← Chapters

ဘိလပ်မြေစက်ရုံ ဆိုင်းဘုတ် နောက်ကွယ်က လျှို့ဝှက်ချက်များ

Vol. 35 Ch. 349

ဘိလပ်မြေစက်ရုံ ဆိုင်းဘုတ် နောက်ကွယ်က လျှို့ဝှက်ချက်များ

Vol. 35 Ch. 349

“ ဒီအမှုတွေက တကယ်ပဲ သဘာဝလွန် ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေတာပဲ … ခြုံငုံကြည့်လိုက်ရင် ငါတွေးတာ မမှားဘူး … မှားသွားတာက ယင်ယန်ဓာတ်ကြီးငါးပါးနဲ့ ဘာသက်ဆိုင်မှုမှ မရှိတာပဲ ….”

လီချန်ကျွင်း အလျင်အမြန်ပဲ အခြေအနေကို သဘောပေါက်သွားခဲ့သည်။

နစ်နာသူ လေးဦးလုံးက ချင်းရှန်း ဘိလပ်မြေစက်ရုံ၏ အလုပ်သမားများ ဖြစ်ကြ၏။

လေးယောက်မြောက် နစ်နာသူ၏ အိမ်ထဲ၌ ဖန့်ကွမ်းက သရဲအငွေ့အသက်ကို အနံ့ခံမိခဲ့သည်။

ပထမ နစ်နာသူ သုံးဦး၏ ထူးဆန်းသည့် သေဆုံးပုံများအားလုံးကလည်း ဆက်စပ်သွားခဲ့လေသည်။ ယေဘုယျ ဖြစ်နိုင်ချေတစ်ခုက လီချန်ကျွင်း၏ စိတ်ထဲ ထွက်ပေါ်လာခဲ့သည်။

ပထမ နစ်နာသူ သုံးဦးကိုလည်း သရဲက သတ်ဖြတ်ခဲ့ခြင်း ဖြစ်ရမည်။

“ ဒေါက်တာချန် .. ဒီရဲ့ သရဲက ဘာလို့ သူတို့ကို သတ်ခဲ့တာလဲတဲ့ ….”

လီချန်ကျွင်း တည့်တိုးပဲ မေးလိုက်သည်။

အကယ်၍ သူကိုယ်တိုင် အကြောင်းအရင်းကို မရှာဖွေနိုင်လျှင် ချန်ယွီ့ထံ အကူအညီတောင်း၍ရသည်။ ယင်းက အရိုးရှင်းဆုံး ဖြေရှင်းနည်းလမ်း ဖြစ်၏။

“ ဟင်း ….” ရှုပ်ထွေးနေသည့် စိတ်ခံစားချက်များနှင့် ချန်ယွီ့ သက်ပြင်းချလိုက်ပြီး “ ဒီလူတွေ ကျူးလွန်ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်တွေက ကောင်းကင်ဘုံကတောင် သည်းမခံနိုင်လောက်တဲ့ အရာတွေပဲ ….”

“ သူတို့‌တွေ သေဆုံးသွားခဲ့တာက ကံကြမ္မာအလိုကျပဲ ….”

“ ဘယ်လို ….” ဖန့်ကွမ်း ချက်ချင်းပဲ တုံ့ပြန်လာပြီး “ ဒါဆို သူတို့ သေသွားခဲ့တာက သရဲရဲ့ တန်ပြန်လက်စားချေမှုပေါ့ … မျက်လုံးအတွက် မျက်လုံး ၊ အဲ့လိုလား ….”

“ အင်း ….” ခေါင်းညိတ်လျက် ချန်ယွီ့ ပြောလိုက်သည်။ “ နောက်ကလိုက်ခဲ့ … ဒီအမှုရဲ့ အမှန်တရားကို တွေ့ဖို့ ခေါ်သွားပေးမယ် …”

ဖန့်ကွမ်းနှင့် လီချန်ကျွင်းလည်း ချက်ချင်းပဲ ချန်ယွီ့နောက်ကလိုက်၍ အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာလာခဲ့သည်။

ထို့နောက် လီချန်ကျွင်းက အခင်းနေရာကို ကြီးကြပ်ဖို့အတွက် ရဲလေးဦး ချန်ထားရစ်ခဲ့လိုက်၏။

အရာရှိများအားလုံးကို သူ့ဘက်ခြမ်းသို့ ခေါ်ဆောင်ပြီးနောက် ချန်ယွီ့သည် ဘိလပ်မြေစက်ရုံ တည်ရှိရာ ချင်းရှန်းမြို့ အစွန်းပိုင်းသို့ ရောက်ရှိလာသည်။

စက်ရုံ ဝင်ပေါက်ဝတွင် ရပ်နေရင်း ချန်ယွီ့က လက်နောက်ပစ်လျက် ဖန့်ကွမ်းကို မေးလိုက်သည်။

“ မင်း မြင်တယ်မလား ….”

“ မြင်တယ် ….”

“ ကိုယ်က ဘာမှားယွင်းတာမှ မလုပ်ထားရင် တစ္ဆေသရဲလည်း ကြောက်နေစရာ မလိုဘူး ….” ဖန့်ကွမ်းက ထေ့ငေါ့လှောင်ပြောင်သည့် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ ဒီတိုင်း တံခါးတစ်ချပ်လေးပဲကို ဒီလောက် လှည့်ကွက်တွေ အများကြီး လုပ်ထားတယ် ….”

“ အထဲမှာ ကောင်းကင်နဲ့ တာအိုကို ထိခိုက်လောက်မယ့် မကောင်းတဲ့ လုပ်ရပ်တွေ လုပ်ထားတဲ့လူ တစ်ယောက်ယောက်တော့ ကျိန်းသေပေါက် ရှိရမယ် ….”

“ မင်းတို့ကောင်တွေ ဘာတွေ ပြောနေကြတာ … ငါ တစ်လုံးမှကို နားမလည်တော့ဘူး ….”

လီချန်ကျွင်း နားရှုပ်နေမိတော့၏။

ဖန့်ကွမ်းက ရှေ့သို့ ခြေနှစ်လှမ်းတက်ပြီး စက်ရုံတံခါးကို ခေါက်လိုက်သည်။

“ တံခါးကို ခွေးနက်သွေးနဲ့ သုတ်လိမ်းထားတယ် … ရှေးခေတ်တုန်းကတည်းက ခွေးနက်ရဲ့သွေးက သရဲနဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ အကောင်းဆုံးလက်နက်ဆိုပြီး ယုံကြည်ထားခဲ့ကြတာ ….”

သူ့စကားဆုံးတော့ ဖန့်ကွမ်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်မှောင်ကြုတ်ပြီး တစ်စုံတစ်ရာကို ရေရွတ်နေလျက် ရှိသည်။

သူ့ ညာခြေထောက်ကလည်း မြေကြီးကြမ်းပြင်ကို ဆက်တိုက် ဆောင့်နေသည်။

ခေတ္တကြာပြီးနောက် ဖန့်ကွမ်း၏ အရှိန်အဝါ တစ်ရပ်လုံး ပြောင်းလဲသွားခဲ့သည်။

တစ်နှစ်ပတ်လုံး ရာဇဝတ်သားများနှင့် ထိတွေ့ဆက်ဆံနေရသည့် လီချန်ကျွင်းသည်လည်း မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့၏။

ဖန့်ကွမ်းထံက အရိုးခိုက်မတတ် အေးစက်သည့် အရှိန်အဝါများကို ခံစားရနေမိသည်။

ယင်း အရှိန်အဝါက လီချန်ကျွင်းကို ရာဇဝတ်မှု မျိုးစုံ ကျူးလွန်ပြီး သူတို့လက်များတွင် သွေးများဖြင့် စွန်းထင်းနေသည့် သူခိုးဓားပြများကို မြင်ယောင်စေမိသွား၏။

ထို့နောက် ထင်မှတ်မထားသည့် မြင်ကွင်းတစ်ခုက လူတိုင်းရှေ့မှောက်တွင် ထွက်ပေါ်လာသည်။

ဖန့်ကွမ်းက ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်နင်းပြီး သားပိုက်ကောင်ကဲ့သို့ ခုန်တက်သွားခဲ့သည်။

သုံးမီတာ အမြင့်နီးပါးသို့ ရောက်သည်အထိ ခုန်တက်သွားခဲ့ပြီး တံခါးဝထက်ရှိ ဆိုင်းဘုတ်ကဗ္ဗည်းပြားကို လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်သည်။

“ ဒါက ဘာလဲ …”

လီချန်ကျွင်း အံ့အားတကြီး မေးမြန်းလိုက်၏။

စက်ရုံ ကဗ္ဗည်းပြား၏ နောက်ကျောဘက်တွင် အဝါရောင် အဆောင်စက္ကူ ကပ်ထားပြီး ပုံစံကွက်များက အနီရောင် ဆေးထားသည့် ရေးခြယ်ထားသည့် တစ္ဆေတစ်ကောင်ကောင်၏ ပုံစံလိုလိုပင်။

ဖန့်ကွမ်းက လူတိုင်း၏ ခြေထောက်အောက်သို့ ကဗ္ဗည်းပြားကို လွင့်ပစ်လိုက်ပြီး “ မကောင်းတဲ့ ဝိဉာဏ်တွေကို နှိမ်နင်းနိုင်တဲ့ အဆောင် …. ၊ နှိမ်နင်းရုံတင်မကဘဲ ခြိမ်းလည်း ခြိမ်းခြောက်နိုင်တယ် …”

“ ဘယ်သူတုန်းကွ အပြင်မှာ ဆူညံဆူညံတွေ လာလုပ်နေတာ … အခု အလုပ်ဆင်းချိန် ရောက်နေပြီ … ဘိလပ်မြေ ဝယ်ချင်တယ်ဆို မနက်ဖြန်မှလာခဲ့ ….”

အမျိုးသား တစ်ဦး၏ အသံက အတွင်းထဲမှ ထွက်ပေါ်လာသည်။

“ ကျုပ်ပဲ … ဟန်ကျိုးမြို့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက ကပ္ပတိန် လီချန်ကျွင်း ….”

လီချန်ကျွင်းက တင်းမာသည့် မျက်နှာထားဖြင့် ပြောလိုက်၏။

“ ကပ္ပတိန်လီ … မင်း ဘယ်လိုဖြစ်ပြီး ဒီထပ်ရောက်လာရပြန်တာလဲ ….”

မကြာမီ စက်ရုံတံခါး ပွင့်လာခဲ့သည်။

အသက်ငါးဆယ် အရွယ်ရှိ ထိပ်ပြောင်ပြောင်နှင့် အမျိုးသားက အပြင်ဘက်ရှိ လူအုပ်ကြီးကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။

“ ကပ္ပတိန်လီ … ငါ့ဘက်က လိုအပ်တာတွေကိုလည်း ပူးပေါင်းပေးပြီးပြီလေ … မင်းက အလုပ်သမားတွေကို တစ်ယောက်ချင်း မေးမြန်းချင်တယ်ဆိုလို့လည်း ကျုပ် သူတို့ကို အလုပ်လုပ်ခိုင်းတာ ရပ်ပြီးတော့တောင် ပူးပေါင်းခိုင်းခဲ့သေးတယ် ….”

“ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေတောင်းတော့လည်း ပေးခဲ့တယ် ….”

“ အခုလည်း ညသန်းခေါင်ကြီး ဘာလာလုပ်ပြန်တာ … ငါ သူတို့ကို သတ်တယ်ဆိုပြီး သံသယရှိနေတယ်လို့တော့ မပြောနဲ့နော် ….”

“ အား … ငါ့ဆိုင်းဘုတ်ကို ဘယ်ကောင် ဖျက်စီးပစ်တာလဲကွ …”

အမျိုးသားက အောက်ပြုတ်ကျနေသည့် ဆိုင်းဘုတ်ကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်ပြီး ဆက်တိုက် စောဒက တက်နေလျက် ရှိသည်။

ထိုသူကတော့ ချင်းရှန်း ဘိလပ်မြေစက်ရုံ သူဌေး ကျန်းတာမောက်ပင်။

“ ရဲတပ်ဖွဲ့က အလိုရှိလာရင် ပူးပေါင်းပေးရမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲ …” လီချန်ကျွင်းက စီးပွားရေးဆန်သည့် လေသံဖြင့် ပြောလိုက်ပြီး “ တကယ်လို့ ခင်များက တစ်ခုခု အမှားမလုပ်ထားဘူးဆို ကျုပ်ဘက်ကလည်း ညကြီးမင်းကြီး ခင်များကို လာရှာစရာ အကြောင်းမရှိဘူး ….”

“ ဒီဆိုင်းဘုတ်နောက်မှာ ဘာရှိနေလဲဆိုတာ ခင်များ မသိဘူးတော့ မပြောဘူးမလား ….”

“ အိုး … ဒါလေးလား ….”

“ ဒါ အဆောင်လေ … အိမ်ထဲ သရဲမဝင်နိုင်အောင် ကာကွယ်ပေးတဲ့ အဆောင်ပေါ့ ….” ကျန်းတာမောက်က သဘောမတူသည့် အမူအရာဖြင့် ဆိုလိုက်ပြီး “ ငါတို့လို စီးပွားရေးသမားတွေက ဖုန်းရွှေကို သိပ်အလေးထားတာ ….”

“ အဆောင်လေး ကပ်ထားမိတာက တရားဥပဒေနဲ့တော့ မညှိစွန်းဘူးမလား …”

ကျန်းတာမောက် အရွှဲ့တိုက် မေးလိုက်၏။

“ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အသုံးပြုတယ်ဆိုရင်တော့ ဒါပေါ့ … ပြဿနာ ဘယ်ရှိမှာ … ဒါပေမယ့် တစ်ခြား အကြောင်းအရင်းတွေကြောင့်ဆိုရင်တော့ ကျုပ်တို့ဘက်က သေချာလေး စုံစမ်းစစ်ဆေးဖို့ လိုလာပြီ …”

လီချန်ကျွင်းက ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အသင်း၏ ကပ္ပတိန်ဖြစ်သည့်အပြင် ၊ အထူးစစ်ဆင်ရေး အသင်း၏ လက်ထောက် ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။

လတ်တလောပိုင်းတွင် ထူးဆန်းသည့် အရာအများအပြားနှင့် လီချန်ကျွင်း ကြုံတွေ့ခဲ့ရ၏။

တကယ်လို့ တစ်ဖက်လူက တစ်ခုခု မှားယွင်းတာမျိုး မလုပ်ထားဘူးဆိုရင် ဒီလိုမျိုး အကာအကွယ် အဆောင်တွေ လုပ်ထားစရာ ဘာအကြောင်းရှိလဲ … စကားပုံတွေ အတိုင်းပဲလေ … ကိုယ်က အမှားမလုပ်ထားရင် တစ္ဆေသရဲတွေကို ကြောက်စရာမလိုဘူး …

ထို့နောက် လီချန်ကျွင်းက တံခါးကို လက်ညှိုးထိုးပြီး မေးလိုက်၏။ “ တကယ်လို့ အဆောင်က စက်ရုံရဲ့ လုံခြုံရေးအတွက်ဆိုရင် တံခါးကို ခွေးနက်သွေး သုတ်ထားတာကရော ဘာသဘောလဲ ….”

ကျန်းတာမောက် အမူအရာ ပြောင်းလဲသွားခဲ့သည်။ “ အဲ့တာလည်း ပိုပြီး စိတ်ချရအောင်လို့ပဲ ….” သာမန် အမူအရာဖြင့် ပြောလိုက်၏။

“ ငါက ဘိလပ်စီးပွားရေး လုပ်နေတာ …. စက်ရုံထဲမှာ နေ့တိုင်း ဆူညံသံတွေ ရှိတယ်လေ … မသန့်ရှင်းတဲ့ အရာတစ်ချို့ကို သွားပြီး နှောင့်ယှက်မိနိုင်လို့ ….”

“ ကပ္ပတိန်လီ … ငါ့ကို မလှောင်ရယ်ပါနဲ့ … ဒါက အယူသည်းတာ ဖြစ်ဖြစ် ၊ မဖြစ်ဖြစ် …. ငါတို့ စီးပွားရေး သမားတွေအတွက်ကတော့ ဒီတိုင်း စိတ်နှစ်သိမ့်ရာ တစ်ခုသပ်သပ်ပဲ ….”

“ မယုံရင် တစ်ခြား ကုမ္ပဏီတွေကိုလည်း သွားကြည့်လို့ရတယ် … သူတို့ဆို ငါ့ထက်တောင် ပိုများနေလိမ့်ဦးမယ်ဆိုတာ ပြောရဲတယ် …”

“ ဟက်ဟက် …..”

“ ဘော့စ်ကျန်း …. နောက်တောင်ကျနေပြီ …” ချန်ယွီ့ နှာမှုတ်လိုက်ပြီး “ ခင်များ ဖီးနစ် နိုက်ကလပ်ကို မသွားတော့ဘူးလား ….”

“ ညတွင်းချင်း လက်မှတ်တွေ ဝယ်ပြီး မြို့ပြင်မှာ အပန်းဖြေသင့်တယ်နော် …”

ကျန်းတာမောက်က လှုပ်ရှားရ လွယ်ကူသည့် အားကစားဖိနပ်တစ်ရံနှင့် သပ်ရပ်စွာ ဝတ်စားဆင်ယင်ထာသည်။

“ ဘော့စ်ကျန်းက ဘယ်ကို သွားဖို့ စီစဉ်ထားတာပါလိမ့် ….”

လီချန်ကျွင်း အေးစက်စက် မေးလိုက်သည်။

“ ငါ … ငါ ဘယ်မှမသွားဘူး … အခုလေးတင် အကောင့်တွေ စာရင်းရှင်းရင်း အလုပ်များနေတာ အဝတ်တောင် မလဲအားသေးဘူး … ခဏနေ အဝတ်လဲပြီး နားတော့မှာ …” ကျန်းတာမောက် ပြန်ငြင်းလိုက်၏။

“ သိပ်မကြာခင်တုန်းက လျန်ယွီ့ထျန်းက အိမ်မှာ တော်တော်ဆိုးဆိုးရွားရွားကြီး သေသွားခဲ့တာနော် …. ခင်များက တကယ်ပဲ အိပ်ပျော်နိုင်တယ်ပေါ့ ….” ချန်ယွီ့ ဆက်မေးလိုက်သည်။

လျန်ယွီ့ထျန်း အိမ်မှာ ဆိုးဆိုးရွားရွား သေသွားခဲ့သည်ဆိုသည့် စကားကိုကြားတော့ ကျန်းတာမောက်မှာ သရဲသဘက် မြင်တွေ့လိုက်ရသည့်နှယ် ကြမ်းပြင်သို့ လဲကျသွားခဲ့သည်။

လီချန်ကျွင်းက သူ့လက်အောက်ငယ်သားများကို အကြည့်တစ်ချက် ပေးလိုက်၏။

ရဲအရာရှိ နှစ်ယောက်က ကျန်းတာမောက်ကို ကြမ်းပြင်မှ ထူပေးလိုက်ပြီး သူ့ကို တင်းကြပ်စွာ ချုပ်နှောင်ထားလိုက်လေသည်။

“ ကျန်းတာမောက် ….. ခင်များက အသက်ကြီးပြီ … သက်ဆိုင်ရာဌာနတွေရဲ့ မူဝါဒကိုလည်း ခင်များ နားလည်မှာပဲ ….”

“ ဝန်ခံရင် ညှာတာပေးခံရမယ် … ခုခံနေမယ်ဆိုရင် ပြစ်ဒဏ်က ပိုပြီး ပြင်းထန်လိမ့်မယ် … ခင်များနဲ့ အခု သေသွားတဲ့လူတွေ မှားယွင်းတာ တစ်ခုခု လုပ်မိခဲ့ကြလား ပြောစမ်း …”

လီချန်ကျွင်းသည် ကျန်းတာမောက် မဟုတ်မမှန်တာ တစ်ခုခု လုပ်ထားမိကြောင်းကို ပြောနိုင်သည်။

မျက်လုံးက ဆက်တိုက် ဂနာ မငြိမ် ဖြစ်နေပြီး ၊ တုန်ယင်နေသည့် သူ့ခြေထောက်များက အတော်လေး သံသယဝင်ချင်စရာ ဖြစ်၏။

“ မဟုတ်ဘူး … မဟုတ်ဘူး … လုံးဝ မဟုတ်ဘူး …”

“ ငါ့တစ်သက်လုံး ကောင်းတာတွေပဲ လုပ်ခဲ့တာ မကောင်းတာ ဘာမှ မလုပ်ခဲ့ဖူးဘူး … သူတို့သေတာ ငါနဲ့ ဘာမှမဆိုင်ဘူး ….”

ကျန်းတာမောက် အသည်းအသန် ရှင်းပြလိုက်၏။

ယနေ့ အလုပ်လုပ်ပြီးသည့်နောက် သူ စက်ရုံထဲမှ ခြေတစ်ဖဝါးပင် မခွာခဲ့ချေ။

All Chapters