တော်တို့ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင်ကို သေးငယ်လွန်းကြတယ်... အဏုကြည့်မှန်ဘီလူးနဲ့မှသာ သူတို့ကို ကျွန်တော်တို့ မြင်နိုင်တာပါ..."

"သူတို့က နေရာတိုင်းမှာ ရှိနေကြတယ်... ရေတစ်ပေါက်တိုင်းမှာ ခုလို အဏုဇီဝသက်ရှိ ထောင်ပေါင်းများစွာ ရှိနေတယ်..."

"ဘာ..."

မှူးမတ်အို၏မျက်နှာမှာ ပို၍ပင် ဖြူလျော့သွား၏။

"ရေတစ်ပေါက်တိုင်းမှာ ဟုတ်လား... ဒါဆိုရင်... ငါတို့ ပုံမှန်သောက်နေကျ ရေတွင်းရေကရော..."

"မှန်ပါတယ်..."

ဝမ်ကျန့်ကော်က တုံ့ဆိုင်းမှုမရှိဘဲ ဖြေကြားလိုက်သည်။

"ရေတွင်းရေထဲမှာ အဏုဇီဝသက်ရှိတွေ အများကြီးရှိနေမှာ သေချာပါတယ်..."

"အဲဒါဆိုရင်... ငါတို့က နေ့တိုင်း ဒီ... ဒီပိုးကောင်တွေကို သောက်နေခဲ့ကြတာပေါ့..."

နောက်ထပ် မှူးမတ်တစ်ဦးမှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ ပျို့တက်လာမည့်အလား ပါးစပ်ကို ဖုံးအုပ်ထားလိုက်၏။

"မှန်ပါတယ်..."

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် စိတ်မပူပါနဲ့... အဏုဇီဝသက်ရှိ အများစုက လူ့ခန္ဓာကိုယ်ကို အန္တရာယ်မပြုပါဘူး..."

"ဒါပေမယ့် တချို့ အဏုဇီဝသက်ရှိတွေကတော့ လူတွေကို တကယ်ပဲ ဖျားနာစေနိုင်တယ်..."

"ဒါကြောင့် အကောင်းဆုံးနည်းလမ်းက ရေကို ကျိုချက်ဖို့ပါပဲ... အပူချိန်ပြင်းပြင်းက အဏုဇီဝသက်ရှိ အများစုကို သေစေနိုင်တယ်လေ... ကျိုချက်ထားတဲ့ရေက အများကြီး ပိုပြီး ဘေးကင်းလုံခြုံပါတယ်..."

စင်မြင့်အောက်ရှိ အမတ်များမှာ ဆူညံစွာ ဆွေးနွေးပြောဆိုနေကြလေသည်။

အချို့မှာ မျက်နှာများ ဖြူလျော့နေကြပြီး အချို့မှာ ကြောက်ရွံ့ထိတ်လန့်နေပုံရကာ အခြားသူများမှာမူ နက်နက်နဲနဲ တွေးတောနေကြ၏။

"အရှင်မင်းကြီး..."

မှူးမတ်အိုတစ်ဦးက ရုတ်တရက် ရှေ့သို့ထွက်လာသည်။

"ဒီ... ဒီအဏုဇီဝသက်ရှိတွေက ရေကို မသန့်မရှင်းဖြစ်စေတယ်ဆိုရင် အရင်တုန်းက ဘာလို့ ကျွန်တော်မျိုးတို့ မသိခဲ့ရတာလဲ..."

"ငါတို့က သူတို့ကို မမြင်နိုင်ခဲ့လို့ပဲ..."

ချင်ရှီဟွမ်က ဖြည်းညင်းစွာ ပြောလိုက်၏။

"ဒါပေမယ့် သူတို့ကို မမြင်ရရုံနဲ့ သူတို့ မရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူး..."

"ငါတို့ လေကို မမြင်ရပေမယ့် လေက တကယ်တည်ရှိနေသလိုမျိုးပေါ့..."

"ငါတို့ ဘက်တီးရီးယားတွေကို မမြင်ရပေမယ့် ဘက်တီးရီးယားတွေက တကယ်တည်ရှိနေတယ်..."

"ဒါကြောင့်မို့လို့ ငါကိုယ်တော်က ကျိုချက်ထားတဲ့ရေသောက်ဖို့၊ လက်ကို မကြာခဏဆေးကြောဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့ အလေးအနက်ထား ပြောနေခဲ့တာ..."

"ဘာဖြစ်လို့လဲဆိုတော့ မမြင်ရတဲ့ အဏုဇီဝသက်ရှိတွေက ရောဂါများစွာရဲ့ အဓိက အကြောင်းရင်း ဖြစ်နေလို့ပဲ..."

"ငါကိုယ်တော့်ရဲ့ စစ်သည်တွေဟာ ပိုးကောင်တွေရဲ့ လက်ချက်နဲ့ မသေဆုံးစေရဘူး..."

"မဟာချင်က ပြည်သူတွေလည်း ပိုးကောင်တွေရဲ့ လက်ချက်နဲ့ မသေဆုံးစေရဘူး..."

အောက်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ယခုအခါ လူတိုင်း နားလည်သွားကြပြီဖြစ်၏။

လူတိုင်းကို ကျိုချက်ထားသောရေ သောက်ရန် တောင်းဆိုခြင်း၊ မြို့တံခါးများတွင် လက်ဆေးသည့် နေရာများ ထားရှိခြင်းနှင့် သမားတော်များကို ခွဲစိတ်မှုမပြုမီ လက်ဆေးရန် တောင်းဆိုခြင်း စသည့် ယခင်က အရှင်မင်းကြီး ပြုလုပ်ခဲ့သော ထူးဆန်းပုံရသည့် အရာများအားလုံးမှာ မမြင်နိုင်သော ဤအဏုဇီဝသက်ရှိများကို တိုက်ဖျက်ရန်ဖြစ်ကြောင်း ပေါ်လွင်သွားခဲ့သည်။

"အရှင်မင်းကြီး..."

အမတ်တစ်ဦးက ရုတ်တရက် ရှေ့သို့ထွက်လာ၏။

"အခု ကျွန်တော်မျိုးတို့ ဘာဆက်လုပ်သင့်ပါသလဲ..."

"ရိုးရှင်းပါတယ်..."

ချင်ရှီဟွမ်က ပြောလိုက်သည်။

"ဒီနေ့ကစပြီး လူတိုင်း ကျိုချက်ထားတဲ့ရေကိုပဲ သောက်ရမယ်..."

"ရေတွင်းရေနဲ့ မြစ်ရေအားလုံးကို မသောက်သုံးခင်မှာ ကျိုချက်ရမယ်..."

"ဒါ့အပြင် ငါတို့ဟာ ပြည်သူ့ကျန်းမာရေးကို ဆက်လက်ခိုင်မာအောင် လုပ်ဆောင်ရမယ်... ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားဖို့၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့နဲ့ ကြွက်တွေ၊ အင်းဆက်တွေကို နှိမ်နင်းဖို့ပေါ့..."

"ဒါတွေအားလုံးက အဏုဇီဝသက်ရှိတွေ ပျံ့နှံ့မှုကို လျှော့ချဖို့အတွက်ပဲ..."

"ငါကိုယ်တော်က မဟာချင်ကို ပြည်သူ့ကျန်းမာရေးကို တကယ်တန်ဖိုးထားတဲ့ ပထမဆုံးနိုင်ငံ ဖြစ်စေချင်တယ်..."

"မဟာချင်က ပြည်သူတွေကို ဒီမမြင်နိုင်တဲ့ အဏုဇီဝသက်ရှိတွေကြောင့် ထပ်ပြီး မဖျားနာစေချင်တော့ဘူး..."

"မင်းတို့ နားလည်ကြရဲ့လား..."

"ကျွန်တော်မျိုးတို့ နားလည်ပါပြီ..."

အမတ်များအားလုံးက တညီတညွတ်တည်း ဦးညွှတ်လိုက်ကြ၏။

"ကောင်းပြီ..."

ချင်ရှီဟွမ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဖူစု အဏုကြည့်မှန်ဘီလူးကို ယူသွားလိုက်တော့... မနက်ဖြန်ကစပြီး ရှန်းယန်က ပြည်သူအားလုံးကို ဒီအဏုကြည့်မှန်ဘီလူး လာကြည့်ခိုင်းလိုက်..."

"သန့်ရှင်းတယ်လို့ ထင်ရတဲ့ ရေက တကယ်တော့ ဘယ်လောက် ညစ်ပတ်နေတယ်ဆိုတာကို သူတို့ကို မြင်ပါစေ..."

တစ်နာရီခန့်ကြာပြီးနောက် ရှန်းယန်နန်းတော်၊ နန်းတွင်းသမားတော်ရုံးအတွင်း၌ ဖြစ်သည်။

နန်းတွင်းသမားတော်သည် သူ၏ စားပွဲနောက်တွင် ထိုင်ကာ ဆေးမှတ်တမ်းများကို စီစဉ်နေသည်။

ရုတ်တရက် အလျင်စလို ခြေသံများက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာ၏။

"နန်းတွင်းသမားတော်... နန်းတွင်းသမားတော်..."

အိမ်ရှေ့စံမင်းသားသည် အဏုကြည့်မှန်ဘီလူးကို ပိုက်ထားလျက် တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာသည်။

"အိမ်ရှေ့စံမင်းသား..."

နန်းတွင်းသမားတော်မှာ အနည်းငယ် အံ့အားသင့်သွား၏။

“ဘာလို့ ကြွလာတာလဲ... ပြီးတော့ ဒီအရာကို သယ်လာတာက..."

"နန်းတွင်းသမားတော် ခမည်းတော်က သင့်ကို ဒီအရာပြဖို့ ကျွန်တော့်ကို ယူလာခိုင်းလိုက်တာ..."

အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။

"ဒါက ကျွန်တော်တို့ကို မမြင်နိုင်တဲ့ အဏုဇီဝသက်ရှိတွေကို မြင်နိုင်စေတယ်..."

"အဏုဇီဝသက်ရှိများ..."

နန်းတွင်းသမားတော်မှာ ခဏတာ ဆွံ့အသွားလေသည်။

"ဟုတ်တယ်..."

အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်၏။

"ဒဏ်ရာတွေကို ကူးစက်စေပြီး ပြည်တည်စေတဲ့ အကောင်တွေလေ..."

"ဘာ..."

နန်းတွင်းသမားတော်၏ မျက်လုံးများ ချက်ချင်းပင် လင်းလက်သွားသည်။

မဟာချင်၏ သမားတော်ချုပ်တစ်ဦးအနေဖြင့် သူသည် ဒဏ်ရာကူးစက်မှု ပြဿနာများနှင့် ပတ်သက်၍ အမြဲတမ်း ပဟေဠိဖြစ်နေခဲ့၏။

အချို့ဒဏ်ရာများက အဘယ်ကြောင့် ကူးစက်ခံရပြီး အချို့က အဘယ်ကြောင့် ကူးစက်မခံရသနည်း။

အလွန်သန့်ရှင်းစွာ ကုသပေးထားသည့်တိုင်အောင် တစ်ခါတစ်ရံတွင် ဒဏ်ရာက အဘယ်ကြောင့် ကူးစက်ခံရဆဲ ဖြစ်နေသနည်း။

ယခုမူ သူသည် အဖြေကို ရှာတွေ့သွားပုံရလေသည်။

"အိမ်ရှေ့စံမင်းသား အဲ့အဏုဇီဝသက်ရှိတွေက ဒဏ်ရာကူးစက်မှုတွေရဲ့ နောက်ကွယ်က တရားခံတွေလို့ ပြောချင်တာလား..."

နန်းတွင်းသမားတော်က အလျင်စလို မေးလိုက်၏။

"ဟုတ်တယ်..."

အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်သည်။

"ဆရာဝမ်က အဲဒီလိုပြောတယ်... ဒဏ်ရာတွေကို ကူးစက်စေပြီး ပြည်တည်စေတဲ့အရာတွေက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေလို့ သူပြောတယ်... သူတို့က ကျွန်တော်တို့ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင်ကို သေးငယ်လွန်းကြတယ်... အဏုကြည့်မှန်ဘီလူးနဲ့မှသာ သူတို့ကို မြင်နိုင်တာပါတဲ့..."

"ဒါကြောင့်မို့လို့ ခွဲစိတ်မှုမလုပ်ခင် လက်ကိုဆေးကြောတာ၊ ပိုးသတ်တာနဲ့ ကိရိယာတွေကို အပူချိန်ပြင်းပြင်းနဲ့ ပိုးသတ်တာတွေ... အားလုံးက ဒီဘက်တီးရီးယားတွေကို သတ်ဖို့အတွက်ပဲ..."

"သြော် အဲဒီလိုကိုး..."

နန်းတွင်းသမားတော်မှာ ရုတ်တရက် သဘောပေါက်သွားလေသည်။

"ဒါဆိုရင် အရှင်မင်းကြီးက ကျွန်တော်တို့ကို အပူချိန်ပြင်းပြင်းနဲ့ ပိုးသတ်ဖို့ တောင်းဆိုနေခဲ့တဲ့ အကြောင်းရင်းကလည်း ဒီဘက်တီးရီးယားတွေကို

သတ်ဖို့အတွက်ပဲကိုး..."

သူသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် လက်များပင် တုန်ယင်နေ၏။

"အိမ်ရှေ့စံမင်းသား ဒီအဏုကြည့်မှန်ဘီလူးကို ကျွန်တော့်ကို ကြည့်ခွင့်ပြုနိုင်မလား..."

နန်းတွင်းသမားတော်က စိတ်အားထက်သန်စွာ မေးလိုက်သည်။

"ရတာပေါ့..."

အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်၏။

သူသည် ဒဏ်ရာတစ်ခုမှ ပြည်တစ်ပေါက်ကို ယူကာ မှန်ပြားငယ်ပေါ်တွင် တင်လိုက်ပြီးနောက် အဏုကြည့်မှန်ဘီလူးအောက်သို့ ထည့်သွင်းလိုက်သည်။

နန်းတွင်းသမားတော်သည် ရှေ့သို့တိုးကာ မှန်ဘီလူးတွင် သူ၏မျက်စိကို တေ့လိုက်လေသည်။

ထို့နောက်…

သူ ၎င်းကို မြင်တွေ့လိုက်ရ၏။

သူသည် အရေအတွက်မရေတွက်နိုင်သော၊ လှုပ်စိလှုပ်စိဖြစ်နေသည့် ဘက်တီးရီးယားများကို မြင်တွေ့လိုက်ရသည်။

၎င်းတို့သည် အုပ်စုလိုက် သိပ်သည်းစွာ စုဝေးနေကြပြီး အန္တရာယ်ကြီးမားသည့် အသေးစားကမ္ဘာလေးတစ်ခုနှင့် တူနေလေသည်။

"ဒါ... ဒါတွေက ဘက်တီးရီးယားတွေလား..."

နန်းတွင်းသမားတော်၏ အသံမှာ အနည်းငယ် တုန်ရီနေ၏။

"ဟုတ်တယ်..."

အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်သည်။

"ဒါတွေက ဒဏ်ရာတွေကို ကူးစက်စေတဲ့ ဘက်တီးရီးယားတွေပဲ..."

"ခွဲစိတ်မှုမလုပ်ခင် ကျွန်တော်တို့ရဲ့ လက်တွေကို မဆေးကြောရင် ဒါမှမဟုတ် ပိုးမသတ်ရင် ဒီဘက်တီးရီးယားတွေက ကျွန်တော်တို့ရဲ့ လက်ကတစ်ဆင့် ဒဏ်ရာထဲကို ဝင်သွားပြီးတော့..."

"ပြီးတော့ ကူးစက်သွားတာပေါ့..."

နန်းတွင်းသမားတော်က စကားကို အဆုံးသတ်လိုက်၏။

"ဟုတ်တယ်..."

အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်သည်။

အဏုကြည့်မှန်ဘီလူးထဲမှ ထိုဘက်တီးရီးယားများကို ကြည့်ရင်း နန်းတွင်းသမားတော်မှာ ရောထွေးနေသော ခံစားချက်များကို ခံစားလိုက်ရသည်။

သူသည် ဆေးပညာကို ဆယ်စုနှစ်များစွာ လေ့လာလိုက်စားခဲ့သော်လည်း အချို့ဒဏ်ရာများက အဘယ်ကြောင့် ကူးစက်ခံရသည်ကို တစ်ခါမျှ နားမလည်ခဲ့ပေ။

ယခုမူ သူသည် ၎င်းကို အဆုံး၌ မြင်တွေ့လိုက်ရပြီဖြစ်၏။

သူ့ကို ဆယ်စုနှစ်များစွာ ပဟေဠိဖြစ်စေခဲ့သော ရန်သူများကို သူ မြင်တွေ့လိုက်ရသည်။

"အိမ်ရှေ့စံမင်းသား ကျွန်တော် နားလည်ပါပြီ..."

နန်းတွင်းသမားတော်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဒီနေ့ကစပြီး အရှင်မင်းကြီးရဲ့ တောင်းဆိုချက်တွေကို တင်းကျပ်စွာ လိုက်နာပါ့မယ်... ခွဲစိတ်မှုမလုပ်ခင် ကျွန်တော့်ရဲ့ လက်တွေကို ဆေးကြောမယ်၊ အရက်ပျံနဲ့ ပိုးသတ်မယ်၊ ပြီးတော့ ကိရိယာအားလုံးကို အပူချိန်ပြင်းပြင်းနဲ့ ပိုးသတ်ပါ့မယ်..."

"နန်းတွင်းသမားတော်ရုံးက သမားတော်အားလုံးကို ဒီအဏုကြည့်မှန်ဘီလူး လာကြည့်ခိုင်းပါ့မယ်..."

"မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေက ဘယ်လိုပုံစံရှိလဲဆိုတာ သူတို့ကို မြင်ပါစေ..."

"သန့်ရှင်းရေးက ဘာလို့ ဒီလောက်အရေးကြီးလဲဆိုတာ သူတို့ကို နားလည်ပါစေ..."

"ကောင်းပြီ..."

အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင် ဒီအဏုကြည့်မှန်ဘီလူးကို နန်းတွင်းသမားတော်ရုံးမှာပဲ ထားခဲ့မယ်... နန်းတွင်းသမားတော် ရှဝူချဲ့ သင်က ဒါကို သုံးပြီး နမူနာအမျိုးမျိုးကို လေ့လာပြီး ဒီဘက်တီးရီးယားတွေရဲ့ လက္ခဏာရပ်တွေကို လေ့လာနိုင်ပါတယ်..."

"မှန်လှပါ အိမ်ရှေ့စံမင်းသား..."

နန်းတွင်းသမားတော်သည် ဦးညွှတ်ကာ အမိန့်ကို လက်ခံလိုက်လေသည်။

သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။

ဤအဏုကြည့်မှန်ဘီလူးဖြင့် သူသည် ရောဂါများကို ပိုမိုနားလည်နိုင်ပြီး လူနာများကို ပိုမိုကောင်းမွန်စွာ ကုသပေးနိုင်မည်ဖြစ်သည်။

မဟာချင်၏ ဆေးပညာသည်လည်း ကြီးမားသော တိုးတက်မှုကြီးတစ်ခုကို ရရှိလာတော့မည် ဖြစ်လေသည်။

တစ်ချိန်တည်းတွင် ရှန်းယန်နန်းတော်၏ နန်းတွင်းရေးရာဌာန၌ ဖြစ်သည်။

ကျောက်ကောင်းသည် ပုလင်းသွင်းရေရောင်းချမှု အစီရင်ခံစာကို စစ်ဆေးနေ၏။

အရှင်မင်းကြီးက လူတိုင်းကို ကျိုချက်ထားသောရေ သောက်ရန် တောင်းဆိုပြီးကတည်းက ရှန်းယန်တွင် ကုန်ပစ္စည်းအသစ်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။ ၎င်းမှာ ပုလင်းသွင်းရေပင် ဖြစ်၏။(ရေသန့်သဘောပါ..ကျိုချက်ထားရုံပဲမို့ ယနေ့ခေတ်သောက်နေကျ ရေသန့်လောက်တော့ မဟုတ်သေးပါဘူး)

ကုန်သည်များသည် ကျိုချက်ထားသောရေများကို ရွှံ့အိုးများထဲသို့ ထည့်ကာ တင်းကျပ်စွာ ပိတ်ဆို့ပြီး ရောင်းချကြသည်။

စျေးနှုန်းမှာ မသက်သာသော်လည်း အရောင်းအဝယ်မှာ အထူးကောင်းမွန်နေလေသည်။

အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အရောင်းအဝယ်မှာ အလွန်အမင်း ထိုးတက်သွားခဲ့၏။

"ဒါက... ဘာတွေဖြစ်နေတာလဲ..."

ကျောက်ကောင်းသည် အစီရင်ခံစာပေါ်ရှိ ဂဏန်းများကို ကြည့်ကာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

ပုလင်းသွင်းရေ ရောင်းချမှုက အဘယ်ကြောင့် ရုတ်တရက် ဤမျှထိုးတက်သွားရသနည်း။

ထိုမှူးမတ်များက အဏုကြည့်မှန်ဘီလူးထဲမှ အဏုဇီဝသက်ရှိများကို မြင်တွေ့သွားသောကြောင့်များလား။

"ကျောက်ကောင်း..."

တံခါးအပြင်ဘက်မှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။

ကျောက်ကောင်းက ခေါင်းမော့ကြည့်လိုက်ရာ ချင်ရှီဟွမ်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

"အရှင်မင်းကြီး..."

ကျောက်ကောင်းက အလျင်စလို မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်လေသည်။

"အခမ်းအနားတွေ မလိုပါဘူး..."

ချင်ရှီဟွမ်က လက်ကို ဝှေ့ယမ်းလိုက်၏။

"ငါကိုယ်တော် မေးမယ်... အဏုကြည့်မှန်ဘီလူးတွေကို ဖြန့်ဝေပြီးပြီလား..."

"အရှင်မင်းကြီးကို တင်လျှောက်ပါတယ်... ဖြန့်ဝေပြီးပါပြီ..."

ကျောက်ကောင်းက ပြန်ဖြေလိုက်သည်။

"အိမ်ရှေ့စံမင်းသားက အဏုကြည့်မှန်ဘီလူးတစ်ခုကို နန်းတွင်းသမားတော်ရုံးကို ယူသွားပါတယ်... နောက်ထပ် အနည်းငယ်ကိုတော့ ကျောင်းတွေနဲ့ အလုပ်ရုံ အသီးသီးကို ပို့ပေးလိုက်ပါတယ်..."

"ကောင်းပြီ..."

ချင်ရှီဟွမ်က ခေါင်းညိတ်လိုက်၏။

"ပြီးတော့ အကျိုးသက်ရောက်မှုကရော ဘယ်လိုရှိလဲ..."

"အကျိုးသက်ရောက်မှုက... အလွန်ကောင်းပါတယ်..."

ကျောက်ကောင်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

“အဏုကြည့်မှန်ဘီလူးထဲက အဏုဇီဝသက်ရှိတွေကို မြင်ပြီးတဲ့နောက်မှာ အဲဒီမှူးမတ်တွေက မျက်နှာတွေ ဖြူလျော့ကုန်ပြီး တချို့ဆို နေရာမှာတင် အန်တောင်အန်ကြပါတယ်..."

"အခု ရှန်းယန်က မှူးမတ်အားလုံးက ပုလင်းသွင်းရေတွေကို အလုအယက် ဝယ်နေကြပါတယ်..."

"သူတို့ထဲက တစ်ယောက်မှ ရေတွင်းရေကို ထပ်မသောက်ရဲကြတော့ပါဘူး..."

"သူတို့အားလုံး ကျိုချက်ထားတဲ့ရေကို ပြောင်းသောက်နေကြပါပြီ..."

ထိုစကားကို ကြားသောအခါ ချင်ရှီဟွမ်မှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

"အဏုကြည့်မှန်ဘီလူးက တကယ်ပဲ အသုံးဝင်ပုံရတယ်..."

"မှန်လှပါ အရှင်မင်းကြီး..."

ကျောက်ကောင်းက ခေါင်းညိတ်လိုက်၏။

"ဒါပေမယ့် အရှင်မင်းကြီး ကျွန်တော်မျိုးမှာ မေးစရာတစ်ခု ရှိပါတယ်..."

"ဘာမေးစရာလဲ..."

"အဏုဇီဝသက်ရှိတွေ အားလုံးက တကယ်ပဲ အန္တရာယ်ရှိတာလား..."

ကျောက်ကောင်းက မေးလိုက်သည်။

"ဆရာဝမ်ကတော့ တချို့အဏုဇီဝသက်ရှိတွေက လူ့ခန္ဓာကိုယ်ကို အကျိုးပြုပြီး တချို့က အန္တရာယ်ရှိတယ်လို့ ပြောပါတယ်..."

"အဲဒါဆိုရင်... အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို ကျွန်တော်မျိုးတို့ နာမည်ပေးလို့ ရမလား..."

"အဲဒီလိုဆိုရင် သူတို့ကို ခွဲခြားလို့ရပြီလေ..."

ချင်ရှီဟွမ်မှာ ခဏတာ ဆွံ့အသွားလေသည်။

"နာမည်ပေးမယ် ဟုတ်လား..."

"မှန်လှပါ အရှင်မင်းကြီး..."

ကျောက်ကောင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ဥပမာအနေနဲ့ ဒဏ်ရာတွေကို ကူးစက်စေတဲ့အရာတွေကို ကူးစက်စေတဲ့ ဘက်တီးရီးယားလို့ ခေါ်လို့ရတယ်... ရေကို ညစ်ပတ်စေတဲ့အရာတွေကို ရေညစ်ပတ်စေတဲ့ ဘက်တီးရီးယားလို့ ခေါ်လို့ရတယ်... အစားအသောက်ကို ပုပ်သိုးစေတဲ့အရာတွေကို ပုပ်သိုးစေတဲ့ ဘက်တီးရီးယားလို့ ခေါ်လို့ရတယ်လေ..."

"ဒီလိုနည်းနဲ့ ဘယ်ဘက်တီးရီးယားက ဆိုးပြီး ဘယ်ဘက်တီးရီးယားက ကောင်းလဲဆိုတာ ကျွန်တော်မျိုးတို့ သိနိုင်တာပေါ့..."

ချင်ရှီဟွမ်မှာ အသံထွက်အောင်ပင် ရယ်မောလိုက်လေသည်။

"ကျောက်ကောင်း မင်းရဲ့ အကြံဉာဏ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်..."

"ဒါပေမယ့် ဘက်တီးရီးယားတွေကို နာမည်ပေးဖို့ဆိုတာက ဝမ်ကျန့်ကော်ရဲ့ အလုပ်ပါ..."

"မင်းက နန်းတွင်းရေးရာဌာနကို စီမံခန့်ခွဲတဲ့အလုပ်ကိုပဲ အာရုံစိုက်ထားပါ..."

"မှန်လှပါ အရှင်မင်းကြီး..."

ကျောက်ကောင်းမှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း ခေါင်းညိတ်လိုက်လေသည်။

"ဒါနဲ့ ကျောက်ကောင်း..."

ချင်ရှီဟွမ်က ရုတ်တရက် အရာတစ်ခုကို တွေးမိသွား၏။

“အဏုကြည့်မှန်ဘီလူးထဲက အဏုဇီဝသက်ရှိတွေကို မြင်ပြီးတဲ့နောက်မှာ မှူးမတ်တွေက ရေတွင်းရေကို ထပ်မသောက်ရဲကြတော့ဘူးလို့ မင်း ခုလေးတင် ပြောလိုက်တယ်မလား..."

"မှန်လှပါ အရှင်မင်းကြီး..."

ကျောက်ကောင်းက ပြန်ဖြေလိုက်သည်။

"သူတို့အားလုံး ကျိုချက်ထားတဲ့ရေကို ပြောင်းသောက်နေကြပါပြီ..."

"ကောင်းလှတယ်..."

ချင်ရှီဟွမ်က ခေါင်းညိတ်လိုက်၏။

"ငါကိုယ်တော့်ရဲ့ အမိန့်တော်ကို ချမှတ်လိုက်... ဒီနေ့ကစပြီး အများပြည်သူနဲ့ဆိုင်တဲ့ နေရာတိုင်းမှာ ကျိုချက်ထားတဲ့ရေကို ထားရှိပေးရမယ်..."

"ကျောင်းတွေ၊ အလုပ်ရုံတွေနဲ့ စစ်တပ်စခန်းတွေ အားလုံးမှာ ရေနွေးအိုးတွေ တပ်ဆင်ရမယ်..."

"ဒါ့အပြင် ရေအရည်အသွေးကို ပုံမှန် စစ်ဆေးရမယ်..."

"အရည်အသွေးစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ မည်သည့်ရေကိုမဆို ချက်ချင်း ရပ်တန့်ရမယ်..."

"မှန်လှပါ အရှင်မင်းကြီး..."

ကျောက်ကောင်းက ဦးညွှတ်ကာ အမိန့်ကို လက်ခံလိုက်လေသည်။

ညနေခင်းအချိန်တွင် မဟာချင် တော်ဝင်သိပ္ပံအကယ်ဒမီ၏ ဓာတ်ခွဲခန်း၌ ဖြစ်သည်။

ဝမ်ကျန့်ကော်သည် အဏုကြည့်မှန်ဘီလူးကို အသုံးပြုကာ သတ္တုနမူနာတစ်ခုကို လေ့လာနေ၏။

၎င်းမှာ သံမဏိအပြားလေးတစ်ခုဖြစ်သည်။

အဏုကြည့်မှန်ဘီလူးမှတစ်ဆင့် ဤသံမဏိ၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို သူ ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ထိုသေးငယ်သော သလင်းကျောက်အစေ့လေးများကို သူ မြင်တွေ့နိုင်၏။

ထိုအသေးစိတ် ချို့ယွင်းချက်များကိုလည်း သူ မြင်တွေ့နိုင်သည်။

သံမဏိ၏ အရည်အသွေးကို ထိခိုက်စေသော အညစ်အကြေးများကိုလည်း သူ မြင်တွေ့နိုင်လေသည်။

"ဆရာဝမ်..."

အိမ်ရှေ့စံမင်းသားက လျှောက်လာ၏။

"ဘာကို ကြည့်နေတာလဲ..."

"သံမဏိရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံကို ကြည့်နေတာပါ..."

ဝမ်ကျန့်ကော်က ပြောလိုက်သည်။

"အဏုကြည့်မှန်ဘီလူးကတစ်ဆင့် ကျွန်တော်တို့ဟာ သံမဏိရဲ့ အဏုဖွဲ့စည်းပုံကို မြင်တွေ့နိုင်ပြီး သူ့ရဲ့ ဂုဏ်သတ္တိတွေကို နားလည်နိုင်ပါတယ်..."

"ဒီလိုနည်းနဲ့ ဘယ်လိုသံမဏိအမျိုးအစားက အရည်အသွေးကောင်းပြီး ဘယ်လိုအမျိုးအစားက အရည်အသွေးညံ့လဲဆိုတာကို ကျွန်တော်တို့ သိနိုင်တာပေါ့..."

"ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ဘယ်လိုတိုးတက်အောင်လုပ်ပြီး သံမဏိရဲ့ အရည်အသွေးကို ဘယ်လိုမြှင့်တင်ရမလဲ ဆိုတာကိုလည်း ကျွန်တော်တို့ သိလာမှာပါ..."

"သြော်..."

အိမ်ရှေ့စံမင်းသားက တွေးတောစွာဖြင့် ပြောလိုက်၏။

"ဒါဆိုရင် အဏုကြည့်မှန်ဘီလူးတွေကို အဏုဇီဝသက်ရှိတွေကို လေ့လာဖို့အတွက်သာမကဘဲ တခြားအရာတွေကို လေ့လာဖို့အတွက်လည်း သုံးလို့ရတာပေါ့..."

"မှန်ပါတယ်..."

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်သည်။

"အဏုကြည့်မှန်ဘီလူးရဲ့ အသုံးဝင်မှုတွေက အရမ်းကို ကျယ်ပြန့်ပါတယ်..."

"ရောဂါတွေကို နားလည်ဖို့ အဏုဇီဝသက်ရှိတွေကို လေ့လာတဲ့နေရာမှာ သူ့ကို သုံးလို့ရတယ်..."

"ပစ္စည်းတွေကို တိုးတက်ကောင်းမွန်စေဖို့ သတ္တုတွေကို လေ့လာတဲ့နေရာမှာ သုံးလို့ရတယ်..."

"ဇီဝဗေဒကို လေ့လာဖို့အတွက် အပင်တွေကို လေ့လာတဲ့နေရာမှာလည်း သုံးလို့ရတယ်..."

"အရင်းအမြစ်တွေကို ရှာဖွေဖို့ တွင်းထွက်ပစ္စည်းတွေကို လေ့လာတဲ့နေရာမှာလည်း သုံးလို့ရပါတယ်..."

"အဏုကြည့်မှန်ဘီလူးဟာ ခေတ်သစ်သိပ္ပံပညာရဲ့ အခြေခံကိရိယာတွေထဲက တစ်ခုဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်..."

"သူ့ကို အသုံးပြုပြီး ကျွန်တော်တို့ဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကမ္ဘာတွေကို မြင်တွေ့နိုင်ပါတယ်..."

"သာမန်အသိနဲ့ ရှင်းပြလို့မရတဲ့ ဖြစ်စဉ်တွေကို ကျွန်တော်တို့ နားလည်နိုင်လာပါတယ်..."

"မသိရသေးတဲ့ နယ်ပယ်တွေကိုလည်း ကျွန်တော်တို့ စူးစမ်းလေ့လာနိုင်ပါတယ်..."

၎င်းကို နားထောင်ပြီးနောက် အိမ်ရှေ့စံမင်းသားမှာ အလွန်တရာ တုန်လှုပ်သွားလေသည်။

ထူးခြားမှုမရှိပုံရသော ဤကိရိယာက ဤမျှအရေးကြီးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

၎င်းက တကယ်တော့ ခေတ်သစ်သိပ္ပံပညာ၏ အခြေခံကိရိယာတစ်ခု ဖြစ်နေပေသည်။

"ဆရာဝမ် ငါ့ကို အဏုကြည့်မှန်ဘီလူး ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးနိုင်မလား..." အိမ်ရှေ့စံမင်းသားက ရုတ်တရက် မေးလိုက်၏။

"ရတာပေါ့..."

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် အဏုကြည့်မှန်ဘီလူးကို အသုံးပြုဖို့ဆိုတာ စိတ်ရှည်မှုနဲ့ ဂရုစိုက်မှု လိုအပ်ပါတယ်..."

"ပြီးတော့ သီအိုရီပိုင်းဆိုင်ရာ အသိပညာ အတိုင်းအတာတစ်ခုအထိလည်း လိုအပ်ပါတယ်..."

"အဏုကြည့်မှန်ဘီလူးရဲ့ အခြေခံသဘောတရားတွေကို နားလည်ဖို့အတွက် သင်ဟာ အလင်းပိုင်းဆိုင်ရာ အခြေခံတချို့ကို အရင်လေ့လာဖို့ လိုပါတယ်..."

"အဲဒီလိုမှသာ သူ့ကို ထိထိရောက်ရောက် သုံးနိုင်မှာပါ..."

"ကောင်းပြီ..."

အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင် ငါ့ကို စာအုပ်တချို့ အကြံပြုပေးလို့ ရမလား..."

"သေချာတာပေါ့..."

ဝမ်ကျန့်ကော်က ပြောလိုက်သည်။

"ကျွန်တော့်ဆီမှာ 'အလင်းပိုင်းဆိုင်ရာ အခြေခံများ'၊ 'အဏုကြည့်မှန်ဘီလူး အသုံးပြုနည်းလမ်းညွှန်'၊ 'အဏုဇီဝဗေဒ အခြေခံများ' ဆိုတဲ့ စာအုပ်တွေ ရှိပါတယ်..."

"အဲ့စာအုပ်တွေနဲ့ စတင်လို့ ရပါတယ်..."

"ကျေးဇူးတင်ပါတယ် ဆရာဝမ်..."

အိမ်ရှေ့စံမင်းသားက ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။

ဤအဏုကြည့်မှန်ဘီလူးဖြင့် မဟာချင်၏ သိပ္ပံပညာသည် ကြီးမားသော တိုးတက်မှုကြီးတစ်ခုကို ရရှိလာမည်ဖြစ်ကြောင်း သူ သိထားလေသည်။

မဟာချင်၏ ဆေးပညာသည်လည်း ကြီးမားသော တိုးတက်မှုကြီးတစ်ခုကို မြင်တွေ့ရမည် ဖြစ်၏။

မဟာချင်မှ ပြည်သူများသည်လည်း ရလဒ်အနေဖြင့် အကျိုးကျေးဇူးများကို ရရှိကြမည် ဖြစ်လေသည်။

ညဉ့်နက်ချိန်တွင် ရှန်းယန်နန်းတော်၏ စာကြည့်ဆောင်၌ ဖြစ်သည်။

ချင်ရှီဟွမ်သည် ပြတင်းပေါက်နားတွင် ရပ်လျက် အဝေးမှ လင်းထိန်နေသော သိပ္ပံအကယ်ဒမီကို လှမ်းကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် တွေးတောနေသော အရိပ်အယောင်တစ်ခု ရှိနေလေသည်။

"ရှောင်ဂျီ..."

သူက စိတ်ထဲမှ မေးလိုက်၏။

"အဏုကြည့်မှန်ဘီလူးက မဟာချင်အပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ မင်း ထင်လဲ..."

[အရှင်မင်းကြီး... အဏုကြည့်မှန်ဘီလူးကို တီထွင်နိုင်ခြင်းက မဟာချင်အပေါ် နက်ရှိုင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ...]

[ပထမအချက်အနေနဲ့ ဆေးပညာမှာဆိုရင် သမားတော်တွေဟာ မမြင်နိုင်တဲ့ ထိုဘက်တီးရီးယားတွေကို နောက်ဆုံးမှာ မြင်တွေ့လာနိုင်ပြီး ရောဂါတွေရဲ့ အဓိက အကြောင်းရင်းမှန်ကို နားလည်လာမှာ ဖြစ်တဲ့အတွက် ကုသမှုတွေကို ပိုမိုကောင်းမွန်လာစေပါလိမ့်မယ်...]

[ဒုတိယအချက်အနေနဲ့ ပြည်သူ့ကျန်းမာရေးမှာဆိုရင် လူတွေဟာ အဏုဇီဝသက်ရှိတွေ တကယ်တည်ရှိနေတာကို မြင်တွေ့လာရပြီး သန့်ရှင်းရေးကို ပိုပြီးတန်ဖိုးထားလာကြမှာ ဖြစ်တဲ့အတွက် ရောဂါတွေ ပျံ့နှံ့မှုကို လျော့ကျသွားစေပါလိမ့်မယ်...]

[တတိယအချက်အနေနဲ့ ပစ္စည်းသိပ္ပံပညာမှာဆိုရင် သိပ္ပံပညာရှင်တွေဟာ ပစ္စည်းတွေရဲ့ အဏုဖွဲ့စည်းပုံကို လေ့လာနိုင်ပြီး သူတို့ရဲ့ ဂုဏ်သတ္တိတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ပါလိမ့်မယ်...]

[စတုတ္ထအချက်အနေနဲ့ ဇီဝဗေဒမှာဆိုရင် သိပ္ပံပညာရှင်တွေဟာ သက်ရှိတွေရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာဖို့ ဆဲလ်တွေနဲ့ တစ်သျှူးတွေကို လေ့လာနိုင်ပါလိမ့်မယ်...]

[အတိုချုပ်ပြောရရင် အဏုကြည့်မှန်ဘီလူးဟာ မဟာချင်ရဲ့ သိပ္ပံပညာ တိုးတက်မှုအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုကို ချပေးပါလိမ့်မယ်...]

"ဒါဆိုရင် ငါကိုယ်တော့်ကို ပြောစမ်း... အဏုဇီဝသက်ရှိတွေကို မြင်တွေ့ရလို့ ကြောက်ရွံ့သွားမယ့်သူတွေ ရှိနိုင်မလား..."

ချင်ရှီဟွမ်က မေးလိုက်၏။

[ရှိမှာပါ အရှင်မင်းကြီး... ဒါဟာ ပုံမှန်တုံ့ပြန်မှုတစ်ခုပါပဲ...]

[လုံးဝအသစ်ဖြစ်ပြီး မသိရသေးတဲ့ ကမ္ဘာကြီးတစ်ခုက လူတွေရဲ့ ရှေ့မှောက်ကို ရောက်လာတဲ့အခါ ကြောက်ရွံ့တာက ပုံမှန်ပါပဲ...]

[ဒါပေမယ့် ကြောက်ရွံ့မှုရဲ့ နောက်မှာတော့ စူးစမ်းချင်စိတ်တွေ၊ စူးစမ်းလေ့လာမှုတွေနဲ့ နားလည်သဘောပေါက်မှုတွေ ရောက်လာမှာပါ...]

[လူသားတွေဆိုတာ ဒီလိုပါပဲ... သူတို့က ကြောက်ရွံ့မှုကနေ သင်ယူကြပြီး စူးစမ်းလေ့လာမှုကနေ ကြီးထွားလာကြတာပါ...]

"မင်းပြောတာ မှန်တယ်..."

ချင်ရှီဟွမ်က ခေါင်းညိတ်လိုက်လေသည်။

"ငါကိုယ်တော် လုပ်ရမှာက သူတို့ကို ကြောက်ရွံ့မှုကနေ စူးစမ်းလေ့လာမှုဆီ၊ မသိနားမလည်မှုကနေ နားလည်သဘောပေါက်မှုဆီ ရောက်အောင် လမ်းညွှန်ပေးဖို့ပဲ..."

"မဟာချင်က ပြည်သူတွေကို အဏုဇီဝသက်ရှိတွေရဲ့ ကမ္ဘာကြီးကို မြင်တွေ့ရုံသာမက နားလည်ပြီး အသုံးချတတ်လာစေရမယ်..."

"သိပ္ပံပညာကို မဟာချင်ရဲ့ တိုးတက်မှုအတွက် တွန်းအားတစ်ခု ဖြစ်လာစေရမယ်..."

All Chapters