← Chapters

အခန်း (၂၄၉၅-၂၄၉၆)

Vol. 250 Ch. 2495-2496

အခန်း (၂၄၉၅-၂၄၉၆)

Vol. 250 Ch. 2495-2496

အခန်း (၂၄၉၅) - ပိုက်ကွန်ထဲ ရောက်သွားပြီ

ထိုအချိန်တွင် လေဟာနယ်ထဲသို့ ချက်ချင်းဝင်ရောက်သွားခဲ့သော ထိုက်ဟောင်ဇုန်းနှင့် ဇောကွေ့ အစရှိသည့် ကောင်းကင်စံတော်ချိန် သူတော်စင်တို့မှာ အနည်းငယ် ကြောင်အမ်းသွားကြသည်။

တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

အကြောင်းမှာ ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့ဆီသို့ ဦးတည်ဝင်ရောက်လာသော တန်ခိုးစွမ်းအား လှိုင်းကြီးနှစ်ခုမှာ အချိန်ကိုက် လာရောက် တိုက်ခိုက်ခြင်း ဖြစ်သောကြောင့်ပင်။ ထိုသို့ လျှို့ဝှက် တိုက်ခိုက်သူတို့သည်လည်း ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့နှင့် အလွန်နီးကပ်သော နေရာတွင် ရှိနေကြသည်။

ကြိုတင်ပြင်ဆင်ထားခြင်း မရှိပါက ကောင်းကင် နိမိတ် သူတော်စင်တို့သာမက၊ အထွတ်ထိပ်တာအိုအဆင့် ကို ရောက်ရှိနေသူများပင်လျှင် ကြားဖြတ်ဟန့်တားရန် အချိန်မှီမည် မဟုတ်ပေ။

လျှပ်တစ်ပြက်ဖြစ်ပျက်သွားသည့် ထိုအချိန်တွင် ဖန့်ချန်မှာ လွမ်းဟုန်ဟွမ်၏ မျက်နှာအမူအရာမှာ အလွန်ပင် လေးနက်နေသည်ကို သတိပြုမိလိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် ဖန့်ချန်မှာ လူနှင့်အတူ အတွင်းကမ္ဘာကိုပါ ယူဆောင်ကာ ဒုတိယမြောက် လေဟာနယ် အလွှာထဲသို့ ချက်ချင်း ခုန်ဝင်သွားသည်။

ဤသို့ဖြင့် လွမ်းဟုန်ဟွမ်တစ်ဦးတည်းသာ ထိုလျှို့ဝှက်တိုက်ခိုက်လာသော တန်ခိုးစွမ်းအား လှိုင်းကြီးနှစ်ခုနှင့် ရင်ဆိုင်နေရသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ အတွင်းကမ္ဘာမှာလည်း အရိပ်ထဲသို့ နစ်မြုပ်သွားသည်။

ဖန့်ချန်နှင့် တစ်ချိန်တည်းလိုလိုတွင်ပင် ဒုတိယမြောက် လေဟာနယ် အလွှာ၌ ပေါ်လာခဲ့သည်။

“ဟုန်ဟွမ်ညီကို ဒါ သေးငယ်သောကမ္ဘာ ဟင်းလင်းပြင် ပုန်းကွယ်ခြင်း လား ”

ဖန့်ချန်က ပြုံး၍ မေးသည်။

လွမ်းဟုန်ဟွမ်က ပါးစပ်ကို ဖြဲ၍ ပြုံးပြလိုက်သည်။

“ငါက မင်းထက် တစ်နှစ်စောပြီး စုံစမ်းစစ်ဆေးရေးရုံးရဲ့ စာမေးပွဲကို ဖြေခဲ့တာ။ မင်းရဲ့ စတုတ္ထမြောက် စာမေးပွဲကို အောင်သွားရင် ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီ။”

ခဏရပ်လိုက်ပြီးနောက် သူ၏ မျက်လုံးများတွင် လေးနက်သည့် အရိပ်အယောင် ပေါ်လာသည်။

“ဒီတစ်ခါ လျှို့ဝှက်တိုက်ခိုက်တာက မင်းကို ရည်ရွယ်တာလား ”

ဖန့်ချန်က မကြာခင်က လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ကို အရှက်ရစေခဲ့ပြီး ထိုကိစ္စ၏ သဘောသဘာဝမှာလည်း အလွန်ဆိုးရွားကြောင်း သူ သိထားသည်။ စုံစမ်းစစ်ဆေးရေးရုံးမှာ ဖန့်ချန်ကို တိုက်ခိုက်ရန် ကြံရွယ်နေသည့် သူတော်စင်များ ရှိကြောင်း သတင်းအမျိုးမျိုး ရရှိထားပြီး ဖြစ်သည်။

ဖန့်ချန်က စဉ်းစားဟန်ဖြင့် -

“စုံစမ်းစစ်ဆေးရေးဌာန သူတော်စင်တွေကို ရည်ရွယ်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းက စုံစမ်းစစ်ဆေးရေးဌာန သူတော်စင် ဖြစ်နေပြီ၊ ငါကလည်း စတုတ္ထမြောက် စာမေးပွဲကို ဖြေတော့မှာဆိုတော့ ဒီအတတ်ပညာကို သင်ယူထားတယ်လေ။”

“ဖြစ်နိုင်ခြေ ရှိတာပါပဲ။”

လွမ်းဟုန်ဟွမ်က စဉ်းစားဟန်ဖြင့် ပြန်ပြောသည်။ ခဏရပ်ပြီးနောက် -

“ခုနက ကောင်းကင်နိမိတ် သူတော်စင်တွေ အုပ်စုလိုက် ထွက်လာပြီး တိုက်ခိုက်သူ နှစ်ယောက်ကို လိုက်ဖမ်းနေတာ ကြည့်ရတာ ငါတို့ မဟာမိတ်အဖွဲ့က ဒီကိစ္စကို ကြိုသိထားပုံရတယ်။”

သူ၏ မျက်လုံးတွင် အနည်းငယ်သော အပြုံးတစ်ခု ပေါ်လာပြီး ဖန့်ချန်ကို ကြည့်လိုက်သည်။

“ဒုတိယမြောက် ဟင်းလင်းပြင် အလွှာကို ရောက်လာပြီဆိုတော့ ငါတို့ ဒီမှာပဲ ပြိုင်ပွဲကို အဆုံးသတ်လိုက်ကြရအောင်၊ ဘယ်လိုလဲ ”

“ကောင်းပါပြီ။”

……

ပထမဆုံး ဟင်းလင်းပြင် အလွှာတွင် ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားသည်။

တန်ခိုးစွမ်းအား လှိုင်းကြီးနှစ်ခုမှာ ဘာကိုမှ မထိမိဘဲ လေဟာနယ်ထဲသို့သာ တိုးဝင်သွားကာ ထိုသူနှစ်ဦးကို အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိပေ။ တိုက်ခိုက်ခဲ့သော သူတော်စင် နှစ်ဦးမှာလည်း ချက်ချင်းပင် ထိုနေရာမှ ထွက်ပြေးသွားကြသည်။

သူတို့သည် ရလဒ်ကို စောင့်ကြည့်မနေဘဲ တစ်ချက်တည်းနှင့် နောက်ဆုတ်ရန် ကြံရွယ်ထားပုံရသည်။ ထို့နောက် ပေါ်လာသော ကောင်းကင်နိမိတ် သူတော်စင် တစ်ဒါဇင်ကျော်မှာမူ သူတို့ကို ရူးမတတ် လိုက်လံ ဖမ်းဆီးကြသည်။ နှစ်ဖက်စလုံး ပျောက်ကွယ်သွားသည့်အခါ ခုနကဖြစ်ပျက်ခဲ့သည့် အရာအားလုံးမှာ ဘာမှမဖြစ်ခဲ့သကဲ့သို့ ဖြစ်သွားသည်။

“ခုနက ဘာတွေ ဖြစ်သွားတာလဲ ”

“မသိဘူး၊ ကျွန်တော်လည်း သေချာ မမြင်လိုက်ရဘူး။”

“ဖန့် အစ်ကိုကြီးနဲ့ ဟုန်ဟွမ် အစ်ကိုကြီးကော ”

“ပျောက်သွားပြီ……”

နန်းတော်ကိုးခုမှ ကျောင်းသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ အံ့အားသင့်နေကြသည်။

လွမ်းချူးထျန်းက ရုတ်တရက် လှောင်ပြုံးပြုံးလိုက်သည်။

“လင်ယောင်ရဲ့ သူလျှိုတွေ ပေါ်လာပြီ။ ဇောကွေ့ အုပ်ချုပ်သူ၊ မင်းတို့ နန်းတော်ကိုးခုထဲက ဘယ်သူတော်စင် နှစ်ယောက် ဒီနေရာမှာ မရှိတာလဲဆိုတာ ကြည့်လိုက်ဦး။”

ဇောကွေ့မှာ ယခုမှ သတိပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ အံ့အားသင့်နေသော သူတော်စင်များ၏ မျက်နှာများနှင့် ဆုံလိုက်ရသည်။ ထို့နောက် သူ၏ မျက်နှာမှာ အနည်းငယ် ငြိုးနွမ်းသွားပြီး သက်ပြင်းချကာ နာမည်နှစ်ခုကို ရွတ်ဆိုလိုက်သည်။

ထိုနာမည်နှစ်ခု ထွက်ပေါ်လာသောအခါ နန်းတော်ကိုးခုမှ ကာကွယ်ရေးဆရာများ၊ ဆရာများနှင့် ကျောင်းသားများအားလုံး မယုံနိုင်စရာ အမူအရာဖြင့် ကြည့်နေကြသည်။ ထိုသူနှစ်ဦးမှာ လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့၏ သူလျှိုများ ဖြစ်လိမ့်မည်ဟု လုံးဝ လက်မခံနိုင်ကြပေ။

တစ်ဦးမှာ နန်းတော်ကိုးခု၏ စည်းကမ်းကို ထိန်းသိမ်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းကို တာဝန်ယူထားသူ ဖြစ်သည်။ နောက်တစ်ဦးမှာ နန်းတော်ကိုးခုမှတစ်ဆင့် ရွှေဟွေး ကျောင်းတော် သို့ ပို့ဆောင်မည့် ကျောင်းသားများ၏ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးခြင်းနှင့် ခွင့်ပြုချက် ပေးခြင်းကို တာဝန်ယူထားသူ ဖြစ်သည်။

“ဇောကွေ့၊ မင်းတို့ နန်းတော်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒီလောက် အရေးကြီးတဲ့ ရာထူးနှစ်ခုလုံးကို လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့က သူလျှိုတွေကပဲ ချုပ်ကိုင်ထားတာလား”

ထိုက်ဟောင်ဇုန်းက လှောင်ပြုံးဖြင့် ပြောသည်။

“ဒါက…” ဇောကွေ့မှာ ခါးသီးစွာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။

သူတော်စင်တစ်ဦးက တည်ငြိမ်စွာ -

“ဒီနှစ်ယောက် ဖြစ်ချင်မှ ဖြစ်မှာပါ၊ အခြေအနေကို စောင့်ကြည့်ပြီးမှပဲ ဆုံးဖြတ်ကြတာပေါ့။”

ဇောကွေ့မှာ ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။

“မှန်တယ်၊ မှန်တယ်၊ အခြေအနေကို အရင်ကြည့်ရအောင်၊ သူတော်စင် နှစ်ယောက်ကိုလည်း ဒီအတိုင်း စွပ်စွဲလို့ မရဘူးလေ။”

စကားပြောပြီးနောက် သူက လွမ်းချူးထျန်းကို ကြည့်ကာ စိတ်ဝင်တစား မေးသည်။

“ခုနက ကောင်းကင်နိမိတ် သူတော်စင်တွေထဲမှာ ဝူဖား အစ်ကိုကြီးကို တွေ့လိုက်သလိုပဲ ”

လွမ်းချူးထျန်းက -

“ဒီတစ်ခါ ခရီးစဉ်မှာ ကျောင်းတော်အုပ်ကြီး က သတင်းရထားတယ်။ လင်ယောင် သူလျှိုတွေက ဖန့်ချန်နဲ့ လွမ်းဟုန်ဟွမ်ကို တိုက်ခိုက်ဖို့ ကြံရွယ်နေကြတယ်တဲ့။ ပထမတစ်ယောက်က စုံစမ်းစစ်ဆေးရေးဌာန သူတော်စင် ဖြစ်တော့မှာမို့ လင်ယောင်ကို အရှက်ရစေခဲ့တယ်။ ဒုတိယတစ်ယောက်ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လျှို့ဝှက်ပြီး စုံစမ်းစစ်ဆေးရေးဌာန သူတော်စင် ဖြစ်နေခဲ့တာ။ ဒီနှစ်ယောက်ကို သတ်နိုင်ရင် ချင်းမင်အတွက် အလွန် နာကျင်ရမယ့် ဆုံးရှုံးမှု ဖြစ်လာလိမ့်မယ်။”

ထိုစကား ကြားလိုက်ရသောအခါ သူတော်စင်များအားလုံး အံ့အားသင့်သွားကြသည်။ လွမ်းဟုန်ဟွမ်က စုံစမ်းစစ်ဆေးရေးဌာန သူတော်စင် ဖြစ်နေခဲ့ပြီလား။

“အဲဒီနှစ်ယောက်က အခု ဘေးကင်းရဲ့လား သူတို့ ဘယ်ရောက်သွားကြတာလဲ ”

သူတော်စင်တစ်ဦးက အလိုအလျောက် မေးလိုက်သည်။

ဟွမ်ချောင်ဖုန်း၏ မျက်လုံးမှာ အနည်းငယ် လေးနက်သွားသည်။ စုံစမ်းရေးဌာန သူတော်စင်များတွင် ကိုယ်ခန္ဓာနှင့် ပတ်သက်သည့် တန်ခိုးစွမ်းအား တစ်ခု ရှိကြောင်း သူ သိထားသည်။ ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့ ပျောက်ကွယ်သွားသည့် ပုံစံကို ကြည့်ရခြင်းမှာ ထိုစွမ်းအားကို သုံးထားခြင်း ဖြစ်နိုင်ကြောင်း သူ ခန့်မှန်းမိသည်။ သို့သော် သာမန်သူတော်စင်များမှာမူ ထိုစွမ်းအားအကြောင်း ကောင်းကောင်း မသိကြပေ။

“ဘာမှမဖြစ်ပါဘူး၊ သူတို့ ဘေးကင်းပါတယ်။”

လွမ်းချူးထျန်းက ပြုံး၍ ပြောသည်။

ထိုက်ဟောင်ဇုန်းနှင့် ဇောကွေ့တို့၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု မရှိသည်ကို မြင်သောအခါ သူတော်စင်များမှာလည်း သဘောပေါက်သွားကြသည်။

သူတော်စင်အချို့မှာ စိတ်ထဲမှ အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်ကြသည်။ ခုနက တန်ခိုးစွမ်းအား လှိုင်းကြီးကို ကြည့်ရခြင်းမှာ တိုက်ခိုက်သူတို့၏ စွမ်းအားမှာ အလွန်ပင် နက်နဲလှပြီး ကောင်းကင်နိမိတ် သူတော်စင်များ ဖြစ်သည်မှာ သေချာသည်။ သို့သော် ကောင်းကင်နိမိတ် သူတော်စင်တို့ တိုက်ခိုက်သည်တိုင်အောင် စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း ကျောင်းသားနှစ်ဦးကို မသတ်နိုင်ခဲ့ပေ။

“စွမ်းအင်စုစည်းခြင်း အဆင့်လောက်နဲ့တင် ဒီလောက်တောင် ဖြစ်နေပြီလား။ ငါတို့လို အဆင့်မြင့် သူတော်စင်တွေတောင် မမှီနိုင်တော့ဘူး။ ဒါကြောင့် မဟာမိတ်အဖွဲ့ထဲက ထိပ်တန်း ပါရမီရှင်တွေက ဒီလိုပုံစံမျိုး ဖြစ်နေတာလား ”

အဆင့်မြင့် သူတော်စင်များမှာ ထိုအကြောင်းကို တွေးမိသောအခါ စိတ်ဓာတ်ကျသွားကြသည်။ သူတို့မှာ နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့ကြပြီး အဆင့်အတန်းအရ သူတို့ထက် သာလွန်သည်ဟု ခံယူထားခဲ့ကြသည်။ သို့သော် ယခုကြည့်ရသည်မှာ သူတို့၏ စွမ်းအားမှာ သာလွန်နိုင်သော်လည်း အချို့သော အရာများတွင်မူ လုံးဝ မမှီနိုင်တော့ပေ။

ထိုအရာမှာ စွမ်းအားနှင့် မဆိုင်တော့ဘဲ နောက်ခံအမွေအနှစ်များနှင့်သာ သက်ဆိုင်သည်။ အချို့သော အမွေအနှစ်များကို သူတို့ဘဝတွင် တစ်ခါမှ ထိတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် ရယ်မောသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။

“မင်းတို့ ငှက်မိုက်နှစ်ကောင် ဆက်ပြေးဦးမလား ဘာလို့ မပြေးကြတော့တာလဲ ပိုက်ကွန်ထဲ ရောက်သွားပြီပေါ့”

စကားပြောနေရင်း အောက်ဝူဖား မှာ ကောင်းကင်နိမိတ် သူတော်စင် ဆယ်ဦးကျော်ကို ခေါ်ဆောင်ကာ ကောင်းကင်နိမိတ် သူတော်စင် နှစ်ဦးကို ဖမ်းဆီးပြီး သူတော်စင်များရှေ့တွင် ပေါ်လာသည်။ နန်း‌တော်ကိုးခု မှ သူတော်စင်တို့မှာ ထိုသူနှစ်ဦးကို မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်ကြသည်။ အစောပိုင်းက ခန့်မှန်းထားသည့်အတိုင်းပင်၊ ထ်ုသူတော်စင်နှစ်ဦးမှာ နန်းတော်ကိုးခု၏ အရေးကြီးသော ပုဂ္ဂိုလ်များပင် ဖြစ်သည်။

“အာ... အားလုံးပဲ၊ ဒီကိစ္စမှာ နားလည်မှုလွဲနေတာ မဟုတ်ဘူးလား ”

“ဘာပြေးတာလဲ ကျွန်တော်တို့ လုံးဝ မပြေးပါဘူး။ အခုလို လုပ်တာ နားလည်မှု လွဲနေတာ မဟုတ်ဘူးလား ”

သူတော်စင် နှစ်ဦးမှာ ရှင်းပြရန် ကြိုးစားသည်။ အောက်ဝူဖား မှာမူ နားထောင်ရန်ပင် ဝန်လေးနေပြီး ဇောကွေ့ကို ကြည့်ကာ ပြုံး၍ ပြောသည်။

“ဇောကွေ့၊ ဒီနှစ်ယောက်ကို ငါတို့ ခေါ်သွားတော့မယ်။ သူတို့က နန်းတော်မှာ နှစ်ပေါင်းများစွာ ပုန်းခိုနေခဲ့တာ။ တစ်ဦးက ကျောင်းသားတွေရဲ့ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးတာကို တာဝန်ယူထားတော့ ဘယ်နှစ်ယောက်ကို သူလျှိုအဖြစ် ရွှေဟွေး ကျောင်းတော်ကို ပို့လိုက်လဲဆိုတာ ဘယ်သူသိမှာလဲ။ ကိစ္စက အရေးကြီးလို့ ငါတို့ အရင်သွားလိုက်ဦးမယ်။”

“အားလုံးပဲ၊ ကျေးဇူးတင်ပါတယ်။”

ဇောကွေ့မှာ ထိုသူနှစ်ဦးကို ကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် အောက်ဝူဖား နှင့် အခြားသူတော်စင်များကို အရိုအသေပေးလိုက်သည်။ ဤသို့ဖြင့် နန်းတော်ကိုးခု ၏ အရေးကြီးသော ကောင်းကင်နိမိတ် သူတော်စင် နှစ်ဦးမှာ အများရှေ့တွင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရတော့သည်။

အခန်း (၂၄၉၆) - ဟုန်ဟွမ်ညီကိုရဲ့ ရင်ဘက်က အလွန်ကျယ်ဝန်းတာပဲ

နန်းတော်အတွင်းရှိ လေထုမှာ အနည်းငယ် တိတ်ဆိတ်သွားသည်။ သို့သော် သူတော်စင်တစ်ဦးက စိတ်ကို ပြန်လည်ထိန်းညှိလိုက်ပြီးနောက် မေးခွန်းတစ်ခု မေးလိုက်သည်။

“ဖန့်ချန်နဲ့ လွမ်းဟုန်ဟွမ်ကော ”

မှန်ပေသည်။ ထိုသူနှစ်ဦးကကော ဘယ်ရောက်သွားသနည်း။

အောက်ဝူဖားမှာမူ အစမှအဆုံးတိုင် ထိုသူနှစ်ဦး ဘယ်ကိုသွားသည်ဆိုသည်ကို ပြောမပြခဲ့ပေ။ ယခု ကိစ္စရပ်များ ပြီးဆုံးသွားပြီဖြစ်သော်လည်း သူတို့နှစ်ဦးမှာ အဘယ်ကြောင့် ပေါ်မလာသေးသနည်း။ သို့မဟုတ် နောက်ကွယ်တွင် နောက်ထပ် သူလျှိုများက ချောင်းမြောင်းနေကြသေးသည်ဟု ဆိုလိုသလော။

ဒုတိယမြောက် ဟင်းလင်းပြင်အလွှာ။

မီးခိုးရောင်သမ်းနေသည့် အတွင်းကမ္ဘာဝင်ပေါက်အတွင်း၌ လွမ်းဟုန်ဟွမ်၏ ဘေးပတ်လည်တွင် အသံမထွက်ဘဲ ပေါ်လာသော ရုပ်ပုံပေါင်း တစ်ရာကျော် ရှိနေလေသည်။ ဖန့်ချန်မှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အသက်ကိုပင် ပြင်းပြင်း ရှိုက်ယူမိသည်။

ထိုလွမ်းဟုန်ဟွမ်မှာ တစ်ပိုင်းသူတော်စင် ကျွန်စစ်သည် တစ်ရာကျော်ကို မွေးထုတ်ထားနိုင်ခဲ့သည်လား။ ထို့ပြင် သူတို့အားလုံးမှာ စစ်တပ်ကို အုပ်ချုပ်နိုင်သူများ ဖြစ်နေကြသည်တကား။

“ဖန့်ချန်ညီကို၊ ငါ့ရဲ့ လက်အောက်မှာ စစ်တပ်အုပ်ချုပ်သူ တစ်ရာကျော်၊ စစ်တပ်အုပ်ချုပ်မှု အရာရှိ လေးဦးနဲ့ စစ်သည်ဝိညာဉ် အုပ်ချုပ်သူ တစ်ဦး ရှိတယ်။”

လွမ်းဟုန်ဟွမ်က ပြုံး၍ ပြောသည်။

“ဒါပေမဲ့ မင်းနဲ့ ယှဉ်ပြိုင်တဲ့အခါ ဒီလိုနည်းလမ်းမျိုးက မသင့်တော်ဘူး၊ သူတို့အားလုံး ဝိုင်းတိုက်ရင်တောင် မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။”

“ကောင်းသားပဲ။”

ဖန့်ချန်က ခေါင်းညိတ်သည်။ အံ့သြစရာ ကောင်းသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူက ဤတစ်ပိုင်းသူတော်စင်များကို အရေးမစိုက်ပေ။ လွမ်းဟုန်ဟွမ်မှာ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်းသာ ရှိသေးသည်။ သူ၏ လက်အောက်တွင် စစ်တိုက်လိုစိတ်ဖြင့် လက်နက်သွန်းလောင်းထားသော အဆင့်မြင့် တစ်ပိုင်းသူတော်စင် ဆယ်ဦးခန့် ရှိမှသာလျှင် သူက အနည်းငယ် စိတ်ဝင်စားမိပေလိမ့်မည်။

“ဒါပေမဲ့ သူတို့ ရှိနေတာက ငါ့အတွက် အထောက်အကူ ဖြစ်စေတယ်။ ကောင်းကင်စစ်သည်တော်လက်နက်ပုံရိပ်ကို ကိုင်ဆောင်ထားတဲ့အတွက် သူတို့ရဲ့ စွမ်းအားကို တိုးတက်စေရုံတင်မကဘဲ... အစွမ်းထက်ဆုံး ကောင်းကင်လက်နက်ကို ကိုင်ဆောင်ထားတဲ့ ငါ့လို သူတော်စင်အတွက်လည်း စွမ်းအားကို အနည်းငယ် ပိုမိုတိုးမြှင့်ပေးနိုင်တယ်။”

စကားပြောနေစဉ် လွမ်းဟုန်ဟွမ်၏ လက်ထဲတွင် အလင်းရောင်နှင့် အရိပ်များ ပေါ်ထွက်လာပြီး အစွမ်းထက်ဆုံး ကောင်းကင်လက်နက်မှာ ထပ်မံ ပေါ်လာသည်။ တစ်ခဏချင်းမှာပင် လွမ်းဟုန်ဟွမ်၏ အရှိန်အဝါမှာ အဆင့်အနည်းငယ် မြင့်တက်သွားသည်။ အစွမ်းထက်ဆုံး ကောင်းကင်လက်နက်မှ ထွက်ပေါ်လာသော လက်နက်ပုံရိပ်များမှာ သူ၏နောက်ရှိ တစ်ပိုင်းသူတော်စင် ကျွန်စစ်သည်များ၏ လက်ထဲသို့ ကျရောက်သွားကြသည်။

ထိုကျွန်စစ်သည်များ၏ အရှိန်အဝါများမှာလည်း အဆင့်ဆင့် တက်လှမ်းနေကြသည်။ အများစုမှာ စွမ်းအင်စုစည်းခြင်း အစောပိုင်း သူတော်စင်များ၏ စွမ်းအားကို ရရှိသွားကြပြီး အချို့အနည်းငယ်မှာ စွမ်းအင်စုစည်းခြင်း အဆင့်အလယ်ပိုင်းသို့ ရောက်ရှိသွားသည်။ သူတို့ထဲမှ တစ်ဦးမှာမူ အရှိန်အဝါအရ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်းသို့ ထင်ရှားစွာ ရောက်ရှိသွားလေသည်။ ထိုအဆင့်မှာလည်း သာမန် စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်းမျိုး မဟုတ်ပေ။ သူ့၏ စွမ်းအားအဆင့်ကို ကြည့်ရုံဖြင့်ပင် စီကုပေ့ နှင့် တိုက်ခိုက်လျှင်ပင် အနိုင်ရနိုင်ခြေ ရှိနေသည်။

ဖန့်ချန်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး အစွမ်းထက်ဆုံး ကောင်းကင်လက်နက်အပေါ် ပိုမို အမှတ်တရ ဖြစ်သွားရသည်။

“တစ်ပိုင်းသူတော်စင်အဆင့် စစ်သည်ဝိညာဉ် အုပ်ချုပ်သူတစ်ဦးက လွမ်းဟုန်ဟွမ်ရဲ့ လက်နက်ပုံရိပ်ကို ရရှိသွားပြီးနောက်... သူတို့ရဲ့ စွမ်းအားက မျိုးနွယ်စု ကံကြမ္မာ နတ်ဘုရာစွမ်အားကို နားလည်ထားတဲ့ စီကုပေ့နဲ့ ယှဉ်နိုင်သွားတယ်... ဒီကောင်းကင်စစ်သည် မျိုးနွယ်စုရဲ့ နည်းလမ်းတွေက တကယ်ကို ထက်မြက်တာပဲ ”

ထိုအကြောင်းကို တွေးမိသောအခါ ဖန့်ချန်မှာ အံ့သြစွာဖြင့် -

“ဟုန်ဟွမ်ညီကို၊ မင်းရဲ့ စစ်သည်ဝိညာဉ် အုပ်ချုပ်သူတစ်ဦးတည်းနဲ့တင် စီကုပေ့ ကို အနိုင်ယူနိုင်နေပြီပဲ။”

“မင်းလည်း မြင်လိုက်တာပေါ့ သူက စီကုပေ့ ကို အနိုင်ယူဖို့ အများဆုံး အကွက်တစ်ရာပဲ လိုလိမ့်မယ်။”

လွမ်းဟုန်ဟွမ်မှာ ထိုစစ်သည်ဝိညာဉ် အုပ်ချုပ်သူကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ကျေနပ်စွာ ပြုံးသည်။ ထိုစစ်သည်ဝိညာဉ် အုပ်ချုပ်သူကလည်း လွမ်းဟုန်ဟွမ်ကို ကြည့်သည့်အခါတွင် အရောင်တစ်ခုသာ ရှိလေသည်။ ထိုအရာမှာ လေးစားကြည်ညိုမှု ဖြစ်သည်။

“ဒီလို အထောက်အကူ ဖြစ်စေတယ်ဆိုတာ... တစ်ချက်လောက် သရုပ်ပြပေးလို့ ရမလား ”

ဖန့်ချန်က စိတ်ဝင်တစား မေးသည်။

“စစ်တပ်နှစ်ခု ယှဉ်ပြိုင်တဲ့အခါ စစ်တပ် သန်မာရင် စစ်သူကြီးလည်း သန်မာတယ် ”

လွမ်းဟုန်ဟွမ် စကားဆုံးသည်နှင့် သူ၏နောက်ရှိ စစ်တပ်အုပ်ချုပ်သူများ၊ စစ်တပ်အုပ်ချုပ်မှု အရာရှိများနှင့် စစ်သည်ဝိညာဉ် အုပ်ချုပ်သူတို့မှာ ကောင်းကင်လက်နက် ပုံရိပ်များကို မြှောက်ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ မြင်မရနိုင်သော စွမ်းအားများမှာ သူတို့ထံမှ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာပြီး လွမ်းဟုန်ဟွမ်၏ ကိုယ်ခန္ဓာအတွင်းသို့ စီးဝင်သွားသည်။

လွမ်းဟုန်ဟွမ်၏ အရှိန်အဝါမှာ တစ်ဖန် ပြန်လည် မြင့်တက်သွားသည်။ သူ၏လက်ထဲတွင် ရှိသော အစွမ်းထက်ဆုံး ကောင်းကင်လက်နက်မှာလည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ပြည့်နှက်သွားပြီး ထိမိရုံနှင့် သေဆုံးနိုင်မည့်ပုံပင်။

“သူ့ရဲ့ စွမ်းအားက အမှန်တကယ်ကို အဆင့်တစ်ခုကို ကျော်လွန်နေတဲ့ ကောင်းကင်အရှင် အမွေဆက်ခံသူပဲ။”

ဖန့်ချန်၏ မျက်လုံးတွင် လေးနက်သော အရိပ်အယောင် ပေါ်လာသည်။ ထိုသို့ စွမ်းအားများ တိုးမြှင့်လိုက်ပြီးနောက် လွမ်းဟုန်ဟွမ်၏ အခြေခံစွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်သွားပြီး ချီကွမ်းယိ ၏ စွမ်းအား လေးဆယ်ရာခိုင်နှုန်းခန့်အထိ ရှိနေပြီဖြစ်သည်။

“ဖန့်ချန်ညီကို၊ ဒီနေ့ ငါတို့ ကောင်းကောင်း တိုက်ခိုက်ကြရအောင်။ ငါ့ရဲ့ သူတော်စင်အဆင့် အကန့်သက်ကို ကျော်လွန်နိုင်မနိုင်က ဒီတိုက်ပွဲပေါ်မှာပဲ မူတည်တယ်။”

လွမ်းဟုန်ဟွမ် စကားဆုံးလျှင် ဒိိန်ရွှမ်သီး တစ်လုံးကို ထုတ်ယူကာ စားလိုက်သည်။

“ကောင်းပြီ။”

ဖန့်ချန်မှာလည်း အလွန်အလေးအနက် ထားသည်။ စက္ကန့်အနည်းငယ်အကြာတွင် လွမ်းဟုန်ဟွမ်က မျက်မှောင်ကြုတ်ကာ -

“မင်းက ဒိိန်းရွှမ်သီး မစားဘူးလား ”

ဒိိိန်းရွှမ်သီး မစားဘဲ အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက သူတို့လို ပုဂ္ဂိုလ်မျိုး၏ စွမ်းအားကို မည်သို့ ဖိနှိပ်ထားနိုင်ပါမည်နည်း။ သာမန်သူတော်စင်တို့ တွေးတောင် မတွေးရဲသည့် နယ်ပယ်သို့ မရည်ရွယ်ဘဲ ရောက်ရှိသွားနိုင်သည် မဟုတ်ပါလော။

ဖန့်ချန်က သက်ပြင်းချကာ -

“လူသားမျိုးနွယ်က ဆင်းရဲပါတယ်။ ငါ့မှာ ဒိိိန်းရွှမ်သီး မရှိတော့ဘူး။”

“ဒီလိုလား...”

လွမ်းဟုန်ဟွမ်မှာ မျက်လုံးတွင် တုံ့ဆိုင်းမှုများ ပေါ်လာသည်။ ထို့နောက် ဒိိိန်းရွှမ်သီး သုံးဆယ်ကို ထုတ်ယူကာ လက်ကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းရင်း ဖန့်ချန်ရှေ့သို့ ပို့ပေးလိုက်သည်။

“ငါ မင်းကို သုံးဆယ်ပဲ ပေးနိုင်မယ်၊ ကျန်တာကို ငါ ကိုယ်တိုင်လည်း စားဖို့ လိုသေးတယ်။ အကယ်၍ ဒိန်းရွှမ်သီး သုံးဆယ် စားပြီးတဲ့နောက်မှာလည်း ငါတို့ကြားမှာ အနိုင်အရှုံး မခွဲခြားနိုင်ဘူးဆိုရင် သရေပဲ ထားလိုက်ကြတာပေါ့။ ငါလည်း သူတစ်ပါး အခွင့်အရေးကို ယူပြီး မင်းရဲ့ သူတော်စင်အဆင့် အကန့်သက်ကို ကျော်လွန်နိုင်မယ့် လမ်းကြောင်းကို မဖျက်ဆီးချင်ဘူး။”

“ဟုန်ဟွမ်ညီကိုရဲ့ ရင်ဘက်က အလွန်ကျယ်ဝန်းတာပဲ။”

ဖန့်ချန်က ဒိိိန်းရွှမ်သီး သုံးဆယ်ကို ချက်ချင်း သိမ်းလိုက်သည်။

“မင်း ဘာလို့ မစားတာလဲ။”

လွမ်းဟုန်ဟွမ်မှာ တစ်ဖန် မျက်မှောင်ကြုတ်သည်။

“ဒီကိစ္စက... ငါက နောက်မှ စားဖို့ စိတ်ကူးထားတာပါ၊ အရင် သိမ်းထားလိုက်ဦးမယ်။”

ဖန့်ချန်က စဉ်းစားဟန်ဖြင့် ပြောသည်။

“မင်းက ဒီပြိုင်ပွဲကို အလေးအနက် မထားဘူးပဲ၊ ထားလိုက်ပါတော့။”

လွမ်းဟုန်ဟွမ်၏ မျက်လုံးတွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ သူ၏ အကြည့်မှာ ယခင်ကကဲ့သို့ ရင်းနှီးမှု မရှိတော့ပေ။ ဖန့်ချန်၏ လုပ်ရပ်မှာ သူ့ကို အထင်သေးခြင်း ဖြစ်သည်ဟု သူ ထင်မြင်လိုက်သည်။

နောက်တစ်စက္ကန့်တွင် လွမ်းဟုန်ဟွမ်က အစွမ်းထက်ဆုံး ကောင်းကင်လက်နက်ကို ကိုင်ဆောင်ကာ အရင်ဆုံး တိုက်ခိုက်လိုက်သည်။ ဖန့်ချန်မှာလည်း သူ၏ ဒိိိိိန်းရွှမ်သီး သုံးဆယ်ကို ရရှိထားပြီးဖြစ်ရာ မည်သို့ပင်ဖြစ်စေကာမူ တန်ဖိုးရှိစေရမည်ဟု ဆုံးဖြတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက် လျှပ်ခနဲ လက်သွားသည်။ တစ်ခဏချင်းမှာပင် မြင်မရနိုင်သော စွမ်းအားများက လွမ်းဟုန်ဟွမ်ကို ချက်ချင်းပင် ချုပ်နှောင်လိုက်သည်။ သူ၏ အတွင်းကမ္ဘာဖြစ်စေ၊ သူကိုယ်တိုင်ဖြစ်စေ၊ သူကိုင်ထားသော အစွမ်းထက်ဆုံး ကောင်းကင်လက်နက်နှင့် ဖျက်ဆီးနိုင်သော တိုက်ခိုက်မှုများဖြစ်စေ အားလုံးမှာ ထိုနေရာတွင် တည်ငြိမ်သွားကြသည်။

ပြစ်ဒဏ်ပေး နတ်ဆိုးမျိုးနွယ်စု ၏ မျိုးနွယ်စု ကံကြမ္မာ နတ်ဘုရားစွမ်းအး - တစ္ဆေ နှိမ်နင်းခြင်း နတ်ဆိုးမျက်လုံး

ဖန့်ချန်မှာ ဒိိိန်းရွှမ်သီးများကို မဖြုန်းတီးလိုသောကြောင့် စွမ်းအားကို ထိန်းချုပ်ထားပြီး ခုနစ်ဆသာ သုံးလိုက်သည်။ သို့သော် သူ၏ ခုနစ်ဆ စွမ်းအားမှာ ချီကွမ်းယိ ၏ အစွမ်းကုန် စွမ်းအားထက်ပင် သာလွန်နေသည်။ ထို့ကြောင့် လွမ်းဟုန်ဟွမ်မှာ တစ္ဆေ နှိမ်နင်းခြင်း နတ်ဆိုးမျက်လုံး၏ ရှေ့တွင် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိတော့ပေ။

ထိုအချိန်တွင် လွမ်းဟုန်ဟွမ်မှာ မည်သည့်အရာကိုမျှ မလှုပ်ရှားနိုင်တော့ဘဲ သူ၏ အတွေးများသာ လျင်မြန်စွာ လည်ပတ်နေသည်။

“ဒါ ဘာ နတ်ဘုရားစွမ်းအား လဲ ”

လွမ်းဟုန်ဟွမ်၏ မျက်လုံးတွင် နားမလည်နိုင်မှုများ ပေါ်လာသည်။ အကယ်၍သာ သူ၏ ရှေ့တွင် ပြစ်ဒဏ်ပေး နတ်ဆိုးမျိုးနွယ်စု သူတော်စင် တစ်ဦး ရှိနေပါက သူသည် တစ်ဖက်လူမှာ မျိုးနွယ်စု ကံကြမ္မာ နတ်ဘုရားစွမ်းအားကို အသုံးပြုထားကြောင်း ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။ သို့သော် သူ၏ ရှေ့တွင် ရှိနေသူမှာ လူသား ဖန့်ချန် ဖြစ်နေသောကြောင့် သူ သေသည့်တိုင်အောင်ပင် သူသည် တစ္ဆေ နှိမ်နင်းခြင်း နတ်ဆိုးမျက်လုံးဖြင့် ချုပ်နှောင်ခံထားရသည်ဟု တွေးမိမည် မဟုတ်ပေ။ သူသည် ဖန့်ချန် အသုံးပြုလိုက်သော နတ်ဘုရားစွမ်းအားကို အခြားသော ချုပ်နှောင်မှု အာနိသင်ရှိသည့် စွမ်းအားတစ်ခုဟုသာ ထင်မြင်နေသည်။

သို့သော် သူ နားမလည်နိုင်သော အချက်တစ်ခု ရှိသည်။

“သူက ငါ့ကို ချုပ်နှောင်ထားတယ်၊ စွမ်းအားကိုလည်း ဖိနှိပ်နိုင်တယ်၊ ဒိိိန်းရွှမ်သီးကိုလည်း မစားထားဘူးဆိုတော့ သူ့ရဲ့ စွမ်းအားက ပြီးပြည့်ခြင်း အဆင့်ကို တက်လှမ်းဖို့ လုံလောက်မှု မရှိသေးတာကို ပြနေတာပဲ...”

စိတ်ထဲတွင် မကျေနပ်မှုများစွာ ရှိနေသော်လည်း လွမ်းဟုန်ဟွမ်မှာ မတတ်သာဘဲ အရှုံးပေးလိုက်ရသည်။ ဖန့်ချန်၏ စွမ်းအားအခြေခံမှာ သူ့ထက် အနည်းငယ်သာလွန်နေသည်။ သူ၏ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်းတွင် ရောက်ရှိနိုင်သည့် အမြင့်ဆုံးအဆင့်မှာ သူ့ထက် သာလွန်နေသည်မှာ သေချာနေပြီ ဖြစ်သည်။

အချိန် ၁၅ မိနစ်ခန့် ကြာပြီးနောက် ဖန့်ချန်က တန်ခိုးကို ရုပ်သိမ်းကာ အရိုအသေပေးလျက် -

“ဟုန်ဟွမ်ညီကို၊ အရှုံးပေးပါတယ်။”

လွမ်းဟုန်ဟွမ်က ခါးသီးစွာ ပြုံးလျက် -

“အရှုံးပေးရမှာက ငါပါ... မင်း စွမ်းအား ဘယ်လောက်လောက် သုံးလိုက်တာလဲ ”

“ ဆယ်ဆ နီးပါး လောက်ပါပဲ။”

ဖန့်ချန်က တည်ငြိမ်စွာ ဖြေသည်။

“စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း သူတော်စင်တွေထဲမှာ မင်းကို ယှဉ်နိုင်မယ့်သူ သိပ်မရှိတော့ဘူး။ အကယ်၍သာ မင်းသာ ချီကွမ်းယိ မရှုံးနိမ့်မီအချိန်က သွေးရွာ ခန်းမကို သွားခဲ့ရင် သူနဲ့ တိုက်ခိုက်ကြည့်လို့ ရနိုင်ကောင်းရဲ့။”

လွမ်းဟုန်ဟွမ်က သက်ပြင်းချကာ -

“ငါက နာမည်ဖျောက်ပြီး သွေးရွာ ခန်းမကို သွားဖူးတယ်၊ ချီကွမ်််းယိ နဲ့လည်း တိုက်ခိုက်ဖူးတယ်၊ တစ်ကွက်အသာနဲ့ ရှုံးခဲ့တာပါ၊ သူကလည်း စွမ်းအား ဆယ်ဆနီးပါးလောက် သုံးခဲ့တယ်။”

“...”

“ဟုန်ဟွမ်ညီကိုရဲ့ နည်းလမ်းတွေက ကောင်းကင် ငါးပါးအတွင်းမှာ အကောင်းဆုံးတွေထဲမှာ ပါဝင်နေတာပါ။”

ဖန့်ချန်က ခေါင်းညိတ်ကာ အသိအမှတ်ပြုသည်။

လွမ်းဟုန်ဟွမ်ကလည်း ပေါ့ပေါ့ပါးပါးဖြင့် ပြုံးလျက် ပြောလိုက်သည်။

“ခုနက ငါက မင်းကို အထင်ကြီးပြီး ငါ့ကို အထင်သေးတယ်လို့ ထင်ခဲ့တာ၊ ဒါကြောင့် ဒိိိန်းရွှမ်သီး မစားခဲ့တာပါ၊ ငါပဲ နားလည်မှု လွဲသွားတာပါ။ ဒီပြိုင်ပွဲ ပြီးရင်တော့ ငါ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း သူတော်စင်အဆင့်မှာ ဆက်နေမှာ မဟုတ်တော့ဘူး၊ နောက်တစ်ခါ မင်းနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်။”

All Chapters