အခန်း (၂၄၉၁-၂၄၉၂)
Vol. 250 Ch. 2491-2492
အခန်း (၂၄၉၁) - မဟာဗျူဟာမြောက် နတ်ပညာရပ်
နှစ်များ တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်သွားသည်။
ယှဉ်ပြိုင်မှုမှာ ငါးနှစ်မြောက်သို့ ရောက်ရှိလာသည့်အခါ ရှန်လုနန်းတော် မှ ကျောင်းသားတစ်ဦးသည် မိမိရှေ့တွင် ရှိနေသော ကောင်းကင်စစ်သည် အရိပ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ကောင်းကင်စစ်သည် အရိပ်ကို လက်ထဲ ရရှိလိုက်သည်နှင့် ထိုတစ်ပိုင်းသူတော်စင် ကျောင်းသား၏ ကိုယ်ခန္ဓာမှ စွမ်းအားအရှိန်အဝါများသည် ချက်ချင်းပင် ပြောင်းလဲသွားကာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာသည်။
သူ၏ ခန္ဓာကိုယ်တွင် စွမ်းအင်စုစည်းအဆင့် သို့ ကူးပြောင်းတော့မည့် အရှိန်အဝါများပင် လွှမ်းခြုံနေသယောင် ရှိသည်။
ထိုက်ဟောင်ဇုန်းသည် ဤမြင်ကွင်းကို မြင်သောအခါ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
“ငါးနှစ်ပဲ ရှိသေးတယ်၊ မဆိုးဘူး။ ကောင်းကင်စစ်သည် အရိပ်ကို အစပျိုးရုံလောက်တော့ ကျွမ်းကျင်သွားပြီ”
“ဒါက အစပျိုးရုံပဲ ရှိသေးတာလား ”
နန်းတော်ကိုးခုမှ သူတော်စင်များသည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး ထိုတစ်ပိုင်းသူတော်စင် ကျောင်းသားကို ငေးကြည့်ရင်း မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ သူတို့သည် ထိုကျောင်းသား၏ ကောင်းကင်စစ်သည် အရိပ်အပေါ် ထားရှိသည့် ထူးချွန်သော အရည်အချင်းကို အံ့ဩနေခြင်း မဟုတ်ပေ။
သူတို့ အံ့ဩနေသည်မှာ ကောင်းကင်စစ်သည် အရိပ်၏ စွမ်းအားကို ဖြစ်သည်။
လွမ်းဟုန်ဟွမ်ဆိုသည်မှာ စွမ်းအင်စုစည်းအဆင့် နောက်ပိုင်းကာလ သူတော်စင်တစ်ဦးသာ ရှိသေးသည်။ သူ၏ ကောင်းကင်စစ်သည် အရိပ်က အစပျိုးရုံမျှသာ ကျွမ်းကျင်သေးသည့် တစ်ပိုင်းသူတော်စင် တစ်ဦးကို စွမ်းအင်စုစည်းအဆင့်ရှိ သူတော်စင်တစ်ဦး၏ အရှိန်အဝါမျိုး ပိုင်ဆိုင်စေနိုင်သည် ဟုတ်လား။
ဇောကွေ့က သက်ပြင်းချ၍ -
“မျိုးနွယ်စု ကံကြမ္မာ အစွမ်းထက်မြက်တဲ့ နတ်ဘုရားပညာရပ် ဆိုတာ တကယ်ပါပဲလား၊ တကယ်ကို အံ့ဩဖို့ကောင်းတယ်၊ ငါတို့ရဲ့ အမြင်တွေကို ဖွင့်လှစ်ပေးလိုက်သလိုပဲ”
ဟု ပြောသည်။
နန်းတော်ကိုးခုတွင်လည်း ကောင်းကင်စစ်သည်မျိုးနွယ်စုမှ သူတော်စင်များ ရှိသော်လည်း အလွန်နည်းပါးသည်။ ထို့အပြင် သူတို့သည် ကောင်းကင်စစ်သည်မျိုးနွယ်စု၏ သာမန်လူများသာ ဖြစ်ကြပြီး ဤကဲ့သို့သော မျိုးနွယ်စု ကံကြမ္မာ နတ်ဘုရားပညာရပ်မျိုးကို မသင်ယူထားကြပေ။ သို့သော်လည်း ထိုသာမန် ကောင်းကင်စစ်သည် သူတော်စင်များသည် လက်နက်ဆိုင်ရာ ပညာရပ်များတွင်မူ အခြားမျိုးနွယ်စုများထက် များစွာ သာလွန်နေမြဲ ဖြစ်သည်။
ထိုက်ဟောင်ဇုန်းက ပြုံးရုံသာ ပြုံးပြီး ဘာမျှ ပြန်မပြောပေ။ ဖန့်ချန်ကမူ လွမ်းဟုန်ဟွမ်ကို ကြည့်ကာ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
“ဟုန်ဟွမ် ကျောင်းသား၊ ဒီကောင်းကင်စစ်သည် အရိပ်ကို အနက်ရှိုင်းဆုံးအထိ ကျွမ်းကျင်သွားရင် လက်နက်ကိုင်ဆောင်သူအတွက် ကျင့်ကြံခြင်းစွမ်းအားကို ဘယ်လောက်အထိ တိုးမြှင့်ပေးနိုင်မလဲ”
လွမ်းဟုန်ဟွမ်မှာ ဖန့်ချန်က သူ့ကို တိုက်ရိုက် လာရောက် မေးမြန်းလိမ့်မည်ဟု မထင်မှတ်ထားဟန်ဖြင့် ခဏမျှ စဉ်းစားပြီးနောက် -
“ဒါက လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး၊ သီအိုရီအရ ပြောရရင် အနက်ရှိုင်းဆုံးအထိ ကျွမ်းကျင်နိုင်မယ်ဆိုရင် ကျင့်ကြံခြင်းစွမ်းအားက ကျုုပ်ရဲ့ အဆင့်နားကို အကန့်အသတ်မရှိ ချဉ်းကပ်သွားနိုင်ပါတယ်”
ဟု ပြောသည်။
ရှန်လုနန်းတော်မှ သူတော်စင်များမှာ စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ ဖန့်ချန်မှာမူ 'အတုမဲ့ကောင်းကင်စစ်သည်' အပေါ် စိတ်ဝင်စားမှု တိုးပွားလာသည်။
အနက်ရှိုင်းဆုံးအထိ ကျွမ်းကျင်သွားလျှင် အတုမဲ့ကောင်းကင်စစ်သည်ကို ပိုင်ဆိုင်ထားသည့် လွမ်းဟုန်ဟွမ်နှင့် ကျင့်ကြံခြင်းစွမ်းအား အကန့်အသတ်မရှိ ချဉ်းကပ်နိုင်မည် ဟုတ်လား။ ထိုနတ်ဘုရားပညာရပ်မှာ အဖွဲ့လိုက် တိုက်ပွဲများအတွက် ပိုမိုသင့်တော်ကြောင်း ထင်ရှားသည်။
အကယ်၍ ကောင်းကင်စစ်သည်မျိုးနွယ်စုမှ အစွမ်းထက်သူများ၊ ဥပမာ ကောင်းကင်ဘုံရှင် သူတော်စင်များက ကောင်းကင်စစ်သည် အရိပ်ကို ချီးမြှင့်မည်ဆိုလျှင်၊ အနက်ရှိုင်းဆုံးအထိ ကျွမ်းကျင်ထားသည့် လက်နက်ကိုင်ဆောင်သူမှာ ကောင်းကင်ဘုံရှင် သူတော်စင်နှင့် အကန့်အသတ်မရှိ ချဉ်းကပ်သည့် စွမ်းအားကို ရရှိသွားမည် မဟုတ်လော။
ထိုသို့ တွေးကြည့်လိုက်လျှင် ဤနတ်ဘုရားပညာရပ်၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလှသည်။
“ဒါဟာ မဟာဗျူဟာမြောက် နတ်ဘုရားပညာရပ်ပဲ”
ဖန့်ချန် စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ကဲ... စဉ်းစားကြည့်ပါ။ ကောင်းကင်စစ်သည်မျိုးနွယ်စုမှ အစွမ်းထက်သူများက တပ်မကြီးကို ဦးဆောင်ပြီး လင်ယောင်အဆင့်မြင့်ဆုံးမဟာမိတ်အဖွဲ့၏ တပ်ကြီးများနှင့် တိုက်ခိုက်နေသည်ဟု ဆိုပါစို့။ အကယ်၍ ကောင်းကင်စစ်သည် တပ်မှူး၏ လက်အောက်ရှိ စစ်သည်အားလုံးက ကောင်းကင်စစ်သည် အရိပ်ကို အသုံးပြုနိုင်မည်ဆိုလျှင် မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်နည်း။
အကယ်၍ လွမ်းဟုန်ဟွမ်သာ အထွတ်ထိပ်တာအို အဆင့်သာ ဖြစ်မည်ဆိုလျှင် သူ၏ လက်အောက်ရှိ စစ်သည်များသည်လည်း အချိန်တိုအတွင်း အထွတ်ထိပ်တာအို အဆင့် စွမ်းအားကို ပိုင်ဆိုင်သွားမည် ဖြစ်သည်။ ထိုအခါမျိုးတွင် လူအုပ်လိုက် အလုံးအရင်းနှင့် တိုးဝင်လာမည့် မြင်ကွင်းမှာ အလွန်တရာပင် ထိတ်လန့်ဖွယ် ကောင်းလိမ့်မည်။
“ထိုက်ဟောင်တန်ရဲ့ အရည်အချင်းက မဆိုးဘူး၊ ကြိုးစားလည်း ကြိုးစားတယ်။ နောင်မှာ တပ်မှူးစစ်သည် ဖြစ်လာနိုင်မယ့် အခွင့်အရေး ရှိတယ်”
လွမ်းဟုန်ဟွမ်က ကောင်းကင်စစ်သည် အရိပ်ကို မြှောက်ထားသည့် ရှီးမျိုးနွယ်စုမှ တစ်ပိုင်းသူတော်စင်ကို ကြည့်ပြီး ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။
“သူက ကြိုးစားမှပေါ့၊ သူ့ဖခင်က ယင်သူတော်စင် ဖြစ်လာပြီးနောက်ပိုင်းမှာ သူလည်း ဝေဖန်မှု အမျိုးမျိုးကို ခံနေရတာလေ။ ဒါကြောင့် သူက ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ ကြိုးစားရမှာပဲ။ ဒီတစ်ခေါက် ယှဉ်ပြိုင်မှုကလည်း သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေးတစ်ခုပါပဲ”
ထိုက်ဟောင်ဇုန်းက မုတ်ဆိတ်ကို ပွတ်သပ်၍ ရယ်မောကာ ပြောသည်။
ဖခင်က ယင်သူတော်စင် ဖြစ်လာတယ် ဟုတ်လား
ဖန့်ချန်က ထိုက်ဟောင်တန်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူကလည်း ဖန့်ချန်ကို ပြန်ကြည့်နေပြီး သူ၏ မျက်ဝန်းထဲတွင် မုန်းတီးမှု အရိပ်အယောင်များ တစ်ချက်ဖြတ်ပြေးသွားသည်။ ဖန့်ချန်သည် ဤသည်မှာ အမှားမဟုတ်ကြောင်း သိလိုက်ရပြီး စိတ်ထဲတွင် ရုတ်ချည်း သဘောပေါက်သွားသည်။
ဟော... ဒီကောင်လေးက ထိုက်ဟောင်ယွီရဲ့ သားကိုး။ ထိုက်ဟောင်ယွီမှာ မိသားစုရှိနေပြီဟု သူ လုံးဝ မတွေးမိခဲ့ပေ။
ထိုက်ဟောင်ဇုန်းက ဖန့်ချန်ကို ကြည့်၍ ပြုံးကာ -
“ဖန့်ချန် ကျောင်းသား၊ ပြောရရင် ထိုက်ဟောင်တန်နဲ့ မင်းနဲ့ကလည်း အနည်းငယ် ပတ်သက်မှု ရှိနေတာပဲ” ဟု ဆိုသည်။
“ထိုက်ဟောင်ယွီရဲ့ သားပေါ့နော်”
ဖန့်ချန်က သာမန်အတိုင်း ပြုံး၍ ပြောလိုက်သည်။
ထိုက်ဟောင်ဇုန်းမှာ အံ့အားသင့်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်”
“သူ့ဖခင်လိုမျိုး လမ်းမှားကို မလျှောက်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်”
ဖန့်ချန်က သက်ပြင်းချ၍ ပြောလိုက်သည်။ သူ၏ အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း နေရာတွင် ရှိနေသူအားလုံးမှာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထိုသူတို့ထဲတွင် ထိုက်ဟောင်တန်လည်း အပါအဝင်ဖြစ်သည်။ ထိုက်ဟောင်တန်မှာ ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး သူ၏ မျက်ဝန်းထဲမှ မုန်းတီးမှုကို ဖန့်ချန် မမြင်မိစေရန် စိုးရိမ်နေသည်။
ထိုစဉ် လွမ်းချူထျန်းက လွမ်းဟုန်ဟွမ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“မင်း ဒီကောင်လေးကို ဒီလောက်တောင် အထင်ကြီးနေတာလား။ တပ်မှူးစစ်သည် ဖြစ်လာနိုင်မယ့် အခွင့်အရေး ရှိတယ် ဟုတ်လား ”
လွမ်းဟုန်ဟွမ်မှာ ထိုက်ဟောင်တန်နှင့် ဖန့်ချန်အကြား ပတ်သက်မှုကို ယခုမှ သိလိုက်ရဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ တပ်မှူးစစ်သည် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိပါတယ်”
“ဒီ... လွမ်းအစ်ကိုကြီး၊ တပ်မှူးစစ်သည် ဆိုတာ ဘာကို ပြောတာလဲ”
ပိုင်ချန်းမင်မှာ သိလိုစိတ်များ ပြင်းပြနေပြီး အတုမဲ့ကောင်းကင်စစ်သည် နတ်ပညာရပ်မှာလည်း တကယ်ပင် ထူးခြားကြောင်း ခံစားလိုက်ရသည်။ လွမ်းချူထျန်းက အေးဆေးစွာ ရယ်မော၍ -
“တပ်မှူးစစ်သည် ဆိုတာ အတုမဲ့ကောင်းကင်စစ်သည်ကို နားလည်သဘောပေါက်တဲ့ အဆင့်ကို ပြောတာပါ။ ထိုက်ဟောင်တန်လိုမျိုး ကောင်းကင်စစ်သည် အရိပ်ကို အစပျိုးရုံ ကျွမ်းကျင်တဲ့သူကို ကျွန်တော်တို့ ကောင်းကင်စစ်သည်မျိုးနွယ်စုမှာ လက်နက်ကိုင်ဆောင်သူ လို့ ခေါ်တယ်။ ဒါက ပထမအဆင့်ပေါ့။ ငါတို့မှာ အဆင့်လေးဆင့် ရှိတယ်”
“ဒုတိယအဆင့်က တပ်မှူးစစ်သည်၊ တတိယအဆင့်က စစ်သည်စိတ်ဝိညာဉ် အုပ်ချုပ်သူ စတုတ္ထအဆင့်က စစ်စိတ်ဖြင့် လက်နက်သွန်းလုပ်ခြင်း ဖြစ်တယ်”
လွမ်းဟုန်ဟွမ်က ခေါင်းညိတ်၍ -
“ဟုတ်ပါတယ်၊ စတုတ္ထအဆင့်ကိုသာ ရောက်နိုင်မယ်ဆိုရင် ပိုင်ရှင် သူတော်စင်ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို အကန့်အသတ်မရှိ ချဉ်းကပ်နိုင်ပါတယ်”
သူခဏရပ်ပြီးနောက် -
“ဒါပေမဲ့ သူတော်စင် အများစုက ဒုတိယအဆင့်ပဲ ရောက်နိုင်ကြတယ်။ တတိယအဆင့် ရောက်တဲ့သူက အလွန်နည်းတယ်။ စစ်သည်စိတ်ဝိညာဉ် အုပ်ချုပ်သူ အဆင့်ကို ရောက်ရင်တော့ ငါက ကောင်းကင်စစ်သည် အရိပ်ကို ပြန်မရုတ်သိမ်းသရွေ့ သူက ငါရဲ့ စွမ်းအားတွေကို အမြဲတမ်း ငှားရမ်းနိုင်တယ်။ ကန့်သတ်ချက် မရှိဘူး”
ဟု ပြောသည်။
လွမ်းချူထျန်းက ဆက်၍ ရှင်းပြသည်။
“လက်နက်ကိုင်ဆောင်သူ အဆင့်ကတော့ ကောင်းကင်စစ်သည် အရိပ်ကို တစ်နှစ်ပဲ အသုံးပြုနိုင်ပြီး အချိန်စေ့ရင် ဆက်ပြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး။ တပ်မှူးစစ်သည် ကတော့ ဆယ်နှစ်အထိ ထိန်းထားနိုင်တယ်”
သူသည် အဓိပ္ပာယ်ပါသော အပြုံးဖြင့် -
“ငါတို့ ကောင်းကင်စစ်သည်မျိုးနွယ်စုရဲ့ အတုမဲ့ကောင်းကင်စစ်သည်ကို ဘယ်သူမဆို ပိုင်ဆိုင်နိုင်တာ မဟုတ်ဘူး။ အတုမဲ့ကောင်းကင်စစ်သည်ရဲ့ အရှိန်အဝါက သူတော်စင်တွေကို တိုက်စားပြီး ပြန်လည်ကုစားလို့ မရတဲ့ ဒဏ်ရာတွေကို ဖြစ်စေတယ်။ အလားတူပဲ ငါတို့ရဲ့ ကောင်းကင်စစ်သည်တွေက သူတော်စင်တွေကို ထိခိုက်မိရင်လည်း ဒီအတိုင်းပဲ”
ဟု ပြောသည်။
ပြန်လည်ကုစားလို့ မရတဲ့ ဒဏ်ရာ
နန်းတော်ကိုးခုမှ သူတော်စင်များမှာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ ဆိုလိုသည်မှာ ကောင်းကင်စစ်သည်မျိုးနွယ်စုမှ သူတော်စင်များ၏ လက်ချက်ကို ခံရပါက အတွင်းကမ္ဘာမှာ အကြီးအကျယ် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
“ဒီအတိုင်းဆိုရင် ကောင်းကင်စစ်သည်မျိုးနွယ်စုက သူတော်စင်တွေ မွေးမြူထားတဲ့ ကျွန်စစ်သည်တွေရဲ့ စွမ်းအားက သာမန်သူတော်စင်တွေထက် အများကြီး သာလွန်နေမှာပေါ့”
ဖန့်ချန် စိတ်ထဲတွင် သက်ပြင်းချမိသည်။ သာမန်သူတော်စင်များ မွေးမြူထားသည့် ကျွန်စစ်သည်များသည် ကိရိယာတစ်ခုအဖြစ်သာ သုံးနိုင်သော်လည်း၊ ကောင်းကင်စစ်သည်မျိုးနွယ်စုသာ မျိုးနွယ်စု ကံကြမ္မာ နတ်ဘုရားပညာရပ်ကို ရရှိသွားပါက သူတို့၏ အတွင်းကမ္ဘာမှ ကျွန်စစ်သည်များသည် အသုံးဝင်သည့် လက်နက်ကြီးများ ဖြစ်လာတော့မည်။
“ကောင်းကင်စစ်သည်မျိုးနွယ်စုနဲ့ တိုက်ခိုက်ရရင် အုပ်စုလိုက် ဝိုင်းတိုက်တာကို သတိထားရမယ်...”
ထိုသို့ တွေးမိလိုက်သောအခါ ဖန့်ချန်သည် လွမ်းဟုန်ဟွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုက်ဟောင်ဇုန်းက အစောပိုင်းက သေနှုန်းမြင့်တိုက်ပွဲ ကို အဘယ်ကြောင့် တောင်းဆိုခဲ့သနည်းဆိုသည်ကို ဖန့်ချန် နားလည်သွားသည်။ လွမ်းဟုန်ဟွမ်၏ ပညာရပ်များတွင် ဤကဲ့သို့သော အားသာချက်များ ရှိနေသည်ကိုး။ သူသည် လွမ်းချူထျန်းက ပုရွက်ဆိတ်သိုက် တွင် ဆုံးရှုံးသွားခဲ့သော သူတော်စင်များနှင့် တစ်ပိုင်းသူတော်စင်များကို ပြန်တွေးမိလိုက်သည်။ ထိုသူတို့မှာလည်း လက်နက်ကိုင်ဆောင်သူ အဆင့်မှ စတင်သူများ ဖြစ်ကြလိမ့်မည်။
“လက်နက်ကိုင်ဆောင်သူတွေရဲ့ ကျင့်ကြံခြင်းစွမ်းအားမှာ လိုအပ်ချက် ရှိလား”
ပိုင်ချန်းမင်က ရုတ်တရက် မေးလိုက်သည်။ လွမ်းဟုန်ဟွမ်က ထိုက်ဟောင်တန်ကို ကြည့်ပြီး ခေါင်းညိတ်ကာ -
“လိုအပ်ချက် ရှိတယ်။ အနည်းဆုံး အတွင်းကမ္ဘာကို တည်ဆောက်ပြီးသား တစ်ပိုင်းသူတော်စင် ဖြစ်ရမယ်”
“ဒါဆို တစ်ပိုင်းသူတော်စင်တွေကလည်း စတုတ္ထအဆင့် စစ်စိတ်ဖြင့် လက်နက်သွန်းလုပ်ခြင်း အထိ ရောက်နိုင်တဲ့ အခွင့်အရေး ရှိတာပေါ့”
ပိုင်ချန်းမင်က သိလိုစိတ်ဖြင့် မေးသည်။
“ရောက်နိုင်တာပေါ့၊ ဒါပေမဲ့ ကျင့်ကြံခြင်းစွမ်းအား နိမ့်လေ၊ နားလည်မှု ပိုနက်လေ၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်မှု ပိုများလေပဲ။ အကယ်၍ တစ်ပိုင်းသူတော်စင် အဆင့်နဲ့သာ စတုတ္ထအဆင့်ကို ရောက်သွားပြီး ငါတို့ ကောင်းကင်စစ်သည်မျိုးနွယ်စုက ကောင်းကင်ဘုံရှင် သူတော်စင်ရဲ့ ကောင်းကင်စစ်သည် အရိပ်ကို ငှားရမ်းလိုက်မယ်ဆိုရင် သီအိုရီအရ ကောင်းကင်အရှင်နဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို အချိန်တိုအတွင်း ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ကြာရှည်မခံဘူး၊ ပြီးရင်တော့ သေမှာပဲ။ ပုံမှန်အားဖြင့်တော့ ဒီလိုအခြေအနေမျိုး မဖြစ်လာပါဘူး”
လွမ်းဟုန်ဟွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“အလွန်ဆုံး အခြေအနေဆိုးကြီး မရောက်သရွေ့တော့ ငါတို့က လက်အောက်မှာ လက်နက်ကိုင်ဆောင်သူတွေ၊ တပ်မှူးစစ်သည်တွေရဲ့ ကျင့်ကြံခြင်းစွမ်းအားကို ပိုပြီး အစွမ်းထက်လာဖို့ပဲ မျှော်လင့်တာပါ။ ဒါမှသာ ကောင်းကင်စစ်သည် အရိပ်ရဲ့ စွမ်းအားကို အကြိမ်ကြိမ် အသုံးပြုနိုင်မှာလေ”
အခန်း (၂၄၉၂) - သခင်လေး၊ တကယ်တော်တာပဲ
လွမ်းဟုန်ဟွမ်၏ စကားကြောင့် သူတော်စင်အများစုမှာ တိတ်ဆိတ်သွားကြသည်။ သူတို့ နောက်ဆုံးတွင် နားလည်သွားကြပြီ၊ ထိပ်တန်းမျိုးနွယ်စုများ သည် အဘယ်ကြောင့် ဤမျှ အင်အားကြီးမားရသနည်းဆိုသည့် အကြောင်းရင်းကိုပင်။ အစောပိုင်းက ပြောကြားချက် အနည်းငယ်မှပင် သူတို့သည် ကောက်ချက်တစ်ခုကို ချမှတ်လိုက်နိုင်သည်။
တစ်ပိုင်းသူတော်စင်အဆင့်သာ ဖြစ်ပါက၊ မည်သူမဆို လက်နက်ကိုင်ဆောင်သူ ဖြစ်လာနိုင်သည်။ ထိုမှတစ်ဆင့် မရပ်မနား နားလည်သဘောပေါက်အောင် ကြိုးစားခြင်းဖြင့် တပ်မှူးစစ်သည် ၊ စစ်သည်စိတ်ဝိညာဉ် အုပ်ချုပ်သူ ၊ နောက်ဆုံးတွင် စစ်စိတ်ဖြင့် လက်နက်သွန်းလုပ်ခြင်း အထိပင် ရောက်ရှိနိုင်ပေသည်။
ထိုအဆင့်သို့ ရောက်သည့်အခါ အတုမဲ့ကောင်းကင်စစ်သည်ကို ပိုင်ဆိုင်ထားသော ကောင်းကင်စစ်သည်မျိုးနွယ်စုမှ သူတော်စင်သည် စွမ်းအားကြီးမားလုံလောက်ပါက ဥပမာအားဖြင့် အထွတ်ထိပ်တာအိုအဆင့် သို့မဟုတ် ကောင်းကင်အရှင်အဆင့် မူလက တစ်ပိုင်းသူတော်စင်သာဖြစ်သော သူတို့ကို အချိန်တိုအတွင်း အထွတ်ထိပ်တာအို သို့မဟုတ် ကောင်းကင်အရှင်၏ စွမ်းအားနှင့် အကန့်အသတ်မရှိ ချဉ်းကပ်သွားစေနိုင်သည်။
ထိုသို့စွမ်းအားကို ထုတ်လွှတ်ပြီးနောက် အဆိုပါလူများ သေဆုံးသွားလျှင်ပင်၊ ၎င်းမှာ မရေမတွက်နိုင်သော အမြောက်စာအဖြစ် အသုံးပြုနိုင်သည့် စစ်သည်များကို ရရှိလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
တစ်ခဏချင်းတွင် နန်းတော်ကိုးခုမှ သူတော်စင်များသည် ထိုက်ဟောင်တန် ထံသို့ မနာလိုမှုများဖြင့် ငေးကြည့်လိုက်ကြသည်။ ကောင်းကင်စစ်သည် အရိပ်ကို အစပျိုးရုံမျှ ကျွမ်းကျင်ထားသူမှာ လက်နက်ကိုင်ဆောင်သူ၏ အထောက်အထားကို ရရှိပြီးဖြစ်သည်။ နောင်တွင် တပ်မှူးစစ်သည် ဖြစ်လာနိုင်၊ မလာနိုင်ကို မပြောထားစေဦး၊ ကောင်းကင်စစ်သည်မျိုးနွယ်စုမှ အစွမ်းထက်သူများ၏ ဘေးတွင် အမြဲတမ်း ခေါ်ဆောင်သွားခြင်း ခံရမည့် အခွင့်အရေးကို သူ ရရှိထားပြီးဖြစ်သည်။
ထိုအရာသည် အိမ်တွင်းစစ်သည် သို့မဟုတ် နောက်လိုက်အဆင့်သာ ဖြစ်လင့်ကစား၊ တစ်သက်လုံး ကြိုးစားသော်လည်း ချင်းမင် အဆင့်မြင့်ဆုံးမဟာမိတ်အဖွဲ့ တွင် တစ်စုံတစ်ရာ အောင်မြင်မှုမရရှိဘဲ ကျရှုံးနေကြသည့် သူတော်စင်များစွာထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်နေပေသည်။
“ဒီကောင်လေး၊ အတော်လေး ဂုဏ်ယူနေပုံပဲ”
လီကုန်းကုန်းသည် မိမိရှေ့ရှိ ကောင်းကင်စစ်သည် အရိပ်ကို နားလည်သဘောပေါက်ရန် အသည်းအသန် ကြိုးစားနေရင်းမှ မျက်လုံးထောင့်မှနေ၍ ထိုက်ဟောင်တန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုက်ဟောင်တန်က လီကုန်းကုန်း၏ အကြည့်ကို သတိပြုမိဟန်ဖြင့် ခေါင်းကို အနည်းငယ် မော့လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် လျှပ်စီးအလင်းတန်းများ ဖြတ်ပြေးသွားသယောင် ရှိသည်။ ထိုသို့သော ရန်ငြိုးပါသည့် အကြည့်များကြောင့် လီကုန်းကုန်းမှာ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားသည်။
“ငါ သူ့ကို ဘာမှ အပြစ်လုပ်မိတာ မဟုတ်ပါဘူး၊ သူက ငါ့ကို ဘာလို့ ဒီလောက်တောင် မုန်းနေတာလဲ။ ခွေးမသားလေး၊ အေးစက်စက်နဲ့”
လီကုန်းကုန်း စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် မိမိရှေ့ရှိ ကောင်းကင်စစ်သည် အရိပ်ကိုသာ အာရုံစိုက်လိုက်သည်။ ဘုရားသခင်ရှေ့တွင် အမွှေးတိုင် တစ်တိုင်အတွက် အငြင်းပွားရသလိုမျိုး၊ သူလည်း တစ်ခါလောက်တော့ ဂုဏ်သိက္ခာကို တည်ဆောက်ပြရမည် မဟုတ်ပါလား။
အချိန်များ ကုန်လွန်သွားကာ ဆယ်နှစ်ပြည့်မြောက်ခဲ့ပြီ။ သူတော်စင်များ တွက်ချက်ကြည့်လိုက်ရာ ပြိုင်ပွဲပြီးဆုံးရန် တစ်လမျှပင် မလိုတော့ပေ။ လက်ရှိတွင် ယှဉ်ပြိုင်မှုရလဒ်မှာ ရှန်လုနန်းတော်က အသာစီးရနေဆဲဖြစ်သည်။ ထိုက်ဟောင်တန်မှာ ကောင်းကင်စစ်သည် အရိပ်ကို အစပျိုးရုံ ကျွမ်းကျင်ထားနိုင်ပြီ ဖြစ်သည်။ သို့သော် ကျန်ရှိသော ရှန်လုနန်းတော်မှ တစ်ပိုင်းသူတော်စင် ရှစ်ဦးမှာမူ လီကုန်းကုန်းတို့နည်းတူ သိသာထင်ရှားသော တိုးတက်မှု မရှိကြပေ။ နန်းတော်ကိုးခုမှ ကျောင်းသားအများစု၏ အာရုံစိုက်မှုမှာမူ ယန်တန်းမျိုးနွယ်စု နှင့် ကောင်းကင်စစ်သည်မျိုးနွယ်စုမှ တစ်ပိုင်းသူတော်စင်လေးဦးထံသို့ ရောက်ရှိနေသည်။
“ထိပ်တန်းမျိုးနွယ်စုက ကျောင်းသားတွေဆိုတာလည်း ဒီလောက်ပါလား ”
“ယန်တန်းမျိုးနွယ်စုက ကျောင်းသားနှစ်ယောက်ကို မပြောနဲ့၊ ကောင်းကင်စစ်သည်မျိုးနွယ်စုက သူတို့နှစ်ယောက်တောင် ကောင်းကင်စစ်သည် အရိပ်ကို ဘာလို့ အစပျိုးရုံတောင် မကျွမ်းကျင်နိုင်တာလဲ”
နန်းတော်ကိုးခု ကျောင်းသားများသည် တိုးတိုးလေးသာ ဆွေးနွေးနေကြသော်လည်း၊ ထိုကောင်းကင်စစ်သည်မျိုးနွယ်စုမှ ကျောင်းသားနှစ်ဦးမှာ သူတို့၏ အကြည့်များမှာ အပူချိန်မြင့်မားသည့် မီးတောက်များကဲ့သို့ မိမိတို့မျက်နှာကို တရစပ် လောင်မြိုက်နေသလို ခံစားနေရသည်။ သူတို့နှစ်ဦး၏ မျက်နှာမှာ အလွန်ပင် မကောင်းပေ။ ကောင်းကင်စစ်သည်မျိုးနွယ်စုမှ ကျောင်းသားများအနေဖြင့် ထိုက်ဟောင်တန်ထက် စော၍ ကောင်းကင်စစ်သည် အရိပ်ကို ကျွမ်းကျင်သင့်သည်မှာ အမှန်ပင်။ သို့သော် သူတို့မှာ ထိုက်ဟောင်တန်ကို ရှုံးနိမ့်သွားခဲ့သည်။ ယခုအကြိမ် ဆွေးနွေးပွဲတွင် ရှန်လုနန်းတော်သာ အနိုင်ရခဲ့လျှင်ပင်၊ သူတို့နှစ်ဦးမှာမူ မျက်နှာပျက်စရာ ဖြစ်ခဲ့ရပြီ။
“လွမ်းအစ်ကိုကြီး၊ ကောင်းကင်စစ်သည်မျိုးနွယ်စုဖြစ်တဲ့ သူတို့နှစ်ယောက်တောင် ကောင်းကင်စစ်သည် အရိပ်ကို နားလည်သဘောပေါက်တဲ့ နေရာမှာ ထိုက်ဟောင်တန်ကို မမီဘူး ဖြစ်နေတယ်နော်”
ဖန့်ချန်က လွမ်းချူထျန်းကို ကြည့်ကာ မေးလိုက်သည်။
လွမ်းချူထျန်းက စိတ်ထဲမှနေ၍
“သာမန်ပါပဲ။ ကောင်းကင်စစ်သည်မျိုးနွယ်စုဟာ ဒီဘက်မှာ အားသာပေမဲ့ လူတိုင်းကတော့ အစွမ်းထက်တာ မဟုတ်ဘူး။ ဘယ်လောက်ပဲ အစွမ်းထက်တဲ့ မျိုးနွယ်စုဖြစ်စေ၊ သာမန်ပဲရှိတဲ့သူတွေ ရှိနေမှာပဲ။ ထိုက်ဟောင်တန်က ငါးနှစ်အတွင်းမှာတင် အစပျိုးရုံ ကျွမ်းကျင်သွားတာက သူ့မှာ ဒီဘက်နဲ့ပတ်သက်ရင် အရည်အချင်း တကယ်ရှိတယ်ဆိုတာ ပြတာပဲ။ ဒါကြောင့် လွမ်းဟုန်ဟွမ်က သူ့ကို တပ်မှူးစစ်သည် ဖြစ်လာနိုင်တယ်လို့ ပြောခဲ့တာ”
ဟု ပြန်ဖြေသည်။
သူခဏရပ်ပြီးနောက်
“သာမန် ကောင်းကင်စစ်သည်မျိုးနွယ်စုဝင်တွေဆိုရင် တစ်သက်လုံးမှာ လက်နက်ကိုင်ဆောင်သူ ဖြစ်ရုံနဲ့တင် တင်းတိမ်ရမှာပဲ။ ဒါပေမဲ့ အခြားမျိုးနွယ်စုတွေနဲ့ မတူတဲ့အချက်က၊ အခု ဒီကောင်လေးနှစ်ယောက်လိုပဲ နောက်ထပ် နှစ်ပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းလောက် ကြိုးစားရင် လက်နက်ကိုင်ဆောင်သူ ဖြစ်လာနိုင်သေးတယ်။
တခြားမျိုးနွယ်စု သူတော်စင်တွေကတော့ လက်နက်ကိုင်ဆောင်သူ ဖြစ်ဖို့ဆိုတာ အလွန်တရာ ခက်ခဲလွန်းပါတယ်”
ဟု ဆက်ပြောသည်။
ဖန့်ချန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ထိုက်ဟောင်တန်၏ အရည်အချင်းမှာ သာမန် ကောင်းကင်စစ်သည်မျိုးနွယ်စုဝင်များထက်ပင် အလွန်သာလွန်နေပုံရသည်။
“ဒီနတ်ဘုရားစွမ်းအားကိုရော တစ္ဆေနှိမ်နင်းသည့် နတ်ဆိုးမျက်လုံး လိုမျိုး အတွင်းကမ္ဘာထဲမှာ ချိတ်ပိတ်ထားလို့ ရမလား”
ထိုအတွေး ပေါ်လာသည်နှင့် ဖန့်ချန်၏ စိတ်ထဲတွင် မှန်လေး ၏ အသံ ပေါ်လာသည်။
“မင်း ကောင်းကင်စစ်သည်မျိုးနွယ်စုရဲ့ ကံကြမ္မာ နတ်ဘုရားစွမ်းအားကို ချိတ်ပိတ်ဖို့ ကြိုးစားနေတာလား။ မဖြစ်နိုင်တာတော့ မဟုတ်ဘူး...”
“ခဏနေဦး၊ အတွင်းကမ္ဘာ ကျောက်တုံး ဘယ်လောက် လိုချင်တာလဲ။ ငါ မင်းကို ပေးစရာ ရှိသေးတယ်မလား ”
“ညီကိုကလည်း မှားနေပြီ၊ မင်းရဲ့ အကြွေးကန့်သတ်ချက်က ပြည့်နေပြီလေ။ ငါ ပြောချင်ရင်တောင် စကားလုံးတွေက ထွက်မလာနိုင်ဘူး။ အရင်ဆုံး အကြွေးတွေ ဆပ်ပြီးမှ ပြောကြရအောင်၊ မင်း ငါ့ကို အများကြီး ပေးစရာ ကျန်သေးတယ်”
“အေးပါ၊ ဖြစ်စေရမယ်”
ဖန့်ချန်၏ မျက်ဝန်းထဲတွင် ပြုံးယောင်သန်းသွားသည်။ မှန်လေး၏ တုံ့ပြန်ပုံအရ၊ သူသည် ထိုအတုမဲ့ကောင်းကင်စစ်သည် နတ်ဘုရားစွမ်းအားကို ချိတ်ပိတ်ရန် အခွင့်အရေး ရှိနေသည်မှာ သေချာသည်။
နေ့ရက်များ ကုန်လွန်သွားပြီး နောက်ဆုံးအချိန်သို့ ရောက်ရှိလာသည်။ ကောင်းကင်စစ်သည်မျိုးနွယ်စုမှ ကျောင်းသားနှစ်ဦးမှာ မျှော်လင့်ချက် ကင်းမဲ့နေသည့် မျက်နှာများဖြင့် မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။ ယန်တန်းမျိုးနွယ်စုမှ ကျောင်းသားနှစ်ဦးမှာမူ မျက်နှာ မကောင်းသော်လည်း စိတ်ငြိမ်နေကြသည်။
သူတို့တွင် ဤပညာရပ်ကို စိတ်ဝင်စားမှု မရှိသကဲ့သို့၊ ထိုသို့သော အရည်အချင်းရှိလျှင်ပင် ကောင်းကင်စစ်သည်မျိုးနွယ်စု၏ လက်နက်ကိုင်ဆောင်သူ ဖြစ်လာနိုင်မည် မဟုတ်ပေ။
ထိုက်ဟောင်တန်သည် တစ်ပိုင်းသူတော်စင် ၁၈ ဦးလုံးကို ငေးကြည့်လိုက်သည်။ သူတို့ထဲတွင် ကောင်းကင်စစ်သည်မျိုးနွယ်စုမှ နှစ်ဦးပါဝင်သော်လည်း၊ မိမိကိုယ်တိုင်သာလျှင် ကောင်းကင်စစ်သည် အရိပ်ကို အစပျိုးရုံ ကျွမ်းကျင်ထားနိုင်သည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ပေါ်လာသည်။ စိတ်ထဲတွင် အတားအဆီးမရှိဘဲ ဖိနှိပ်ခံထားရသည့် စိတ်ဓာတ်များမှာ ယခုအခါတွင် လွတ်မြောက်တော့မည် ဖြစ်သည်။
“ရပြီ၊ ဟားဟား”
လီကုန်းကုန်းက ရုတ်တရက် ထရပ်လိုက်ပြီး ကောင်းကင်စစ်သည် အရိပ်ကို လက်ထဲ ဆုပ်ကိုင်ကာ ခေါင်းပေါ်သို့ မြှောက်လိုက်သည်။ သူ၏ ပျော်ရွှင်နေသော ပုံစံကြောင့် ထိုက်ဟောင်တန်၏ အပြုံးမှာ ချက်ချင်းပင် မှေးမှိန်သွားသည်။
မင်ကျင်း က ထိုမြင်ကွင်းကို မြင်သောအခါ အော်လိုက်သည်။
“သခင်လေး၊ တကယ်တော်တာပဲ ”
မျက်နှာချင်းဆိုင်မှ ကောင်းကင်စစ်သည်မျိုးနွယ်စုမှ ကျောင်းသားနှစ်ဦးမှာ ဤမြင်ကွင်းကို မြင်ရသောအခါ သွေးအန်လုနီးပါး ဖြစ်သွားသည်။ နန်းတော်ကိုးခု မှ ကျောင်းသားများမှာလည်း မယုံကြည်နိုင်စွာဖြင့် လီကုန်းကုန်းကို ကြည့်နေကြသည်။ ထိုသူမှာ သူတို့သိသော လီကုန်းကုန်း ဟုတ်ပါ့မလားဟုပင် ထင်မှတ်သွားကြသည်။
ထောင့်တစ်နေရာတွင် ဒွမ်မူရွှေ မှာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ၏ မျက်စိထဲတွင် အဆင့်အတန်းမရှိဟု သတ်မှတ်ထားသော ဤကောင်လေးမှာ နန်းတော်ကိုးခုအတွက် ကိုယ်စားပြု တိုက်ခိုက်ရုံတင်မကဘဲ ကောင်းကင်စစ်သည် အရိပ်ကိုပါ အစပျိုးရုံ ကျွမ်းကျင်သွားခဲ့ပြီ။ နောင်တွင် သူ၏ အနာဂတ်မှာ မည်မျှ အကန့်အသတ်မရှိ ဖြစ်လာမည်နည်း။
“မဖြစ်ဘူး၊ ငါ အိမ်ကို အကြောင်းကြားမှ ဖြစ်မယ်။ လီမျိုးနွယ်စုက အင်အားကြီးတယ်၊ ဒွမ်မျိုးနွယ်စုက ရှောင်တိမ်းနေမှ ဖြစ်မယ် ”
ဒွမ်ဇူရွေ့ စိတ်ထဲမှ ကြိတ်မှိတ်၍ တွေးလိုက်သည်။
ထိုစဉ် ဟွမ်းချောင်းဖုန်းတို့ လူသားမျိုးနွယ်စု ကျောင်းတော်မှ ဆရာများမှာလည်း အံ့အားသင့်နေကြသည်။ သူတို့က အမှတ်မထင် ဇုန်းဟို့ယီ ကို ကြည့်လိုက်ရာ သူမှာ ပါးစပ်ပင် မစေ့နိုင်အောင် ပြုံးပျော်နေသည်ကို တွေ့လိုက်ရသည်။
“ကုန်းကုန်းရဲ့ အရည်အချင်းက ပုံမှန်လိုလိုနဲ့၊ သူက ကျင့်ကြံတဲ့အခါမှာတော့ တကယ်ကို ကြိုးစားတာ”
“သူ ဒီနေ့ ကောင်းကင်စစ်သည် အရိပ်ကို အစပျိုးရုံ ကျွမ်းကျင်နိုင်တာကလည်း သူ ကြိုးစားထားတဲ့ ရလဒ်ပါပဲ။ သူက အနာဂတ်ရဲ့ တိုင်ပင်ဖက် အမာခံ ဖြစ်လာမယ်ဆိုတာကို ငါ အစောကြီးကတည်းက သိထားတာ”
ဇုန်းဟို့ယီက အနီးအနားမှ ဆရာများကို စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ ဆရာများမှာမူ ပါးစပ်ကို ပုံစံမကျစွာ ပုံစံပြောင်းလိုက်ကြပြီး ထိုစကားကို တစ်စက်ကလေးမျှ မယုံကြည်ကြပေ။ ကြိုးစားရုံနဲ့သာ အောင်မြင်မည်ဆိုလျှင် သူတို့လည်း ကောင်းကင်အရှင် သူတော်စင် ဖြစ်နေကြပြီပေါ့။
“အို... အချိန်ကုန်တော့မယ်၊ ငါတို့ နန်းတော်ကိုးခုမှာလည်း ကောင်းကင်စစ်သည် အရိပ်ကို အစပျိုးရုံ ကျွမ်းကျင်တဲ့ ကျောင်းသား တစ်ယောက် ပေါ်လာပြီ။ ဇုန်းအစ်ကိုကြီး၊ အရှုံးပေးလိုက်ပါတော့မယ်”
ဇောကွေ့က အောက်ကျို့သော အပြုံးဖြင့် ထိုက်ဟောင်ဇုန်းကို လက်နှစ်ဖက် ယှက်၍ အရိုအသေ ပေးလိုက်သည်။ ထိုက်ဟောင်ဇုန်းက ပြုံး၍ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“နန်းတော်က်ုးခုမှာ ရှာမတွေ့သေးတဲ့ ပါရမီရှင်တွေ ရှိနေသေးတယ်ဆိုတာကို ပြတာပဲ၊ ဒါက ကောင်းတဲ့အရာပါ။ မဟာမိတ်အဖွဲ့ရဲ့ ကံကြမ္မာပဲ”
လွမ်းဟုန်ဟွမ်က လီကုန်းကုန်းနှင့် ထိုက်ဟောင်တန်ကို တစ်ချက်စီ ကြည့်ပြီးနောက် -
“အချိန်ကုန်ပြီ၊ ဒီတစ်ကြိမ် ပြိုင်ပွဲကတော့ သရေကျပါတယ်”
ဟု ကြေညာလိုက်သည်။
ထိုစကားသံ ပေါ်ထွက်လာသည်နှင့် နန်းတော်ကိုးခု ဘက်မှ ဝမ်းသာအားရ အော်ဟစ်သံများ ပေါက်ကွဲထွက်လာသည်။ သရေကျတယ် ဟုတ်လား ဤသို့သော အဖြစ်အပျက်မျိုးကို နှစ်ပေါင်းများစွာအတွင်း တစ်ခါမျှ မကြုံဖူးခဲ့ပေ။