← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း (၂၈၀) - မယ်တော်... ကျွန်တော် မယ်တော့်ကို အရမ်း လွမ်းနေခဲ့တာ...

ရွှမ်ယွမ်ကျင်းဟုန်က ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

"မွန်းတည့်တော့မယ်... ကျွန်မက သခင်လေး စစ်ချန် ကို အရင် လိုက်ပို့ပေးပါ့မယ်... သွားကြရအောင်"

နန်ကုန်းယွီက မော့ကြည့်လိုက်ပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်မိမယ် ကျင်းဟုန်"

ရွှမ်ယွမ်ကျင်းဟုန်က ခေါင်းညိတ်လိုက်ပြီး နန်ကုန်းယွီကို နေရာရွှေ့ပြောင်းခြင်း ကွင်းပြင်ဆီသို့ အလျင်အမြန် ခေါ်ဆောင်သွားရာ ချီယန်ရှင်းမှာလည်း ရွေးချယ်စရာမရှိဘဲ လိုက်ပါသွားရပေ၏။

ဤအဖြစ်အပျက်လေး အပြီးတွင် သူတို့သုံးဦးကြား ဆက်ဆံရေးမှာ အနည်းငယ် သိမ်မွေ့လာခဲ့သည်။

နေရာရွှေ့ပြောင်းခြင်း ကွင်းပြင်သို့ ရောက်ရှိချိန်တွင် တာအိုအဆင့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါအရှေ့၌ ကျင့်ကြံသူ အများအပြား စုဝေးနေကြပြီ ဖြစ်၏။

ရွှမ်ယွမ်ကျင်းဟုန်က နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို တာဝန်ယူထားသော ကြီးကြပ်ရေးမှူးကို ရှာဖွေလိုက်ပြီး သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြရန် မည်သူမည်ဝါဖြစ်ကြောင်း အမှတ်အသားနှင့် ဝိညာဉ်ကျောက်စိမ်း ကတ်ပြားကို ကမ်းပေးလိုက်သည်။

ကြီးကြပ်ရေးမှူးက နန်ကုန်းယွီကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိချင်နေပုံရပြီး သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေ၏။

သို့ရာတွင် သူ အများကြီး မတွေးတောတော့ဘဲ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသိန်းကို လက်ခံလိုက်ပြီး ပြောဆိုလိုက်သည်။

"ခဏလောက် စောင့်ပေးပါ"

ရွှမ်ယွမ်ကျင်းဟုန်က ခေါင်းညိတ်လိုက်ပြီး နန်ကုန်းယွီအနားသို့ ပြန်လာကာ ပြောဆိုလာ၏။

"သခင်လေး စစ်ချန်... ဒီနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက မဟာရှ ရဲ့ ဧကရာဇ်မြို့တော်ဖြစ်တဲ့ ရှန်ဝူ မြို့တော်ကို ပို့ဆောင်ပေးလိမ့်မယ်... အဲ့ဒီကို ရောက်တာနဲ့ ထျန်းချီ နယ်မြေဆီ သွားဖို့ သူတော်စင်အဆင့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတစ်ခုကို ပြောင်းစီးလို့ ရတယ်"

"နောက်ပိုင်း ကျင်းဟုန် အချိန်ရရင် သခင်လေးဆီ လာရှာပါ့မယ်... တကယ်လို့ သခင်လေးက ဒီဘက်ကို ရောက်လာခဲ့ရင်လည်း လင်းရှောင် မြို့တော်ဆီ လာပြီး ကျွန်မကို လာရှာလို့ ရပါတယ်"

"ဒါနဲ့... သခင်လေးမှာ ဝိညာဉ်ကျောက်စိမ်း ကတ်ပြား ရှိလား... ကျွန်မ သခင်လေးကို ဝိညာဉ်ကျောက်တုံး တချို့ လွှဲပေးပါ့မယ်"

နန်ကုန်းယွီက ခေါင်းယမ်းကာ ပြုံးလျက် ပြောဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ် နတ်မိမယ် ကျင်းဟုန်... ကျွန်တော့် မိသားစုက ဝိညာဉ်ကျောက်တုံး တော်တော်များများ ပေးထားပါတယ်... တာအိုအဆင့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို သုံးဖို့ မလောက်တာပဲ ရှိတာပါ"

ရွှမ်ယွမ်ကျင်းဟုန်က ခေါင်းညိတ်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။ နန်ကုန်းယွီသည် ဝိညာဉ်ကျောက်တုံး လိုအပ်နေသူ ဖြစ်မည်ကိုလည်း သူမ မယုံကြည်ပေ။

အစောပိုင်းက သွမ်းမူနျန်းချူးကို ရှေ့တန်းတင်ခဲ့တာက သူတို့၏ တကယ့်ရည်ရွယ်ချက်ကို ဖုံးဖိထားဖို့အတွက်သာ ဖြစ်နိုင်သည်။

မကြာမီ မွန်းတည့်ချိန်သို့ ရောက်ရှိလာသည်။

မဟာရှ မင်းဆက်ဆီသို့ သွားမည့်သူများသည် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပေါ်သို့ တက်သွားကြပြီး တာဝန်ခံ ကြီးကြပ်ရေးမှူးက အသက်သွင်းမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။

ရွှမ်ယွမ်ကျင်းဟုန်က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျွန်မလည်း နောက်နည်းနည်းကြာရင် မဟာရှ ကို သွားဖြစ်လောက်တယ်... အဆက်အသွယ် မပြတ်စေနဲ့နော်"

နန်ကုန်းယွီက ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ဦးသည် ဆက်သွယ်ရေး ကျောက်စိမ်းပြားအတွက် အဆက်အသွယ် အချက်အလက်များကို ဖလှယ်ထားပြီးဖြစ်ရာ အချင်းချင်း ဆက်သွယ်ရန် သဘာဝကျကျပင် ဖြစ်နိုင်ပေသည်။

သေချာသည်မှာ ဤသည်က အနီးကပ် အကွာအဝေးအတွက်သာ အကျုံးဝင်ပေ၏။ အကယ်၍ သူတို့နှစ်ဦးသည် အလယ်ပိုင်းတိုက်ကြီး နှင့် အရှေ့ပိုင်းတောရိုင်းနယ်မြေ တွင် အသီးသီး ရှိနေမည်ဆိုပါက ဆက်သွယ်ရေး ကျောက်စိမ်းပြားကတစ်ဆင့် အချင်းချင်း ဆက်သွယ်နိုင်မည် မဟုတ်သည်မှာ သဘာဝပင်။

ဤအခိုက်အတန့်၌ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသက်သွင်းလိုက်ပြီး တောက်ပသော အလင်းရောင်တစ်ခု လက်သွားသည်နှင့်အတူ နန်ကုန်းယွီနှင့် အခြားသူများလည်း နေရာရွှေ့ပြောင်း ခံလိုက်ရပေသည်။

ဤသည်ကို မြင်သောအခါ ရွှမ်ယွမ်ကျင်းဟုန်၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်သွားသည့်ဟန် ပေါ်လာပြီး ချီယန်ရှင်းက ခေါင်းမယမ်းဘဲ မနေနိုင်ခဲ့ချေ။

"စီနီယာအစ်မ... အစ်မ သူ့ကို တကယ် ဂရုစိုက်နေတာပဲ... ဒါပေမဲ့ သူ့ဆီမှာ ဘာကောင်းတဲ့အချက်မှ ရှိတာကို ကျွန်မ မတွေ့ရသေးဘူး"

ရွှမ်ယွမ်ကျင်းဟုန်က ခေါင်းအနည်းငယ် ယမ်းလိုက်ပြီး ပြောဆိုလာ၏။

"မင်း နားမလည်ပါဘူး... တစ်ခါတလေကျရင် လူတစ်ယောက်ကို သဘောကျဖို့ အကြောင်းပြချက် မလိုဘူးလေ... အဲ့ဒါက အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ကြီး ဖြစ်လာနိုင်တယ်"

ချီယန်ရှင်းက ခေါင်းအနည်းငယ် ယမ်းလိုက်ပြီး ပြောဆိုလာသည်။

"ကျွန်မလည်း တကယ် နားမလည်ပါဘူးလေ... စီနီယာအစ်မ... ကျွန်မတို့ ပြန်သင့်ပြီ"

ရွှမ်ယွမ်ကျင်းဟုန်က ခေါင်းညိတ်လိုက်ပြီး နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှတစ်ဆင့် ထွက်ခွာသွားပေ၏။

အဝေးတစ်နေရာတွင် အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ ပေါ်လာသည်။

"မဟာရှ လား... ဆရာ့ကို အရင် မေးကြည့်ရမယ်"

ထိုသို့ ပြောပြီးသည်နှင့် သူတို့သည်လည်း နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှတစ်ဆင့် ထွက်ခွာသွားကြပေ၏။

...

မဟာရှ မင်းဆက်၊ ရှန်ဝူ မြို့တော်။

တာအိုအဆင့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပေါ်မှ ဆင်းပြီးနောက် နန်ကုန်းယွီသည် အချိန်ဆွဲမနေဘဲ ထျန်းချီ နယ်မြေ၏ အဓိကမြို့တော်ဖြစ်သော ထျန်းချီ မြို့တော်ဆီသို့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ထို့နောက် သူက နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို ဆက်လက် အသုံးမပြုတော့ဘဲ ထျန်းချီ မြို့တော်မှ တိုက်ရိုက် ထွက်ခွာသွားလေ၏။

...

ထျန်းချီ နယ်မြေ။

လင်းရှီး မြို့တော်၊ မြို့စားစံအိမ် အတွင်း။

ရွှမ်ယွမ်လင်ယွင်နှင့် အခြားသူများ အတူတကွ စုဝေးနေကြပြီး လေထုမှာ အနည်းငယ် လေးနက်တည်ကြည်နေပေသည်။

"ယွဲ့ရှီး... သမီး တကယ်ပြောနေတာလား"

ကျီကျစ်ယွီက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ ပိုမို လေးနက်လာ၏။

ရှန်ကွမ်ယွဲ့ရှီးက သူမ၏ နှုတ်ခမ်းနီနီလေးကို ကိုက်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပေသည်။

"မယ်တော်... ဒါက လျှို့ဝှက်ဆန်းကြယ်သူ ယခုလေးတင် ကျွန်မတို့ကို ပေးခဲ့တဲ့ အချက်အလက်ပါ... ယွီအာ က မြင့်မြတ်နယ်မြေကို ရောက်နေပြီလို့ ပြောတယ်"

"တိတိကျကျ ပြောရရင် သူက ထျန်းချီ နယ်မြေကို ရောက်နေပြီး ကျွန်မတို့ကို လာရှာနေတာ ဖြစ်နိုင်တယ်"

ဤစကားကို ကြားချိန်၌ ရွှမ်ယွမ်လင်ယွင်က မျက်ခုံးအနည်းငယ် ပင့်လိုက်၏။

"အဲ့ဒါ သိပ်မမှန်ဘူး... ယွီအာ က တို့တွေ ထျန်းချီ နယ်မြေမှာ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ... ပြီးတော့ သူက ငါတို့ကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ"

ဟန်လီယန်က ခေါင်းအနည်းငယ် ယမ်းလိုက်သည်။

"အဒေါ်ကြီး ယွင်... အဲ့ဒါ လျှို့ဝှက်ဆန်းကြယ်သူ က တိတ်တဆိတ် ကူညီပေးနေတာ ဖြစ်ရမယ်... ဒါမှမဟုတ် ယွီအာ က လျှို့ဝှက်ဆန်းကြယ်သူ ကို ကူညီပေးဖို့ တောင်းဆိုခဲ့တာတောင် ဖြစ်နိုင်တယ်"

ဤစကားကို ကြားချိန်၌ လူတိုင်းက သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ကျီကျစ်ယွီ မျက်မှောင်ကြုတ်သွားပြီး ပြောဆိုလာသည်။

"ယွီအာ က နည်းနည်း စိတ်မြန်တယ်... ဒီနေရာကို အလွယ်တကူ လာတာက သူ့ကို အလွယ်တကူ အန္တရာယ်ဖြစ်စေနိုင်တယ်... ကံကောင်းတာက ကောင်လေးမှာ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိနေတယ်... မဟုတ်ရင် လက်ခံရေးဌာနကို ဖြတ်ကျော်ဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်"

လူတိုင်းက အနည်းငယ် ခေါင်းညိတ်လိုက်ကြ၏။

"သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာတွေ့အောင် လုပ်ရမယ်... မဟုတ်ရင် ဝိညာဉ်အရှင်မြတ်အဆင့် ခွန်အားနဲ့ ထျန်းချီ နယ်မြေပတ်လည်မှာ လှည့်လည်သွားလာနေဖို့က သူ့အတွက် အရမ်း အန္တရာယ်များနေတုန်းပဲ"

ရွှမ်ယွမ်လင်ယွင်က စကားပြောလာပြီး မြင့်မြတ်နယ်မြေတွင် ကြီးပြင်းလာခဲ့သော ကလေးတစ်ဦးအနေဖြင့် သူမက အခွင့်အရေးရကာ နေရာဟင်းလင်းပြင် မုန်တိုင်းများမှတစ်ဆင့် သေမျိုးနယ်ပယ်သို့ တိုက်ဆိုင်စွာ ရောက်ရှိသွားခဲ့ကြောင်း ရှင်းပြလေ၏။

သူမသည် သေမျိုးနယ်ပယ်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သော်လည်း မြင့်မြတ်နယ်မြေမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေကြောင်းကို သူမ ကောင်းကောင်းကြီး သိထားပေသည်။

အကယ်၍ မိစ္ဆာကျင့်ကြံသူများ၏ လက်ထဲသို့ ကျရောက်သွားမည်ဆိုပါက ပါရမီက ဘယ်လိုပဲဖြစ်နေပါစေ နောက်ဆက်တွဲ အကျိုးဆက်တွေကတော့ မှန်းဆလို့တောင် ရမှာ မဟုတ်ပေ။

အကယ်၍ ဖြောင့်မတ်သော လမ်းစဉ်ကျင့်ကြံသူများ ဂိုဏ်းတစ်ခုဆီသို့ ကံကောင်းထောက်မစွာ ရောက်ရှိသွားမည်ဆိုပါက ကောင်းမွန်သော ဝိညာဉ်အမြစ် ပါရမီ ရှိနေလျှင် အဆင်ပြေနိုင်သော်လည်း၊ မင်းမှာထိပ်တန်းအဆင့် ဝိညာဉ်အမြစ် ပါရမီလေးတောင် မရှိဘူးဆိုရင်တော့...

ဥပမာအားဖြင့် နန်ကုန်းယွီ၏ ဘိုးဘေးနှင့် အဘိုးတို့ဆိုလျှင် သူတို့၏ ရုပ်အလောင်းများပင် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။

ဤသည်မှာ တကယ်တော့ သူတို့က လျှို့ဝှက်ဆန်းကြယ်သူအား တွက်ချက်ပေးရန် တောင်းဆိုခဲ့သည့် ရလဒ်ဖြစ်သောကြောင့် ထိုအကြောင်းကို ပြောစရာ သိပ်မရှိတော့ချေ။

သို့ရာတွင် မကြာသေးမီကမှ တက်လာခဲ့သော နန်ကုန်းအောက်ထျန်းမှာမူ ကောင်းကင်ဝိညာဉ်အမြစ် ရှိနေသောကြောင့် နန်ကုန်းမိသားစုနှင့် ပူးပေါင်းနိုင်ခဲ့ပြီး ကောင်းမွန်သော ဆက်ဆံမှုကို ရရှိခဲ့ကြောင်း လျှို့ဝှက်ဆန်းကြယ်သူမှ ပြောကြားခဲ့ပေသည်။

ရွှမ်ယွမ်လင်ယွင်၏ စကားကို ကြားချိန်၌ လူစုက အလျင်အမြန် ခေါင်းညိတ်လိုက်ကြပြီး သူမကို ရှာဖွေရန် လူများကို ညွှန်ကြားဖို့ ပြင်လိုက်ကြ၏။

ထိုအခိုက်အတန့်၌ သူတို့ရှေ့ရှိ နေရာဟင်းလင်းပြင်တွင် လှိုင်းဂယက်တစ်ခု ပေါ်လာသဖြင့် လူတိုင်း လန့်ဖြန့်သွားကြပေသည်။

ရွှမ်ယွမ်လင်ယွင်က မတ်တတ်ရပ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ လေးနက်သွား၏။

"စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က နေရာဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ရောက်လာတာပဲ"

သူမ စကားပြောပြီးသည်နှင့် အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက ခန်းမထဲတွင် ပေါ်လာလေသည်။

လူအုပ်ကြီးက သူတို့ရှေ့ရှိ ချောမောသော လူငယ်လေးကို သတိထားသည့် အရိပ်အယောင်တစ်ခုဖြင့် ကြည့်ကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကြ၏။

ဤအခိုက်အတန့်၌ ရှန်ကွမ်ယွဲ့ရှီး၏ သွယ်လျသော ခန္ဓာကိုယ်လေး တုန်ရီသွားပြီး သူမက အံ့အားသင့်စွာ မေးလိုက်သည်။

"မင်း... မင်းက ယွီအာ လား"

ဤစကားကို ကြားချိန်၌ ကျန်လူငါးဦး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး သူတို့ရှေ့ရှိ လူငယ်လေးကို သေချာစွာ ကြည့်လိုက်ကြပေ၏။

လူငယ်လေးမှာ ထင်ရှားသော မျက်နှာသွင်ပြင်များ၊ အလွန်အမင်း ချောမောလှပမှုနှင့် ထူးခြားသော ပါရမီတို့ကို ပိုင်ဆိုင်ထားပြီး ရှန်ကွမ်ယွဲ့ရှီးနှင့် ဆင်တူသည့်အချက်များပင် ရှိနေလေသည်။

နန်ကုန်းအောက်ချန်နဲ့လည်း တူညီမှုတချို့ ရှိနေသေးတယ်။

ကောင်းလိုက်တာ။

ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ နန်ကုန်းယွီပင် ဖြစ်ပေ၏။

ထျန်းချီ မြို့တော်မှ ထွက်ခွာပြီးနောက် သူသည် ဤနေရာသို့ ရောက်ရှိရန် နေရာဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်သည်။

နန်ကုန်းယွီက အုပ်စုကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဝမ်းသာပီတိဖြစ်မှုများ ပြည့်နှက်နေပေ၏။ သူက လျင်မြန်စွာ ရွေ့လျားလိုက်ပြီး ရှန်ကွမ်ယွဲ့ရှီး၏ အရှေ့သို့ ရောက်ရှိသွားသည်။

"မယ်တော်... ယွီအာက မယ်တော့်ကို အရမ်း လွမ်းနေခဲ့တာ"

သူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး သူ၏ မျက်လုံးများလည်း အနည်းငယ် နီရဲနေပေ၏။

နန်ကုန်းယွီက ရှန်ကွမ်ယွဲ့ရှီးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူမကို သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားစေချင်နေ၏။ နှစ်ပေါင်းများစွာ တမ်းတလွမ်းဆွတ်ခဲ့ရမှုများက ဤအခိုက်အတန့်၌ လုံးဝ ပေါက်ကွဲထွက်လာခဲ့သည်။

ရှန်ကွမ်ယွဲ့ရှီးအပေါ် ထားရှိသော သူ၏ ချစ်ခင်ယုယမှုကို သူ ဘယ်တုန်းကမှ သံသယမဝင်ခဲ့သလို ဘယ်တုန်းကမှ မခုခံခဲ့ချေ။

ဤသူက သူ၏ မိခင်ပင်။

သူတို့က ဤလောကတွင် သူ၏ အရင်းနှီးဆုံး ဆွေမျိုးများ ဖြစ်ကြပေ၏။

ရှန်ကွမ်ယွဲ့ရှီးက ထိုရင်းနှီးကျွမ်းဝင်သော အနံ့ကို ရှူရှိုက်မိလိုက်ပြီး သူတို့ကို ဆက်သွယ်ပေးထားသော သွေးသားတော်စပ်မှုက ဤသူသည် သူမ၏ ကလေးဖြစ်ကြောင်း လုံးဝ သေချာသွားစေခဲ့သည်။

သူမက နန်ကုန်းယွီကို တင်းကျပ်စွာ ပွေ့ဖက်ရင်း မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ ငိုကြွေးလျက် ပြောဆိုလိုက်၏။

"ယွီအာ... မယ်တော့်ရဲ့ ယွီအာ"

ဤသည်ကို မြင်သောအခါ ရွှမ်ယွမ်လင်ယွင်နှင့် အခြားသူများမှာ သက်ပြင်းချနိုင်သွားပြီး အားလုံးက ပြုံးလိုက်ကြပေသည်။

ခဏအကြာတွင် ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီကို တွန်းဖယ်လိုက်ပြီး သူမ၏ မျက်နှာထား လေးနက်သွားကာ သူမ၏ မျက်လုံးများထဲတွင် အပြစ်တင်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေပေ၏။

All Chapters