← Chapters

ယွမ်ခုနစ်သန်း၊ အဲ့လိုမှလည်း မင်းတို့ လက်လျှော့သွားမှာ

Vol. 35 Ch. 345

ယွမ်ခုနစ်သန်း၊ အဲ့လိုမှလည်း မင်းတို့ လက်လျှော့သွားမှာ

Vol. 35 Ch. 345

ချန်ယွီ့ စကားကို ကြားတော့ အဘိုးကျန်းမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့၏။

ချန်ယွီ့ စိတ်ပညာရှင် ဟုတ်မဟုတ် အရေးမကြီးတော့။

အရေးကြီးတာက သူသည် ထိုစဉ် အချိန်က ဖြစ်ပျက်ခဲ့သမျှကို စကားတစ်ခွန်းပင် လွဲချော်ခြင်းမရှိ အသေးစိတ် ပြောပြနိုင်နေခြင်းပင်။

ဆိုလိုသည်က သူ အရာအားလုံးကို သိနေသည်။

ဒီနှစ်ယောက် ဒီလိုလူစားမျိုးကို ဘယ်နားက သွားပြီး ရှာလာခဲ့တာပါလိမ့် ...

အသက်ငယ်ငယ်လေးနဲ့ ဘာကြောင့် ဒီလောက်တောင် စွမ်းနေရတာလဲ ...

" ဒါပေါ့ ... ခင်များလည်း ဘယ်သဘောတူလိမ့်မှာ ... "

" ရှေးဟောင်းပစ္စည်း ကုန်သည်ကလည်း သူခင်များကို ပေးတဲ့ ဈေးက နည်းသွားပြီထင်တော့ နောက်ထပ် ငါးသိန်း ထပ်ပြီး ကမ်းလှမ်းလာတယ် ... "

" ဒါပေမယ့် ခင်များက သားဖြစ်သူကို ခေါ်ပြီး အဲ့ဒီကုန်သည်ကို မောင်းထုတ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာ ... "

" နောက်တစ်နေ့ ခင်များ အိမ်အဟောင်းကြီးဆီ ထပ်သွားကြည့်တော့ အဲ့ဒီက ပစ္စည်းတော်တော်များများက ပျောက်ရှနေတာကို တွေ့လိုက်ရတယ် ... "

" အဓိက တံခါးမကြီးက တံခါးခေါက်ကွင်းတွေ မရှိတော့ဘူး ... " ချန်ယွီ့က ပြောရင်းဖြင့် လက်ချိုးရေတွက်ရင်း " အစိမ်းရောင် အုတ်ခဲတော်တော်များများကလည်း ပျောက်နေတယ် ... "

" ဒါတွေ အကုန်လုံးက ရှေးဟောင်းပစ္စည်း ကုန်သည်ရဲ့ လက်ချက်ဖြစ်မှန်း ခင်များ ကောင်းကောင်း နားလည်တယ် ... "

" ဒါပေမယ့် တစ်ချို့ အကြောင်းအရင်းတွေကြောင့် ရဲကို ဖုန်းမဆက်နိုင်ခဲ့ဘူး ... "

" အကြံနည်းနည်းပါးပါး ထုတ်ပြီးတော့ ခင်များ ဖြေရှင်းနည်းလမ်းတစ်ခု ရလာခဲ့တယ် ... "

" ခင်များက ဘိုးဘေးတွေရဲ့ နည်းလမ်းကို အတုယူပြီး ဒီမှာ သရဲတွေ ရှိနေသလိုမျိုး ဖန်တီးလိုက်တယ် ... "

" နောက်တစ်နေ့ညရောက်တော့ ကုန်သည်က သူ့အပေါင်းအပါ သုံးယောက်နဲ့အတူ ဒီနေရာကို ပြန်ရောက်လာတယ် ... "

" ခင်များက အသက် ခုနစ်ဆယ်ကျော်ပြီဆိုပေမယ့် ... "

ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး " နှစ်ပေါင်းများစွာ လယ်စိုက်လာတဲ့ အကျိုးကျေးဇူးကြောင့် ခင်များရဲ့ခန္ဓာကိုယ်ကတော့ သန်တုန်း ၊ မြန်တုန်းပဲ ... "

" ပြီးတော့လည်း ဒီနေရာကို ခဏခဏ ရောက်ဖြစ်နေတဲ့ အိမ်အတွင်းပိုင်းမှာ ဘယ်လိုတွေရှိလဲဆိုတာကို ကိုယ့်ရဲ့ လက်ဖမိုးလိုမျိုး ကောင်းကောင်း သိနေတယ် ... "

" ကုန်သည် အုပ်စု အထဲ၀င်သွားတော့ ခင်များ မျက်တောင် တစ်ချက် မခတ်ဘဲ သူတို့နောက်ကနေ လိုက်သွားခဲ့တယ် ... "

" အတွင်းပိုင်း မြေပြင်အနေအထားကို ကောင်းကောင်း အသုံးချပြီး လှည့်ကွက်တွေ စလုပ်တော့တာပဲ ... "

" တစ္ဆေငိုညည်းသံကို အတုခိုးရင်း ဓာတ်မီးအ‌လင်းနဲ့ ထူးဆန်းတဲ့ အရိပ်တစ်ခု ဖန်တီးပြီး ရှေ့နောက် ပြေးတယ် ... "

" အဲ့လိုနဲ့ ... ခင်များ သူတို့ကို အောင်အောင်မြင်မြင်နဲ့ မောင်းထုတ်လိုက်နိုင်တာပဲ ... "

" ဒါပေမယ့် ငွေက လူတွေရဲ့ နှလုံးသားကို သတ္တိကောင်းစေတယ် ... သူတို့တွေ ကြောက်လန့်တကြား ထွက်ပြေးသွားကြတယ်ဆိုပေမယ့် တစ်ခြား သတင်းရတဲ့ ကုန်သည်တွေက ဒီလာ ပစ္စည်းခိုးရင်း အချီကြီးမြတ်မယ့်လမ်းကို ကြံကြတယ် ... "

" ခင်များဘာခင်များ သက်လုံ ဘယ်လောက်ပဲကောင်းကောင်း ... အသက်က ခုနစ်ဆယ်ကျော်နေပြီ ... သုံးလေးရက်လောက် ကုန်းကွကွ လုပ်နေရတော့ ခါးပြဿနာက ထလာပြီ ... "

" နောက်ကျတော့ ခင်များက ခင်များရဲ့ ခွေးကို ကြံရာပါ လုပ်ခိုင်းဖို့ အကြံရလာတယ် ... "

" ခွေးကလည်း ခင်များနဲ့အတူ ဆယ်နှစ်ကျော်လောက် အတူနေလာတာဆိုတော့ ခင်များရဲ့ စကားကို ကောင်းကောင်း နားလည်နေပြီးသား ... "

" သူ့ကို ညတိုင်းည ဒီမှာ ကင်းစောင့်ခိုင်းပြီး တစ်ခုခု လှုပ်ရှားမှုရှိတယ်ဆိုရင် ခင်များဆီ ပြန်လာပြီး သတင်းပို့ခိုင်းတယ် ... "

ကျိုးခဲ့ရှင်း ၊ ဟူလျန်နှင့် ပန်ယွဲ့လင်းတို့အားလုံး သေချာနားစွင့်ပြီး နားစိုက်ထောင်နေကြ၏။

အောင်မယ်လေး မိုးနတ်မင်းကြီး ...

ရှေးဟောင်းတန်ဖိုးကြီး ပစ္စည်းတွေကို လက်ဝါးကြီး အုပ်ဖို့အတွက် အဘိုးကြီးကျန်းက တကယ်ကို အလုပ်ကြိုးစားခဲ့တာပဲ ...

သူကိုယ်တိုင် လူတွေကို ခြောက်လှန့်ရုံတင် မကဘူး ... သူ့ခွေးကိုတောင် အလုပ်ခိုင်းခဲ့တယ် ...

အဘိုးကြီးကျန်းက ခေါင်းငုံ့ပြီး သက်ပြင်းချလိုက်၏။

အခြားသူများလည်း အဘိုးကြီးကျန်း၏ အမူအရာမှ တစ်ဆင့် ချန်ယွီ့ ပြောသွားသည်များက အမှန်ဖြစ်ကြောင်းကို သိရှိနေကြသည်။

“တစ်လလောက် ဉာဏနဲ့ သတ္တိ ကစားပြီးတဲ့နောက် ဒီနေရာမှာ သရဲရှိတယ်ဆိုတဲ့ သတင်းက ဒေသတွင်း ရှေးဟောင်းပစ္စည်း ကုန်သည်တွေကြား ပျံ့သွားခဲ့တယ် ... ”

“နောက်ပိုင်း ဘယ်သူမှ မလာရဲတော့ဘူး .. ”

“ဒါပေမယ့် အနားရပြီလို့ တွေးနေတုန်းမှာ ပိုကြီးတဲ့ ပြဿနာက ပေါ်လာပြန်တယ် ... ”

“ဆယ်စုနှစ်များစွာ အလွတ်ဖြစ်နေတဲ့ ဒီအိမ်ကြီးကို တစ်စုံတစ်ယောက်က တကယ်ပဲ ထပ်ပြီး မျက်စိကျလာပြန်တယ် ... ”

ချန်ယွီ့က ဟူလျန်နဲ့ ပန်ယွဲ့လင်းကို လှမ်းကြည့်လိုက်သည်။

“အဲ့လူတွေက ခင်များတို့နှစ်ယောက်ပဲ ... ”

" အိုး ဟုတ်သား စကားမစပ် မေးဖို့မေ့နေတာ ... ခင်များတို့တွေ ဒီအိမ်ကို ၀ယ်တုန်းက အတော်လေး စိတ်ဖိအား များခဲ့ကြရတယ်မလား ... "

ချန်ယွီ့က အကြောင်းအရာကို ရုတ်ချည်း ပြောင်းလဲ၍ နှစ်ယောက်က အိမ်ကို မည်သည့်ဈေးဖြင့် ၀ယ်ယူခဲ့ကြလဲဆိုတာ မေးမြန်းလာသည်။

" မပြောနဲ့တော့ ... ခုနစ်သန်းတောင် ပေးရတယ် ... "

ဟူလျန်က ချဲ့ကားသည့် မျက်နှာအမူအရာဖြင့် လက်ခုနစ်ချောင်းထောင်ပြလိုက်၏။

" ဒီနေရာကို အစတုန်းက ဘယ်လောက်နဲ့ ရောင်းလဲသိလား ... "

ချန်ယွီ့ ပြုံးပြီး မေးလိုက်သည်။

ဟူလျန် ခေါင်းယမ်းပြသည်။

" ရှစ်သိန်း ... တကယ်က ခြောက်သိန်း ၊ ခုနစ်သိန်းလောက်ဆိုရင်ကို အဆင်ပြေနေပြီ ... "

အဟွတ် အဟွတ် အဟွတ် ...

ဈေးနှုန်းကိုလည်း ကြားရော ဟူလျန် တံတွေးသီးလုနီးပါး ဖြစ်သွားခဲ့သည်။

ပန်ယွဲ့လင်းမှာ ချစ်သူကောင်လေး၏ ရင်ဘက်ကို အလျင်အမြန် ပွတ်သပ်ပေးလိုက်၏။

" ဒေါက်တာချန် ... ရွာကော်မတီက မူရင်း ယွမ်သိန်းဂဏန်း ဈေးကနေ ခုနစ်သန်းထိ မြင့်လိုက်တယ်ဆိုတော့ ကျွန်မတို့ကို ဂျင်းထည့်လို့ ကောင်းတဲ့ ငနုံငအတွေဆိုပြီး ထင်နေကြတာလား ... "

" မဆိုင်ဘူး ... ဒီတိုင်း ခင်များတို့ကို နောက်ဆုတ်သွားစေချင်လို့ပဲ ... "

" သူတို့လည်း ခင်များတို့နှစ်ယောက်က ဒီလောက်ထိ စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေမယ်လို့ ထင်မထားခဲ့ကြတာ အမှန်ပဲ .... "

" ခင်များတို့က မြို့ကအိမ်ကြီးကို ရောင်းရင် ရောင်းပစ်ရပါစေ၊ ဒီအိမ်ကြီးကို ၀ယ်မယ်ဆိုပြီး စိတ်ဆုံးဖြတ်ထားကြတယ် ... "

" အဘိုးကျန်းရဲ့ သားက ရွာသူကြီး ... " ချန်ယွီ့ ပြုံးလျက် ပြောလိုက်ပြီး " သူက ခင်များတို့နဲ့ တွေ့ပြီးတော့ ဒီလောက် ကောင်းတဲ့ ဖောက်သည်တွေကို လက်မလွှတ်ပေးချင်ဘူး ... နောက်ပြီး သူ့အဖေကိုလည်း သည်ထက်ပိုပြီး အလိုမလိုက်ချင်တော့ဘူး ... "

" ရှင့်သားက ရွာလူကြီး ... "

ဟူလျန်နှင့် ကျန်သူများအားလုံး အံ့အားတကြီး မြည်တမ်းမိသွားခဲ့ကြ၏။

အဘိုးကျန်း မျက်နှာတစ်ပြင်လုံး နီမြန်းလာသည်။

သူ့သားက ရွာလူကြီး ဖြစ်နေလို့လည်း သူ နေရာက ထွက်မသွားဘဲ တုံ့ဆိုင်းသွားခဲ့တာ ဖြစ်သည်။

" ရွာလူကြီးရဲ့ မျိုးရိုးနာမည်က ကျန်း ... သူကလည်း အဘိုးကျန်း ... တကယ်ပဲ သားအဖတွေကိုး ... "

ဟူလျန်က ရွာလူကြီး၏ မျိုးရိုးနာမည်ကို အမှတ်ရသွားခဲ့ပြီး အဘိုးကျန်းနှင့် ရွာလူကြီးတို့က သားအဖဖြစ်သည်ကို အတည်ပြုလိုက်နိုင်လေသည်။

" ဒေါက်တာချန် ... ဈေးနှုန်းကို ဆယ်ဆမြင့်လိုက်တာက ဒင်းအကြံပဲ မဟုတ်လား ... "

" ငါ အခု နားလည်သွားပြီ ..."

ချန်ယွီ့ ခေါင်းညိတ်ပြတာမြင်တော့ ဟူလျန် ချက်ချင်းပဲ အပိုင်းအစများကို ဆက်စပ်မိသွားခဲ့သည်။

" အဘိုးကျန်းက အိမ်ထဲမှာရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို မျက်စိကျနေတယ် ... ငါတို့၀ယ်ပြီး ပြောင်းလာတာနဲ့ သူ့မှာ အခွင့်အရေး မရှိတော့ဘူး ... "

" သူက သားဖြစ်သူ ရွာလူကြီး ဖြစ်နေတာကို အခွင့်ကောင်းယူပြီး အိမ်ရဲ့ ဈေးကို ရည်ရွယ်ချက်ရှိရှိ ဆယ်ဆတင်ပစ်လိုက်တာပဲ ..."

ချန်ယွီ့၏ ရှင်းပြမှုနှင့် သူ၏ အတွေးစိတ်ကူးတို့ ပေါင်းစပ်လိုက်သောအခါ ဟူလျန်သည် အဘိုးကျန်း၏ အတွေးများကို နေရာမှာတင် ချက်ချင်း ဖော်ထုတ်နိုင်သွားခဲ့တော့၏။

သာမန်လူ တစ်ဦးတစ်ယောက်သာ ဆိုပါက ထိုသို့သော ဈေးနှုန်းမျိုးကို ကြားသည်နှင့် ချက်ချင်းထပြန်သွားမှာ ကျိန်းသေသည်။

မည်သို့ပင်ဆိုစေကာမူ ဆယ်စုနှစ်နဲ့ချီ လူမနေဘဲ ပစ်ထားသည့် အိမ်အဟောင်းတစ်လုံးကို ယွမ်သန်းချီပေးဖို့က မည်သို့မျှ မတန်။

ထင်မှတ်မထားစွာဖြင့် ၊ ဟူလျန်နှင့် ပန်ယွဲ့လင်းတို့က ဤနေရာကို အတော်လေး မျက်စိကျနေခဲ့ကြသည်။

ရွာသားများ မသိသည်က ဟူလျန်တို့နှစ်ဦးမှာ ရှေးဟောင်းအိမ် တော်တော်များများကို လိုက်ကြည့်ဖူးခဲ့ကြသည်။

လူနေထူထပ်သည့် နေရာများတွင်ဆိုလျှင် အချို့သော အိမ်များက သန်း ဆယ်နှင့်ချီသည်။

ခုနစ်သန်း ဆိုသည့် ဈေးနှုန်းကို ကြားတော့ နှစ်ဦးမှာ အနည်းငယ် ဈေးမြင့်သည်ဟု ခံစားရသော်လည်းပဲ အခြားသော အိမ်ဈေးများနှင့် နှိုင်းယှဉ်ကြည့်လျှင်တော့ လက်ခံနိုင်သည့် အတိုင်းအတာတွင် ရှိသည်။

ထို့ပြင် အိမ်ပွဲစားကလည်း ဆက်တိုက် အမွှမ်းတင်နေသဖြင့် နှစ်ဦးကလည်း ဆက်ပြီး ဈေးဆစ်မနေကြတော့ချေ။

" အဘိုးကျန်းရဲ့ အကြံအစည်က အဲ့လိုနဲ့ ကျရှုံးသွားခဲ့တယ် ... ဒါပေမယ့် နောက်ထပ် အကြံတစ်ခု ထပ်ထုတ်လာခဲ့တယ် ... " ချန်ယွီ့ ပြောလိုက်ပြီး " သူ့ဘက်က ဆက်ပြီး သရဲခြောက်တယ် ဆိုတဲ့ လှည့်ကွက်ကို ဆက်သုံးမယ် ... "

" အလုပ်သမားတွေရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေဆိုတာလည်း အကုန်လုံးက သူ့ကြောင့်ပဲ ... "

" အဘိုးကျန်းက ရွာထဲမှာ ကန်တော့ခံ၊ ရိုသေခံ ပုဂ္ဂိုလ်တစ်ယောက် ၊ ... ရွာထဲ တစ်ချို့တစ်လေလောက်ပဲ သူ့စကားကို အာခံဝံ့လိမ့်မယ် ..."

" ခင်များတို့ ငှားခဲ့တဲ့ အလုပ်သမားတွေကိုလည်း အဲ့လိုလုပ်ဖို့ သူပဲ စီစဉ် ညွှန်ကြားခဲ့တာ ... "

" သူတို့ကို ထူးဆန်းတာတွေနဲ့ ကြုံပါတယ်ဆိုပြီး ခင်များတို့ နှစ်ယောက်ရဲ့ စိတ်ထဲမှာ အကြောက်တရား မျိုးစေ့ကို ရည်ရွယ်ချက်ရှိရှိ စိုက်ပျိုးပေးခဲ့တာပဲ ... "

ချန်ယွီ့၏ ဖြည်းညင်းသည့် ရှင်းပြမှုအောက်တွင် ဟူလျန်နှင့် ပန်ယွဲ့လင်းတို့၏ အကြောက်တရားတို့မှာ တစ်ဖြည်းဖြည်းချင်း ပြေလျော့လာသည်။

နှစ်ယောက်က အိမ်ခြံမြေပွဲစား၏ ဦးဆောင်မှုအောက်တွင် ဤနေရာသို့ ရောက်လာခဲ့ကြသည်။

ပွဲစားပြောသည့် စကားအတိုင်းဆိုပါက အိမ် ဈေးနှုန်းမှာ သိပ်မမြင့်မားဘဲ ကျိန်းသေပေါက် တတ်နိုင်သည့် အတိုင်းအတာ အတွင်းမှာပဲ ရှိ၏။

ဈေးအသေးစိတ်ကိုတော့ ရွာကော်မတီနှင့် ဆွေးနွေးတိုင်ပင်ရပေမည်။

သို့ပေမယ့်လည်း ‌အိမ်ပွဲစားက နှစ်ရက်အတွင်း ဈေးနှုန်းကို တိုက်ရိုက် ပြောပြလာလိမ့်မည်ဟု မည်သူက တွေးထင်ခဲ့လိမ့်မည်နည်း။

အိမ်တန်ဖိုးက စုစုပေါင်း ယွမ် ၇ သန်း။

စုံတွဲမှာ ထိုစဉ်အချိန်တုန်းကတော့ များများ မစဉ်းစားခဲ့မိ‌သော်လည်း အခု သေချာပြန်တွေးကြည့်တော့မှ တကယ်ပဲ မာယာလှည့်ကွက်တစ်ခု ဖြစ်နေသည်။

အိမ်ခြံမြေပွဲစားများက လူလည်များပင်။

သူတို့နှစ်ဦးက မ၀ယ်ချင်ဘူးဆိုပါက ဈေးနှုန်းပြောလည်း အလကားပင်။

၀ယ်လိုသည့် ရည်ရွယ်ချက်မျိုး ပြလာပါမှ ဈေးကို ဆီလျော်သလို တိုးမြင့်တက်ကြသည်။

" လျှပ်စစ်မီးကြိုးကို တိရစ္ဆာန်ကိုက်သွားတာတွေ ၊ ရေပြတ်သွားတာတွေ ၊ အဲ့တာအကုန်လုံးလည်း သူ့လက်ချက်ပဲပေါ့နော် ... "

" အမှန်ပဲ ... "

ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။

" မီးကြိုး ကိုက်ဖြတ်တာကျ အဘိုးကျန်းရဲ့ ခွေးဝါကြီးပဲ .... ရေပိုက်ကိုတော့ ကျောက်တုံးနဲ့ သူကိုယ်တိုင် ရိုက်ခွဲခဲ့တာ .... ”

“ဒါဆို လူတွေကို ခြောက်လှန့်ဖို့ နံရံပေါ်က ပန်းချီကိုလည်း သူပဲ ဆွဲထားတာလား ... ”

ဟူလျန် မကျေမနပ် မေးလိုက်၏။

“အဲ့ဒါတော့ မဟုတ်ဘူး ... ”

“ သိသားပဲ... ဟမ် ... သူ မဟုတ်ဘူး‌ပေါ့ ... ”

" အဘိုးကျန်း ... ဒါတော့ ခင်များဘာခင်များ ပြောသင့်တယ် .... "

ချန်ယွီ့ သက်ပြင်းချလိုက်သည်။

" ဒီပန်းချီကို ငါ့ အဘေး ဆွဲသွားခဲ့တာပဲ ... "

ထိုသို့ပြောပြီးနောက် အဘိုးကျန်းက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး ၀မ်းနည်းမှုတို့က သူ့မျက်လုံးထဲ ပြည့်နှက်သွားခဲ့သည်။

All Chapters